Friday, August 31, 2007

ကန်ဇွန်းဆီတို့ဟူးကြော်

0 comments

ကန်ဇွန်းရွက်ကို ပလိန်းကြော်လိုက်၊ မှိုနဲ့ကြော်လိုက်၊ ချဉ်ရည်ဟင်းချက်သောက်လိုက်၊
တို့စားလိုက်၊ သုပ်စားလိုက်နဲ့ အမျိုးမျိုးလုပ်စားလိုက်တာ ဒီတစ်ခေါက်ကတော့ ဆီတိုဟူးလေးနဲ့
ကြော်လိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကန်ဇွန်းရွက်၊ ဆီတိုဟူး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊
ချင်း၊ ဆား၊ အချိုမှုန့်အနည်းငယ်တို့ပါ။စစချင်း ကန်ဇွန်းရွက်ကို အရိုးအရွက်ရောချွေ၊
ရေဆေးပြီး စစ်ထားပါ။ ပြီးတော့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ဆီတိုဟူးကို
ရေနွေးနည်းနည်းထည့်ပြီး ဖျော်ထားပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထားပါ။
အားလုံးအဆင်သင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်
ကြက်သွန်ဖြူနဲ့ ချင်း ဓါးပြားရိုက်ကို ထည့်၊ ကြက်သွန်ဖြူနံ့လေးမွှေးလာပြီဆု
ိရင်
ကန်ဇွန်းရွက်ကိုထည့်၊ ဆားနည်းနည်းရယ်၊ အချိုမှုန့်ရယ်ထည့်၊ ကမန်းကတန်းမွှေနော်။
မီးအားကောင်းပါစေနော်။ ပြီးရင်တော့ ဆီတိုဟူးအရည်ဖျော်ကို ထည့်ပြီး သေချာနှံ့အောင်
မွှေပေးပါ။ ပြီးရင် ငရုတ်သီးစိမ်းလေးအုပ်၊ အရသာအပေါ့အငန်မြည်းပြီး ချလို့ရပြီ။
ကန်ဇွန်းဆီတိုဟူးငံစပ်ကြော်လေး ရပါပြီ။

Thursday, August 30, 2007

ကြက်သားကျောက်ပွင့်သုပ်

0 comments


မိုးကလဲ တစိမ့်စိမ်းနဲ့၊ ခေါင်းထဲက တအုံအုံနဲ့ နေရခက်လိုက်တာ။ ခံတွင်းပျက်နေတာမို့
တခြားဟင်းတွေလဲ မစားချင်၊ အဲ့ဒါနဲ့ပဲ ကျောက်ပွင့်သုပ်လေးနဲ့ ဟင်းခါးလေး လုပ်စားမယ်လို့
ဆုံးဖြတ်လိုက်တယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ပွင့်၊ ကြက်သားရင်အုံသား (ကိုယ်နှစ်သက်တဲ့ အသား
ထည့်လို့ရပါတယ်။ ပုဇွန်၊ ပြည်ကြီးငါးတို့နဲ့လဲ သုပ်လို့ရပါတယ်)၊ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊
ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊
သကြား၊ ငရုတ်သီးအလှော်မှုန့် စတာတွေပဲ ဖြစ်ပါတယ်။
ကျောက်ပွင့်ကိုလည်း ရေနွေးနဲ့ ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါတယ်။ ကြက်သားကိုလဲ
ရေစပ်စပ်လေးနဲ့ ဆား၊ သကြား၊ ငံပြာရည်၊ အချိုမှုန့်၊ သကြားလေး နည်းနည်းထည့်ပြီးပြုတ်ထား
လိုက်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူ၊ နီကို ပါးပါးလှီးထားလိုက်တယ်။ ငရုတ်သီးတောင့်ကို
အညှာချွေပြီး ကြက်သွန်ဖြူနဲ့ ရောပြီး မညက်တညက်လေး ထောင်းထားလိုက်ပါတယ်။
ကြက်သားပြုတ် ရပြီဆိုရင်တော့ ကြက်သားတွေကို ဆယ်၊ ပြီးတော့ အအေးခံပြီး အမျှင်လေး
တွေဖြစ်အောင် မွှာပါ။ ကျောက်ပွင့်ကိုလည်း အနေတော်အရွယ်လေးတွေ ဖြစ်အောင် ဖဲ့ပါ။
ခရမ်းချဉ်သီး မထူးမပါး လှီးထားပါ။ မုန်လာဥနီကို ပါးပါးလေးတွေဖြစ်အောင် လှီးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ကျောက်ပွင့်၊ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့
ငရုတ်သီးစိမ်းထောင်း၊ မုန်လာဥနီ၊ ဆား၊ သကြား၊ ငံပြာရည်၊ ဟင်းချိုမှုန့်အနည်းငယ်၊
ငရုတ်သီးအလှော်မှုန့် အားလုံးကိုထည့်၊ သံပုရာရည်လေး ညှစ်ထည့်ပြီးတော့ သေချာ
သမအောင် မွှေပေးပါ။ အရသာက ချိုချဉ်ငံစပ်လေးပါ။ ကိုယ်နှစ်သက်တဲ့အရသာဘက်ကို
ကဲပြီးထည့်နော်။ ပြီးရင်တော့ ပန်းကန်ပြားလေးထဲ သေချာထည့်၊ ပြီးတော့မှ အပေါ်က
ကြက်သွန်ကြော်လေးဖြူး၊ ဘေးကနေ ခရမ်းချဉ်သီးလေးတွေ ထည့်လိုက်တော့ ချိုချဉ်
ငံစပ်အရသာနဲ့ ပြည့်စုံလှတဲ့ ကြက်သားကျောက်ပွ့် သုပ်လေး ရပြီပေါ့။
ကြက်သားပြုတ်ရည်လေးထဲကိုလဲ ကြက်သားနည်းနည်းထည့်၊ ပြီးတော့ ရေထပ်ထည့်၊
လိုတဲ့အရသာထည့်၊ ပြီးတော့ ဂျင်း ကြက်သွန်ဖြူ မညက်တညက်ထောင်းလေး ထည့်ပြီး
ပွက်ပွက်ပေးဆူပါနော်။ ဟင်းအိုးဆူလာရင်တော့ ငရုတ်ကောင်းမှုန့်လေးခပ်၊ ပြီးတော့
ဂေါ်ဖီဖတ်လေး ခပ်ပြီး ဆူအောင်တည်၊ ဆူလာပြီဆိုရင်တော့ အရသာ အပေါ့အငံမြည်းပြီးတော့
ချလို့ရပါပြီ။ ဂေါ်ဖီ ငရုတ်ကောင်းဟင်းခါးလေးနဲ့ ကြက်သားကျောက်ပွင့်သုပ်လေးပါ။
စားပြီးတော့ ချွေးတွေထွက်လို့ လူလည်း နေလို့ ကောင်းသွားတော့တယ်။

Wednesday, August 29, 2007

မော်လမြိုင် အုန်းနို့ခေါက်ဆွဲ

0 comments


ဒီနေ့တော့ သူငယ်ချင်းတွေစုပြီး အုန်းနို့ခေါက်ဆွဲချက်စားကြမယ်ဆိုပြီး တိုင်ပင်ပြီး ချက်ကြပါတယ်။

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပဲ ဒေသတစ်ခုနဲ့ တစ်ခု အစားအသောက် ချက်ပြုတ်ပုံလဲ ကွဲပြားပါတယ်။ မော်လမြိုင် အုန်းနို့ခေါက်ဆွဲက တခြားအရပ်ဒေသတွေနဲ့ ချက်နည်းနဲ့ မတူပါဘူး။ ပဲမှုန့်အစိမ်းကို ကျိုပြီး ချက်တာမဟုတ်ဘဲ ကုလားပဲကို နူးနေအောင် ပြုတ်ပြီးတော့ ဇကာနဲ့ တိုက်ပြီးတော့ စစ်ချပြီး ချက်တာပါ။ အခု မော်လမြိုင်အုန်းနို့ခေါက်ဆွဲ ချက်နည်းအဆင့်ဆင့်ကို ပြောပြပါမယ်နော်။

လိုအပ်တာတွေကတော့ ဟင်းရည်အတွက် ကုလားပဲ၊ အုန်းနို့အရည်ဗူး ဒါမှမဟုတ် အမှုန့်၊ ကြက်အရိုး အသားရော၊ ကြက်ရင်အုံသား၊ကြက် အသည်းအမြစ်၊ ကြက်ဥ၊ ပဲပြား၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ ငံပြာရည်၊ ဆား၊ သကြား၊ အချိုမှုန့် စတာတွေပါ။

ပြီးတော့ ပဲပင်ပေါက်၊ နံနံပင်၊ ပဲတောင့်ရှည်၊ သံပုရာသီး၊ ငရုတ်သီး အလှော်မှုန့်၊ သံပုရာရည်သီး စတာတွေလဲ လိုအပ်ပါတယ်။

ချက်နည်းအဆင့်ဆင့်ကတော့ ပထမဆုံး ကုလားပဲကို မချက်ခင် အနည်းဆုံး ၃ နာရီလောက် ရေစိမ်၊ ပြီးတော့မှ နူးနေအောင်ပြုတ်ပါ။
အဲ့ဒီအချိန်မှာ ကြက်အရိုးအသားတွေကို သေချာခုတ်ထစ်ဆေးကြောပြီး ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့ နယ်ထား၊ ပြီးတော့မှ ပဲအိုးထဲ အဲဒီ ကြက်အရိုးအသားတွေကို ထည့်ပြုတ်ပါ။ ကြက်သား၊ ကြက်သည်း၊ ကက်မြစ်တို့ကို အတုံးသေးသေးလေးတွေတုံးပြီး ဆား၊ သကြား၊ အ ချိုမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပါ။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ငရုတ်သီးတို့ကို ထောင်းထားပေးပါ။ ပဲပြားလေးတွေကို ကြော်ပြီး တုံးထားပါ။ ကြက် သွန်နီကို ဘလော့ခ်တုံးလေးတွေ လှီးထားတာသပ်သပ်၊ ခပ်ပါးပါးလေး တွေသပ်သပ် လှီးထားပါ။ ကြက်ဥအစိမ်း နှစ်လုံးကို သေသေချာချာ ခေါက်ထားပေးပါ။

အားလုံး အဆင်သင့်ဖြစ်အောင် လုပ်ပြီးပြီဆိုရင်တော့ ပဲနဲ့ ကြက်ရိုးပြုတ် ထားတာလဲ အနံ့လှို်င်လှိုင်ထွက်လာပြီး ပဲရော ကြက်ရိုးပါ နူးလာပါပြီ။ ပဲအိုးကိုချပြီး အအေးခံ၊ ပြီးတော့ ပဲကို ဇကာနဲ့ တိုက်ချပါ။ ကြက်ရိုးပြုတ်
တွေ အိုးထဲမှာ ကျန်နေပါမယ်၊ အဲ့ဒီအထဲကို အုန်းနို့မှုန့် အထုပ်သေးတစ် ထုပ်၊ ဒါမှမဟုတ် အုန်းနို့ကို ကိုယ်လိုသလောက် ထည့်ပြီး မီးနွေးနွေးနဲ့ တည်ပေးပါ။ ကြက်သွန်ဖြူနီငရုတ်သီးထောင်းကို အနည်းငယ် ဆီသတ် ပြီးတော့ လှီးထားတဲ့ ပဲပြားတွေ ထည့်ပြီး ဆီသတ်ပါ။ ဆား၊ အချိုမှုန့်၊ ငံပြာရည်လေးနည်းနည်းထည့်ပြီး သေချာစွာ ဆီသတ်ပေးပါ။

အုန်းနို့ပွက်လာပြီဆိုရင်တော့ ခုနက တိုက်ချထားတဲ့ ပဲတွေရယ်၊ ခုနက ဆီသတ်ထားတဲ့ ပဲပြားတွေရယ်ကို ထည့်ပါ။ ပြီးရင်တော့ ဆား၊ အချိုမှုန့်၊ သကြား၊ ငံပြာရည် နည်းနည်းထည့်ပြီး ဟင်းအိုးဆူအောင် မီးနွေးနွေးနဲ့ တည်ပေးပါ။ ဟင်းအိုးထပ်ဆူလာရင် ကြက်သွန်ဘလော့ခ်တုံးလေးတွေကို ဟင်းအိုးထဲထည့်ပါ။

ဟင်းအိုးတည်ထားတဲ့အချိန်မှာ နောက်မီးဖိုတစ်ဖိုမှာတော့ ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ဆီပူလာပြီဆိုရင် ထောင်းထားတဲ့ ငရုတ်သီး၊ကြက်သွန် ဖြူနီဂျင်းကိုထည့်ပြီး ဆီသတ်၊ ပြီးတော့ နှပ်ထားတဲ့ကြက်သားကြက်သည်း ကြက်မြစ်အတုံးလေးတွေကို ထည့်ပြီး သေချာမွှေ၊ ရေလေးနည်းနည်းထည့် ပြီးတော့ အဖုံးအုပ်ထားပေးပါ။ ရေခမ်းလောက်ပြီဆိုရင် နောက်တစ်ကြိမ် ထပ်မွှေပြီး ရေထပ်ထည့်၊ မီးနည်းနည်းလျော့ပြီး ပွက်အောင်ထပ်တည်ပါ။ ဒီတစ်ရေခမ်းရင်တော့ ဟင်းအပေါ့အငန်မြည်းပြီး ဟင်းအိုးချလို့ရပါပြီ။

ပဲအုန်းနို့ဟင်းအိုးကလည်း အုန်းနို့နံ့သင်းသင်းလေးမွှေးလာပြီ၊ ဟင်းအိုးလဲ ကောင်းကောင်းပွက်လို့ ကြက်သွန်နီလဲ နူးလောက်ပြီဆိုရင် ခေါက်ထားတဲ့ ကြက်ဥတွေကို ဟင်းရည်အိုးထဲကို ထည့်ပါ။ ကြက်ဥဖတ်လေးတွေမွမွလွှလွှ လေးတွေဖြစ်အောင် ကြက်ဥထည့်တဲ့အချိန်မှာ တစ်ဖက်ကလည်း ယောက်ချိုဇွန်းနဲ့ သေချာမွှေပေးပါနော်။ ဟင်းရည်အိုးကိုတော့ အပေါအငံမြည်းပြီး
တော့ မီးမျှင်းမျှင်းလေးနဲ့ တည်ထားလိုက်ပါတော့နော်။

ဒီဘက်မီးဖိုမှာတော့ ရေနွေးအိုးတည်ပြီးပွက်ပွက်ဆူလာရင် ခေါက်ဆွဲနဲ့ နန်းပြားဖတ် (မော်လမြိုင်က အုန်းနို့ခေါက်ဆွဲကို နန်းပြားဖတ်နဲ့တူတဲ့ အဖတ်နဲ့ စားတဲ့ အလေ့မို့ နန်းပြားဖတ်ကို သုံးတာပါ။ ကျွန်မလဲ နန်း ပြားဖတ်ကို ပိုကြိုက်ပါတယ်။) တွေကို ပြုတ်၊ ပြီးတော့ ရေအေးအေးနဲ့ အထပ်ထပ်ဆေး၊ ဇကာထဲထည့်ပြီး ရေစစ်ထားပါနော်။ ကြက်ဥလဲထည့် ပြုတ်၊ ကျက်ပြီဆိုရင် အခွံနွှာပြီး နှစ်ခြမ်းခြမ်းထားပါနော်။ ပဲပင်ပေါက်ရေ နွေး ဖျောပါ။ ပဲသီး၊ နံနံပင်တို့ကို ရေဆေးပြီး ပါးပါးလှီးထားပါ။သံပုရာသီး စိပ်လေးတွေလှီးပြီး ပန်းကန်ထဲ ထည့်ထားပါ။ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ စားလို့ရပါပြီ။

မုန့်ပွဲပြင်ဖို့အတွက် ပန်းကန်တစ်ချပ်ယူပြီး ခေါက်ဆွဲဖတ်နဲ့ နန်းပြားဖတ် တစ်ဝက်စီ ထည့်ပါတယ်။ ပြီးတော့ အုန်းနို့ဟင်းရည်ထည့်၊ အပေါ်ကနေ နံနံပင်၊ ပဲသီး၊ ကြက်သွန်နီပါးပါးလှီး၊ ပဲပင်ပေါက်ရေနွေးဖျော စတာတွေကို
ထည့်၊ ငံပြာရည်နည်းနည်း၊ ကြက်သားဟင်းထည့်၊ သံပုရာရည်လေးညှစ်ထည့်၊ ငရုတ်သီးအလှော်မှုန့်လေးနဲ့ ချိုဆိမ့်ချဉ်ငံစပ်အရသာ အုန်းနို့နံ့မွှေးမွှေးလေး နဲ့ မော်လမြိုင် အုန်းနို့ခေါက်ဆွဲ သုံးဆောင်နိုင်ပါပြီ။ ကျွန်မလည်း ဆာဆာနဲ့ စားလိုက်တာ သုံးပွဲတောင် စားလိုက်တယ်။တော်သေးတယ့့်  သွေးတိုးမတက်တတ်လို့။.

Tuesday, August 28, 2007

အာလူးကတ်သလိတ်

1 comments

ဒီနေ့တော့ ချစ်သူငယ်ချင်း မောင်နှမများအားလုံးအတွက် အာလူးကတ်သလိတ်လုပ်ကျွေးပါ့မယ်နော်။
အာလူးကတ်သလိတ်လုပ်ရတာ အလုပ်ရှုပ်တယ်ဆိုပေမယ့် စားပြီးရင်ရပ်လို့မရဘဲ တစ်ခုပြီးတစ်ခုစား
ချင် နေတတ်ပါတဲ့အစာတစ်ခုပါ။ အခု ဌာနမှာ ပါတီတစ်ခုလုပ်တုန်းက လုလု လုပ်ကျွေးခဲ့တဲ့ အာလူးကတ်တလိတ်လုပ်နည်းလေးကို သူငယ်ချင်းတို့ကို ပြောပြပါရစေနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ အာလူး၊ ဆိတ်သား ဒါမှမဟုတ် အသားတစ်မျိုးမျိုး တောက်တောက်စင်း၊
ကြက်သွန်ဖြူ၊နီ၊ချင်း၊ ဇီယာစေ့၊ မာဆလာ၊ တန်ပူရာမှုန့် ၊ ကြက်ဥ၊ ဆီ၊အချိုမှုန့်၊ သကြားအနည်းငယ်၊ ဆား စတာတွေပါ။

စစချင်းမှာ အာလူးတွေကို အိုးထဲထည့်၊ မီးဖိုပေါ်တင်ပြီးနူးအောင်ပြုတ်ပါ။ အာလူးပြုတ်ထားတဲ့
အချိန်မှာ အသားတွေကို မာဆလာ၊ ဆား၊ သကြား၊ အချိုမှုန့်လေးနဲ့ နယ်ပြီးနှပ်ထားပါ။ကြက်
သွန်ဖြူနီချင်းတို့ကအခွံနွှာ၊ ကြက်သွန်နီကိုမထူမပါးလေးခပ်သေးသေးလှီး၊ကြက်သွန်ဖြူနဲ့ဂျင်း
ကိုထောင်းထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်
လေးခပ်၊ ပြီးတော့ကြက်သွန်ဖြူနီဂျင်းကထည့်၊ ဆီသတ်၊ ပြီးရင်အသားတောက်တောက်စင်းနှပ်
ထားတာကို ထည့်ပြီး မွှေ၊ဇီယာစေ့ကိုထည့်၊ပြီးတော့ အသားကိုခြောက်တဲ့အထိမီးနွေးနွေးနဲ့
ဖြေးဖြေးချင်း ဆီသတ်ပေးပါ။ တချို့ကတော့အဲ့ဒီအသားဆီသတ်ထဲမှာ မုန်လာဥနီ၊ ဂေါ်ဖီထုပ်
စတာတွေကိုပါးပါးလှီးပြီး ထည့်တတ်ပါတယ်။ အသားဆီသတ်ရပြီဆိုရင်တော့မီးပိတ်ပြီး ဒယ်အိုး
ကိုစောင်းပြီး အသားဆီသတ်ကို အအေးခံ၊ဆီစစ်ထားပါ။ ဆီများရင် အာလူးထဲ အဆာသွတ်
တဲ့အခါကျရင်ဆီတွေစိမ့်ထွက်လာပြီး အာလူးကတ်သလိတ် ပုံစံပျက်တတ်ပါတယ်။


အာလူးပြုတ်ရပြီဆိုရင်တော့ အာလူးတွေကို အအေးခံပြီးတော့အခွံနွှာပြီးတော့ထောင်းပါ။ ငရုတ်ဆုံအဆင်မပြေဘူး
ဆိုရင်တော့ အိုးတစ်ခုထဲ အာလူးတွေကို ချေထည့်၊ ပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်လေးထည့် ပြီးတော့ ပုလင်းနဲ့
ဖိပြီးထုချေပေးပါနော်၊ ဒီလိုလုပ်ပေးတာ အချိန်ကြာလာတာနဲ့အမျှ အာလူးကစေးပိုင်လာပါလိမ့်မယ်။ ပြီးရင်တော့အာလူးတွေကို ဂျုံနယ်သလို သေချာနယ်ပြီး လက်သီးဆုပ်ခန့်အလုံးလေးတွေရအောင်ဆုပ်ထားလိုက်ပါ။ တန်ပူရာမှုန့်ကို ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပါ၊ ကြက်ဥကို သေချာခေါက်ထားပါ။အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုရင်တော့အာလူး ဆုပ်ထဲက အာလူးကို ဖဲ့ယူပြီးတော့ လက်ဖ၀ါးပေါ်မှာ အ၀ိုင်းပြားပြားလေးဖြစ်အောင်လုပ်၊ နှုတ်ခမ်းပါးနားတွေညီအောင်ညှိ ပြီးတော့မှ အဲ့ဒီအ၀ိုင်းပြားလေးရဲ့အလယ်ကိုလက်လေးနဲ့ ဖိပြီး ချိုင့်အောင်လုပ်၊
ပြီးတော့ ခုနကဆီသတ်ထားတဲ့အသားလေးကို ဇွန်းလေးနဲ့ တစ်ဇွန်းထည့်ပြီး ဘေးပတ်ပတ်လည်နဲ့အပေါ်ကို
အာလူးတွေနဲ့ ပြန်ပြီးငုံလိုက်ပါနော်။ ပြီးတော့ မှ ကြက်ဥနှစ်လေးထဲစိမ်၊ ပြီးတော့မှအပေါ်ကနေ တန်ပူရာမှုန့် လေးနဲ့ကပ်ပြီးပန်းကန်ပြားကြီးကြီးထဲတန်းစီပြီး ထည့်ထားလိုက်ပါ။ အာလူးဆုပ်လေးတွေ အကုန်အဆာသွပ်ပြီး ပြီဆိုရင်တော့ မီးဖိုပေါ်ဆီအိုးတင်၊ဆီများများထည့်၊စစချင်း မှာ ဆီကိုဆူအောင်ထား၊ဆီဆူလာပြီဆိုရင်တော့
အာလူးဆုပ်လေးတွေထည့်၊ မီးနည်းနည်းလျော့ပြီးအကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပြီး သေသေချာချာ
ကြော်ပေးပါ။ ရွှေညိုရောင် ပြောင်းလာပြီ၊ အနံ့လေးလည်း မွှေးလာပြီဆိုရင်တော့အာလူးကတ်သလိတ်ကြော် လေးမွှေးမွှေးလေး ရပါပြီ။

အချဉ်အတွက်တော့ ကျွန်မကတော့ ခရမ်းချဉ်သီးကို မီးကင်ပြီးတော့မှအနှစ်တွေကို ဇွန်းလေးနဲ့ခြစ်ယူ၊ ကြက်သွန်
ဖြူလေး ဓါးပြားရိုက်၊ဆားလေး၊ အချိုမှုန့်လေးထည့်၊ ငရုတ်သီးစိမ်းလေး မညက်တညက်ထောင်းထည့်၊ကြက်သွန်
မြိတ်လေး၊ နံနံပင်လေးထည့်ပြီး မွှေလိုက်ပါတယ်။ ခရမ်းချဉ်သီးပန်ထွေဖျော်လိုမျိုးလေးပေါ့နော်။အာလူးကတ်သလိတ် ပူပူနွေးနွေးမွှေးမွှေးလေးနဲ့ ချဉ်ဖြုန်းဖြုန်း၊မစပ်တစပ် အချဉ်ရည်လေးနဲ့တွဲစားလိုက်ရတာ ကောင်းလိုက်တဲ့ အရသာ
ဂရင်းတီးလေးနဲ့ တွဲသောက်လိုက်တော့ အရမ်းကောင်း၊ အခုလိုပူတဲ့အချိန်မှာတော့ ကိုလာလေးတစ်ငုံသောက်လိုက်၊ ကတ်သလိတ်လေးတစ်ကိုက်လောက်ဝါးရင်းနဲ့ပေါ့  ကောင်းမှကောင့်း့ 

Sunday, August 26, 2007

အစုံသုပ်

0 comments

ပိတ်ရက်မို့ ထွေထွေထူးထူးလေးတွေ ချက်စားမယ်လို့ စိတ်ကူးထားတာ။ ဈေးလဲ သွားမှာဆိုတော့ ဟင်းသီးဟင်းရွက် စုံပလုံစိအောင် ၀ယ်ဖြစ်မှာ သေချာတယ်။ အစ်မကြီးတစ်ယောက်နဲ့ အစ်ကိုကြီးတစ်ယောက်ကလဲ မော်လမြိုင်အဆက်တွေဖြစ်နေတော့ သူတို့ကလည်း မော်လမြိုင်စာလေး စားချင်တယ်တဲ့။ အဲ့ဒါနဲ့ ဘာစားရင်ကောင်းမလဲဆိုတာကို တိုင်ပင်ကြတော့ အစုံသုပ်လေး သုပ်စားကြရင် ကောင်းမယ်ထင်တယ်တဲ့။ အစုံသုပ်က ပြင်ဆင်ရတာ လက်ဝင်တယ်လေ။ ဒါပေမယ့် သူတို့တွေက ငါတို့လည်း ၀ိုင်းကူမှာပေါ့တဲ့။ အဲ့ဒါနဲ့ပဲ အစုံသုပ်လုပ်ကြမယ်ဆိုတဲ့ စိတ်ကူးလေးကို အကောင်အထည်ဖေါ်ဖြစ်သွားပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ အာလူး၊ ပဲကြာဇံ၊ ခေါက်ဆွဲ၊ သခွါးသီး၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ပဲပြား၊ သင်္ဘောသီး၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်၊ ငံပြာရည်၊ မန်ကျည်းသီးနှစ်၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်တို့ပါ။
ရေနွေးအိုးတည်ပြီး ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်၊ ပဲပင်ပေါက် ရေနွေးဖျော၊ ပြီးတော့ အဲ့ဒါတွေကို စကာနဲ့ ရေစစ်ထား၊ နောက်ဆုံးမှာ အဲ့ဒီရေနွေးနဲ့ အာလူးပြုတ်။ သခွါးသီး၊ ဂေါ်ဖီထုပ် အဲ့ဒါတွေကို ရေဆေး၊ ပါးပါးလှီးထား။ ပဲပြားကို အတုံးလေးတွေတုံးပြီး ကြော်၊ ပြီးတော့မှ အအေးခံပြီး ပါးပါးလှီး။ ကျန်တဲ့ ဆီထဲ နနွင်းမှုန့်လေးခပ် ပြီးတော့ ကြက်သွန်ဖြူ ဆီချက်ကြော်၊ ပြီးတော့ အဲ့ဒါတွေကို ပန်းကန်တစ်လုံးထဲ ထည့်ခပ်ထား၊ ဆီနည်းနည်းချန်ထား၊ အဲ့ဒီဆီထဲကို ငရုတ်သီးအရောင်မှုန့်လေးကို ဆားလေးနည်းနည်း၊ အချိုမှုန့်လေးနည်းနည်း ထည့်ပြီး ငရုတ်သီးချက်ချက်၊ ပြီးတော့ အဲ့ဒီထဲကို ထမင်း လက်နှစ်ဆုပ်စာလေးထည့်ပြီး နယ်၊ ထမင်းဆုပ်ရဲရဲလေး ဖြစ်အောင်လုံးပြီးထား။ မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့ စိမ်ပြီး အနှစ်လေးတွေ ရအောင်လုပ်ထား။ အဲ့ဒီအချိန်မှာ အာလူးကလည်း နူးလောက်ပြီ။ အာလူးကိုလည်း အအေးခံပြီးတော့ အခွံ့နွှာ၊ အ၀ိုင်းလေးတွေဖြစ်အောင်လှီးထား။ အသီးအရွက် အဆာပလာအားလုံးကို လင်ပန်းဝိုင်းလေးထဲမှာ တစ်ပုံစီပုံထားလိုက်ပါနော်။
အသုပ်သုပ်ဖို့အတွက် ပန်းကန်ပြားထဲထည့်၊ ပြီးတော့မှ ခေါက်ဆွဲ၊ ကြာဇံ၊ ပဲပြား၊ သခွါးသီး၊ ဂေါ်ဖီ၊ အာလူး၊ ထမင်းဆုပ်၊ ပဲပင်ပေါက်တွေကို ထည့်၊ ပြီးတော့ မန်ကျည်းနှစ်ထည့်၊ ငန်ပြာရည်ထည့်၊ ဆားလေး နည်းနည်းထည့်၊ အချိုမှုန့်နဲ့ ပုဇွန်ခြောက်မှုန့်ထည့်၊ ကြက်သွန်ဖြူဆီချက်ထည့်၊ ငရုတ်သီးအလှော်မှုန့်ထည့်ပြီး သေသေချာချာ နှံ့အောင် နယ်ပါ။ အရသာအပေါ့အငန်ကို မြည်းပြီးတော့ ကိုယ်ကြိုက်လောက်တဲ့ အရသာရပြီဆိုရင်တော့ တခြားပန်းကန်လေးထဲ ပြောင်းထည့်၊ အပေါ်ကနေ ကြက်သွန်မြိတ်လေးဖြူး၊ အစာကြေအောင် ကြက်သွန်ဖြူ ၂ မြွှာလောက်ထည့်ပြီး ပြင်လိုက်ပါနော်။
ဟင်းခါးအတွက်ကတော့ အိုးထဲရေထည့်၊ ပုဇွန်ခြောက် မညက်တညက်ထောင်းလေးထည့်၊ ပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူ ငရုတ်ကောင်းလေးထည့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်လေးနည်းနည်းထည့်၊ ပွက်ပွက်ဆူအောင်တည်၊ ဆူလာပြီဆိုရင် ဂေါ်ဖီဖတ်လေးထည့်၊ ပွက်လာရင် ချလိုက်ရုံပဲ။ ငရုတ်ကောင်းဟင်းခါးလေးပေါ့နော်။
အစုံသုပ်နဲ့ ငရုတ်ကောင်းဟင်းခါးလေးပါ။
အစားအငမ်းလွန်ပြီး အသုပ်ကိုပဲ ဓါတ်ပုံရိုက်မိပါတယ် (ဒါတောင် ၀ါးတားတားရယ်)။ ဟင်းခါးကတော့ ဓါတ်ပုံမရိုက်မိလို့ ဆောရီးပါဗျို့ 

ကြက်သားကာလသားချက်

2 comments
 







မနေ့က ဈေးသွားတော့ ဗူးသီးလိုလိုအသီးမျိုးကိုတွေ့တာမို့
ကာလသားချက်လေး ချက်စားမလားလို့ တွေးမိရင့်း့ 
သူငယ်ချင်းတစ်ယောက်ကလဲ ကာလသားဟင်းလေး ချက်ပါဦးလို့
ပြောထားတာကို တခါတည်း သတိရသွားပါတယ်။
လိုအပ်တာတွေကတော့ ကြက်သားအရိုးအသားရော၊ ကြက်သွန်ဖြူ၊
နီ၊ ဂျင်း၊ ငရုတ်သီးအခြောက်တောင့်၊ ဗူးသီး အားလုံးကို
အဆင်သင့်ပြင်ထားပါ။ ကြက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်၊
သကြားတို့နဲ့ ရောနယ်ပြီး နှပ်ထားပါ။ ကြက်သွန်ဖြူနီတို့ကို
အခွံနွှာထားပါ။ ပြီးတော့ ငရုတ်သီး ဂျင်းကြက်သွန်ဖြူနီတို့ကို
ရောထောင်းထားပါ။ ဗူးသီးကို အခွံနွှာထားပြီး အရွယ်တော်
အတုံးလေးတွေ တုံးထားပါ။
ဒီတစ်ခေါက်တော့ ဟင်းကို ဆီသတ်မချက်ဘဲ လုံးချက်ချက်မယ်လို့ပဲ
စိတ်ကူးပြီးတော့ အိုးထဲကို နယ်ထားတဲ့ ကြက်သား၊ ထောင်းထားတဲ့
ငရုတ်သီး၊ ငရုတ်သီးတောင့် စတာတွေကို သေချာရောနယ်၊ ပြီးတော့
ဆီလေး နည်းနည်းထည့်ပြီး မီးဖိုပေါ် တင်လိုက်ပါ။ မီးအသင့်အတင့်နဲ့
တည်ထားပြီးတော့ ၅ မိနစ်လောက်ကြာရင် တစ်ခါလောက် မွှေပေးပါ။
ပြီးရင်ရေနည်းနည်းထည့်ပြီး အဖုံးပိတ်ပြီး ပြန်တည်ထားပါ။
ရေခမ်းသလောက်ဖြစ်သွားရင် ဗူးသီးတုံးလေးတွေ ထည့်ပြီး မွှေ၊
ပြီးတော့မှရေလေးနည်းနည်းထည့်ပြီး ပြန်တည်ပါ။ ဟင်းအိုးပွက်လာပြီဆိုရင်
အပေါ့အငံလေးမြည်းပြီးတော့ မီးပိတ်လို့ ရပါပြီ။ ငရုတ်သီးတောင့်လေး
ထည့်ထားတော့ စပ်စပ်လေး၊ ဗူးသီးလေးက ချိုချိုလေးမို့
ချိုချိုစပ်စပ်လေး၊ ဆီကျန်ရေကျန်ဟင်းလေးတစ်ခွက်ပါ။
အချဉ်မပါသေးဘူးဆိုတာကို သတိထားမိတော့ ငါးပိထောင်းကို
ကြက်သွန်နီပါးပါးလှီး၊ သံပုရာရည်လေးညှစ် ပြီးတော့
သုပ်လိုက်ပါတယ်။တို့စရာအတွက်လည်း မုန်ညင်းရွက်ပြုတ်၊
မုန်လာဥနီ၊ဂေါ်ဖီထုပ်၊ သံပုရာသီးလေးတွေကို သေးသေးလေးတွေဖြစ်အောင်
စိပ်၊ ခရမ်းသီးလေးတွေပြုတ်လိုက်ပါတယ်။
ဒီနေ့ထမင်းပွဲအတွက်ကတော့ ကြက်သားကာလသားချက်၊
ငါးပိသုပ်နဲ့ တို့စရာအစုံပါ။

Saturday, August 25, 2007

ဝက်ပုန်းရည်

1 comments

မြန်မာပြည်က ပုန်းရည်ကြီးထုတ်လေးတွေ လက်ဆောင်ရတာမို့ ၀က်ပုန်းရည်လေးတော့ ချက်စားရင် ကောင်းမယ်လို့ တွေးမိပါတယ်။ ညီမငယ် တစ်ယောက်ကလဲ ၀က်ပုန်းရည်ဘယ်လိုချက်လဲ ပြောပြပေးပါဦးလို့ မေးထားတာကိုလဲ သတိရမိတယ်လေ။

ဟင်းအိုးမပြင်ခင် လိုအပ်တာလေးတွေကို အရင်ပြင်ဆင်ထားလိုက်ပါတယ်။ ၀က်သားကို အရွယ်တော် အတုံးလေးတွေတုံး၊ ပြီးတော့ ဆား၊ အချိုမှုန့်၊ သကြား၊ ဂျင်း အဲ့ဒါတွေနဲ့ နယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ငရုတ်သီးအရောင်မှုန့်လေးနဲ့ ရောထောင်းထားပါတယ်။ ပုန်းရည်ကြီးက အနှစ်ဆိုတော့ ထည့်ဖို့ အဆင်သင့်ဖြစ်ပါတယ်။ တကယ်လို့ ပုန်းရည်ကြီးက အမှုန့်ဖြစ်ခဲ့ရင် ရေနွေးပွက်ပွက်ဆူထဲမှာ ပုန်းရည်ကြီးမှုန့်ကိုထည့်ပြီး နှပ်ထားနော်။

မီးဖိုပေါ် ဒယ်အိုးလေးတင်၊ ပြီးတော့ အိုးပူလာရင် ဆီနည်းနည်းထည့်၊ နနွင်းမှုန့်လေးနည်းနည်းလေးထည့်၊ ပြီးတော့ ငရုတ်သီးကြက်သွန်ဖြူနီထောင်းကို ထည့်ပြီး ဆီသတ်ပါ။ ပြီးတော့ နှပ်ထားတဲ့ဝက်သားတွေထည့်ပြီး သေချာဆီသတ်ပါ။ ရေနည်းနည်းထည့်၊ မီးလျှော့ပြီး ရေခမ်းအောင်တည်ထားပေးပါ။ ပထမတစ်ရည်ခမ်းပြီဆိုရင် ပုန်းရည်ကြီးအနှစ်လေးတွေထည့်၊ ရေနည်းနည်းထပ်ထည့်ပြီး ခမ်းအောင်တည်ပါ။ ရေခမ်းခါနီးဆိုရင် ဟင်းအိုးကို အရသာအပေါ့အငန်မြည်းပြီး မီးပိတ်လိုက်တော့နော်။ အဲ့ဒါဆို ၀က်သားပုန်းရည်ကြီးဟင်း ရပါပြီ။ ပုန်းရည်ကြီးက အချဉ်လေးဆိုရင်တော့ အရသာပိုရှိပါတယ်။ အဆိမ့်အရသာဖြစ်ခဲ့ရင်တော့ အချဉ်သုပ်လေးတစ်မျိုးနဲ့ တွဲစားနော်။

ပုဇွန်ပိန်းဥဟင်း

0 comments

ပုဇွန်ဘော့ချိတ်လေးတွေကို သန့်အောင်ရေဆေး၊ ပြီးတော့ အခွံ့နွှာ၊ ပြီးတော့မှ ဆား၊ အချိုမှုန့်လေးနဲ့ နယ်ထားပါနော်။ ပိန်းဥကို အခွံနွှာ၊ ပြီးတော့ ရေဆေးပြီး လေးစိပ် စိပ်ထားပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ငရုတ်သီးအရောင်မှုန့်လေးနဲ့ ရောထောင်းထားပါနော်။ ပင်စိမ်းရွက်က အခြောက်ပဲရှိတော့ ရေလေးစိမ်ထားလိုက်ပါတယ်။

အားလုံးအဆင်သင့်ဖြစ်လာပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးလေးတင်၊ ပြီးတော့ အိုးပူလာရင် ဆီနည်းနည်းထည့်၊ နနွင်းမှုန့်လေးနည်းနည်းလေးထည့်၊ ပြီးတော့ ငရုတ်သီးကြက်သွန်ဖြူနီထောင်းကို ထည့်ပြီး ဆီသတ်ပါ။ ပြီးတော့ ပုဇွန်ကို ထည့်ပြီးဆီသတ်ပါ။ ပြီးတော့ ပိန်းဥကို ထည့်၊ မွှေပေးပါ။ ပြီးတော့ ရေနည်းနည်းထည့် အဖုံးအုပ်ပြီး ပိန်းဥနူးတဲ့အထိ တည်ပေးပါနော်။ ပိန်းဥလဲ နူးလောက်ပြီဆိုရင်လည်း အရသာအပေါ့အငန်ကိုမြည်း၊ ပင်စိမ်းရွက်အုပ်ပြီး ရေကျန်ဆီကျန်လေးမှာ ဟင်းအိုးချလို့ရပါပြီ။

Friday, August 24, 2007

ရခိုင်မုန့်တီ

3 comments



မနေ့ညက မိုးတွေ သည်းသည်းမဲမဲရွာတာရော၊ မိုးတွေခြိမ်း၊ မိုးကြိုးတွေပစ်တာကြောင့် တစ်ယောက်တည်းအားငယ်ပြီး အိပ်မပျော် ဖြစ်ပြီး ဒီနေ့တော့ နေမကောင်းချင်သလို ခေါင်းကိုက်သလိုလိုဖြစ်ပြီး ဘာမှ စားချင်သောက်ချင်စိတ်မရှိဘဲ မအီမသာ ဖြစ်နေလို့ ဘာစားရမလဲ စဉ်းစားလိုက်တော့ ရခိုင်မုန့်တီချက်စားဖို့ သတိရသွားပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါး၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်ကောင်း၊ ပဒဲကောအမှုန့်၊ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစား၊ ဆား၊ အချိုမှုန့်၊ မန်ကျည်းသီးမှည့်တို့ဖြစ်ပါတယ်။ စစချင်းမှာ ငါးကို ရေစင်အောင်ဆေးပြီး ငါးပိစိမ်းစား၊ ဆားနဲ့တူတူရောနယ်ထားပါ။
ကြက်သွန်ဖြူကို ဓါးပြားရိုက်ပါ။ ငရုတ်ကောင်းစေ့ကိုလှော်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးပြီး စစ်ထားလိုက်ပါ။ မန်ကျည်းသီးမှည့်ကိုလဲ
ရေနွေးလေးနဲ့စိမ်ထားပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ငါးပြုတ်အိုးကို အရင်စပြင်ပါမယ်။ အိုးထဲကိုနယ်ထားတဲ့ ငါးကိုထည့်၊ ပြီးတော့ငါးမြုတ်အောင် ရေထည့်ပြီး မီးဖိုပေါ်တင်ပြီးပြုတ်ပါ။အဲ့ဒီအချိန်မှာ လှော်ထားတဲ့ ငရုတ်ကောင်းစေ့ကိုကြက်သွန်ဖြူနဲ့ရောပြီး မညက်တညက်လေးထောင်းထားပေးပါ။ ငါးပြုတ်နံ့လေးမွှေးလာရင် ငါးကို ဟိုဘက်ဒီဘက်လှန်ပေးပါနော်။ ငါးပြုတ်ရပြီဆိုရင် ငါးကိုဆယ်ပြီးတော့ အရိုးနွှင်ပါ။ အရိုးနွှင်ပြီးသားငါးကို တချို့ကို
နည်းနည်းဖယ်ထားပြီး ငါးပြုတ်အိုးထဲ ပြန်ထည့်၊ ပြီးတော့ ငါးပိစိမ်းစား၊ ဆား၊
အချိုမှုန့်နဲ့ ပဒဲကော စတာတွေထည့်၊ ပြီးတော့ ရေထည့်ပြီး
မီးဖိုပေါ်တင်ပြီး ဟင်းရည်အိုးပေးဆူပါနော်။ ဟင်းရည်အိုးဆူလာပြီဆိုရင်ထောင်းထားတဲ့ ငရုတ်ကောင်း၊ ကြက်သွန်ဖြူကို ထည့်လိုက်ပါ။ ငရုတ်သီးစိမ်းကိုလဲ ထည့်လိုက်ပြီး ဟင်းအိုးပေးဆူလိုက်ပါ။ ငရုတ်ကောင်းနံ့မွှေးမွှေးလေးထွက်လာပြီဆိုရင်တော့
ဟင်းရည်လာပါပြီ။ ပြီ်းတော့ ဟင်းရည်ကိုအပေါ့အငံမြည်းပြီး မီးနွေးနွေးလေးနဲ့
ဟင်းရည်အိုးကို တည်ထားပေးပါ။ဟင်းအိုးဆူလာပြီဆိုရင်တော့
ငရုတ်သီးတောင့်လေးတွေကို ဆယ်လိုက်ပြီး မညက်တညက်လေးထောင်းလိုက်ပါ။ံရေနွေးလေးနဲ့စိမ်ထားတဲ့ မန်ကျည်းသီးမှည့်ထဲကနေဲ အနှစ်ကို ယူပါ။
ပြီးတော့မှ မန်ကျည်းနှစ်၊ ငရုပ်သီးထောင်း၊ ဟင်းရည်အနည်းငယ်တို့ကိုရောပြီး ပန်းကန်လုံးထဲဖျော်ထားပါ။ ကြက်သွန်ဖြူနီနည်းနည်းကို ဆီချက်ကြော်ပါ။
အသုပ်အတွက် ဆီချက်ဖတ်လေးတွေကို ဖယ်ထားပေးပါ။ ပြီးရင်
အရိုးနွှင်ပြီးသားငါးတချို့ကို ခြောက်အောင် ဆီသတ်ထားပါ။

ရေနွေးအိုးပွက်ပွက်ဆူတောင်တည်ထားပြီး ဆူလာရင် မုန့်ဖတ်အခြောက်ထည့်ပြီးပြုတ်ပါ။ မုန့်ဖတ်နူးလာရင် ရေအေးအေးနဲ့ သေချာဆေးပြီး စကာနဲ့စစ်ထားပေးပါနော်။ အဲ့ဒါဆို အားလုံးပြင်ဆင် ချက်ပြုတ်လို့ ပြီးပါပြီ။

မုန့်ဖတ်တစ်ပွဲစာလောက်ယူပြီး ပန်းကန်ထဲထည့်ပါ။ ကြက်သွန်စိမ်း၊ ငါးဆီသတ်၊ မန်ကျည်းငရုတ်သီးဖျော်ရည်၊ ဆား၊ အချိုမှုန့်ထည့်ပြီးသုပ်ပါ။ ငရုတ်သီးအကျက်မှုန့်ကြိုက်တတ်ရင်လည်း ထည့်သုပ်ပါ။ (ကျွန်မကတော့ ဒီက
ငရုတ်သီးမစပ်လို့ ငရုတ်သီးအကျက်မှုန့်ထည့်ပြီး သုပ်ပါတယ်)။ အရသာ
ချဉ်ငံစပ်ကို ကြိုက်နှစ်သက်သလို ထည့်ပြီးသုပ်ပါ။ တချို့က အာလူးပြုတ်လေး
ထည့်သုပ်ပါတယ်။ ငါးဖယ်ကြော်၊ ပဲကပ်ကြော်တော့ ဒီနေ့ မကြော်ဖြစ်လို့
ဒီအတိုင်း အလွတ်ပဲ သုပ်လိုက်ရပါတယ်။ ပြီးတော့အပေါ်ကနေ
ကြက်သွန်ကြော်လေးဖြူးလိုက်ပါတယ်။ နံနံပင်လဲ ၀ယ်မရတာနဲ့
ဒီအတိုင်းစားလိုက်ရပါတယ်။ ဟင်းခါးလေးတစ်ခွက်နဲ့ပေါ့။ အသုပ်က
ချဉ်ငံစပ်၊ ဟင်းခါးက ပူပူစပ်စပ်မွှေးမွှေးလေးနဲ့ စားသောက်နေရင်း အခိုးတွေပွင့်ထွက်သွားလိုက်တာ့  ချွေးတွေကလည်းထွက်၊ လက်ကလဲ
လက်ကိုင်ပုဝါလေးနဲ့ပေါ့  အားပေးလိုက်ကြပါဦးနော့့်
အသုပ်တစ်ပွဲစားပြီး အရည်ဖျော်တောင် မသောက်နိုင်တော့ဘူး။ နောက်မှပဲ
သောက်တော့မယ်။

Thursday, August 23, 2007

သတ်သတ်လွတ်ပဲပြားချက်

1 comments

ဝါတွင်းမို့ တချို့က သတ်သတ်လွတ် စားတတ်တဲ့အကျင့်ရှိပါတယ်။ ကျွန်မလည်း မြန်မာပြည်မှာတုန်းကတည်းက မွေးနေ့တိုင်း သတ်သတ်လွတ်စားခဲ့ဖူးတဲ့ အကျင့်ရှိတော့ ဒီနေ့ အမေ့လက်ရာ ပဲပြားဟင်းလေးကို သတိရလို့ အလွမ်းပြေ ချက်မိပါတယ်။ ပဲပြားကို အတုံးလေးတွေ တုံးပြီးတော့ ပဲငံပြာရည်အကျဲ၊ ချင်းကိုထောင်းပြီး အရည်ညှစ်၊ ဆား၊ အချိုမှုန့်လေးနဲ့ နှပ်ထားလိုက်ပါတယ်။ ပြီးတော့ ပဲပုတ်ချပ်လေး တစ်ချပ်ကို ထုထောင်းထားလိုက်ပါတယ်။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူနီတို့ကိုလဲ ထောင်းထားလိုက်ပါဦးနော်။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီလေးနည်းနည်းထည့်၊ ကြက်သွန်ဖြူနီငရုတ်သီးစိမ်းထောင်းကို ထည့်ဆီသတ်၊ ပြီးတော့မှ ပဲပြားလေးတွေ တန်းစီထည့်၊ ပဲပုတ်ထောင်းလေးထည့်ပြီး ရေထည့်ပြီး အဖုံးပိတ်ပြီး မီးနွေးနွေးလေးနဲ့ တည်ပါ။ ၃ မိနစ်လောက်ကြာရင် အဖုံးဖွင့်ပြီး ပဲပြားတွေကို တစ်ဖက်ထပ်လှန်ပေးပါ။ ရေနည်းနည်းထပ်ထည့်ပြီး တစ်ခါ မီးနွေးနွေးနဲ့ ထပ်တည်ပါ။ နောက်ထပ် ၃ မိနစ်လောက်ကြာရင်တော့ ဟင်းအိုးအဖုံးဖွင့်ပြီးတော့ အရသာအပေါ့အငန်ကိုမြည်းပြီး ဟင်းအိုး ချလို့ရပါပြီရှင်။ ပဲပုတ်နံ့မွှေးမွှေးလေးနဲ့ ငံငံစပ်စပ် သတ်သတ်လွတ် ပဲပြားချက်လေးပေါ့။

အမဲသားမျှစ်ချဉ်ဟင်း

1 comments

အမဲသားဆို ညှီတတ်လို့ ဆီပြန်ဟင်းချက်ရင် မစားချင်ဘူးဆိုတဲ့ သူငယ်ချင်းတစ်ယောက်အတွက် ချက်ပေးတာပါ။ အမဲသားကို ဆေးပြီး ကိုယ်လိုချင်တဲ့ အရွယ်လောက်လေးတွေ တုံးထားပြီး ဆား၊ သကြားအနည်းငယ်၊ ဂျင်းရည်နဲ့ နယ်ပြီး နှပ်ထားနော်။ မျှစ်ချဉ်အဖတ်လေးကို အမျှင်လေးတွေဖြစ်အောင် လှီးလိုက်တယ်။ ပြီးတော့မှ ကြက်သွန်ဖြူနီငရုတ်သီးထောင်းထားလိုက်တယ်။ ပြီးတော့မှ မျှစ်ချဉ်၊ ငရုတ်သီးကြက်သွန်ဖြူထောင်း၊ အမဲသားအားလုံးကို ရောနယ်၊ ဆီလေးထည့်ပြီး လုံးရေလေးထည့်ပြီး မီးဖိုပေါ်တင်လိုက်တယ်။ လုံးရေလေးခမ်းသွားပြီးရင် ဟင်းအိုးကိုထပ်မွှေပြီးတော့မှ ရေထပ်ထည့်ပြီး ထပ်တည်။ မီးနွေးနွေးနဲ့ ဟင်းအိုးကို တည်ပေးပါနော်။ မျှစ်ချဉ်ဟင်းက ဒီနေ့တည်ရင် နက်ဖြန်ကျစားမှ ပိုစားကောင်းတယ်လို့ ပြောတတ်တော့ ခပ်ကြာကြာလေးသာ တည်ပေးပါနော်။ ပြီးတော့ ဟင်းအိုးအပေါ့အငန်ကို မြည်းပြီးတော့မှ ချလိုက်ပါနော်။

ဘဲဥအငန်ချက်

0 comments

ဒီနေ့တော့ ဘဲဥအငန်ချက်လေး ချက်ပေးမယ်နော်။ ဘဲဥကိုပြုတ် အခွံနွှာ၊ ပြီးတော့မှ ဘဲဥအကာကို ဓါးနဲ့ နည်းနည်းမွှန်း
(အရသာပိုဝင်ရအောင်) ၊ ပြီးတော့ အပ်ချည်ကြိုးလေးနဲ့ နှစ်ခြမ်းခြမ်းထားနော်။ အာလူးလေးကိုပါ အခွံနွှာ လေးစိပ်ထိုးပြီး ဆားလေးနဲ့ နယ်ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးထောင်းထားပါ။ ခရမ်းချဉ်သီးတစ်လုံးလောက်ကို ပါးပါးလှီးထားပေးပါ။ အားလုံး အဆင်သင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးထည့်ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်ပါ။ ငံပြာရည်လေးနည်းနည်းထည့်ပါ။ ပြီးတော့ ခရမ်းချဉ်သီးကို ထည့်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ခရမ်းချဉ်သီး အခွံလေးတွေ လိမ်လာတဲ့အထိ ဆီသတ်ပေးနော်။ ခရမ်းချဉ်သီးလေးတွေပါ အခွံလေးတွေ လိမ်လာပြီဆိုရင်တော့ အာလူးထည့်၊ ရေနည်းနည်းထည့်ပြီး အာလူးနူးအောင် တည်ပါ။ အာလူးနူးခါနီးလာရင် ဟင်းအိုးထဲ ဘဲဥကို မှောက်ပြီးထည့်ပါ။ အကာတွေ အပြင်မထွက်ရလေအောင်ပေါ့။ ဘဲဥကို ဟင်းဆီသတ်အနှစ်နဲ့ သေချာနှံ့အောင် လူးပေး။ ပြီးတော့မှ ရေလေးထည့်ပြီး မီးလျော့ပြီး ဒယ်အိုးဖုံးလေးအုပ်ပြီး တည်ထားပေး။ ရေခမ်းပြီဆိုရင် ဘဲဥကို ပက်လက်လေးပြန်လှန်ပေးလိုက်။ ပြီးတော့မှ ရေနည်းနည်းထပ်ထည့်ပြီး ထပ်တည်ပေး။ ပြီးတော့မှ ရေလေးနည်းနည်းလေးကျန်တဲ့အချိန် မီးပိတ်လိုက်တော့နော်။ ဆီကျန်ရေကျန်လေးနဲ့ အာလူးစီးစီးလေးနဲ့ ဘဲဥအငံချက်လေးရပါပြီ။

Wednesday, August 22, 2007

သီးစုံပဲကုလားဟင်း

3 comments

ဟင်းသီးဟင်းရွက်ကို နှစ်သက်တဲ့ ကျွန်မအဖို့ တို့စရာအဖြစ် အစိမ်းစားစား၊ အသုပ်လုပ်စားစား၊ ကြော်စားစား၊ ချဉ်ရည်ဟင်းချက်စားစား အကုန် ကြိုက်ပါတယ်။ ကျွန်မအစ်ကိုက ကျွန်မကိုပြောဖူး ပါတယ်။ အဲ့ဒီလောက်အရွက်တွေစားတာ ဆိတ်သေ လို့များဝင်စားသလားတဲ့လေ။ ခုတလော ဟင်းသီးဟင်းရွက်တွေကို အမျိုးမျိုးချက် စားဖြစ်ပေမယ့် မချက်ဖြစ်သေးတာ ကြာပြီဖြစ်တဲ့ သီးစုံပဲကုလားဟင်းလေးကို ချက်စားချင်စိတ် ဖြစ်နေ မိပါတယ်။ ညီမလေးအမွန်ကလဲ တောင်းဆိုထားတော့ ဒီနေ့ အဲ့ဒီဟင်းလေးကို ချက်ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကုလားပဲ၊ အာလူး၊ ခရမ်းသီး၊ မျှစ်၊ ရွှေဖရုံသီး၊ ဒန့်သလွန်သီး၊ မုန်လာဥ၊ ပဲသီး၊ ဗူးသီး၊ ရုံးပတီသီး စသဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအရွက်တွေထည့်ပါ။ ကုလားပဲကိုတော့ ညက တည်းက ရေစိမ်ထားလိုက်ပါတယ်။ ဟင်းချက်မယ်ဆိုတော့ တခြားဟင်းသီးဟင်းရွက်တွေကို ပြင်ဆင်နေတုန်း ကုလားပဲကို နူးအောင်ပြုတ်ထားလိုက်ပါနော်။ အာလူးကိုအခွံနွှာ၊ အရွယ်တော် အတုံးလေးတွေ ဟင်းအိုးဆီသတ်ဖို့ကိုတော့ ကြက်သွန်ဖြူ၊ နီ အခွံနွှာ၊ ပါးပါးလှီးပါ။ ကရဝေးရွက် (ရှိရင်ပေါ့နော်)၊ မာဆလာ အနည်းငယ်စတာတွေကိုလဲ ပြင်ထားပါ။ မန်ကျည်းသီးကို ရေနွေးနဲ့ စိမ်ထားပေးပါ။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဟင်းအိုးတင်၊ အပူပေးပြီး ဆီထည့်ပါနော်။ ဆီပူလာရင် ကြက်သွန်ဖြူနီငရုတ်သီးတွေထည့်ပြီး ဆီသတ်ပါ။ ပျဉ်းတော်သိမ်ရွက်ရှိရင် တစ်ခါတည်းထည့်ပြီး ဆီသတ်နိုင်ပါတယ်။ ငရုတ်သီးကြိုက်တတ်ရင် ငရုတ်သီးတောင့်လေးတွေပါ ကြော်ပြီးထည့်လို့ရပါတယ်။ တချို့က ငါးခြောက်ထည့်တာ ကြိုက်တတ်ပါတယ်။ အဆင်ပြေရင် ငါးခြောက်ထည့်ပါ။ ပြီးတော့ အနူးကြာတဲ့ အာလူး၊ ရွှေဖရုံသီး၊ မျှစ်တို့ကို အရင်ထည့်ပြီး မွှေပေးပါ။ ဆား၊ အချိုမှုန့်၊ ငံပြာရည်နဲ့ ရေနည်းနည်းထည့်ပြီး အဖုံးခဏအုပ်ထားပေးပါနော်။ ငါးမိနစ်လောက်နေရင် အဖုံးဖွင့်၊ ပြီးတော့ ခရမ်းသီး၊ ဒန့်သလွန်သီး၊ ဗူးသီးနဲ့ ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်ပြီးမွှေပါ။ ပြီးရင် အဖုံးပြန်အုပ်ထားပါ။ ဟင်းအိုးဆူလာပြီဆိုရင်တော့ မန်ကျည်းနှစ်လေးတွေထည့်၊ ရေကို သင့်သလောက်ထည့်၊ အပေါ့အငန်အရသာကိုမြည်းပြီး ပြန်အုပ်ထားပါ။ နောက်ဆုံးဟင်းအိုးပွက်ပွက်ဆူလာပြီဆိုတော့မှ ရုံးပတီသီးလေးထည့်၊ မာဆလာလေးအုပ်၊ အရသာ သင့်မသင့်မြည်းပြီး ဆူအောင်တည်လိုက်ရုံပါပဲ။ အဲ့ဒါဆိုရင်တော့ သီးစုံပဲကုလားဟင်း ရပါပြီနော်။

Tuesday, August 21, 2007

မုန့်ဟင်းခါး

3 comments
မုန့်ဟင်းခါးဆိုတဲ့ အသံကြားလို့ကတော့ မြန်မာလူမျိုး (တော်တော်များများ)ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပျိုပျိုအိုအို၊ ကလေးသူငယ်ကအစမနေနိုင်ပါဘူး။ မုန့်ဟင်းခါးနံ့လေးမွှေးနေ တာကိုက စားချင်စိတ်ကို မမြိုသိပ်နိုင်လောက်အောင် ကိုဆွဲဆောင်နေပါပြီ။အခုတော့မိဝေးဖဝေး ရေခြားမြေခြားရောက်နေချိန်လေးမှာ မုန့်ဟင်းခါးဆိုတာကိုအသံကြားရင်မနေနိုင်လောက်အောင်ကိုပဲ စားချင်စိတ်ကြီးပါ တယ်။ကိုယ့်နိုင်ငံရဲ့ရိုးရာအစားအစာကိုချက်ပြုတ်ကျွေးမွေးကြရင်လည်းတန်ဖိုးထားပြီး မုန့်ဟင်းခါးကိုချက် ကျွေးကြပါတယ်။ မုန့်ဟင်းခါးမှာပါဝင်တဲ့ ငါး၊ပဲ၊ ကြက်သွန်ဖြူ/နီ၊ ချင်းစတဲ့ ပါဝင်တာ တွေကလည်း ကျန်းမာရေးနဲ့ညီညွတ်တာမို့ရှေးအစဉ်အဆက်နေ့စဉ်မရိုးနိုင်အောင်သုံးဆောင်နေကြတာပဲ မဟုတ်ပါလားရှင်။ချက်နည်းလေးကို ပြောရမယ်ဆိုရင်ဖြင့့် 
၁။ ငှက်ပျောအူမလှီးခင်အပြင်မှအမျှင်များကိုသင်ပစ်ပါ။ ငှက်ပျောအူကို ပါးပါးလှီးပြီး အရောင်မပြောင်း သွားစေရန် ဆနွင်းနှင့်ရေရော ထားသော အိုးတွင်ထည့်ပါ။ ငှက်ပျောအူမမဲစေရန်ဖြစ်သည်။ ပြီးလျှင် မီးဖိုပေါ်တင်ကာ ငှက်ပျော်အူနူးသည်အထိ ပြုတ်ပစ်ပါ။ ငှက်ပျောအူပြုတ်နေစဉ်အတွင်း ကြက်ဥကိုပါ ထည့်ပြုတ်ပါ။ ပြီးလျှင် အဖန်ရည်များသွန်ပစ်ရေအေးအေးနှင့်စိမ်ထားပါ။ ကြက်ဥအခွံသင်ထားပါ။
၂။ ငါးကိုအကြေးခွံသင်ကာ ငါးပိစမ်းစားအနည်းငယ်၊ ဆနွင်းမှုန့်၊ ငံပြာရည် အနည်းငယ်၊ စပါးလင်တို့ဖြင့် ရေကို ငါးမြုပ်မည်အထိ ထည့်ပြုတ်ပါ။ စပါး လင်ကိုပါးပါးမလှီးဘဲ သုံးလေးပိုင်းပိုင်းကာ ဓါးပြားဖြင့်ရိုက်ပြီး ထည့်ပြုတ်ပါ။ စပါးလင်နံ့သင်းကာ ငါးပြုတ်ပွက်ပွက်ဆူပါက ဟိုလက်ဒီဘက်လှန်ပေးကာ နူးသည်အထိ ပြုတ်ပါ။ ငါးနူးပြီဆိုပါက ငါးများကိုဆယ်ကာ ကျန်သောငါးပြုတ်ရည်ကို မုန့်ဟင်းခါးချက်ရန် ဖယ်ထားပါ။ ငါးအရိုးနွှင်ကာအရိုး များကိုထောင်းပါ။ ပြီးလျှင်ရေစစ်နှင့် စစ်ကာ ငါးအချိုရည်များယူပါ။
၃။ ကုလားပဲအစိမ်း (အနည်းငယ်)ကို ညကတည်းကရေစိမ်ထားပါ။ ရေစိမ်ထားသော ကုလားပဲကို ငါးပြုတ်ပြီးလျှင် ပြုတ်ပါ။ ဆားမထည့်ပါနှင့်။ ကုလားပဲကစမ်းကြည့်ပါ။ နူးလာပြီဆိုလျှင် မီးဖိုပေါ်ကချပါ။ ကုလားပဲများကို ဇကာနှင့်တိုက်ချပါ။ကုလားပဲအနှစ်များရလာပါမည်။
၎။ ငါးဖယ်ကြော်ပါ။ ငါးဖယ်မကြောခင် ငါးခင်ကို ချင်း၊ ကြက်သွန်ဖြူခြစ်ပြီး ထည့်နယ်ပါ။ ဆား၊ အချိုမှုန့် အနည်းငယ်ထည့်နယ်ပါ။ ပဲကြော်ကြော်မယ်ဆိုရင် ညကတည်းက ကုလားပဲအစိမ်းကိုပိုစိမ်ထား၊ ပြီးရင် အကြော်မှုန့်ကို ရေနဲ့ဖျော်၊ အဲ့ဒီမှုန့်နှစ်အထဲကို ဂျင်းနဲ့ကြက်သွန်ဖြူခြစ်ထည့်၊ ဆားအနညှ်းုယ်ထည့်ဖျော်၊ ပြီးရင် ညတုန်းကရေစိမ်ထားတဲ့ပဲတွေကို အဲ့ဒီမုန့်နှစ်ထဲထည့်ပြီး လက်ဘက်ရည်ပန်းကန်ပြားပေါ် တစ်ခုစာလောက်စီ ထည့်ပြီး ဆီအိုးထဲ ထည့်ကြော်ပါ။ ၅။ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ နီတို့ကို ပါးပါးလှီးကာ ညက်အောင်ထောင်းကာ သုံးပုံနှစ်ပုံကို အရိုးနွှင်ပြီး သားငါးသုံးပုံနှစ်ပုံဖြင့်ရောကာ ဆီသတ်ပေးပါ။ အရောင်လှလိုပါက ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ထည့်ကာ ဆီသတ်ပါ။ ကျန်သောငါးသုံးပုံတစ်ပုံနှင့် ငရုတ်သီး အစိမ်းမှုန့်အနည်းငယ်ထည့်ကာ ဆီသတ်ပါ။ ကျန်သော ငါးသုံးပုံတစ်ပုံနှင့်စပါးလင်ချင်းကြက် သွန်ဖြူနီသုံးပုံတစ်ပုံကိုရောပါ။ ကြက်သွန်နီဥများကို နွှင်ကာ လေးစိတ် ထိုးထားပါ။
၆။ မုန့်ဟင်းရည်အိုးတွင် ငါးပြုတ်ရည်ထည့်ပါ။ ပြီးလျှင်ရေထပ်ထည့်ပါ။ ကုလားပဲနှစ်နှင့် ဆီမသတ်ဘဲထားသော ငါးနှင့်စပါးလင်ဂျင်း ကြက်သွန်ဖြူနီတို့ကိုထည့်ပါ။ ဆား၊ ငံပြာရည်၊ ဟင်းချိုမှုန့်ထည့်ပါ။ ပြီးလျှင် ငှက်ပျောအူထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဆီသတ်ထားသော ငါးများကိုထည့်ပါ။ ကြက်ဥအစိမ်း သေချာမွေပြီး ဟင်းရည်အိုးထဲထည့်ပါ။ ဟင်းအပေါ့အငံကို မြည်းကြည့်ပါ။ကြက်သွန်နီအစိမ်းလေးစိတ်ထား များကို ထည့်ပါ။ ပြီးလျှင် ပြုတ်ထားသော ကြက်ဥများကိုထည့်ပါ။ အိုးဘဲဥကဲ့သို့စားကောင်းရန်ဖြစ်သည်။ ပြီးလျှင် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။
၇။ အဲ့ဒါဆို အနံ့မွှေးမွှေး အရသာလျှာပေါ်စွဲငြိစေမယ့် ဟင်းရည်အိုးရပြီ။
၈။ မုန့်ဖတ်ပြုတ်ဖို့က ပထမဦးဆုံးအိုးထဲမှာ ရေထည့် ပွက်ပွက်ဆူအောင်တည်ပါ။ မုန့်ဖတ်ရဲ့အပျော့အမာကို မသိသေးတဲ့အတွက် ပထမအကြိမ်တွင် မုန့်ဖတ်အနည်းငယ်သာထည့်ပြုတ်ပါ။ ပြီးလျှင်မုန့်ဖတ်ကိုမွှေပေးပါ။ မမွှေပါက မုန့်ဖတ်များကပ်ကာ မနပ်ဘဲ စားမရဖြစ်သွားတတ်ပါတယ်။ သတိပြုကာ မုန့်ဖတ်ကိုပြုတ်ပြီး ရေအေးအေးဖြင့် ဆေးပါ။ စကာနဲ့စစ်သည့်အခါ မုန့်ဖတ်အေးနေအောင် ရေဆေးပြီးမှ စစ်ပါ။ မုန့်ဖတ်ကို သတိထားပြုတ်ပါ။မုန့်ဖတ်အေးသည်အထိ ရေဆေးရန်သတိပြုပါ။အနွေးဓာတ်ကျန်နေပါက မုန့်ဖတ်များပူးသွားပြီး စားမကောင်းဖြစ်တတ်ပါတယ်။
၉။ နံနံပင်၊ ကြက်သွန်မြိတ်၊ ပဲသီးတို့ကို ရေစင်အောင်ဆေးကာ အလောတော်လှီးထားပါ။ ကြက်ဥပြုတ်များ လှီးထားပါ။ ငရုတ်သီးအကျက်မှုန့်များပြင်ထားပါ။ ငံပြာရည်ချထားပါ။ သံပုရာသီးများစိတ်ထားပေးပါ။ ချဉ်ငံစပ် ကြိုက်နှစ်သက်သူများ သင့်တော်သလို စားသုံးနိုင်ရန်ဖြစ်သည်။

ဟင်းနုနွယ်ရွက်သုပ်

0 comments

သတ်သတ်လွတ်စားနေတဲ့သူတွေအတွက် အဆင်ပြေစေဖို့အတွက် ဟင်းနုနွှယ်သုပ်နည်းလေး ပေးပါရစေရှင်။ ဟင်းနုနွယ်ကို ရေဆေးပြီး တစ်လမအရွယ်လောက်ဆီ ခြွေထားပါ။ အသုပ်ထဲ ထည့်ဖို့အတွက် လိုအပ်တာတွေကတော့ ကြက်သွန်ဖြူဆီချက်၊ မြေပဲဆံလှော်ထောင်း၊ သီဟိုဠ်ဆံလှော်ထောင်း၊ နှမ်း၊ ဆား၊အချိုမှုန့်အနည်းငယ်၊ပဲငံပြာရည် အကျဲအနည်းငယ်၊ ကြက်သွန်မြိတ်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ရေနွေးအိုးတည်ပြီး ပွက်ပွက်ဆူလာရင် ခုနက ခြွေထားတဲ့ ဟင်းနုနွယ်ကိုထည့်ပါ။ အထက်အောက် အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပေးပါ။ ၃ မိနစ်လောက်ဆို ကျက်ပါတယ်။ ပြီးရင် ရေအေးနဲ့ ဆေးပြီး ရေတွေကို ညှစ်ထုပ်ပစ်ပါ။ပန်းကန်ထဲကို ဟင်းနုနွယ်ရွက်ပြုတ်ကို ထည့်ပါ။ ပြီးတော့ ဆီချက်၊ မြေပဲဆံလှော်ထောင်း၊ သီဟိုဠ်ဆံလှော်ထောင်း၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကျဲတို့ကို ထည့်ပြီး နယ်ပါ။ အရသာအပေါ့အငန်ကို နှစ်သက်သလို ထည့်ပါ။ ပြီးရင် အပေါ်က နှမ်းလေးဖြူးပြီး ကြက်သွန်မြိတ်ပါးပါးလှီးလေးထည့်လိုက်ရုံပါပဲ။ သတ်သတ်လွတ် ဟင်းရွက်သုပ်လေးပါ။

Monday, August 20, 2007

ကြာဇံကြော်သုပ်

0 comments


နောက်တစ်ခု သတိရသွားတာ ရန်ကုန်မှာလေ ကြာဇံကြော်ကို ၀က်သားတွေထည့်၊ ပြီးတော့ ငရုတ်ဆီနီနီရည်တွေ ဆမ်းပြီးတော့ စားရတာလေ။ အဲ့ဒါကို သတိရလို့ ၀က်နားရွက်တွေပေါင်းထားတာလဲ ရှိနေတော့ အဲ့ဒါတွေကိုပါထည့်ပြီး စားမယ်ပေါ့။ အချဉ်ရည်ကိုတော့ ခုနက လုပ်ထားတဲ့ အချဉ်ထဲကို
ကြက်သွန်ဖြူလေး ထုထည့်၊ ငရုတ်ဆီလေးထည့်၊ ဆား၊ သကြား၊ အချိုမှုန့်၊ သံပုရာရည်လေး
နည်းနည်းထပ်ထည့်ပြီး နယ်စားလို့ရအောင်လုပ်လိုက်ပြီး
အပေါ်ကနေ ဆမ်းလိုက်တယ်။ ကြက်သွန်ဖြူလေးကိုက်လိုက်သေးတယ်။
ဟင်းခါးလေးကတော့ ကြက်ရိုးလေးကိုပြုတ်ထားတဲ့အထဲ ဂျင်းနဲ့ ကြက်သွန်ဖြူဓါးပြားရိုက်ပြီးတော့ ထည့်လိုက်တယ်။ ဟင်းအိုးဆူလာတော့ ဂေါ်ဖီဖတ်လေးထည့်လိုက်တယ်။ ပြီးတော့ ဆူလဲလာရော ငရုတ်ကောင်းမှုန့်လေးခပ်လိုက်တယ်။ ချိုချိုမွှေးမွှေးလေးပေါ့။ ကြာဇံကြော်နဲ့
အလိုက်ပေါ့ လုပ်ရတာ လွယ်ပါတယ်။
သူငယ်ချင်းတို့လဲ ချက်စားကြည့်ကြပါဦးနော့့်

ကြာဇံကြော်

0 comments

ကြာဇံကို အနည်းဆုံး ၁၀ မိနစ်ထိ ရေစိမ်ပြီး ရေစစ်ထားပါ။ ရေစစ်သွားပြီဆိုရင်တော့ ပဲငံပြာရည်နည်းနည်းထည့် ဆားလေး၊ သကြားလေး၊ အချိုမှုန့်လေးထည့်ပြီး နယ်ထားပေးလိုက်ပါ။ ကြက်သား သို့မဟုတ် ကြိုက်နှစ်သက်ရာ အသား၊ အသဲ၊ အမြစ်တို့ကို ခပ်သေးသေးလှီးကာ ဆား၊ သကြား၊ အချိုမှုန့် အနည်းငယ်၊ ဂျုံမှုန့်သို့မဟုတ်ကော်မှုန့်အနည်းငယ်ဖြင့် နယ်ကာ နှပ်ထားပေးပါ။ ၀က်အူချောင်း ကြက်အူချောင်း ကြိုက်တတ်လျှင် ထည့်ကြော်ပါ။ ဒီနေ့ ကြာဇံကြော်ထဲထည့်မယ့် ဟင်းသီးဟင်းရွက်တွေက မုန်လာဥနီ၊ ဂေါ်ဖီ၊ မုန်ညင်း၊ ကညွတ်၊ မှို စတာတွေကိုလှီးချွတ်ဆေးကြောပြီး ရေစစ်ထားပါ။ ကြက်ဥကို သေချာခေါက်ထားပါ။
ကြာဇံကြော်တဲ့နည်းကတော့ ခေါက်ဆွဲကြော်တာနဲ့ ခပ်ဆင်ဆင်ပါပဲနော်။ မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီကိုအနေတော်မှန်းပြီး ဆီပူအောင်တည်ပါ။ ဆီပူလာရင် ကြက်ဥအရင်ထည့်ကြော်ပါ။ ပြီးရင် ပန်းကန်တစ်ချပ်ထဲသို့ သီးသန့်ဖယ်ထားလိုက်ပါ။ ပြီးလျှင် ကြက်သွန်ဖြူနီကို ထည့်ပြီး ဆီမွှေးသတ်ပါ။ ကြက်သွန်ဖြူနီ အနံ့မွှေးလာပြီဆိုရင် အသားထည့်ပြီး ကြော်ပါ။ အသားလေးတွေ တင်းလာပြီး အရောင်ရဲရဲလေး ဖြစ်လာပြီဆိုရင် ခုနကလှီးထားတဲ့ အသီးအရွက်တွေထည့်၊ ဆား၊ အချိုမှုန့်လေးနည်းနည်းထည့် ပြီးရင် ခဏလေးအဖုံးအုပ်ထားပါ။ နောက်ဆုံးမှာတော့ ကြာဇံထည့်ပြီး အသားအသီးအရွက်တွေနဲ့ သမအောင်မွှေပေးပါ။ ပြီးရင် အရသာ အပေါ့အငံကိုမြည်းပြီး တရုတ်နံနံလေးအုပ်ပြီး မီးပိတ်လို့ ရပါပြီ။ ပြီးတော့မှ ကြော်ထားတဲ့ ကြက်ဥကို လက်တစ်လုံး အထူလောက်လေးတွေ လှီးပြီး အပေါ်က ဖြူးလိုက်ပါ။ ကဲ နောက်ဆုံးအဆင့်ကတော့ အိုးထဲက ကြာဇံကြော်တွေကို ပန်းကန်ပြားလေးထဲ ထည့်ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူးလိုက်နော်။ အချဉ်သုပ်ကိုတော့ ကြက်သွန်နီနဲ့ သခွါးသီးကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးအုပ်၊ ဆား၊ သကြားလေးထည့်၊ သံပုရာရည်လေးနည်းနည်းဆမ်း၊ ပြီးတော့ ငရုတ်ဆီလေးနဲ့ ရောမွှေလိုက်တယ်။ အဲ့ဒါက ကြာဇံကြော် သပ်သပ်စားရင် ရပြီ။

Sunday, August 19, 2007

ငါးဥဟင်း

2 comments

ကျွန်မ ငါးသလောက်ဥကို အသေကြိုက်ပါတယ့့် ဒီမှာတော့ ငါးသလောက်မပြောနဲ့ ရေချိုငါးတောင်မှ ရှာမှရှားပါတယ်။ ဒါပေမယ့် ဘယ်ငါးရဲ့ ဥလဲတော့မသိဘူး။ ဈေးသွားရင်းတွေ့တာနဲ့ ၀ယ်လာခဲ့တာ။ အဲ့ဒီငါးဥကို ဘယ်လိုချက်ရင်ကောင်းမလဲ စဉ်းစားလိုက်တော့ အမေ ငါးသလောက်ဥကို ချက်ကျွေးနေကျလက်ရာလေးကို သတိရသွားတယ်။

အမေကတော့ ငါးသလောက်ကို မချက်ခင် မတုံးဘဲ ဒီအတိုင်း ဆား၊ ငံပြာရည်၊ နနွင်းမှုန့်လေး၊ အချိုမှုန့်လေးနဲ့နယ်ပြီး ရေနည်းနည်းနဲ့ ပြုတ်ပါတယ်။ (ကျွန်မကတော့ ဒီနေ့ မေ့ပြီး အတုံးလေးတွေ တုံးလိုက်မိပြီး ပြုတ်လိုက်တာကြောင့် ငါးဥတွေ အပြင်ကို ပွထွက်လာပါတယ်။ အတုံးမညီတော့ဘူးပေါ့။) ပြုတ်ပြီးသား ငါးဥကိုမှ အတုံးလေးတွေတုံးထားပါတယ်။ပြီးတော့ ကြက်သွန်ဖြူနီဂျင်း ငရုတ်သီးစတာတွေကို ထောင်း၊ ခရမ်းချဉ်သီး တစ်လုံးလောက်ကို ခပ်ပါးပါးလှီးထား၊ မန်ကျည်းနှစ်လေးရအောင် မန်ကျည်းသီးကို ရေနွေးစိမ်တာလေးတွေ လုပ်ထားပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် ခုနက ထုထောင်းထားတွေအားလုံးထည့်ပြီး ဆီသတ်၊ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီးတွေကိုထည့်ပြီး မွှေပေး။ ခရမ်းချဉ်သီး အဖတ်လေးတွေ လိမ်လာပြီဆိုရင် ငါးဥတွေကို ထည့်ပြီးတော့ ရေနည်းနည်းထည့်ပြီး အုပ်ထားလိုက်ပါ။ အဲ့ဒီတစ်ရေခမ်းသွားပြီးရင် ငါးဥရော ခရမ်းချဉ်သီးရော တော်တော်လေးကို ကျက်လာပါပြီ။ အဲ့ဒီထဲကို မန်ကျည်းနှစ်လေးထည့်၊ ငံပြာရည်လေးနည်းနည်းထည့်ပြီး ပေးဆူပါ။ ဟင်းအိုးပွက်လာပြီးဆိုရင် ရေခမ်းအောင် မီးနွေးနွေးလေးနဲ့ ထား။ ပြီးရင် အပေါ့အငံမြည်း။ နောက်တော့ ငရုတ်သီးတောင့်နဲ့ ကြက်သွန်မြိတ်ကို အသင့်ပြင်ထားတာကို ဟင်းအိုးအပေါ်ကနေ အသာလေးအုပ်လိုက်။ အဲ့ဒါဆို ငါးဥအီတာလဲ မရှိတော့ဘူး၊ မန်ကျည်းနှစ်လေးက ချဉ်ပြုံးပြုံးလေးနဲ့၊ ခရမ်းချဉ်သီးနှစ်လေးကလဲ နယ်စားလို့
ကောင်းမှကောင်းပေါ့ 

ပုဇွန်အချိုကြော်

0 comments

ပုဇွန်တွေကို ရေဆေး၊ အခွံနွှာ၊ သန့်စင်ပါ။ ကျောဘက်က ပုဇွန်ချေးတွေကိုလဲ သန့်ရှင်းပစ်ပါ။ ပြီးတော့၊ ဆား၊ သကြားအနည်းငယ်၊ ဟင်းချိုမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။ ကြက်သွန်ဖြူနီဂျင်းကို သေးသေးလေးတွေ ဖြစ်အောင်လှီးပါ။ ငရုတ်ဆုံရှိရင်ထောင်းပေါ့နော်။ ပြီးတော့ ဒယ်အိုးကို မီးဖိုပေါ်တင်၊ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ စောစာကထောင်းထားတဲ့ ကြက်သွန်ဖြူနီဂျင်းကို ထည့်ပြီး ဆီသတ်။ အနံ့လေးမွှေးလာပြီဆိုရင် ပုဇွန်ထည့်ပြီး နှံ့အောင်မွှေ၊ ပြီးတော့ ပဲငံပြာရည်အကျဲနည်းနည်းထည့်ပြီး ဆက်ကြော်ပါ။ ပုဇွန်အကွေးဆိုတော့ သိပ်မကြာပါဘူ့း့  ပုဇွန်ကြော်နံ့လေး သင်းလာတော့တာပါပဲ၊ အဲ့ဒီအပေါ်မှာ ကြက်သွန်မြိတ်လေးဖြူးလိုက်တာပါပဲ။
အရမ်းလွယ်တယ့့်  ချက်စားကြည့်နော့့် 

ငါးပိကောင်ကြော်

0 comments

နိုင်ငံရပ်ခြားရောက်နေပေမယ့် တစ်ခါတလေ ငါးပိကောင်ကို
စားချင်တတ်ပါတယ်။ ငါးပိကောင်ရဖို့ မလွယ်ပါဘူး။ ကျွန်မကတော့
ငါးကိုဝယ်လာပြီး ရေဆေး၊ ရေစစ်အောင်ထားပြီးရင် ဆားနဲ့
သေချာနယ်၊ ပြီးရင် ပလတ်စတစ်အိတ်တွေနဲ့ အထပ်ထပ်ထုပ်ပြီးတော့
ရေခဲသေတ္တာအပေါ်ခန်းထဲကို အနည်းဆုံး ၁ ပတ်ထားလိုက်တယ်။
ကြာကြာထားနိုင်ရင်တော့ ငါးထဲကို ဆားအရသာ ပိုဝင်တာပေါ့။
အဲ့ဒါကတော့ အလွယ်ကူဆုံး ငါးပိကောင်လုပ်နည်းပါ။
ငါးပိကောင်ကို အမျိုးမျိုးချက်စားလို့ရပေမယ့်
ဒီနေ့တော့ ငါးပိကောင်ကြော်နည်းလေး ပြောပြမယ်နော်။

ငါးပိကောင်ကို ရေဆေးပြီးတော့ စစ်ထားလိုက်ပါ။ ပြီးရင်တော့
ငါးကို ဓါးလေးနဲ့ မွှန်းလိုက်ပါ။ ပြီးတော့ အချိုမှုန့်လေးနဲ့
သေချာနယ်ပေးပြီး နှပ်ထားလိုက်ပါ။ ကြက်သွန်ဖြူ၊နီတို့ကို
ပါးပါးလှီးပါ။ မီးဖိုပေါ် ဒယ်အိုးတည်ပါ။ ပြီးရင် ဆီထည့်၊
ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ကြက်သွန်နီကို အရင်စကြော်၊
ပြီးရင်ကြက်သွန်ဖြူပါထည့်ပြီး ကြော်ပါ။ ကြက်သွန်တွေ
မရဲတရဲအချိန်လေးမှာ ခပ်ထားလိုက်။ ပြီးရင် အဲ့ဒီဆီထဲမှာ
ငါးဆက်ကြော်၊ ငါးကို မီးနွေးနွေးနဲ့
ဟိုဘက်ဒီဘက်လှန်ပေးပြီး သေချာကျက်အောင်ကြော်။
ပြီးရင်တော့ ငါးကြော်တွေကို ဆီစစ်ပြီး ပန်းကန်ထဲ
ထည့်၊ အပေါ်ကနေ ခုနက ဖယ်ထားတဲ့ ကြက်သွန်ကြော်လေးတွေ
ဖြူးလိုက်ရုံပါပဲ။ ဒါက အချိုကြော်နည်းပေါ့။ တကယ်လို့
အစပ်ကြိုက်တယ်ဆိုရင် ငရုတ်သီးအကြမ်းမှုန့်လေးတွေပါ
ထည့်ကြော်လိုက်ရုံပဲ။ သံပုရာရည်လေး ဆမ်းစားရင်
အရမ်းကောင်းတယ်။ စားကြည့်ကြည့်နော့့် 

Saturday, August 18, 2007

ကန်ဇွန်းရွက်သုပ်

1 comments

မြင်းခွါရွက်သုပ် အလွမ်းပြေအနေနဲ့ ကန်ဇွန်းရွက်သုပ်လိုက်ရတာပါ။ ကန်ဇွန်းရွက်အနုပိုင်းလေးတွေနဲ့ ကန်ဇွန်းရိုးလေးတွေကို ရေစင်အောင်ဆေး၊ ရေစစ်ထား၊ ပြီးတော့ ပါးပါးလေးဖြစ်အောင်လှီး။ ကြက်သွန်နီပါးပါးလှီးထားပါ။ ပုဇွန်ခြောက်နဲ့ မြေပဲဆံကြိတ်ထားပါ။ ပြီးတော့ မန်ကျည်းနှစ်လေးပျစ်ပျစ်ကလေး ဖျော်ထားပါ။ ပန်းကန်ထဲကို ခုနက လှီးထားတဲ့ ကန်ဇွန်းရွက်တွေကိုထည့်၊ ပြီးတော့ ကြက်သွန်နီထည့်၊ ပုဇွန်ခြောက်၊ မြေပဲဆံထောင်း၊ ပဲမှုန့်အကျက်မှုန့်၊ ခရမ်းချဉ်သီးကြိုက်တတ်ရင် ထည့်လို့ရပါတယ်။ ပြီးတော့ မန်ကျည်းနှစ်လေးထည့်၊ ငံပြာရည်ထည့်၊ အချိုမှုန့်ထည့်၊ ဆီချက်ထည့်ပြီး သေချာနှံ့အောင် နယ်ပါ။ လက်ဘက်ထဲထည့်တဲ့ အကြော်စုံ ကြိုက်တတ်ရင်နဲ့ အလွယ်တကူရှိရင်လဲ ထည့်လိုက်ပါနော်။ အဲ့ဒါဆိုရင် အရသာရှိလှတဲ့ ကန်ဇွန်းရွက်သုပ်လေး ရပါပြီရှင်။ အရသာက မြင်းခွါရွက်သုပ်နဲ့ တူသလို ပဲစောင်းလျားသီးသုပ်နဲ့လဲ တူတယ်ဗျို့  ရေနွေးကြမ်းလေးနဲ့ မြည်းရင်တော့ အကိုက်ပဲကွဲ့ 

ပုဇွန်တုံယမ်းဆီပြန်ဟင်း

0 comments

တုံယမ်းကို ဟင်းရည်သောက်ချက်စားကြတာများပါတယ်။ အခု ရာသီဥတုက အရမ်းပူတာကြောင့် တုံယမ်းဟင်းရည်မချက်ဖြစ်ဘဲ ဆီပြန်ဟင်းလေး ချက်လိုက်ပါတယ်။ စစချင်း ပုဇွန်တွေကို ရေဆေး၊ အခွံနွှာ၊ သန့်စင်ပါ။ ကျောဘက်က ပုဇွန်ချေးတွေကိုလဲ သန့်ရှင်းပစ်ပါ။ ပြီးတော့ ကျောဘက်ကနေ ပုဇွန်ကို ထက်ခြမ်းခွဲပါ။ ပြီးတော့၊ ဆား၊ သကြားအနည်းငယ်၊ ဟင်းချိုမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။ ကြက်သွန်ဖြူနီဂျင်းကို သေးသေးလေးတွေဖြစ်အောင်လှီးပါ။ ငရုတ်ဆုံရှိရင်ထောင်းပေါ့နော်။ ပြီးတော့ ဒယ်အိုးကို မီးဖိုပေါ်တင်၊ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ စောစာကထောင်းထားတဲ့ ကြက်သွန်ဖြူနီဂျင်းကို ထည့်ပြီး ဆီသတ်။ အနံ့လေးမွှေးလာပြီဆိုရင် ပုဇွန်ထည့်ပြီး နှံ့အောင်မွှေ၊ ပြီးတော့ တုံယမ်းအနှစ်လေးကို ကိုယ်နှစ်သက်မယ့် ချဉ်ငံစပ်အနေအထားလောက် ခပ်ပြီးထည့်ပြီး တည်လိုက်ပါ။ ရေကျန်ဆီကျန်လေး စားချင်တာ ဆိုတော့ ရေလေးနည်းနည်းထည့်ပြီး ပေးပွက်လိုက်တယ်။ အဲ့ဒါဆို ပုဇွန်တုံယမ်းဟင်းရပြီ။ နံနံပင် ဒါမှမဟုတ် ရှောက်ရွက်ရှိရင် အပေါ်ကနေအုပ်လိုက်ဦး။ ပိုမွှေးသွားရအောင်။ အခုဓါတ်ပုံထဲမှာတော့ အဲ့ဒါတွေ မရှိလို့ မအုပ်လိုက်ရဘူး။ ဆောတီးနော့့် 

Friday, August 17, 2007

ခေါက်ဆွဲကြော်

1 comments


ရေနွေးအိုးတည်ပြီး ခေါက်ဆွဲကိုအရင်နူးအောင် ပြုတ်ပါ။ ပြီးလျှင် ရေဆေး၊ရေစစ်ပြီးဆယ်ထားပါ။ ရေစစ်သွားပြီဆိုရင်တော့ ပဲငံပြာရည်နည်းနည်းထည့်ပြီး နယ်ထားပေးလိုက်ပါ။ ကြက်သား သို့မဟုတ် ကြိုက်နှစ်သက်ရာ အသား၊ အသဲ၊ အမြစ်တို့ကို ခပ်သေးသေးလှီးကာ ဆား၊ သကြား၊ အချိုမှုန့် အနည်းငယ်၊ ဂျုံမှုန့်သို့မဟုတ်ကော်မှုန့်အနည်းငယ်ဖြင့် နယ်ကာ နှပ်ထားပေးပါ။ ၀က်အူချောင်း ကြက်အူချောင်း ကြိုက်တတ်လျှင် ထည့်ကြော်ပါ။ ခေါက်ဆွဲကြော်ထဲထည့်မယ့် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ရှီမဲဂျိမှို၊ ဂေါ်ဖီ၊ ပဲပင်ပေါက် စတာတွေကိုလှီးချွတ်ဆေးကြောပြီး ရေစစ်ထားပါ။ ကြက်ဥကို သေချာခေါက်ထားပါ။
မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီကိုအနေတော်မှန်းပြီး ဆီပူအောင်တည်ပါ။ ဆီပူလာရင် ကြက်ဥအရင်ထည့်ကြော်ပါ။ ပြီးရင် ပန်းကန်တစ်ချပ်ထဲသို့ သီးသန့်ဖယ်ထားလိုက်ပါ။
ပြီးလျှင် ကြက်သွန်ဖြူနီကို ထည့်ပြီး ဆီမွှေးသတ်ပါ။ ကြက်သွန်ဖြူနီ
အနံ့မွှေးလာပြီဆိုရင် အသားထည့်ပြီး ကြော်ပါ။ အသားလေးတွေ တင်းလာပြီး
အရောင်ရဲရဲလေး ဖြစ်လာပြီဆိုရင် ခုနကလှီးထားတဲ့ အသီးအရွက်တွေထည့် (အနူးခက်တဲ့ ဟင်းသီးဟင်းရွက်တွေအရင်ထည့်၊ ပြီးမှ ပဲပင်ပေါက်လို အနူးလွယ်တာကို ထည့်ပါ)
ဆား၊ အချိုမှုန့်လေးနည်းနည်းထည့် ပြီးရင် ခဏလေးအဖုံးအုပ်ထားပါ။ နောက်ဆုံးမှာတော့ ခေါက်ဆွဲထည့်ပြီး အသားအသီးအရွက်တွေနဲ့ သမအောင်မွှေပေးပါ။ ပြီးရင် အရသာ အပေါ့အငံကိုမြည်းပြီး တရုတ်နံနံလေးအုပ်ပြီး မီးပိတ်လို့ ရပါပြီ။ ခုနက
ကြော်ထားတဲ့ ကြက်ဥကို လက်တစ်လုံး အထူလောက်လေးတွေ လှီးပြီး အပေါ်က ဖြူးလိုက်ပါ။
ကဲ နောက်ဆုံးအဆင့်ကတော့ အိုးထဲက ခေါက်ဆွဲကြော်တွေကို ပန်းကန်ပြားလေးထဲ
ထည့်ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူးလိုက်နော်။ အချဉ်သုပ်ကိုတော့
ကြက်သွန်နီနဲ့ သခွါးသီးကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးအုပ်၊ ဆား၊
သကြားလေးထည့်၊ သံပုရာရည်လေးဆမ်းပြီး သုံးဆောင်ပါနော့့် 

ဒီနေ့ညစာ

0 comments
ဟင်းတွေစားရတာ နည်းနည်း အီသလိုလိုဖြစ်တာရော၊ ခေါက်ဆွဲပြုတ်ပူပူလေး သောက်လိုက်ရရင် ကောင်းမှာပဲလို့ တွေးမိတာကြောင့်ရောမို့ ဒီညစာအတွက် ခေါက်ဆွဲပြုတ်နဲ့ အတူ ဘာစားရင်ကောင်းမလဲလို့ စဉ်းစားမိတော့ ၀က်နားရွက်နဲ့ ၀က်ခြေထောက်ပေါင်းထားတာကို သတိရလိုက်မိပါတယ်။ အဆင်ပြေလိုက်တာ့ ၀က်နားရွက်သုပ်လေးရယ် ၀က်ခြေထောက်နဲ့ ခေါက်ဆွဲပြုတ်လေးလုပ်လိုက်မယ်ပေါ့။ အဲ့ဒါနဲ့ပဲ ကွန်ပျူတာရှေ့ကနေ
ထပြီးတော့ ညစာအတွက် ပြင်ဆင်မိပါတော့တယ်။

ခေါက်ဆွဲပြုတ်လုပ်ဖို့ ရေနွေးအိုးတည်ထားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ
ဝက်နားရွက်သုပ်အတွက် လိုအပ်တဲ့ ကြက်သွန်နီ၊ သခွါးသီး၊ ငရုပ်သီးစိမ်း၊ ၀က်နားရွက် စတာတွေကို လှီးချွတ် အသင့်ပြင်ပါတယ်။ ပြီးတော့ ကန်ဇွန်းညွန့်လေးတွေကို ကမန်းကတမ်း ရေဆေးပြီး စစ်ထားလိုက်ပါတယ်။ ကြက်သွန်မြိတ်လေး ပါးပါးလှီးထားလိုက်ပါတယ်။ ရေနွေးအိုးဆူတော့ ၀က်ခြေထောက်ပေါင်းထားတာလေးတစ်တုံးနဲ့ ၀က်သားဖတ်လေးတစ်ဖတ်ပါ အတူတူ ခေါက်ဆွဲကိုပါ ထည့်ပြုတ်လိုက်ပါတယ်။
အဲ့ဒီအချိန်မှာ ၀က်နားရွက်သုပ်ပါတယ်။ လှီးထားတဲ့ ၀က်နားရွက်၊ ကြက်သွန်နီ၊ သခွါးသီး၊ ငရုတ်သီးစိမ်းတို့ကို ပန်းကန်ပြားထဲထည့်၊ ငံပြာရည်၊ ရှလကာရည်၊ တရုတ် ပဲငံပြာရည်အပျစ် နည်းနည်း၊ ငရုတ်သီးအကျက်မှုန့်၊ ငရုတ်ကောင်းမှုန့် နည်းနည်း၊ ငရုပ်ဆီရှိရင် နည်းနည်း စတာတွေကိုထည့်ပြီး နယ်ပါတယ်။ ကြက်သွန်နီကြော်ရှိရင် အပေါ်က ဖြူးလိုက်ပါဦးနော်။ အဲ့ဒါဆိုရင် ၀က်နားရွက်သုပ်ရပါပြီ။ ပန်းကန်ပြားသေးသေးလေးထဲ ပြောင်းထည့်လိုက်တယ်။ ကြက်သွန်ဖြူ နှစ်မြွှာလောက် ကိုက်စားဖို့ ပြင်ထားလိုက်တယ်။
ခေါက်ဆွဲပြုတ်အိုးကလဲ ဆူပါပြီ။ အပေါ့အငံမြည်းပြီး လိုတာလေးတွေ ထည့်လိုက်ပါဦးနော်။ ပြီးတော့ ကန်ဇွန်းညွန့်လေး ဟင်းတွေစားရတာ နည်းနည်း အီသလိုလိုဖြစ်တာရော၊ ခေါက်ဆွဲပြုတ်ပူပူလေး သောက်လိုက်ရရင် ကောင်းမှာပဲလို့ တွေးမိတာကြောင့်ရောမို့ ဒီညစာအတွက် ခေါက်ဆွဲပြုတ်နဲ့ အတူ ဘာစားရင်ကောင်းမလဲလို့ စဉ်းစားမိတော့ ၀က်နားရွက်နဲ့
ဝက်ခြေထောက်ပေါင်းထားတာကို သတိရလိုက်မိပါတယ်။ အဆင်ပြေလိုက်တာ ၀က်နားရွက်သုပ်လေးရယ်
ဝက်ခြေထောက်နဲ့ ခေါက်ဆွဲပြုတ်လေးလုပ်လိုက်မယ်ပေါ့။ အဲ့ဒါနဲ့ပဲ ကွန်ပျူတာရှေ့ကနေ ထပြီးတော့ ညစာအတွက် ပြင်ဆင်မိပါတော့တယ်။ ခေါက်ဆွဲပြုတ်လုပ်ဖို့ ရေနွေးအိုးတည်ထားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ၀က်နားရွက်သုပ်အတွက် လိုအပ်တဲ့ ကြက်သွန်နီ၊ သခွါးသီး၊ ငရုပ်သီးစိမ်း၊ ၀က်နားရွက် စတာတွေကို လှီးချွတ် အသင့်ပြင်ပါတယ်။ ပြီးတော့ ကန်ဇွန်းညွန့်လေးတွေကို ကမန်းကတမ်း ရေဆေးပြီး စစ်ထားလိုက်ပါတယ်။ ကြက်သွန်မြိတ်လေး ပါးပါးလှီးထားလိုက်ပါတယ်။ ရေနွေးအိုးဆူတော့ဝက်ခြေထောက်ပေါင်းထားတာလေး တစ်တုံးနဲ့ ၀က်သားဖတ်လေးတစ်ဖတ်ပါ အတူတူ ခေါက်ဆွဲကိုပါ ထည့်ပြုတ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ၀က်နားရွက်သုပ်ပါတယ်။ လှီးထားတဲ့ ၀က်နားရွက်၊ ကြက်သွန်နီ၊ သခွါးသီး၊ ငရုတ်သီးစိမ်းတို့ကို ပန်းကန်ပြားထဲထည့်၊ ငံပြာရည်၊ ရှလကာရည်၊ တရုတ် ပဲငံပြာရည်အပျစ် နည်းနည်း၊ ငရုတ်သီးအကျက်မှုန့်၊ ငရုတ်ကောင်းမှုန့် နည်းနည်း၊ ငရုပ်ဆီရှိရင် နည်းနည်း စတာတွေကိုထည့်ပြီး နယ်ပါတယ်။ ကြက်သွန်နီကြော်ရှိရင် အပေါ်က ဖြူးလိုက်ပါဦးနော်။ အဲ့ဒါဆိုရင် ၀က်နားရွက်သုပ်ရပါပြီ။ ပန်းကန်ပြားသေးသေးလေးထဲ ပြောင်းထည့်လိုက်တယ်။ ကြက်သွန်ဖြူ နှစ်မြွှာလောက် ကိုက်စားဖို့ ပြင်ထားလိုက်တယ်။ ခေါက်ဆွဲပြုတ်အိုးကလဲ ဆူပါပြီ။ အပေါ့အငံမြည်းပြီး လိုတာလေးတွေ ထည့်လိုက်ပါဦးနော်။ ပြီးတော့ ကန်ဇွန်းညွန့်လေး မြန်မြန်အုပ်လိုက်ပါတယ်။ ကြက်သွန်မြိတ်လေးပါ ထည့်လိုက်ပါသေးတယ်။ ခဏလောက် ပေးပွက်ပြီး မီးဖိုပေါ်ကနေချ၊ ပန်းကန်လုံးထဲ လှယ်ပြီးတော့ ငရုတ်ကောင်းမှုန့်လေး နည်းနည်းလောက် ထည့်လိုက်ပါတယ်။ ထမင်းလေးနည်းနည်းလောက်တော့ စားဦးမှလို့ တွေးမိရင် ထမင်းပန်းကန်လုံးလေးနဲ့ တစ်လုံးပြင်လိုက်ပါတယ်။ ကဲ့ စားလို့ရပြီနော်။
ဝက်နားရွက်သုပ်က ချဉ်ငံစပ်လေးပေါ့၊ ကြက်သွန်ဖြူလေးလဲ ကိုက်လိုက်ဦး၊ ထမင်းလေးလဲ နည်းနည်းစားလိုက်တယ်လေ။ ခေါက်ဆွဲပြုတ်က ပူပူနွေးနွေးလေ့း့  မော်လမြိုင် မရမ်းကုန်းလမ်းထိပ်က ၀က်သားသုပ်ဆိုင်ကို သတိရလိုက်မိရင့်း့ ဓါတ်ပုံရိုက်ဖို့ မေ့နေတာနဲ့ ကန်ဇွန်းရွက်က အရောင်ပြောင်းပြီး စိမ်းရာမှ မဲသွား၏့
ခွင့်လွှတ်ကြပါကုန်။

ငါးဆော်ဆီ

0 comments

ငါးဆော်ဆီတဲ့ ဘယ်လိုပါလိမ့်။ ဆက်ဆီလဲ မဟုတ်ပါဘူး။ တစ်မျိုးပါလား။ ဘယ်လိုကြီးတုန်းဟ ... တလွဲမတွေးပါနဲ့လေ။ ငါးကြော်ကို ပြန်ပြီးတော့မှ
ငရုတ်သီးနဲ့ မန်ကျည်းနှစ်လေးနဲ့ ပြန်နှပ်တာကို

ငါးဆော်ဆီလို့ ကျွန်မတို့ မော်လမြိုင်ဘက်က
ခေါ်လေ့ရှိကြတယ်လေ။ ငါးကြော်နှပ်လို့လဲ ခေါ်ပါတယ်။
တချို့က မန်ကျည်းနှစ် ထည့်လေ့မရှိပါဘူး။ မြန်မာပြည်မှာတော့ ငါးပုဏ်ဏားကို
အဲ့ဒီလို ဆော်ဆီချက်ရင် သိပ်ကြိုက်တာ။ နိုင်ငံရပ်ခြားမှာ အကြောင်းကြောင်းနဲ့
ရောက်နေတဲ့ မောင်နှမတွေအတွက်တော့ ကိုယ်နှစ်သက်တဲ့ ငါးတစ်မျိုးမျိုးကိုဝယ်၊ သေချာသန့်စင်အောင် ဆေးကြောပြီးတော့မှ ဆား၊ သကြားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရည်၊ နနွင်းတို့နဲ့ သေချာအောင်နယ်ပြီးနှပ်ထားလိုက်။ ပြီးတော့မှ ကြက်သွန်ဖြူနီကို အခွံနွှာ၊ပါးပါးသေးသေးလေးတွေဖြစ်အောင်လှီးထားလိုက်။ မန်ကျည်းသီးလေးကို ရေနွေးစိမ်ထားလိုက်ဦးနော်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ကို ဒယ်အိုးလေးတင်၊ ဆီထည့်ပါ။ ဆီဆူလာလျှင် နနွင်းမှုန့်အနည်းငယ်ထည့်လိုက်ပါ။
ပြီးလျှင် ငါးကြော်ပါ။ ငါးကြော်တဲ့အချိန်မှာ သတိထားရမှာက တစ်ဖက်က မကျက်သေးခင်မှာ မလှန်မိဖို့ပါပဲ။ နောက်မဟုတ်ရင် ငါးက ဒယ်အိုးမှာ ကပ်နေပြီး အသားတွေ ပဲ့ကုန်ပြီး
မလှမပ ငါးကြော်ဘ၀ ရောက်သွားတတ်တာမို့ပါ။ ငါးကြော်ပြီးရင် ပန်းကန်ပြားတစ်ခုထဲ ပြောင်းထည့်ထားလိုက်ပါနော်။ ပြီးတော့မှ ငါးကြော်က ကျန်တဲ့ဆီနဲ့ ကြက်သွန်ဖြူနီဆီသတ်ပါမယ်။ ငရုတ်သီးအရောင်မှုန့်ရော အစပ်မှုန့်ရောထည့်ပါမယ်။
ပြီးရင် ဆား၊ အချိုမှုန့်၊ ငံပြာရည်ထည့်၊ မန်ကျည်းနှစ်လေးထည့်ပြီး ပွက်လာတဲ့အထိ မီးနွေးနွေးနဲ့တည်ထားပါ။ ပွက်လာပြီဆိုရင် ငါးကြော်တွေကို ဒယ်အိုးထဲ တန်းစီပြီးထည့်။ ပြီးရင် ဟိုဘက်ဒီဘက်လှန်ပေး။ မီးအနည်းဆုံးနဲ့ ငါးထဲကို ချဉ်ငံစပ်အရသာအားလုံးဝင်အောင်
၇ မိနစ်လောက် တည်ထားပါ။ ငါးဆော်ဆီရပါပြီ။

အာလူးငါးခြောက်အချဉ်ဆီပြန်ဟင်း

0 comments


အမေကြီးကန်က နှမတော်ရဲ့ ကိုကိုက အာလူးငါးခြောက်ဆီပြန်ဟင်းလေးစားချင်တယ်ဆိုလို့ ချက်နည်းလေး ပေးလိုက်ပါနော်။ နှစ်ကိုယ်တူတိုင်းပြည်ထဲက မောင်မယ်နှစ်ယောက်အတွက်ဆိုတော့ လိုတဲ့ ပစ္စည်းလေးတွေကို ပြောပြမယ်နော်။ အာလူးကို ဘယ်အရွယ်ရှိလဲလို့ မေးလိုက်တော့ တစ်ထွာတဲ့။ ကြီးတော်မူလိုက်တာတော်။ တော်တို့ အမေကြီးကန်က လူကောင်တွေကြီးရုံတင်မကဘူး အသီးအနှံတွေလဲ ကြီးလှချည်လားအေရဲ့လို့ ပြောမိပါတယ်။
သူ့ဆီက အာလူးက တစ်ထွာဆိုတော့ နှစ်ယောက်စာကို အာလူး တစ်လုံးလောက်နဲ့ပဲတော်မှပါလေ။ အာလူးကို အခွံနွှာ ရေဆေး ပြီးတော့ အစိတ်လေးစိတ်၊ ဆားလေးနဲ့နယ်ပြီး ရေဆေးလိုက်ပြီးတော့ စကာထဲမှာ ရေပြန်စစ်ထားလိုက်နော်။ ငါးခြောက်ကလဲ ပေါ့လိုက်တာအရမ်းပဲတဲ့။ အဲ့ဒီတော့ ရေလေးဆေးပြီးတော့သာ စကာထဲ ရေစစ်ထားလိုက်ပေါ့နော်။ မန်ကျည်းသီးလေးကိုလဲ ရေနွေးလေးနဲ့ စိမ်ထားလိုက်ပါဦး။
ကြက်သွန်ဖြူနီနွှာ၊ ပါးပါးသေးသေးလေးတွေဖြစ်အောင်လုပ်ထားနော်။ ခရမ်းချဉ်သီးလေးကြိုက်တတ်ရင် တစ်လုံးလောက် ပါးပါးလေးလှီးထားလိုက်နော်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးလေးတင်၊ ဆီထည့် (ကိုယ်နှစ်သက်သလောက်)၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းထည့်၊ ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သွန်ဖြူနီ နည်းနည်းနွမ်းလာရင် ငရုတ်သီးအရောင်တင်မှုန့်လေး ထည့်လိုက်ပြီး ဆက်မွှေပေးနော်။ ငံပြာရည်လေး နည်းနည်းထည့်လိုက်ပါ။ ခရမ်းချဉ်သီးလှီးထားတာလေးတွေ ထည့်ပါ။ ခရမ်းချဉ်သီး အဖတ်လေးတွေ လိမ်သွားတဲ့အထိ စိတ်ရှည်လက်ရှည် မီးနွေးနွေးနဲ့ တည်ပေးနော်။ ပြီးတော့ အာလူးတွေထည့်ပြီး မွှေပေးပါနော်။ တဆက်တည်း ငါးခြောက်ကို ဆက်ထည့်ပြီး မွှေပေးပါ။ ဆား၊ အချိုမှုန့်၊ တဆက်တည်းထည့်နော်။ ပြီးတော့ ရေနည်းနည်းလောက်ထည့်ပြီး မီးနွေးနွေးနဲ့ ဟင်းအိုးကို ဖြေးဖြေးချင်း ပေးဆူပါ။ အာလူးထဲ ငါးခြောက်ရဲ့ အနံ့အရသာလည်းဝင် အနူးလည်းညီအောင်ပေါ့။ ရေခမ်းလာပြီဆိုရင် မန်ကျည်းနှစ်လေးအုပ်ပြီး သေချာနှံ့အောင် မွှေပေးဦး။ ပြီးတော့မှ မီးနွေးနွေးနဲ့ မန်ကျည်းနှစ်လေးခမ်းအောင်တည်။ မန်ကျည်းနှစ်ထည့်လိုက်ရင် အာလူးထဲ စိမ့်ဝင်နေတဲ့ ဆီတွေ အပေါ်ကို ပြန်ဝေ့တက်လာပါလိမ့်မယ် (ဆီပြန်ခေါ်တယ်လို့ အမေတို့က ပြောကြတာပဲ)။ အာလူးထဲကိုလဲ မန်ကျည်းသီးထဲက အချဉ်အရသာလေးပါ စိမ့်ဝင်လာပါလိမ့်မယ်။ ရေခမ်းလို့ ဆီပြန်လာပြီဆိုရင် အပေါ့အငံကို စိတ်ကြိုက်မြည်းပြီးတော့ မီးပိတ်ပြီး ဟင်းအိုးလေးချထားလိုက်ရုံပါပဲ။ ကြိုက်တတ်ရင် ကြက်သွန်မြိတ်ဖြစ်ဖြစ်၊ နံနံပင်လေးဖြစ်ဖြစ် အပေါ်ကနေ အုပ်ပေးလိုက်ပါနော်။ အဲ့ဒါဆို အနံ့အရသာမွှေးမွှေးလေးနဲ့ အာလူးငါးခြောက်ဆီပြန်ဟင်း ရပါပြီရှင်။ လိုက်ဖက်တဲ့အစားအစာတွေက ဟင်းခါးတစ်မျိုးမျိုး (ဗူးသီးကြာဇံ၊ ကြက်ရိုးဂွေးတောက်ရွက်ဟင်းခါး၊ ဂေါ်ဖီကြာဇံ)၊ ဟင်းရွက်သုပ်တမျိုးမျိုး၊ ပဲတောင့်ရှည်ကြက်ဥကြော်၊ ပန်းမုန်လာကြော်တစ်မျိုးမျိုး၊ ကြက်ဥ ဆူးပုတ်ရွက်ကြော်၊ သခွါးသီး၊ မုန်လာဥနီ၊ ဂေါ်ဖီဖတ်၊ ရှောက်ရွက်၊ ကန်ဇွန်းရိုးနီမန်ကျည်းသီးနဲ့ပြုတ် တို့စရာတို့ပဲ ဖြစ်ပါတယ်။ နှမတော်ရေ့ လက်စွမ်းပြလိုက်နော့့် 

Thursday, August 16, 2007

နန်းပြားသုပ်နဲ့ ကြက်ရိုးတိုဟူး (ပဲပြား)ဟင်းခါး

0 comments
မနေ့က ဧည့်သည်တွေလာတော့ ကြက်သားဟင်းတွေ ချက်ထားတာ အများကြီးကျန်သေးတယ်လေ။ ထမင်းဟင်းလဲ စားချင်စိတ် မရှိဘူ့း့  ဘာစားရမလဲ စဉ်းစားမိတော့ အရသာရှိရှိလေးနဲ့ ထိထိမိမိလေးဖြစ်သွားအောင် နန်းပြားသုပ်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ဆီချက်၊ နံနံပင်၊ ကြက်သားဟင်းလဲ ရှိတယ်ဆိုတော့ နန်းပြားသုပ်စားမယ်လို့ ဆုံးဖြတ်ပြီး လုပ်ငန်းစလိုက်ပါတယ်။ တိုဟူးလဲ ၀ယ်ထားတာရှိနေတော့ ဟင်းခါးဆိမ့်ဆိမ့်လေးကို ပူပူနွေးနွေးလေး သောက်လိုက်ရရင်ကောင်းမှာပဲလို့ တဆက်တည်း တွေးမိပြန်တယ်။ အဲ့ဒါနဲ့ပဲ ကြက်သားဟင်းကို ပြန်မနွှေးခင် အသားလေးတွေဖြစ်အောင် နွှင်၊ အသည်းအမြစ်တွေကို ခပ်သေးသေးဖြစ်အောင် ပြန်လှီးပြီး ဟင်းအိုးကို မိုက်ကရိုဝေ့ဖ်ထဲထည့်ပြီး နွှေးလိုက်ပါတယ်။ ရေနွေးအိုးကို တည်ထားတယ်။ ရေနွေးအိုးဆူတာနဲ့ နန်းပြားတွေကို ထည့်ပြီး ပြုတ်လိုက်တယ်။ တစ်ဆက်တည်းမှာပဲ ကြက်ရိုးပြုတ်အိုးလေး တည်ထားလိုက်တယ်။ ကြက်သွန်ဖြူ၊ ချင်း ဓါးပြားလေးရိုက်ပြီး ထည့်ထားလိုက်တယ်။ ဆား၊ သကြား၊ အချိုမှုန့် နည်းနည်းလေးပါ ထည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ ဂေါ်ဖီ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားလိုက်တယ်။ နန်းပြားလည်း ရရော၊ ရေအေးအေးနဲ့ ဆေးပြီးတော့ ရေစစ်ထားလိုက်တယ်။ နံနံပင်နဲ့ ပဲသီးကိုပါ ခပ်ပါးပါးလှီးထားလိုက်တယ်။ ဟင်းရည်အိုးပွက်ပွက်ဆူလာရင်အရသာလေး မြည်းကြည့်လိုက်တယ်။ ပြီးတော့ တိုဟူးကို အတုံးလေးတွေ လှီးထည့်လိုက်ပြီး နောက်တစ်ကြိမ် ပေးဆူလိုက်ပါတယ်။ ဂေါ်ဖီဖတ်လေးတွေကို ခပ်ကြီးကြီးလေးဖြစ်အောင်လှီးပါတယ်။ဟင်းအိုးဆူလာတာနဲ့ဂေါ်ဖီဖတ်လေးထည့်လိုက်ပြီး ဆူလာရင် အပေါ့အငံမြည်း၊ ငရုတ်ကောင်းမှုန့်လေးခပ်ပြီး မီးပိတ်လိုက်ပါနော်။
ကဲ့  နန်းပြားသုပ် စမယ်နော်။ ပန်းကန်ထဲကို နန်းပြားလေးထည့်၊ ကြက်သားဟင်းထည့်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ နံနံပင်၊ ပဲသီး၊ ဆားအနည်းငယ်၊ ငံပြာရည်၊ သံပုရာရည်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီချက်တို့ကို ထည့်ပြီးတော့ သေချာနှံ့အောင်နယ်လိုက်ပါတယ်။ ခပ်စေးစေးလေးကြိုက်ရင် ပဲမှုန့်အကျက်မှုန့်လေး ထည့်လိုက်နော်။ ကိုယ်ကြိုက်တဲ့ အရသာမျိုးလေးဖြစ်အောင် သုပ်နော်။ ချဉ်ငံစပ်အရသာလေးနဲ့ နန်းပြားသုပ့့်  တိုဟူးရဲ့ ခပ်ဆိမ့်ဆိမ့်အရသာ ဟင်းခါးလေးနဲ့ ကောင်းလိုက်တာနော့့် ။ သူငယ်ချင်းတို့လဲ ထမင်းမစားချင်တဲ့အခါကျရင် အလွယ်တကူစားလို့ရမယ့် နန်းပြားသုပ်လေးကို သုပ်စားကြည့်ပါလားနော်။

Tuesday, August 14, 2007

Happy Birthday

2 comments



My Kitchenရဲ့ စားဖိုမှူး မွေးနေ့ပါ။ Birthday Cake စားသွားနော်။ သီချင်းလေးကတော့ အားလုံးအတွက် လက်ဆောင်ပါ။

ချစ်သောကမ္ဘာမြေ

ဒီနေ့ထမင်းဝိုင်း

0 comments

ဘာရယ်တော့မဟုတ် ဒီနေ့ဖွယ်ဖွယ်ရာရာလေးချက်စားချင်စိတ်ဖြစ်လာလို့ ရေခဲသေတ္တာကို ဖွင့်ကြည့် လိုက်တော့ မုန်လာဥတွေ့တယ်၊ ပုဇွန်ဘော့ချိတ်လေးတွေတွေ့တယ်။ အဲ့ဒီတော့ မုန်လာဥချဉ်ရည်ဟင်းလေး ချက်စားချင်စိတ်လေးဖြစ်သွားတယ်။ ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်မယ့်ဟင်းကို စဉ်းစားလိုက်တော့ အမဲကလီစာ လေး ၀ယ်ထားတာရှိတော့ ဆီပြန်လေးချက်လိုက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ ပြီးတော့ ရွေဖယုံသီးနဲ့ ရုံးပတီသီးလေးကို ပင်စိမ်းလေးအုပ်ပြီး နှပ်လိုက်မယ်ပေါ့။ ငါးပိရည် တို့စရာအတွဲနဲ့ပေါ့လေ။
အဲ့ဒီတော့ ရွှေဖယုံသီးနဲ့ ရုံးပတီသီးနှပ်လေးကိုအရင်ချက်ဖို့ ပြင်လိုက်ပါတယ်။ ရွှေဖယုံသီးကို အခွံနွှာ၊ အတွင်းက အစေ့တွေနဲ့ အမျှင်ဖတ်တွေကို ဖယ်ထုတ်ပြီး အတုံးသေးသေးလေးတွေ လှီးလိုက်ပါတယ်။ ပြီးတော့ ချင်း၊ ကြက်သွန်ဖြူ၊ နီတို့ကို ပါးပါးလေးတွေလှီးပြီး ဖယ်ထားလိုက်ပါတယ်။ ရုံးပတီသီးကိုလဲ ရေဆေးပြီး ခေါင်းဖြတ် အမြီးဖြတ်လုပ်၊ ၂ ပိုင်းပိုင်းထားလိုက်ပါတယ်။ အိုးထဲကို ပုဇွန်ခြောက်မှုန့်လေးရယ်၊ ဖရုံသီးရယ်၊ ဂျင်းကြက်သွန်ဖြူနီရယ်၊ နနွင်းမှုန့်လေးရယ်၊ ငရုတ်သီးအရောင်မှုန့်လေးရယ်၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ ငါးပိစိမ်းစားနည်းနည်းရယ်၊ ဆီလေးရယ်ထည့်ပြီး အားလုံးရောနယ်၊ လုံးရေလေး နည်းနည်းထည့်ပြီး မီးနွေးနွေးလေးနဲ့ တည်ထားပေးလိုက်။ ၇ မိနစ်လောက်နေရင် မွှေပေးလိုက်ဦး။ ရေခမ်းအောင် တည်ထားလိုက်နော်။ ရေခမ်းတာနဲ့ ရုံးပတီသီးလေး အုပ်လိုက်ပါ။ နောက်ထပ် ၃ မိနစ်လောက်တည်ထားပြီး အားလုံးနှံ့အောင်မွှေပေးပါ။ ပြီးတော့ ပင်စိမ်းလေးအုပ်လိုက်ရင် ဖရုံ ရုံးပတီသီးနှပ်လေးရပါပြီ။
ပီးတော့ မုန်လာဥချဉ်ရည်ဟင်းချက်ဖို့ မုန်လာဥလေးတွေကို ခပ်ပါးပါးလေးတွေပဲ လှီးလိုက်ပါတယ်။ ပြီးတော့ ဆားနဲ့နယ်ပြီး ရေဆေးပြီး စစ်ထားလိုက်ပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူနီလေးတွေကို အခွံနွှာ ပါးပါးလှီးပါ။ အိုးထဲကို ပုဇွန်ဘော့ချိတ်လေးရယ်၊ မုန်လာဥ၊ ကြက်သွန်ဖြူနီ၊ နနွင်းမှုန့်လေးရယ်၊ ငရုတ်သီးအရောင်မှုန့်လေးရယ်၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ ငါးပိစိမ်းစားနည်းနည်းရယ်၊ ဆီးနည်းနည်းရယ် ထည့်ပြီး အားလုံး ရောနယ်၊ လုံးရေလေး နည်းနည်းထည့်ပြီး တည်ထားပေးလိုက်။ တစ်ဆက်တည်းမှာပဲ မန်ကျည်းသီးကို ရေနွေးလေးနဲ့ စိမ်ထားလိုက်ပါ။ ဟင်းနံ့လေးမွှေးလာရင် မွှေပြီးတော့ မုန်လာဥနူးမနူး ကြည့်လိုက်နော်။ မုန်လာဥနူးပြီဆိုရင် မန်ကျည်းရည်လေးထည့်၊ လိုအပ်တဲ့ ဟင်းရည်အတိုင်းအတာလောက် ရအောင် ရေထပ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ဟင်းအိုးဆူလာရင် အပေါ့အငံမြည်းပြီး နံနံပင်လေး အုပ်လိုက်ရင် မုန်လာဥချဉ်ရည်ဟင်း ရပါပြီ။
အမဲကလီစာတွေကို သံပုရာရည်လေးနဲ့ သေချာနယ်ပြီးဆေး၊ ပြီးတော့မှ ဆား၊ အချိုမှုန့်၊ နနွင်း ငံပြာရည်လေးထည့်နယ်ပြီး နှပ်ထားလိုက်ပါ။ ချင်း၊ ကြက်သွန်ဖြူ၊နီတို့ကို ပါးပါးလှီးပါ။ ဒယ်အိုးထဲ ဆီထည့်၊ ဂျင်း၊ ကြက်သွန်ဖြူနီထည့်၊ နနွင်းမှုန့်လေးနည်းနည်းထည့်ပြီး ဆီသတ်၊ ပြီး အရောင်တင်မှုန့်လေးနည်းနည်းထည့်၊ အနံ့မွှေးလာတဲ့အထိ ဆီသတ်၊ ပြီးတော့မှ နှပ်ထားတဲ့ အမဲကလီစာတွေကိုထည့်ပြီး သေချာဆီသတ်ပါ။ ပြီးလျှင် မီးလျော့ပြီး ဆီသတ်ပေးပါ။ ပြီးတော့မှ ရေထပ်ထည့်၊ မီးလျှော့ပြီး ဟင်းအိုးကို အုပ်ထားပါ။ ဒီတစ်ခါ ရေခမ်းခါနီးကျရင် မာဆလာလေးအုပ်ပြီးတော့ မွှေပေးလိုက်၊ ပြီးတော့မှ ဆီပျံအောင်တည်ပေးပါ။ အရသာလေး မြည်းကြည့်ပြီး ဟင်းအိုးလေး ချလိုက်ရုံပါပဲနော်။
သခွါးသီးလေးကို ရေဆေးပြီးလှီး၊ မုန်လာဥနီလေးကိုလည်း ရေးဆေးပြီးလှီး၊ ပန်းကန်လေးထဲ ထည့်၊ ငါးပိရည်ကတော့ အိမ်ကနေ အမေက ကျိုပြီး အပျစ်လုပ်ပေးလိုက်တာလေးကို ဇွန်းလေးနဲ့ယူပြီးရေနွေးရယ်၊ ပုဇွန်ခြောက်မှုန့်လေးရယ်၊ ငရုပ်သီးအကျက်မှုန့်လေးထည့်ပြီး မွှေလိုက်တယ်။ မွှေးနေတာပဲ။
ပြီးတော့ ထမင်းဝိုင်းပြင်၊ လက်လေးဆေးပြီးတော့ တွယ်လိုက်မယ်အလုပ့့်  အဲ့တော့ မေ့လို့် ဓါတ်ပုံလေး ကမန်းကတမ်းရိုက်ပြီးတော့ ဘော်ဘော်တို့အတွက် မျှဝေပေးလိုက်ရပါတယ်ရှင့့် 

Monday, August 13, 2007

Welcome note

1 comments

ဘလော့ဂ်ကိုလာလည်တဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်နော်။
ဖက်တီးမ့  မင်းဟာ ဖက်တီးမ့  အစားကို တစ်ပုံကြီး အများကြီးစားတယ်လို့ ညီအစ်ကိုမောင်နှတေ၊သူငယ်ချင်းတွေအနီးကပ်ပေါင်းသူတွေက ကျွန်မကို ချစ်စနိုးနဲ့ နောက်ပြောင်ခေါ်ကြပါ တယ်။ ကျွန်မကလဲ သူတို့ပြောလောက်အောင်ကိုပဲ အလွန်အစားမက်သူပါ။ အစားမက်တဲ့အကြောင်းကို ပြောရမယ်ဆိုရင်တော့  မေမေက ပြောဖူးတယ့့်  ကျွန်မ မေမေ့ဗိုက်ကတည်းမှာ ရှိကတည်းက အစားအသောက်အလွန်မက်ပါတယ်တဲ့။ အိမ်မှာ ထမင်းအိုးတည်ထားရင် မေမေက အများကြီး စားတယ်တဲ့လေ၊တညင်းသီးလဲ အရမ်းကြိုက်တယ်တဲ့၊ငါးပိရည်၊ တို့စရာ၊ ချဉ်ရည်ဟင်း မပါရင် ထမင်းစားလို့ မရခဲ့ဘူးတဲ့လေ။ တခြားကိုယ်ဝန်တွေနဲ့ မတူဘဲ ဒီကလေးကို ကိုယ်ဝန်လွယ်ထားရကာမှ အစားအသောက်မက်လိုက်တာ၊ အထူးသဖြင့် မြန်မာထမင်းဟင်း (အိမ်ချက်မှတဲ့လေ၊ ဆိုင်ကထမင်းဟင်းဆို အနံ့မခံနိုင်ဘူးတဲ့)။ အဲ့ဒီလိုနဲ့ ကျွန်မ လူ့လောကထဲ ရောက်လာတဲ့အခါမှာ ကျွန်မ တယ်တယ် (ဖေဖေ)က ကျွန်မကို အမြဲတမ်းချီပိုးပြီး အပြင်သွားလေ့ ရှိပါတယ်တဲ့။ ကျွန်မက ၃ နှစ်သမီးလောက်ပဲ ရှိသေးတာကို ဒူးရင်းသီးဆို တစ်လုံးလုံး ကုန်အောင် စားသတဲ့။ တယ်တယ်က သမီးစားမယ်ဆိုတော့ မငြူစူဘဲကျွေးလိုက်ပေမယ့် ကျွန်မက ညဆိုရင် တစ်ကိုယ်လုံး မိတ်ဖုလေးတွေ ပေါက်ပြီး ပူလို့မအိပ်ဘဲ တအီအီနဲ့ ဖြစ်နေတော့တယ်တဲ့။ နောက်ရက်တွေကျရောတစ်ကိုယ်လုံး အပူဖုတွေပေါက်လို့လေ၊ ဖုဖုစိန်ဖြစ်နေတော့တဲ့။ အဲ့ဒီလိုနဲ့ နံပြားဖိုက တရုတ်အဖိုးကြီးဆီမှာ ကျွန်မရဲ့ အကိုက ဂျုံလုံးလေးတွေ သွားတောင်းပြီး အနာမှာကပ်ပေးမှ ပြည်တွေထွက်ပြီး အဖုတွေ ပိန်ကုန်တော့တာ တဲ့လေ။ တချို့အဖုတွေဆို ဆရာဝန်မှာ သွားခွဲရတယ်တဲ့။ အဲ့ဒီလို အစားပုတ်ခဲ့တာပါ။ ဒီလိုနဲ့ပဲ မမျှော်လင့်ဘဲ နိုင်ငံခြားဆိုတာကြီးကို ဗြုန်းဆိုရောက်ရော့  အဲ့ဒီမှာ ကျွန်မနဲ့ ဒုက္ခနဲ့ လှလှတွေ့တော့ပါပဲရှင့့် ပထမ ၃ လကို ကျွန်မ ဟိုတယ်မှာရယ်၊ JICA centre မှာရယ် နေရတော့ ထမင်းဟင်းချက်စားခွင့် မရှိပါဘူးတဲ့လေ။ နေ့တိုင်း အပြင်စာ စားရမှာတဲ့လေ။ ဂျပန်စာကိုလဲ ကျွန်မက နည်းနည်းမှ မစားတတ်ဘူး။ အရသာက ပေါ့ပျက်ပျက်နဲ့ဖြစ်ရတဲ့အထဲ ချိုတရဲရဲနဲ့အရသာကပါသေ့း့  ကျွန်မကြိုက်တာက ချဉ်ငံစပ်၊ ငါးပိရည်၊ တို့စရာ၊ မြန်မာအစားအစာစစ်စစ်တွေ၊ ဟန်ဘာဂါတို့ ချိစ်တို့ ပေါင်မုန့်တို့ကို လုံးဝမကြိုက်။ အဲ့  ကျွန်မက မသောက်ဘဲ မူးရမယ်ဆိုရင် အကုန်မူးတတ်သေးတယ်ရှင့့် လေယာဉ်စီးလေယာဉ်မူး၊ ကားစီးကားမူး၊ သင်္ဘောစီး သင်္ဘောမူး၊ ရထားစီး ရထားမူး၊ အဲ့ဒီလိုဆိုတော့ အအီပြေရှောက်သီးသုပ်လေး ကြာဇံဟင်းခါးလေးလဲ စားချင်တာပေါ့။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲဆိုတာကလဲ ကြိုက်ဆိုတော့  ကျွန်မအတွက် အဲ့ဒီသုံးလဟာ နှစ်ပေါင်း ၃၀၀၀ လောက်လို ခံစားနေရတယ့့် နေ့ခင်းပိုင်းအိပ်ပျော်သွားလဲအိပ်မက်ထဲ မြန်မာထမင်းဟင်းတွေ ချက်စား၊ ညအိပ်လဲ အိပ်မက်ထဲ ထမင်းဟင်းချက်စားရင်းနဲ့ ကျွန်မ အရူးတစ်ပိုင်းဖြစ်နေခဲ့တာလေ့  နောက်ပိုင်း နေသားတကျ နေခွင့်ရပြီး ချက်စားလို့ ရပြီဆိုကတည်းက ကျွန်မရဲ့ လက်စွမ်းတွေ ပြတော့တာ အခုထိပဲလေ့  တစ်ခါတလေများဆို ကြာဇံဟင်းခါးတစ်အိုးချက်ထားပြီး တစ်ယောက်တည်းထိုင်စားပစ်တာ တစ်နေ့တည်း တစ်အိုးလုံးကုန်တဲ့အထိပဲလေ့  တစ်ခါတုန်းကလဲ သီးစုံပဲကုလားဟင်းချက်ထားပြီး ဘာလချောင်ကြော်လေးနဲ့ စားလိုက်တာ မကုန်မချင်း ခဏခဏကို စားတော့တာပဲ့  အခု ကျွန်မရဲ့ အိပ်မက်ထဲက ဟင်းတွေကိုအခုတော့ အကောင်အထည်ဖေါ်ရင်းနဲ့ ချက်စားပြီးနေလာလိုက်တာ ဘလော့ဂ်ခေတ်တစ်ခေတ်ထလာတော့ ကျွန်မလဲ ဘလော့ဂ်ပိုး ကူးစက်ခံရပြီ့း ဘလော့ဂ်ဆိုတဲ့စကားလုံးလေးကို ကြားနေရာကနေ သူများတွေ ရေးထားတဲ့ ဘလော့ဂ်တကာကို လက်မှတ်လဲ တန်းစီစရာမလို၊ လေယာဉ်ပျံခမကုန်၊ ရထားခမကုန်၊ ကားခမကုန်ဘဲ ၀ီကနဲဝီကနဲနေအောင် တစ်ခုပြီးတစ်ခုဝင်လည်ပါတယ်။ ၀င်လည်တယ်၊ ဖတ်တယ်၊ ဖတ်လိုက်တဲ့ ဘလော့ဂ်တွေကတော့အစုံပဲ။ တစ်နေ့တစ်နေ့ မရေတွက်နိုင်လောက်ကို သွားလည်ပါတယ်။ စီဘောက်စ်မှာတော့ တစ်ခါတလေ ၀င်အော်မိပါတယ်။ ဒါပေမယ့် ကော်မန့်ကို မရေးတတ်လို့ မရေးဘူးလေ။ ခက်တာက ဘလော့ဂ်ရှင်တွေကလဲ ကိုယ့်ကိုမသိ၊ ကိုယ်ကသာ သူတို့ဘလော့ဂ်တကာကို ၀င်လည်နေတာ။ သောင်ပြင်လေး မှာဆိုရင်တောင်မှ ကိုယ်သွားလည်ခဲ့တာလေးရဲ့သက်သေ အဖြစ်ခြေရာထင် ကျန်ရစ်ခဲ့မှာပါ။ အခုတော့ ကိုယ့်မှာ သူတို့သူတို့တွေဆီကို လည်လည်သွားခဲ့တာကို ဘယ်လိုသက်သေပြရမယ်မှန်းကို မသိတော့ပါဘူး။ အခုတော့ ဘလော့ဂ်တကာလည်ပတ်ရင်း ဘလော့ဂ်တစ်ခုလောက် ပိုင်ဆိုင်ချင်စိတ်လေး ဖြစ်လာပါတယ်။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖေါ်ထားတာလေးတွေကို မျှဝေခံစားစေချင်တာပေါ့နော်။ ဒါပေမယ့် အံ့သြလောက်အောင် ညံ့ဖျင်းချက်ကတော့ ဘလော့ဂ် ဘယ်လို လုပ်ရတယ်ဆိုတာကို လုံးဝမသိတာပါပဲ။ ဘလော့ဂ်တစ်ခု လောက်ပိုင်ချင်ပေမယ့် အဖြစ်မရှိတော့ ချစ်နှမတော်ဆီကနေ အကြံကောင်းနဲ့ ကူညီပံ့ပိုးမှုနဲ့ အခုလို ဘလော့ဂ်လေးတစ်ခု အသက်ဝင်ဖြစ်တည် လာရတာပါပဲရှင့့်  ကျွန်မဘလော့ဂ်ကို အလည်လာသူများအားလုံးရဲ့ အကြံပေးမှု အားပေးမှုကိုလဲ လက်ကမ်းလို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလျက်ရှိပါကြောင်းနဲ့ လိုအပ်တဲ့ အကူအညီများကိုလဲ တတ်နိုင်သလောက် ကူညီပေးဖို့ အဆင်သင့် (EVER READY) ရှိပါကြောင်း အသိပေးရင်းနဲ့ နှုတ်ခွန်းဆက်လိုက်ရပါတယ် သူငယ်ချင်းအပေါင်းတို့ ။

ကြာဇံချက်

1 comments

ပြီးခဲ့တဲ့ မေလတုန်းက ကျောင်းမှာ ပရော်ဖက်ဆာမွေးနေ့အတွက် ဌာနမှာ ပါတီလေးကျင်းပမယ်ဆိုတော့ ကျွန်မလဲ ဘာချက်ရမလဲ စဉ်းစားတာ စဉ်းစားလို့မရတာနဲ့ဘဲ ကျွန်မရဲ့ ချစ်သူငယ်ချင်းကြီး တုတ်ကြီးကို နားပူမိပါတယ့့်  ကတုတ်စ်ရယ့့်  ဌာနမှာ ပါတီရှိတယ့့် ဘာဟင်းချက်ရမလဲလို့မေးတော့ ကတုတ်စ်က လာမမေးနဲ့တဲ့ ငါတို့က စားဖို့ပဲသိတယ့့် ချက်ဖို့မသိဘူးတဲ့  တုတ်စ်ရယ့့် အင်တာနေရှင်နယ်ကျောင်းသား ကျောင်းသူတွေက သူတို့နိုင်ငံကိုယ်စားပြု ဟင်းတစ်မျိုးစီချက်တဲ့အခါမှာ နလုစ်လဲ ဟင်းတစ်မျိုးတော့ ချက်ချင်ပါတယ့့်  ဘာလေးချက်ရင်ကောင်းမလဲ အကြံပေးပါနော်လို့ ကဂျီဂဂျောင်တိုက်မိလေတော့ တုတ်ကြီးခမျာလဲ မတတ်သာတော့ပါဘူ့း့  နောက်မဟုတ်ရင် ကျွန်မက သူ့ကို ဂျီကျနေမှာကို့း့  နောက်ဆုံး တုတ်စ်က အကြံပေးပါတယ့့်  ကြာဇံချက်လေးလုပ်ပါလားတဲ့လေ့  ကျွန်မလဲ အကြံကောင်းရသွားတယ့့် 
လိုအပ်တဲ့ ပစ္စည်းတွေကတော့ လူဦးရေပေါ်မူတည်ပြီး အတိုင်းအတာက ကွာမှာပေါ့နော်။ ကျွန်မ ဒီတစ်ခါမှာ စာရင်းကိုပဲ ဦးစားပေးပြီး ပမာဏကို မပြောတော့ဘူးနော့့် 
ကြာဇံ၊ ကြက်သား၊ ကြက်ရိုး၊ ကြွက်နားရွက်မှို၊ ပဲပြားလိပ်၊ မှိုခြောက်၊ ပန်းခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးအကျက်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်၊ သံပုရာသီး၊ ဆား၊ သကြား၊ ကြက်သားမှုန့် (အချိုမှုန့်) တို့ပဲ ဖြစ်ပါတယ်။ ငါးဖယ်ရှိရင်ထည့်ပါ။ မရှိခဲ့ရင် ကြက်သားကို နိုင်နိုင်လေး ထည့်လိုက်တာပေါ့  ။
စစချင်း ရေနွေးအိုးပြင်ပြီး အဲ့ဒီထဲမှာ ကြက်ရိုးတွေ ထည့်ပြုတ်ပါတယ်။ အဲ့ဒီထဲမှာ ဂျင်းလေးတွေ ခြစ်ပြီး အရည်ညှစ်ထည့် လိုက်ပါတယ်။ ဆား၊ သကြား၊ ငံပြာရည်နဲ့ ကြက်သားမှုန့် အနည်းငယ်ထည့်လိုက်ပါတယ်။ ကြာဇံကို ရေစိမ်ပါတယ်။ မှိုခြောက်ပန်းခြောက်နဲ့ ကြွက်နားရွက်မှိုကို တူတူရေစိမ်တယ်။ ပဲပြားလိပ်ခြောက်ကိုတော့ သီးသန့်ရေစိမ်ထားပါတယ်။ ကြွက်နားရွက်မှိုကို သတိထားပြီး သေချာသန့်အောင် ဆေးပါနော်။ ကြာဇံရေစိမ်ထားတာကို ၁၀ မိနစ်လောက်ထားပြီး နောက်ပိုင်းမှာ ရေထဲက ဆယ်ပြီး ကတ်ကြေး လေးနဲ့ ၄ လက်မ အရှည်လောက်လေးတွေ ဖြတ်ထားပါ။ မှိုခြောက်နဲ့ ကြွက်နားရွက်မှိုခြောက်ကို ရေထဲက ဆယ်ပြီး အရွယ်တော် လေးတွေ ဖြတ်ထားပါ။ ပန်းခြောက်ကို အထုံးလေးတွေ လုပ်ရင်လုပ်၊ မလုပ်ရင်လဲ သူ့ကိုလဲ အရွယ်တော်လေးဖြတ်လိုက်နော်။ ပဲပြားလိပ်ကိုလဲ ဆယ်ထားလိုက်နော်။ ကြက်သားကို အသားတုံးလေးတွေ အနေတော်လေး တွေ တုံးပြီး ဆား၊ သကြား၊ ငံပြာရည်တို့နဲ့ သေချာနယ်ထားလိုက်ပါတယ်။ နိုင်ငံခြားသားတွေအတွက် ချက်ရတယ်ဆိုတော့ ငရုတ်သီး ဆီမသတ်ရဲဘူးလေ့  တော်တော်ကြာ ဆီနီနီလေးတွေ အပေါ်မှာဝေ့နေတာကို သတိမမူဘဲ သောက်လိုက်လို့ သီး(သည်း) သွားရင်ဖြင့် ကျွန်မကို မေတ္တာတွေ အတုံးလိုက်အတစ်လိုက် ပို့လိုက်မယ့်အမျို့း့ အဲ့ဒီတော့ ဆီကို ငရုတ်ရောင်မထည့်ဘဲ အဖြူထည်လေးအတိုင်းပဲ ကြက်သားတွေနဲ့ ကြက်သွန်ဖြူဂျင်းတို့နဲ့ ဆီသတ်ပါတယ်။ ပြီးတော့ ကြက်သွန်နီ ဘလော့ခ်တုံးလေးတွေကိုပါ ဆီသတ်တဲ့အထဲ ထည့်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကြက်ရိုးဟင်းရည်အိုးကလဲ တော်တော်လေးကို ဆူလာပါပြီ။ ကျွန်မကတော့ ကြက်ရိုးတွေကို ဖယ်လိုက်ပါတယ်။ အိမ်မှာဆိုရင်တော့ မဖယ်ပါဘူး။ ကျောင်းမှာဆိုတော့ စားရတဲ့သူတွေအတွက် အဆင်မပြေ ဖြစ်မှာစိုးလို့ပါ။ ပြီးတော့ ဆီသတ်ထားတဲ့ ကြက်သားကို ဟင်းအိုးထဲ ထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဟင်းအိုးဆူပြီဆိုရင်တော့ မှိုခြောက်ပန်းခြောက်တွေကို အရင်ထည့်လိုက်ပါ။ မှိုခြောက်ပန်းခြောက်ထည့်ပြီးရင် ဟင်းအိုးကို မီးလျော့ပြီး ပေးဆူပါ။ ဟင်းအိုးနည်းနည်းကျအောင်ရော မှိုခြောက်ပန်းခြောက်ပွပြီး နူးလာမယ့်အချိန်ထိ အချိန်နည်းနည်း ကြာအောင်ထားလိုက်ပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်နီကို ပါးပါးလှီးပါ၊ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ သံပုရာသီးလေးတွေ အနေတော်လေးတွေ စိပ်ထားပါ။ မှိုခြောက်ပန်းခြောက်နူးလာပြီဆိုရင်တော့ ပဲပြားခြောက်နဲ့ ကြာဇံကို ထည့်လိုက်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းအိုးကို ဖြေးဖြေးချင်းပေးဆူပါ။ ဟင်းအိုးဆူလာပြီဆိုရင်တော့ အရသာ အပေါ့အငန်ကို မြည်းပြီး နောက်ဆုံးမှာ ငရုပ်ကောင်းမှုန့် ခပ်ပါ။ ဟင်းသိပ်ပူသိပ်စပ်မှာစိုးရင်တော့ စားမယ့်သူအကြိုက် သူတို့ပန်းကန်ထဲမှာပဲ ငရုတ်ကောင်းမှုန့်ကို စိတ်ကြိုက်ထည့်စားပါစေ။ ပြီးရင် မီးပိတ်ပြီး ဟင်းအိုးကို အသာလေးလှပ်ထားလိုက်ပါ။ ကဲ့  အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကြာဇံချက် ရပါပြီ။ ပန်းကန်လုံးလေးထဲ ကြာဇံဟင်းလေး ခပ်ထည့်၊ အပေါ်ကနေ ကြက်သွန်စိမ်းလေးရယ်၊ ကြက်သွန်မြိတ်လေးရယ် ဖြူးလိုက်ပါဦ့း့ အချိုပဲကြိုက်တတ်ရင်တော့ ဒီအတိုင်းပဲ စားပေါ့နော်။ ချဉ်ငံစပ်ကြိုက်တတ်ရင်တော့ ငံပြာရည်လေးရယ်၊ သံပုရာရည်လေးရယ်၊ ငရုတ်သီးအကျက်မှုန့်လေးရယ်၊ ငရုတ်ကောင်းမှုန့်လေးရယ် ထည့်စားနော့့် 

Sunday, August 12, 2007

မျှစ်သုပ်

0 comments
ဆီပြန်ဟင်းတွေချက်ပြီး ဟင်းအနှစ်တွေနဲ့ ဆီတွေ ပိုနေတဲ့အခါမှာ ၀ိတ်တက်မှာလို့ ဟင်းအဆီအနှစ်တွေကို နယ်ဖတ်စားရမှာကိုလည်း စိုးမိတဲ့အခါရှိသလို ဒီအတိုင်းကြီး ဆေးပစ်လိုက်ရမှာကို နှမျောမိတတ်တာ မီးဖိုချောင် ၀င်တဲ့သူတိုင်း ဖြစ်တတ်တဲ့သဘာဝ တစ်ခုပါပဲနော်။ ကျွန်မတို့အိမ်မှာတော့ မိသားစုကများတော့ အဲ့ဒီလို ဆီပြန်ဟင်းတွေ ချက်ပြီးပြီဆိုရင် (အထူးသဖြင့် ကြက်သား၊ ဘဲသား၊ ၀က်သားပေါ့) ကျန်တဲ့ဟင်းအနှစ် တွေထဲကို မျှစ်လေးတွေ ထည့်လိုက်ပြီး ဆား၊ ငံပြာရည်လေးထပ်ထည့်၊ ရေလေးနည်း နည်းလောက် ထပ်ထည့်ပြီး ချက်လိုက်ပါတယ်။ အဲ့ဒီမျှစ်ဟင်းလေးကိုမှ သံပုရာရည်လေး ညှစ်၊ ငရုတ်သီးစိမ်းလေးဖြစ်ဖြစ်၊ ငရုတ်သီး အကျက်မှုန့််လေးပဲ ဖြစ်ဖြစ်ထည့်၊ ပဲမှုန့်အကျက်မှုန့်လေးနည်းနည်းထည့်၊ ရှောက်ရွက်ရှိရင် ရှောက်ရွက်ထည့်၊ ကြက်သွန်စိမ်းလေး ပါးပါးလှီးပြီး ထည့်သုပ်လိုက်ရင်ဖြင့် လျှာလည်သွားနိုင်တဲ့ မျှစ်သုပ်လေးတစ်ပွဲရသွားတာ ပါပဲရှင်။ ပြီးတော့ ကြက်သွန်ဖြူကြော်လေးဖြူး၊ ကြက်သွန်မြိတ်လေး အုပ်လိုက်ရင်တော့ အသင့်စားနိုင်တဲ့ချဉ်ငံစပ် မျှစ်သုပ်လေးပါရှင်။

အမဲနှပ်

0 comments


ခဏခဏ နေမကောင်းဖြစ်ပြီး သွေးပေါင်ကျတတ်တဲ့ ကျွန်မကို သူငယ်ချင်းတစ်ယောက်က အကြံပေးပါတယ်။ အမဲသားဟင်း ချက်စားပါလားတဲ့။ ကျွန်မက ကဂျီကဂျောင် အလွန်များလှပါတယ်။ အမဲသားကို ညှီလို့ဆိုပြီး ချက်မစားဘဲ နေခဲ့မိတာ ကြာလှပါပြီ။ အဲ့ဒါနဲ့ ငယ်ငယ်တုန်းက အဖွားချက်ကျွေးနေကျ အမဲနှပ်လေးကို သတိရလို့ ချက်လိုက်မိပါတယ်။
အမဲသား ၂၅ ကျပ်သားကို အနေတော် အတော်လေးတွေ တုံးလိုက်ပါတယ်။ အမဲသားကို ရှလကာရည်နဲ့ နယ်ပြီး ခဏထားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ချင်း၊ ကြက်သွန်ဖြူ၊ နီတို့ကို တဆက်တည်း အခွံနွှာ သေးသေးလေးတွေဖြစ်အောင် လှီးချွတ်ပါတော့တယ်။ အားလုံးပြီးသွားချိန်မှာ အမဲသားကို ရေစင်အောင် တစ်ခါ ထပ်ဆေးလိုက်ပါတယ်။ ပြီးတော့မှ အဲ့ဒီအမဲသားကို ဆား၊ သကြား၊ အချိုမှုန့်အနည်းငယ်၊ ဆနွင်းတို့နဲ့ သေသေချာချာ နယ်လိုက်ပါတယ်။ ပြီးတော့ အိုးထဲကို ဆီထည့်၊ ချင်းကြက်သွန်ဖြူနီ စတာတွေအားလုံးကိုထည့် အမဲသားကိုထည့်ပြီး မီးဖိုပေါ် စတင်ပါတယ်။ မီးနွေးနွေးနဲ့ပဲ တည်ပါတယ်။ ဖျစ်ဖျစ်ဖျစ်ဖျစ်နဲ့ မြည်လာရင် အိုးအဖုံးလေးဖွင့်ပြီး သေချာမွှေပေးနော်။ ပြီးရင် ရေကို လက်ဘက်ရည်ကြမ်း ပန်းကန်တစ်လုံးလောက် ထပ်ထည့်ပြီး အဖုံးလုံအောင်ပိတ်ပြီး မီးနွေးနွေးနဲ့ ထပ်တည်နော်။ အဲ့ဒီလိုပဲ ၂ ရေလောက်ခမ်းပြီးရင် အမဲသားလဲ နူးလောက်ပါပြီ။ အဲ့  မညှီအောင် နောက်ဆုံး ဟင်းအိုးချခါနီးမှာ ငရုတ်သီးစိမ်း အပွတွေကို ပါးပါးလေးတွေလှီးပြီး အုပ်လိုက်ပါတယ်။ အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ အမဲသားနှပ်ရပါပြီ။

Thursday, August 9, 2007

ထိုင်းပုဇွန်ကြာဇံသုပ်

0 comments

ဂျပန်ဆိုပေမယ့် အခုလိုအချိန်မှာ ရာသီဥတုက ပူအိုက်လွန်းလှပါတယ်။ ဌာနမှာ တစ်လတစ်ခါ အမြဲတမ်းလိုလို ပါတီလုပ်လေ့ရှိပါတယ်။ မြန်မာဟင်းမျိုးစုံ၊ မုန့်မျိုးစုံကိုလဲ ချက်ကျွေးဖူးပါတယ်။ အခုလို ရာသီဥတု ပူပူမှာ ဘယ်လိုအစားအသာက်များချက်ကျွေးရမလဲဆိုပြီး ကျွန်မ စဉ်းစားမိပါတယ်။

မြန်မာဟင်းတွေက အရသာရှိသလောက် ချက်ရတာ လက်ဝင်လှပါတယ်။ ပြီးတော့ ဆီများတယ်၊ အနံ့ပြင်းတယ်ဆိုတော့ ဂျပန်တွေအကြိုက်ဖြစ်အောင်အရသာကို အမြဲတမ်း ပေါ့ပေါ့ချက်ပေးရပါတယ်။ ဆီလဲ များလို့မရပါဘူး။ ဒီလိုနဲ့ပဲ တစ်နေ့ကုန်စဉ်းစားလိုက်တာ ခေါင်းထဲမှာ ဟင်းမျိုးစုံ တန်းစီချက်နေပါတော့တယ်။

နောက်ဆုံးရွေးလိုက်တဲ့ အမယ်လေးကတော့ ထိုင်းပုဇွန်ကြာဇံသုပ်ပါ။

လိုအပ်တဲ့ ပစ်စည်းတွေကတော့

(၁) ပုဇွန်အကောင်လတ် ၃၅ ကောင် (စားမယ့်လူဦးရေကိုတွက်ပြီးထည့်ပါ)

(၂) ကြာဇံ ၁၅ ဂရမ်

(၃) မြေပဲဆံ

(၄) သီဟိုဠ်ဆံ

(၅) ငရုတ်သီးခြောက်

(၆) တရုတ်နံနံ(ပါးပါးလှီးထားနော်)

(၇) ဆတ်လတ်ရွက်

(ဂ) ကြက်သွန်နီအနည်းငယ် (ပါးပါးလှီးနော်)

(၉) ကြက်သွန်မြိတ်(ပါးပါးလှီးထားနော်)

(၁၀) ငရုတ်သီးစိမ်း (၇-၁၀) တောင့်(ပါးပါးလှီးပါ)

(၁၁) ငံပြာရည်

(၁၂) ပူစီနံ(အညွန့်လေးပဲနော်)

(၁၃) သံပုရာသီး(အထဲက သံပုရာစေ့နဲ့ ခါးတတ်တဲ့အဖတ်တွေမပါအောင်အရည်ညှစ်ထားနော်)

(၁၄) ခရမ်းချဉ်သီး (အရွယ်တော်လေးတွေလှီးထားနော်)

ချက်နည်းကိုပြောတော့မယ်နော်

ပထမစစချင်း ပုစွန်ကို ရေဆေးအခွံနွှာပါ။ အမြီးလေးချန်ထားနော်။ ကြာဇံကို ရေ ၁၀ မိနစ်လောက် စိမ်ထားလိုက်နော်။ ပြီးတော့မှ ၃ လက်မအရှည်လောက်တွေ ညှပ်လိုက်ပြီး ရေစစ်ထားလိုက်ပါ။

မြေပဲဆံကို ဒယ်အိုးထဲထည့်ပြီး မီးနွေးနွေးနဲ့ လှော်ပါ။ မြေပဲဆံလှော်လေးမွှေးလာပြီဆို ပန်းကန်တစ်ခုထဲ ပြောင်းထည့်လိုက်နော်။ ပြီးရင် သီဟိုဠ်ဆံလေး တဆက်တည်းလှော်လိုက်ပါဦးနော်။ သူ့ကိုလဲ မြေပဲဆံလိုပဲ မွှေးလာပြီဆိုရင် ပန်းကန်ပြောင်းလိုက်နော်။ နောက်ပြီးရင် ငရုတ်သီးခြောက်ကို လှော်ပါ။ သတိထားနော့့်  မီးမပြင်းစေနဲ့နော့့်  မီးပြင်းလို့ကတော့ တရုတ်နှစ်ကူး ယမ်းဖေါက်သလို ဖေါင်းဖေါင်းနဲ့အသံထွက်လာတဲ့အပြင် အထဲက ငရုတ်သီးအစေ့လေးတွေ မျက်နှာကို လာစင်မှာစိုးလို့နော့့်  ငရုတ်သီးခြောက်လှော်တဲ့အချိန်မှာ ရှောင်လင်သိုင်းကွက်လေးနဲ့ လှော်နော့့် သူလဲ အကျက်ညီသွားပြီဆိုရင် သူ့ကိုလဲ ပန်းကန်လုံးလေးထဲ သပ်သပ် ထည့်ထားလိုက်နော်။

နောက်တစ်ဆင့်ကတော့ ခုနက သန့်စင်ပြီးသား ပုဇွန်လေးကို ဆားရယ်သကြားလေးရယ်ထည့်ပြီး ရေလေးနည်းနည်းလေးထည့်ပြီး ရေစပ်ကျဲလေး ပြုတ်ပေးပေါ့။ သိပ်အကြာကြီးတည်စရာမလိုဘူးလေနော်။ ပုဇွန်အကွေး ငါးအနွေးတဲ့ သိတဲ့အတိုင်းပဲ။ ပုဇွန်လေးတွေ နီတာရဲလေးတွေဖြစ်ပြီး ကွေးလာပြီဆိုတာနဲ့ ပုဇွန်တွေကို ပန်းကန်လေးထဲ ပြောင်းထည့်လိုက်ပါဦးနော်။ ပြီးတာနဲ့ ရေလေးထပ်ထည့်ပြီး ကြာဇံကိုထည့်လိုက်ပါ။ ကြာဇံကလဲ အနူးမြန်ပါတယ့့်  ၃ မိနစ်လောက်ဆို ရပြီ။

ကဲ့  ခုဆို ဇာတ်လမ်းစတော့မယ်နော့့်  ပုဇွန်ထည့်ထားတဲ့ ပန်းကန်ထဲကို ကျက်သွားတဲ့ ကြာဇံလေးတွေထည့်၊ ပြီးရင် ခုနက ပါးပါးလှီးထားတဲ့ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ထည့်နော်။ ငံပြာရည်လေးနဲ့ သံပုရာရည်လေးထည့်ပါ။ ပြီးတော့ သေချာနှံ့အောင် မွှေပေးနော်။ (လက်နဲ့မနယ်နဲ့နော်၊ လက်တွေပူကုန်မယ်၊ ငရုတ်သီးတွေကြောင့်) ပြီးရင် ခုနက လှော်ထားတဲ့ မြေပဲဆံနဲ့ သီဟိုဠ်ဆံကိုလည်း ထည့်လိုက်ဦး။ အရသာအပေါ့အငန်ကိုမြည်းနော်။ ငရုတ်သီးအလှော်တောင့် ၇ တောင့်လောက်ကို ကပ်ကြေးနဲ့ သေးသေးလေးတွေဖြစ်အောင်ကိုက်ပြီးထည့်လိုက်ဦးနော်။ အမလေးနော့့် ပြောရင်းနဲ့ သွားရည်ယိုနေသေးတယ့့် ဒွတ်ခ့ အားလုံး သေချာနှံ့အောင်နယ်ပြီးပြီ အရသာလဲ စိတ်ကြိုက်တွေ့ပြီဆိုရင်တော့ ပန်းကန်ပြားလှလှလေးထဲကို အောက်မှာ ဆတ်လတ်ရွက်လေးတွေ ခင်းပြီး အပေါ်မှာ ခုနက ပုဇွန်ကြာဇံသုပ်လေးကို တင်လိုက်ပါနော်။ အပေါ်ကနေ မြေပဲဆံနဲ့ သီဟိုဠ်ဆံလှော်ထပ်ဖြူးလိုက်နော်။ ပြီးရင် ကြက်သွန်မြိတ်ပါးပါးလှီးလေးတွေလည်းဖြူးလိုက်ဦး။ ငရုတ်သီးအခြောက်အလှော်တောင့်လေးတွေကိုလဲ ဘေးနားမှာ လှလှပပ စီထားပေးလိုက်ဦးနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့လဲ ပြည့်စုံပြီး အာဟာရလဲပြည့် ကယ်လိုရီအပြည့်နဲ့ ပုဇွန်ကြာဇံသုပ်လေးဖြစ်သွားပါပြီ ။ ဒိုင်းရက် (Diet) လုပ်လိုသူတွေအတွက်တော့ အကောင်းဆုံးအစားအစာပါ။ ဆီနဲ့ အချိုမှုန့် လုံးဝမပါပါ။

ဂျပန်တွေကတော့ အဲ့ဒီအသုပ်ကို ရေခဲသေတ်တာထဲကို တစ်နာရီလောက်ထည့်လိုက်ပါသေးတယ်။ အေးအောင်လုပ်ပြီးတော့မှ စားပါတယ်။

သာမီးတို့ကတော့ ဒီအတိုင်းပဲ စားလိုက်တာပါပဲ။ စပ်လိုက်တာမှလဲ ပြောမနေနဲ့။ ဂငယ်တွေက အမှန်တကယ် ငံပြာရည်နံ့ မခံနိုင်ပါဘူး၊ တရုတ်နံနံ့ရဲ့အနံ့နဲ့ သံပုရာသီးနံ့က ငံပြာရည်နံ့ကို လွှမ်းသွားပါတယ်။ အစပ်ကတော့ သူတို့လဲ ချီုချိုစပ်စပ်လေးသုပ်ထားပေးလိုက် စားကြပါတယ်။ ကြိုက်လွန်းလို့တဲ့လေ။ ကျွန်မ မြန်မာပြည်မပြန်ခင်မှာ အဲ့ဒီအသုပ်လုပ်နည်းလေး သူတို့ကို ရေးပေးခဲ့ပါတဲ့လေ။့ 

သူငယ်ချင်းတို့လဲ အချိန်ရရင် ထိုင်းပုဇွန်ကြာဇံသုပ်လေး သုပ်စားကြည့်ပါလားနော့့်


(နေးတစ်မှာတင်ပြီးသားနော်)

ဒံပေါက်ချက်နည်း

1 comments

မြန်မာပြည်က ဒံပေါက်ဆိုင်တွေမှာ ချက်တဲ့နည်းနဲ့တော့ ကွဲလွဲပါလိမ့်မယ်။
အခုက နိုင်ငံခြားမှာရှိတဲ့အချိန်မှာ စိတ်ကူးရှိတဲ့အတိုင်း ချက်ထားတဲ့ နည်းလေးပါနော်။
ဒံပေါက်ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ စုလိုက်ရအောင်နော်။
ဘာစမာတီ နို့ဆီဗူး (၃) လုံး ရေ နာရီဝက်အနည်းဆုံးစိမ်ထားပါ။ ပြီးလျှင် ဆန်များကို စကာထဲ ထည့်ပြီး ရေစစ်ထားပါ။
ကြက်သား ရင်အုံသား၊ ပေါင်သား၊ ကြက်သည်းကြက်မြစ်များကို အရွယ်တော်အတုံးများ ဖြစ်အောင်တုံးပြီး ဆား၊ ဆနွင်း၊ သကြား၊ အချိုမှုန့်၊ မာဆာလာအမွှေးအစပ် ရောနယ်ထားပါ။
ဂျင်းနဲ့ ကြက်သွန်ဖြူကို သေးသေးလေးတွေဖြစ်အောင် ကြိတ်ထားပါ။
ကြက်သွန်နီဥကို ပါးပါးလှီးထားပါ။
ကရဝေး၊ သစ်ဂျပိုး၊ နာနတ်ပွင့်စတဲ့အမွှေးအကြိုင်လေးတွေပြင်ထားပါနော်။
ဒန်ပေါက်အတွက် ထမင်းကိုချက်ဖို့ လုပ်ရအောင်နော်။ ဒန်အိုးကြီးကြီးထဲကို ဆန်နဲ့ရေနဲ့ ထည့်ပါနော်။ ရေငှဲ့ချက်တဲ့ပုံစံမျိုးလေး ချက်ရအောင်နော်။ အဲ့ဒီမီးဖိုမှာ ထမင်းအိုးတည်ထားစဉ်မှာ တစ်ဘက်မီးဖိုမှာ ကြက်သား ဟင်းစချက်ဖို့ပြင်ရအောင်နော်။ မီးဖိုပေါ် ဒယ်အိုးတင်နော့့်  ဒယ်အိုးထဲကို ဆီထည့်ပြီး နနွင်းမှုန့်လေးနည်းနည်း ခပ်လိုက်နော်။ ပြီးရင် ကြက်သွန်နီပါးပါးလှီးထားတာတွေကို ထည့်ပြီး ကြော်ပါနော်။ ကြက်သွန်နီလေး ရွှေရောင်လေးသန်းလာတဲ့အခါ ဂျင်းနဲ့ ကြက်သွန်ဖြူကြိတ်ထားတာကိုရောထည့်ပြီးမွှေနော်။ မီးလျှော့ဖို့ မမေ့နဲ့ဦးနော်။ တူးကုန်မှာစိုးရတယ်။ ကရဝေး၊ သစ်ဂျပိုး၊ နာနတ်ပွင့်စတဲ့အမွှေးအကြိုင်လေးတွေထည့်လိုက်၊ ပြီးရင် ငရုတ်သီးအရောင်မှုန့်လေးထည့်ပြီး မွှေပေးလိုက်ပါနော်။ ငရုတ်သီး ဆီသတ်နံ့လေးသင်းလာတဲ့အခါကျရင် ကြက်သားတွေနယ်ထားတာကို ရောထည့်လိုက်ပြီး သေချာ သမအောင် အထက်အောက် မွှေပေးပါ။ ရေလုံးဝမထည့်ဘဲ ကြက်သားထဲက ရေနဲ့ပဲ ပထမတစ်ရေခန်းအောင် အိုးအဖုံးလေးပိတ်ပြီး တည်ပေးလိုက်ပါဦးနော်။ အဲ့ဒီအချိန်မှာ ဟိုဘက်က ထမင်းအိုးကို တစ်ခါပြန်လှည့်ကြည့်ရ အောင်နော်။ ထမင်းအိုးကို ယောက်မလေးနဲ့ အထက်အောက်မွှေပေးလိုက်နော်။ ဘာစမာတီဆန်က အကျိုခံတယ်လေ။ သူရဲ့ ထမင်းသားက တော်တော်လေးကို ရှည်ပါတယ်။ လက်တစ်ဆက်စာလောက်ထိ ရှည်လာတတ်ပါတယ်။ ထမင်းရည်ငှဲ့တည်ဖူးကြတယ်ဟုတ့့် ဆန်ကနေ ထမင်းအဖြစ် ပြောင်းလာချိန်မှာ ထမင်းစေ့ကို ယောက်မပေါ် တင်ပြီး ကြည့်လိုက်တဲ့အခါမှာ ထမင်းစေ့ရဲ့အလယ်မှာ ဆန်သားဖြူဖြူလေး ပျောက်ပြီဆိုရင် ထမင်းရေငှဲ့ လိုက်ပါနော်။ ပြီးရင် အဲ့ဒီထမင်းတွေကို ရေနဲ့ ဆေးပေးပြီး စကာနဲ့ စစ်ထားလိုက်ပါနော်။ ကြက်သားအိုးလေးကို ပြန်ကြည့်လိုက်တော့ ကြက်သားဟင်းအိုးက တစ်ရေနူးပြီးတော့ ဆီတွေ ဖျစ်ဖျစ်ဖျစ်ဖျစ် မြည်နေပါပြီ။ အဲ့ဒီအချိန်မှာ အထက်အောက် နှံ့အောင်မွှေပေးပြီးတော့ နောက်ထပ် ရေနည်းနည်းထပ်ထည့်ပြီး ဆီပြန်အောင်တည်ပါနော်။ သတိထားဖို့က ကြက်သားဟင်းကို ဆီသေချာပြန်အောင် ချက်ပါနော်။ ရေမကျန်ပါစေနဲ့နော်။ ရေကျန်ခဲ့ရင် ထမင်းတွေ ပွကုန်မှာစိုးလို့ပါနော်။ ထမင်းကို ရေစစ်ထားတာလေးကို ပြန်ကြည့်ရအောင်နော်။ ရေသေချာစစ်ပြီးရင် ထမင်းကို ဒံပေါက်ထဲထည့်တဲ့ အရောင်မှုန့် လေးတွေနဲ့ သေသေချာချာ နယ်လူးပေးပါနော်။ ဟင်းအိုးကိုကြည့်လိုက်တော့လဲ ဆီပြန်ခါနီးနေပြီ။ အဲ့ဒီအချိန်မှာ မာဆလာအမွှေးလေးထပ်အုပ်လိုက်ပါပြီး အဖုံးကိုဖွင့် မီးကိုလျှော့ပြီး ဆီပြန်အောင် လုပ်ပေးပါနော်။ အိုးမကပ်စေနဲ့နော်။ ပြီးတဲ့အခါကျရင် ထမင်းပေါင်းအိုးကို ယူလိုက်ပြီး ပေါင်းအိုးထဲကို ခုနက ထမင်းတစ်ထပ် ထည့်ပါ။ ပြီးရင် ကြက်သားဟင်းတစ်ထပ်ထည့်၊ သီဟိုဠ်ဆံ၊ ပဲစိမ်းဘူး၊ စပျစ်ခြောက်အဲ့ဒါတွေဖြူးလိုက်၊ ထမင်းတစ်ထပ်ထည့်၊ ကြက်သားဟင်းတစ်ထပ်ထည့်ပြီး အဆာပလာတွေ တစ်ထပ်တည့်လိုက်နဲ့ တစ်လှည့်စီသေသေချာချာထည့်လိုက်နော်။ ပြီးတဲ့အခါ အပေါ်ဆုံးမှ ထမင်းတစ်ထပ်နဲ့ ပြန်အုပ်လိုက်နော်။ ပြီးတော့မှ ထမင်းပေါင်းအိုးထဲထည့်ပြီး ချက်တဲ့ ခလုပ်လေးကိုနှိပ်လိုက်နော်။ အဲ့ဒီမှာ ထမင်းရော ဟင်းရောကို ပြန်ပြီးပေါင်းပြီးနှပ်တော့တာပါပဲနော်။
အဲ့ဒီအချိန်မှာ ဘာလုပ်ရမလဲဆိုတော့ သခွါးသီးနဲ့ ကြက်သွန်နီကိုလှီးပါ။ ပူစီနံလေးထည့်ပါ (အစာကြေဖို့အတွက်က ပူစီနံက အကောင်းဆုံးပါပဲ)။ ငရုတ်သီးစိမ်းလေးတွေ ပါးပါးလှီးနော်။ သံပုရာရည်လေးနဲ့ အချဉ်သုပ်ပေါ့။ ငါးပိကြော်လေးတစ်ခွက်လုပ်ထားနော်။ (ငါးပိကြော်နည်းကိုတော့ အပေါ်မှာရေးထားပေးတယ် နော်)။ ပြီးတော့ အအီပြေ ဟင်းရည်သောက်လေး တစ်ခွက်လုပ်မယ်။ အဲ့ဒါကတော့ ချဉ်ပေါင်ရွက်ခြောက်ကို စွန်ထန်ဟင်းရည်လို ချက်လိုက်တာပါပဲ။
ကြက်ရိုးပြုတ်လေးလုပ်ထားပါ။ ချဉ်ပေါင်ရွက်ခြောက်ကို ရေစိမ်ထားပါ။
ကြက်ရိုးပြုတ်ဆူလာလျှင် အရိုးပြုတ်ထဲကို ဆားသကြားချင်းကြက်သွန်ဖြူထည့်ပါ။ (အချိုမှုန့်မရှောင်ရင် နည်းနည်းလေးခပ်လိုက်နော်) ပွက်ပွက်ပေးဆူ လိုက်ပါနော်။ ပွက်ပွက်ဆူလာရင် ချဉ်ပေါင်ရွက်ခြောက်လေးတွေ ခပ်လိုက်ပါနော်။ ပြီးတော့ ငရုတ်သီးစိမ်းလေး မညက်တညက်လေးထောင်းပြီးထည့်လိုက်နော်။ အဲ့ဒါဆို အအီပြေ ချဉ်ပေါင်ရွက်ဟင်းရည်သောက်လေး ရပါပြီနော်။
ဟင်းရည်လေးလဲ ကျက်တဲ့အချိန်မှာ ထမင်းပေါင်းအိုးကလဲ တီတီတီတီဆိုပြီး ကျက်ပါပြီလို့ အသံပေးတော့တာပါပဲနော်။ အဲ့ဒီအချိန်မှာ အလောကြီးပြီး ထမင်းအိုးကို အရမ်းမဖွင့်လိုက်နဲ့နော် (မျက်နှာကို အပူဟပ်ကုန်မှာစိုးလို့ပါ)။ ဖွင့်ကြည့်လိုက်ချိန်မှာ အနံ့အရသာနဲ့ ပြည့်စုံပြီး ကောင်းကောင်းမွန်မွန်နူးနပ်နေတဲ့ ဒံပေါက်ရပါပြီရှင်။ စပျစ်ခြောက်ပါတော့ အအီပြေတယ်။ ပဲစိမ်းစေ့လေးတွေကလဲ စားကောင်းတယ်။ သီဟိုဠ်ဆံလေးတွေက ဆိမ့်နေတာပဲ။
အဲတော့  ရေးကောင်းကောင်းနဲ့ရေးနေတာ အခု ရာသီဥတုက ပူတယ်နော့့် လူကြီးတွေ ပြောတာကြားဖူးတယ် ဒံပေါက်က (Vacancy Food) တဲ့။ အဲ့ဒါကြောင့် ဒံပေါက်စားပြီးရင် သံပုရာရည်လေးတော့ သောက်လိုက်ဦးနော့့်  တော်တော်ကြာ သွေးတက်တယ်ဆိုရင် လုလု မပါဘူးနော့့် 
(နေးတစ်မှာတင်ပြီးသားနော်)