Showing posts with label အသုပ်. Show all posts
Showing posts with label အသုပ်. Show all posts

Sunday, September 23, 2012

ရေခူ ဆေးဘဲဥသုပ် လုပ်စားကြရအောင်

3 comments


ချစ်သော မောင်နှမများ အားလုံး မင်္ဂလာပါရှင် ... ဒီနေ့တော့ မောင်နှမတွေကို ရေခူ ဆေးဘဲဥသုပ်လေး သုပ်ကျွေး ပါရစေရှင် …

ရေခူ (Jelly Fish) ကို  Junction Center မှာတွေ့တော့ မောင်နှမတွေ အတွက် ဆန်းဆန်းပြားပြားလေး လုပ်ကျွေးလို့ ရအောင်လို့ ဝယ်ခဲ့မိတယ် …

အသုပ်အတွက် ပြင်ဆင်ဖို့ ရေခူကို ရေအေးနဲ့ အနည်းဆုံး (၅) နာရီကနေ (၈) နာရီထိ စိမ်ပေးပါ။ အဲ့ဒီလို စိမ်တဲ့ အခါမှာလည်း အခါအခွင့်သင့်ရင် ၂ နာရီခြား တစ်ခါလောက် ရေအသစ်လဲပြီး စိမ်ပေးပါနော် ... အဲ့ဒီလို စိမ်ပေးခြင်းဖြင့် ရေခူမှာ ကပ်နေတဲ့ သဲတွေနဲ့ အနံ့တွေ ထွက်သွားစေတယ်နော် ...

သုပ်ခါနီးကျရင် ရေနွေး ပွက်ပွက်ဆူအောင် တည်ထားတဲ့ အိုးထဲကို ရေခူကို ထည့်ပြီး ၃ မိနစ်လောက် ထည့်ပြီး အဖုံးအုပ်ထားပါ။ အဲ့ဒီလိုအချိန်မှာ ရေခူက ပွတက်လာပြီး အတွန့်လေး၊ အလိပ်လေးတွေ ကျောက်ခက်လို ဝေဝေဖြာဖြာ ထွက်လာတာ တွေ့ရမယ်။ ပြီးတော့ ငါးခြောက်နံ့လို အနံ့တွေ ပြုတ်ရည်ထဲ ပါသွားမယ်၊ သဲတွေ ပါသွားမယ်နော်၊ ပြီးတော့မှ ရေနွေးပူထဲကနေ ရေခူကို ပြန်ဆယ်၊ ပြီးတော့ ရေအေးနဲ့ ပြန်ဆေးပြီး တစ်လက်မ အရှည်လောက်လေးတွေ ဖြတ်ပေးထား၊ ဇကာထဲ ထည့်စစ်ထားပါနော်။

ရေခူချည်းပဲ နည်းနေမှာစိုးလို့ ကျွန်မ ဆေးဘဲဥလေးတွေပါ ထည့်သုပ်လိုက်တာပါ … ဆေးဘဲဥ မထည့်လည်း ရပါတယ်။ ဆေးဘဲဥလေးတွေ အခွံနွှာပြီး အစိတ်လေးတွေ ရအောင် လှီးပေးထားပါ။

ရေခူသုပ်အတွက် ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ အနီကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထား၊ အဖြူနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပေး၊ တရုတ်နံနံ / မြန်မာနံနံ နည်းနည်းလှီးထည့်၊  ကြက်သွန်မြိတ်ထည့်ဖို့ ပြင်ထား။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ တရုတ်နံနံ အရိုးတို့ကို မညက်တညက် ထုထောင်းပြီး ရလာတဲ့ paste ကို ပန်းကန်လုံးလေး တစ်ခုထဲကိုထည့်၊ ပြီးရင် ဆားအနည်းငယ်၊ သကြား အနည်းငယ်၊ အရသာမှုန့် အနည်းငယ်၊ ပဲငံပြာရည် အပျစ်အကျဲ နှစ်မျိုးလုံးကို ရေနွေးလေးနဲ့ စပ်ဖျော်ပြီး မွှေလိုက်နော်၊ ပြီးတော့ သံပရာရည် ရွှဲရွှဲလေး ညှစ်ပြီးတော့ ထပ်မွှေထား၊ အနံ့လေး ပိုကောင်းသွားရအောင်လို့ နှမ်းဆီမွှေးလည်း တစ်စက်နှစ်စက်ပေါက်ထည့်။

အားလုံး အသင့်ဖြစ်ရင် ဇလုံ တစ်လုံးထဲကို အဆာပလာတွေထည့်၊ ရေခူထည့်၊ ဆေးဘဲဥထည့်၊ ပြီးတော့ ဖျော်ထားတဲ့ အရသာရည်တွေ အားလုံးနဲ့ သမအောင် ရောမွှေလိုက်ပါနော် ... အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ချိုချဉ်ငံစပ်မွှေး ရေခူ ဆေးဘဲဥသုပ်လေး ရပါပြီနော် ... အပေါ်ကနေ ကြက်သွန်ကြော်နဲ့ နှမ်းစေ့ ဖြူးဖို့ မေ့သွားလို့ မောင်နှမတို့ ကြိုက်တတ်ရင် ထည့်လိုက်ပါဦးလို့နော်

Thursday, June 21, 2012

အမှန်အကန်အရသာရှိတဲ့ အင်မထုသော အင်ဥဟင်းလျာမျာ့း့ 

12 comments
 သန့်စင်ပြီး ပြုတ်ထားသော အင်ဥများ

ဆိမ့်မွှေးရသာနဲ့ အင်ဥပုစွန်ကြော်

ချဉ်ငန်စပ်အရသာနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပုစွန်အင်ဥသုပ်
အရသာရှိလှတဲ့ အင်ဥဟင်းရည်သောက်

မောင်နှမများအားလုံး မင်္ဂလာပါရှင့့်  ဆိုးလိုက်တဲ့ ကွန်နက်ရှင်ကြားကနေ့  ဒီနေ့တော့ အင်မထုသော အမှန်အကန် အရသာရှိတဲ့ အင်ဥဟင်းလျာများနဲ့ မိတ်ဆက်ပေးပါရစေရှင့့် 
အင်ဥ့  အင်ဥဆိုတာ ဘာလဲလို့ ငယ်တုန်းက သေချာမသိခဲ့ပေမယ့် စားလို့အလွန်ကောင်းပေမယ့် သန့်ရှင်းရေးလုပ်ရတာ အလွန်အချိန်ယူရသော စားစရာတစ်မျိုးလို့ သိခဲ့တာပါ့ 

တကယ်တော့ အင်ဥဆိုတော့ မှိုတစ်မျိုးပါပဲ့  အင်ပင် (မြင်အောင်ပြောရရင် ငယ်ငယ် တုန်းက ခေါက်ဆွဲကြော်ဝယ်ရင် ခေါက်ဆွဲကြော်ဆိုင်က အင်ဖက်နဲ့ ထုပ်ပေးလိုက်တာလေ့  အင်ဖက် အရွက်အကြီးကြီးပေါ့  အင်ဖက်နံ့သင်းနေတဲ့ ခေါက်ဆွဲကြော်ပူပူလေးဆိုရင် သိပ်ကို စားလို့ကောင်း တာ၊ အခုခေတ်ကတော့ ဖော့ဗူးတွေနဲ့ပေါ့) ကနေ ထွက်တဲ့ အစေးတွေက မြေကြီးပေါ်ကို ကျကုန်ရောတဲ့  အဲ့ဒီအခါ အဲ့ဒီအစေးတွေက မြေကြီးရဲ့ အစိုဓာတ်နဲ့ တွေ့ပြီးတဲ့အခါ အခုလို အင်ဥလေးတွေ ဖြစ်လာရောတဲ့  အင်ဥရာဇ၀င်က အဲ့ဒီလို့  

ငယ်တုန်းက အင်ဥကို အဘွားက ၀ယ်လာပြီး သန့်ရှင်းရေးလုပ်ခိုင်းပြီဆိုရင် ကျွန်မ တစ်ယောက် နှုတ်ခမ်းကို တစ်ခါတည်း စူပစ်လိုက်တာ့  ၀က်နှုတ်ခမ်းကျနေတာပဲ့  ပြီးတော့ မြေကြီးတွေ၊ သဲတွေနဲ့ အင်ဥကို ဆေးရတာ အလွန်မုန်းခဲ့တာ့  

အဘွားက အင်ဥကို သန့်ရှင်းရေးလုပ်နည်း သင်ပေးခဲ့တဲ့အခါကျတော့မှ အလုပ်ရှုပ်တာ နည်းနည်း သက်သာသွားတော့တယ့့်  အင်ဥတွေကို စကာထဲထည့်ပြီး ရေဘုံဘိုင်ကို ဖွင့်ချ့  အင်ဥတွေကို စကာနဲ့ တိုက်ဆေးပေ့း့ အဲ့ဒါဆိုရင် အင်ဥမှာ ကပ်နေတဲ့ သဲတွေ မြေကြီးတွေ အားလုံးပါသွားရော့  အနည်းဆုံး ၅ ကြိမ်လောက် တိုက်ဆေးပေးရတယ့့်  နောက်ဆုံးကျတော့မှ အင်ဥလေးတွေရဲ့ အပေါ်မှာ ကပ်နေတဲ့ သဲတွေကို ဓားသေးသေးလေးရဲ့ ထိပ်ချွန်လေးနဲ့ အသာခြစ်ပစ်ရတာ့  ပြီးတော့မှ အဲ့ဒီ သန့်ရှင်းရေး လုပ်ပြီးသား ဥလေးတွေကို ရေတစ်ခါထပ်ဆေးရပါတယ့့်  အဲ့ဒါဆို အားလုံး သန့်စင်သွားတဲ့ အင်ဥလေး ဖြစ်သွားပြီ့  

အင်ဥတွေကို အစိမ်းအတိုင်း စားရင်လည်း စားလို့ရတယ့့်  ၀ါးလိုက် ရင် ဖောက်ကနဲ ဖောက်ကနဲ မြည်နေတာပဲ့ အင်ဥ အထဲထဲက အနှစ်လေးတွေကလည်းလေ ဆိမ့်နေတာပဲ့  အင်ဥမှာ အညိုရောင် လေးတွေရော့  အဖြူရောင်လေးတွေရော့ အမည်းရောင်လေးတွေရော ဥလေးတွေ ရောင်စုံရှိတယ့့်  အပြင်အခွံက မည်းလို့ အထဲက အနှစ် မည်းမယ်၊ အပြင်အခွံဖြူလို့ အထဲက အနှစ် ဖြူမယ်လို့ မှတ်ယူလို့လည်း မရပြန်ဘူ့း့  အပြင်ခွံအရောင်နဲ့ အတွင်းအနှစ်အရောင် တူတာလေးလည်း ရှိနိုင်သလို မတူတာလည်းရှိတယ်နော့့် 
အင်ဥကို အစိမ်းအတိုင်း စားနိုင်သလို ကြော်တာရော၊ သုပ်တာရော၊ ဟင်းချက်တာရော၊ အရည်သောက်ချက်တာရော အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်တယ်နော့့် 

အင်ဥကို ဟင်းလျာအဖြစ်မချက်ပြုတ်ခင်မှာ မမလုကတော့ အရင်ပြုတ်လိုက်ပါတယ့့်  ပြုတ်လိုက်ခြင်း အားဖြင့် အင်ဥကို ချက်ပြုတ်သုတ်ဖို့ လှီးတဲ့အခါ အထဲက အနှစ်တွေ ပျော်ပြီး ထွက်မသွားတော့ဘူ့း့  ချက်တဲ့အခါမှာလည်း အင်ဥနူးဖို့ တစ်ခါ ရေထည့်ပြီး တည်ရင် အနှစ်တွေနဲ့ အရောင်ကြီး မည်းသွားပြီး ဟင်းလျာအမြင်ရဲ့ ဆွဲဆောင်မှုကို လျော့နည်းစေတယ့့်  ပြီးတော့ အပြင်ခွံမှာ ကပ်ပြီး ရှိနေတတ်တဲ့ သဲတွေက ပြုတ်လိုက်တဲ့အခါ တစ်ခါ ထပ်ပြီး စင်ကြယ်သွားတော့ စားတဲ့အခါ ကျလိကျလိ ဖြစ်မနေတော့ဘူးလေ့  ပြုတ်ထားပြီး အင်ဥကို အခဲထဲ ထည့်ထားပြီး နောက်များ အင်ဥရာသီကုန်သွားလို့ စားချင်တဲ့အခါ စားဖို့ သိမ်းထားလို့လည်း ရတာပေါ့ 

အင်ဥပြုတ်လေးတွေကို လှီးတဲ့အခါမှာ ကိုယ်က ကြော်မှာလာ့း့  သုပ်မှာလာ့း့  ဟင်းရည်သောက် လာ့း့  ဒီလိုလေး စဉ်းစားလိုက့့်  ကြော်မယ့်ဟင်းလျာနဲ့ အရည်သောက်အတွက် နည်းနည်းရင့်တဲ့ အင်ဥကို သုံးပါ့  အင်ဥနုလေးတွေတော့ အသုပ်အတွက်သုံးမယ်ဆိုရင် အကောင်းဆုံးပဲ့ အဲ့ဒီတော့ အင်ဥလှီးကတည်းက ပန်းကန်လေးတွေ သီးသန့်စီထာ့း့  ဒါက အင်ဥကြော်မယ့်အတွက့့်  ဒါက သုပ်မယ့်အတွက့့်  ဒါက အရည်သောက်အတွက်ဆိုပြီး လှီးတဲ့အခါ အင်ဥအနုအရင့်အလိုက် သီးသန့်စီ ထည့်ထားနော့့်  ဒါဆို အဆင်ပြေစေတယ်ဟုတ့့် 

အင်ဥကြော်တာကလည်း ရိုးပါတယ့့်  ပြုတ်ထားပြီးတဲ့ အင်ဥတွေကို ပါးပါးလေးတွေလှီးပါ့  သတ်သတ်လွတ်ကြော်နိုင်သလို ရောပြီး ကြော်ချင်တဲ့ အသား၊ ပုစွန် စတာတွေကိုလည်း အသင့်ပြင်ထားပေးပါ နော့့်  ကြက်သွန်ဖြူကို မညက်တညက်ထောင်း၊ ကြက်သွန်နီကို လေးစိပ်ထိုးပါ့  ငရုတ်သီးစိမ်းလေး လည်း ထက်ခြမ်းခွဲပေးထားပါ့  အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင့့် ဆီအနည်းငယ်ထည့့်  ဆီပူလာရင် (နနွင်းမှုန့်ကြိုက်ရင်ထည့်ပါ) ကြက်သွန်ဖြူနီထည့်ပြီး မွှေပါ့  ကြက်သွန်စိမ်းနံ့ပျောက်သွား ပြီးရင် ထည့်လိုတဲ့ အသား၊ ပုစွန်ထည့်ကြော်ပါ့  အသားကျက်ပြီဆိုရင်တော့ အင်ဥလေးတွေကို ထည့့် ဆား၊ ကြက်သားမှုန့်လေးခပ့့် အိုးအဖုံး ခဏအုပ်ထား၊ ၂ မိနစ်လောက်နေလို့ အင်ဥထဲ အရသာဝင်ပြီလား မြည်းကြည့့်  စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းလေးတွေ အုပ့့်  ကမန်းကတန်းမွှေပြီး ဟင်းအိုးချ့  အဲ့ဒါဆို မွှေးဆိမ့်လှတဲ့ အင်ဥကြော်တစ်ခွက်ရပြီပေါ့  တို့ကတော့ ဒီလို ဟင်းလျာမျိုးကို ဟိုတယ်စာနဲ့ မလဲနိုင်ပေါင့့် 

အင်ဥသုပ့့်  ပြုတ်ထားတဲ့ အင်ဥလေးတွေ လှီ့း့  ပုစွန်နဲ့ သုပ်မလာ့း့ ကြက်သားနဲ့ သုပ်မလာ့း့  ကိုယ်စားချင်တဲ့ အသားကို အသင့်ပြင်ထားပေါ့  မမလုကတော့ ပုစွန်နဲ့ သုပ်မှာမို့ ပုစွန်ကို သန့်ရှင်းရေးလုပ့့်  ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ကွေးသွားတာနဲ့ ပြန်ဆယ်ယူထားလိုက်တယ့့်  ပြီးတော့ ကြက်သွန်နီအစိမ်းကို ပါးပါးလှီ့း့ ရေဆေ့း့  ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တညက် လေးထောင့်း့  ငါးပိစိမ်းစားလေး မီးဖုတ့့်  ငရုတ်သီးစိမ်းလေး ပါးပါးလှီ့း့  သံပရာသီးလေး ထက်ခြမ်းခွဲထာ့း့  အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ အင်ဥ၊ ပုစွန်နဲ့ အဆာပလာတွေ ထည့့်  သံပရာရည်လေးရွှဲရွှဲလေးညှစ့့်  ငံပြာရည်ရယ့့် ဟင်းချိုမှုန့်လေးနည်းနည်းရယ်ထည့်ပြီး သမအောင် နယ့့်  အရသာက ချဉ်ငန်စပ့့်  ဒါက တို့က တောသုပ်ပေါ့  ဆီချက်နဲ့ သုပ်တာ မဟုတ့့်  ဆီချက်နဲ့ သုပ်ချင်ရင်လည်း ရတာပဲ့  ငါးပိစိမ်းစားမထည့်နဲ့  ငံပြာရည်နဲ့ ပဲမှုန့်ထည့်ပြီး သုပ့့်  ဒါပေမယ့် အင်ဥက တောသုပ်လေးက ပိုစားကောင်းတယ်နော့့်  ဒါဆိုရင်တော့ ဟောဒီဘက်က ချဉ်ငန်စပ်အရသာနဲ့ ပုစွန်အင်ဥသုပ်မွှေးမွှေးလေး ရပြီနော့့်  

အင်ဥဟင်းရည်သောက့့်  ကြက်ရိုးပြုတ်ရည်လေးကို ဟင်းချိုရည်အဖြစ်ယူ့  ပြီးတော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့့် ပွက်ပွက်ဆူရင် ပုစွန်နဲ့ အင်ဥထည့့်  နံနံပင်လေးအုပ့့်  ငရုတ်သီးစိမ်းလေးအုပ့့်  သောက်ခါနီးကျရင် သံပရာရည်လေးညှစ့့်  ကြိုက်တတ်ရင့့်  အလွယ်တကူ ရှိရင် ရှောက်ရွက်လေး ပါးပါးလှီးပြီး ထည့်သောက်နော့့်  အဲ့ဒါဆိုရင် ထမင်းမြိန်စေမယ့့်  အင်ဥဟင်းရည် တစ်ခွက်ရတာပေါ့  

အင်ဥနဲ့ မတည့်တဲ့သူတွေတော့ မစားနဲ့နော့့်  တကယ်လို့ စားချင်တယ်ဆိုရင်လည်း ကန်စွန်းရွက် ကြော်လေးနဲ့အတူ တွဲစားနော့့်  

ဒီလောက်ဆိုရင်တော့ မောင်နှမတွေ အင်ဥဟင်းလျာအတွက် စိတ်ကျေနပ်မယ် ထင်ပါတယ်နော့့်  မောင်နှမအားလုံး အင်ဥဟင်းလျာနဲ့ ထမင်းမြိန်စေတဲ့ နေ့သစ်လေး ဖြတ်သန်းနိုင်ပါစေလို့ လုလုတို့ ၀ိုင်းတော်သားများအားလုံးက မေတ္တာရပ်ဝန်းမီးဖိုဆောင်ကနေ ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ်ရှင်

Thursday, June 14, 2012

ချိုဆိမ့်မွှေးတဲ့ဗုံလုံသီး ပုစွန်အဆာသွပ်နှပ်နဲ့ သွားရည်တောက်တောက်ကျစေမယ့် ချဉ်ငံစပ်ငပိသုပ်

6 comments




          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
          ဒီနေတော့ မောင်နှမတို့ကို ဗုံလုံသီး ပုစွန်အဆာသွပ်နဲ့ ငပိသုပ်လေး သုပ်ကျွေးရဦးမယ်နော့့်  အချို့ဒေသတွေမှာတော့ ပဲလင်းမြွေသီးလို့ ခေါ်ကြတယ်နော့့် 
ဈေးထဲမှာ ဗုံလုံသီးတွေ တွေ့တော့ အဆာသွပ်စားချင်တာ အရမ်းပါပဲ့  ပြီးခဲ့တဲ့အပတ် အိမ်ပြန်တုန်းက အမေ့ကို ဗုံလုံသီးအဆာသွပ်ပြီး ချက်စားကြရအောင်လို့ ပြောတော့ အမေက စားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်တဲ့  လက်ဝင်လွန်းလို့တဲ့  ကျွန်မလည်း ချင်ခြင်းတပ်တာ့  အဲ့ဒါကို စားချင်လိုက်တာ့  အိမ်မှာရှိတဲ့လူတွေကို ဒီဟင်းကြိုက်/မကြိုက် မဲခွဲဆုံးဖြတ်ရင် ကျွန်မရှုံးမှာ သေချာပေါက့့်  ချက်ရတာ လက်ဝင်လည်း ကိုယ့်ဘာသာကိုယ်ချက်မှာပဲ ဘာဖြစ်လဲပေါ့  (အစား အသောက် သောင်းကျန်းတတ်တဲ့ စားချင်ပြီဆိုရင်  ဘယ်လောက်ပဲ အချိန်ကုန်ကုန့့်  ချက်စားတတ်တာက ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ)
          မနေ့က ရုံးကအပြန်ဈေးဝင်တော့ ဗုံလုံသီး (၂) တောင့် ၀ယ်လာခဲ့တယ့့်  ပုစွန် (၁၅) ကျပ်သား ၀ယ်ခဲ့တယ့့်  အဲ့ဒါနဲ့ပဲ မနက်က အစောကြီးထပြီး ကျွန်မရဲ့ ချင်ခြင်းတပ်ခြင်း ဝေဒနာကို ကုသဖို့ရာ မဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်တော့တာပေါ့ 
          လိုအပ်တဲ့ပစ္စည်းတွေကတော့ ဗုံလုံသီး (၂) တောင့်၊ ပုစွန် (၁၅) ကျပ်သား၊ ကြက်သွန်ဖြူ (၇) မွှာ၊ ကြက်သွန်နီ အလတ် (၃) လုံး၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်တို့ပါနော့့် 
          ဗုံလုံသီးတွေရဲ့ အပြင်လွှာကို ဓားနဲ့ ခြစ်ပစ်၊ လေးလက်မအရှည်လောက်လေးတွေဖြတ်ပြီးတော့ အထဲက အစေ့တွေကို တူနဲ့ ထိုးထုတ်ပစ်၊ ရေဆေးပြီး စစ်ထားလိုက်ပါတယ်။
          ကြက်သွန်ဖြူနီနဲ့ ပုစွန်တို့ကို တောက်တောက်စင်းလို့ရသလို ဘလင်ဒါထဲ ထည့်ကြိတ်လိုက်လို့လည်း ရပါတယ့့်  အဆာသွပ်ဖို့ပုစွန်ကြိတ်ထားတဲ့အထဲ ဆားနဲ့ သကြားနည်းနည်းထည့်နယ်ပြီး အသင့်ပြင်ထား လိုက်ပါတယ့့်  ပြီးတော့မှ ဗုံလုံသီးတစ်ပိုင်းချင်းစီထဲကို ပုစွန်တွေကို စိတ်ရှည်လက်ရှည် အဆာသွပ်ပါတယ့့် 
          အသင့်ဖြစ်ပြီဆိုရင် ခပ်ကျယ်ကျယ်အိုးတစ်လုံး (သို့မဟုတ်) ဒယ်အိုးကျယ်ကျယ်ထဲ ဗုံလုံသီးတွေကို စီစီရီရီထည့်၊ ဆီထည့် (ဆီများများစားတတ်ရင် များများထည့်လို့ရပါတယ်ပြီး မီးဖိုပေါ်တင်ပြီး ချက်ပါ။ ရေလုံးဝ မထည့်ဘဲ ချက်ပါနော့့်  ဗုံလုံသီးဆိုတဲ့အမျိုးက သူ့ဟာသူ ရေတွေ ထွက်လာတဲ့အတွက်ပါ့  
၇ မိနစ် လောက်တည်ပြီးတဲ့အခါ အဖုံးဖွင့်ကြည့်လိုက်ရင် အသီးထဲက ရေတွေထွက်လာတာတွေ့မှာပါ့  အဲ့ဒီအခါကျ ကြေမွသွားသော ဗုံလုံသီးများ ဖြစ်မသွားရလေအောင် သတိထားပြီး အသီးတွေကို ဟိုဘက် ဒီဘက်လှန်ပေးပါ့  ပြီးတော့မှ နောက်ထပ် ၅ မိနစ်လောက် ထပ်တည့့်  ရေအခမ်း အသီးနူ့း့ အပိုလိုမရှိ ကွက်တိ ဖြစ်သွားတာပေါ့  ဒီဟင်းက အချိုလေ့း့  အနံ့လေးကလည်း မွှေးနေတာပဲ့  အရသာလေး ကတော့ ပြောမနေနဲ့  အရမ်းကောင့်း့  (အရည်လေးဆမ်းစားချင်ရင်တော့ ရေနည်းနည်းထည့်ပြီးချက်လို့ ရတယ်နော်)
          ဒီဟင်းနဲ့ လိုက်ဖက်တာကတော့ ငပိသုပ်ပါ့  ငပိစိမ်းစား ထမင်းစားဇွန်းတစ်ဇွန်းကို မီးကင်လိုက်ပါ့  ပြီးတော့ ကြက်သွန်နီဥကြီးတစ်လုံးကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထာ့း့  ငရုတ်သီးစိမ်းလေး ပါးပါးလှီ့း့  (ဗိုက်နာမှာစိုးရင် အိုးကင်ပူတိုက်ပြီး ထောင်းလိုက်)၊ ပုစွန်ခြောက်မှုန့်လေး လက်ဖက်စားဇွန်း ၃ ဇွန်းလောက် ထည့့်  သံပရာရည်ရွှဲရွှဲလေးညှစ်ပြီး အားလုံးသမအောင် နယ်လိုက့့်  အဲ့ဒါဆို အနံအရသာနဲ့ ပြည့်စုံပြီး သားရည်တောက်တောက်ကျစေမယ့်  ငပိသုပ်လေးရပြီ့ 
          ချိုဆိမ့်မွှေးနေတဲ့ ဗုံလုံသီးအဆာသွပ်နှပ်နဲ့ သံပရာနံ့မွှေးမွှေ့း့ ချဉ်ငံစပ်အရသာနဲ့ ငပိသုပ့့်  ဒီနှစ်မျိုးနဲ့ဆို ဆွေမျိုးမေ့ပြီပေါ့ 
          ဒီနေ့ထမင်းချိုင့်ကိုအဲ့ဒါနဲ့ ထည့်ခဲ့တာ့  စားလို့တော့ သိပ်ကောင်းပါတယ့့်  အဆာသွပ်ရတာ လက်ဝင်ပြီး အချိန်ယူတာမို့ နောက်တစ်ခါ အဲ့ဒီဟင်းချက်စားချင်ရင်တော့ ပိတ်ရက်မှ လုပ်ဖြစ်တော့မယ့့် 
          ပုစွန်အစား ကြက်သား၊ ၀က်သား၊ ဆိတ်သား၊ ပုစွန်ခြောက် ကြိုက်နှစ်သက်ရာနဲ့ ချက်စားနိုင်ပါတယ့့်  အဆာသွပ်ရမှာ အချိန်ကုန်မှာစိုးရင်တော့ ဗုံလုံသီးတွေကို မထူးမပါးလှီးပြီးတော့ နှစ်သက်ရာ အသား နဲ့ ရောချက်လိုက်လည်း စားလို့ကောင်းတာပါပဲ့ 
          တစ်ခါတလေ အစားအစာလေးကို ကွန့်ပြီး လှတပတဖြစ်အောင် တန်ဆာဆင်ပြီး စားရတာလည်း ပင်ပန်းပေမယ့် စားလို့ ပိုဝင်တယ်လို့ ထင်မိပြန်ရော့  ကျွန်မရဲ့ ချင်ခြင်းတပ်တဲ့ စိတ်လေးလည်း အာသာ ပြေသွားပြီပေါ့ 
          မောင်နှမတို့ရေ့  ပင်ပန်းတယ်လို့တော့ မထင်ပါနဲ့  တစ်ခါတလေ ရာသီပေါ် ဗုံလုံသီးလေးကို ဒီလိုလေးနှပ်ပြီး ငပိသုပ်လေးနဲ့ တွဲဖက်စားသုံးကြည့်ကြပါဦးလို့ 

Wednesday, February 8, 2012

ပဲပင်ပေါက်သနပ်

13 comments
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  မောင်နှမတွေနဲ့ စီဘောက်စ်ကနေလည်း စကား မပြောရ၊ ကော်မန့်လည်း ပြောလို့မရတဲ့ဘ၀ဖြစ်ပေမယ့့်  မောင်နှမတွေအတွက် ဟင်းပွဲလေးတွေ တင်ပေးချင်တဲ့စိတ်က အမြဲတမ်း ရှိပါတယ်နော့ 
ဒီနေ့ မောင်နှမတွေကို ပဲပင်ပေါက်သနပ်လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော့့်  ဒီနည်းလေးကို facebook မှာ တင်ပေးပြီးပေမယ့် ဘလော့ဂ်ကို အလည်လာကြတဲ့မောင်နှမတွေအတွက်လည်း မျှဝေပေးချင်လို့ပါနော့့် 
ဒီသနပ်လေး လုပ်ရင်း မော်လမြိုင်က အစ်ကိုတစ်ယောက်ကို သတိရမိတယ့့်  ဒီနေ့ ဘာချက်စားလဲ ညီမလေးလို့ မေးတော့  ပဲပင်ပေါက်သနပ်လို့ ပြောတော့ အစ်ကိုက့ မိလုရေ့ နင်က အခုတော့ နေပြည်တော်ရွှေမြို့သူကြီးဖြစ်နေပြီဆိုတော့ မော်လမြိုင်လေသံပျောက်နေပြီး အသံတွေတောင်ပြောင်းကုန်ပါလားတဲ့   တကယ်တော့ ကိုယ့်ဇာတိရဲ့ လေသံဆိုတာလေ ဘယ်လိုမှ ဖျောက်ဖျက်လို့မရပါဘူ့း့  
အော့့်  မော်လမြိုင်မှာ ပဲပင်ပေါက်လို့မှ မခေါ်တာပဲနော့့်  ပဲတီလို့ ခေါ်တာ ဟုတ်တယ့့်  ဟုတ်တယ့့် မနက်ခင်းမိုးလင်းရင် အထမ်းသယ်က အော်ရောင်းတယ်လေ့  ပဲတီပဲမှုန့် (ပဲပင်ပေါက်+ပဲပြားကို ဆိုလိုတာပါ) လို့လေ့  အဲ့ဒါဆိုရင် မော်လမြိုင်လေသံမပျောက်တော့ဘူး ဟုတ်တယ်ဟုတ့့်  လို့ ပြန်ပြောလိုက်တယ့့်  
အစ်ကိုက အဲ့ဒါမှ ငါတို့ မော်လမြိုင်သံစစ်စစ်တဲ့  ဒါနဲ့လေ့  အဲ့ဒီပဲတီသနပ်လုပ်နည်းလေး ကို ပြောပြပါဦးတဲ့ 
အဲ့ဒါနဲ့ပဲ ပဲတီသနပ်လို့ ခေါ်တဲ့ ပဲပင်ပေါက်သနပ်ကို အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ်နော့့် 
ပဲပင်ပေါက်များကို အမည်းရောင် ပဲဖတ်လေးတွေ အရင်သန့်စင်ပေးရမယ်နော့့်  ပြီးမှ ရေနဲ့ သန့်စင်အောင်ဆေးပါမယ့့်  ပြီးရင် ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အထဲမှာ နနွင်းမှုန့်လေး အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာရင် ပဲပင်ပေါက်တွေကို ထည့်ပြီး ရေနွေးဖျောပြီး ပြန်ဆယ်ပါတယ်။

အဆာပလာအတွက် စပါးလင်လတ်လတ်ဆတ်ဆတ်ကို ပါးပါးလှီးထားပါ။ မြေပဲဆန်လှော်ထောင်းထားပါ။ ငါးပိစိမ်းစားအနည်းငယ် မီးကင်ထားပါ။ မီးမကင်ဖြစ်ရင် ကြက်သွန်နီဆီချက်ချက်ပြီးတဲ့အခါ ကြက်သွန်ကြော်တွေကို ဆယ်ယူပြီးတော့ မီးဖိုမီးပိတ်ပြီး အဲ့ဒီဆီပူထဲမှာ ငါးပိလေးကို အသာလေး ထည့်ပြီး ကြော်ထားပါ။

ဇလုံတစ်လုံးထဲ ပဲပင်ပေါက်ရောနွေးဖျောကိုထည့်ပြီး စပါးလင်၊ ဆား၊ သကြား အနည်းငယ်၊ ငါးပိစိမ်းစား၊ မြေပဲဆန်လှော်ထောင်း၊ ကြက်သွန်နီဆီချက်၊ အချဉ် အရသာအတွက် ရှာလကာရည် (သို့မဟုတ်) သံပရာရည် (သို့မဟုတ်) မရမ်းပြား ကိုထည့်ပြီး သမအောင် နယ်ပေးပါ။ အရသာအပေါ့အငန်မြည်းပြီး နှမ်းစေ့လေးတွေပါ ထည့်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပဲပင်ပေါက်သနပ် အရန်ဟင်းတစ်ခွက်ကို ရရှိစေမှာပါ။ 
အုန်းထမင်း၊ ထောပတ်ထမင်း၊ ဆီပြန်ဟင်း၊ ဘာလချောင်ကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။
မောင်နှမတို့လည်း တစ်ခါတလေကျရင် ပဲပင်ပေါက်ပဲပြားကြော်အစား ပဲပင်ပေါက်သနပ်လေး လုပ်ပြီး စမ်းသပ်စားသုံးကြည့်ကြပါဦး။

Wednesday, October 19, 2011

အမဲအူပြုတ်၊ အမဲအူသုပ် လုပ်စားကြရအောင်

10 comments

အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။

ဒီနေ့တော့ မောင်နှမတွေနဲ့အတူ အမဲအူပြုတ်၊ အမဲအူသုပ်လေး လုပ်စားကြမလားလို့လေ။

လိုအပ်တဲ့ပစ္စည်းလေးတွေအရင်ပြောရအောင်နော်။

အမဲအူချို (၅၀) ကျပ်သား၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မုန်လာဥနီ၊ နံနံပင်၊ နှမ်းဆီမွှေးအနည်းငယ်၊ ငံပြာရည်နဲ့ ကြက်သွန်ကြော်တို့ပါနော်။

အမဲအူချိုဘေးနားမှာ ကပ်နေတဲ့ အဆီတွေအားလုံးကို လှီးပစ်လိုက်ရအောင်။ ပြီးရင် အမဲအူကို မန်ကျည်း သီးမှည့်အနှစ်နဲ့ ဆားနဲ့ နယ်ပြီးတော့ အချွဲတွေကုန်အောင် ဆေးပေးပါ။ ပြီးရင် အူအတွင်းပိုင်းကိုလည်း သန့်စင်သွားရအောင်လို့ အူကို လှန်ပြီးတော့ နောက်ထပ်တစ်ကြိမ် မန်ကျည်းသီးမှည့်အနှစ်နဲ့ ဆားနဲ့ နယ်ပြီး ဆေးပေးပါ။ အညှီနံ့နဲ့ အချွဲတွေအားလုံး ကင်းစင်ပြီး ဖြူဖွေးသွားတာကို တွေ့ရမယ်နော်။

အမဲအူကို သန့်စင်နေတဲ့အချိန်မှာ မီးဖိုပေါ်မှာ ရေနွေးပွက်ပွက်ဆူအောင် တည်ထားပေးပါ။ အမဲအူ သန့်စင်ပြီးတာနဲ့ ရေနွေးအိုးဆူချိန်နဲ့ ကွက်တိပဲ ဖြစ်မှာမို့ သန့်စင်ပြီးတဲ့ အမဲအူတွေ   ကို ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ၅ မိနစ်လောက် ပြုတ်ပြီး ပြုတ်ရည်တွေကို သွန်ပစ်လိုက်ပါ။ အမဲထဲက အညှီနံ့တွေ ပျောက်ကင်းသွားစေပါတယ်နော်။

ပြီးတော့မှ အမဲအူကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်၊  နှမ်းဆီမွှေးအနည်းငယ်တို့နဲ့ နယ်ထားပေးပါ။ ပြီးရင် စပါးလင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းထားပေးပြီး အမဲအူနဲ့ ထပ်နယ်ပေးပါ။

အားလုံးအသင့်ဖြစ်ရင် ပရက်ရှာကွက်ကာထဲကို အမဲအူကိုထည့်၊ ရေကို အမဲအူမြုပ်အောင်ထည့်ပြီး မိနစ် ၃၀ ပြုတ်ပေးပါနော်။ ပြီးရင်တော့ မီးပိတ်ပြီး မိနစ် ၂၀ လောက် ထားပေး၊ ပြီးတော့မှ အဖုံးဖွင့်ပြီး အထက်အောက်လှန်ပြီး ရေထပ်ထည့်ပြီး နောက်ထပ် မိနစ် ၂၀ လောက် ထပ်ပြုတ်ပေးပါ။

နံနံပင်ကို သန့်စင်တဲ့အခါ နံနံပင်အမြစ်ပိုင်းကိုလည်း ယူထားပြီး သေချာရေဆေးပြီး ထုထောင်းထားပါ။ နံနံပင်အရွက်လေးတွေကိုတော့ အပြုတ်ထဲထည့်သောက်တာတို့၊ အသုပ်ထဲ ထည့်တာတို့လုပ်ပေါ့လေ။

မုန်လာဥနီကို ကျွန်မက ကြိုက်လို့ အစိမ်းအတိုင်း ပါးပါးလေးလှီးပြီးအသုပ်ထဲလည်း ထည့်သုပ်တယ်၊  စွပ်ပြုတ်တွေထဲမှာလည်း အပေါ်ကနေ ကြက်သွန်စိမ်းထည့်စားသလိုပဲ ထည့်စားလေ့ရှိတာမို့ ထည့်တာပါ။ အနံ့မကြိုက်တဲ့သူတွေ မထည့်လည်း ရပါတယ်နော်။

ကြက်သွန်နီကိုလည်း အခွံနွှာပြီး ပါးပါးလှီးပေးထားပါ။

အမဲအူပြုတ်အိုး ပွက်ပွက်ဆူပြီဆိုရင်တော့ မီးပိတ်၊ နောက်ထပ် မိနစ် ၂၀ လောက် အခိုးသေသွားအောင် ထား၊ ပြီးတော့မှ အဖုံးဖွင့်၊ ပြီးရင်အပေါ့အငန်မြည်းပြီးတော့ ထောင်းထားတဲ့ နံနံမြစ်လေးတွေ ထည့်ပြီး မွှေပေးလိုက်ပါ။

အမဲညှီနံ့လုံးဝကို မရဘူး၊ အပေါ်မှာ အမဲဆီလည်း ဝေ့မနေဘူး၊ အေးသွားရင်တောင် ခဲမသွားတဲ့  အနံ့တသင်းသင်းလေးနဲ့ သောက်ချင်စဖွယ်အပြည့်ရှိတဲ့ အမဲအူပြုတ်  ရမှာပါ။ သောက်ခါနီးကျရင် တော့ အမဲအူပြုတ်ကို ကိုယ်လိုချင်တဲ့ အရွယ်လောက်လေးရအောင် ညှပ်ထည့်၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ကြက်သွန်စိမ်း၊ နံနံပင်၊ မုန်လာဥနီတို့ထည့်၊ ငံပြာရည်လေး အနည်းငယ်နဲ့ သံပုရာ ရည်မွှေးမွှေးလေးညှစ်ပြီး သောက်လိုက်မယ် ဆိုရင်တော့ အရမ်းကို အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ အမဲ အူပြုတ် တစ်ပွဲရရှိမှာနော်။

အမဲအူသုပ်အတွက်လည်း လွယ်ပါတယ်။ အမဲအူလေးတွေကို အရွယ်တော်လေးလှီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်းလှီးထည့်၊ ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်၊ သံပုရာရည်လေး ညှစ်ထည့်၊ ကြက်သွန်ကြော်ဆီချက်လေး ထည့်ပြီး သမအောင်နယ်ပေးလိုက်ပါနော်။ ချိုချဉ်ငံစပ် အရသာ အပြည့်နဲ့ အမဲအူသုပ်တစ်ပွဲရပါပြီရှင်။

မောင်နှမတို့လည်း ကျွန်မနဲ့အတူ ၀ိုင်းပြီး အားပေးကြပါဦး။

မောင်နှမတို့လည်း ပိတ်ရက်မှာ တစ်ခါတလေ ဆီပြန်ဟင်းချက်မစားချင်ဘူးဆိုရင်တော့ အမဲအူပြုတ် အမဲအူသုပ်လေး လုပ်စားကြည့်ကြပါလားနော်။

Sunday, July 25, 2010

ဝက်ကလီစာသုပ်

3 comments

     ချစ်သော မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို ၀က်ကလီစာသုပ်လေး မျှဝေပေး ပါရစေဦးနော်။ ဒီဟင်းအမယ်ကိုတော့ မမကြီး Guniess ရဲ့ အလှူတုန်းက ရေးပေးခဲ့တာလေးပါနော်။ မောင်နှမတွေလည်း အဆင်ပြေခဲ့ရင် သုပ်စားလို့ရအောင်လို့မျှဝေပေးလိုက်ရတာပါနော်။         
            လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်ကလီစာ အစုံ အသည်း၊ နှလုံး၊ အူချို၊ အချင်း၊ အူပိတ်၊ အူမကြီး၊ နားရွက် စတာတွေကို ၀ယ်ပါ။ နာနတ်ပွင့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ရှောက်သီး/သံပရာသီး/ရှာလကာရည်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ရှောက်ရွက်/တရုတ်နံနပင်/ ကြက်သွန်မြိတ်၊ ကြက်သွန်နီဆီချက်ကြော်တို့ပါနော်။
ကလီစာတွေကို မန်ကျည်းသီးမှည့်ရယ်၊ ဆားရယ်နဲ့ နယ်ဆေးပေးပါနော်။ အူချိုနဲ့ အချင်းကိုလည်း သီးသန့် သေချာဆေးပေးပါ။ အားလုံးကို သေချာ သန့်ရှင်းရေးလုပ်ပြီးတဲ့ အခါကျရင် ကလီစာတွေကို ဆား၊ သကြားတို့နဲ့ နယ်ပေးပါနော်။
ပြီးရင် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့် ဆီပူလာရင် အူမကြီး၊ အူချို၊ အူပိတ်နဲ့ အချင်း တို့ကို ထည့်ပြီး ကြော်ပါ၊ နာနတ်ပွင့် လေးငါးဖဲ့လောက် ထည့်ပါ။ ကလီစာတွေထဲက စိမ့်ထွက်ရည်တွေ ကုန်တဲ့အထိ ကြော်၊ ပြီးရင်တော့ အသည်းနှလုံးနဲ့ နားရွက်တွေကို ထည့်ကြော်ပါနော်။ အရောင်လှအောင်ရယ်၊ အရသာချိုအောင်ရယ်လို့ ပဲငံပြာရည်အပျစ်ကို အသားစိမ်းထွက်ရည်ခမ်းခါနီးကျထည့်ပေးပါနော်။ ရေခမ်းပြီဆိုရင် အသည်းနှလုံးနဲ့ နားရွက် တွေကို ဆယ်ပြီး သီးသန့်ဖယ်ထား၊ ကျန်တဲ့ကလီစာတွေ နူးအောင်လို့ရေလေးထည့်ထည့်ပြီး ထပ်တည်ပေး၊ အဲ့ဒါတွေ နူးတဲ့အခါကျမှ အသည်းနှလုံးနဲ့ နားရွက်တွေ ပြန်ထည့်ပြီး အားလုံးနူးအောင် တည်ပေးပါနော်။ (အသုပ်အတွက်ဖြစ်တဲ့အတွက် နူးအိနေအောင် တည်ရမှာမဟုတ်ဘဲ ၀ါးလို့ကောင်းရုံ နူးအောင်ပဲ တည်ရမှာပါနော်။)
ပြီးတော့မှ ကလီစာတွေကိုအေးအောင် အအေးခံပြီးတော့ အသုပ်သုပ်ဖို့ မထူမပါးလေးလှီးပေးပါနော်။ အသုပ်ထဲထည့်သုပ်မယ့် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်တို့ကိုလည်း မထူမပါးလှီးပေးထားနော်။
အားလုံးအသင့်ဖြစ်တော့မှ ဇလုံတစ်လုံးထဲမှာ လှီးထားတဲ့အသားတွေရယ်၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း စတာတွေထည့်၊ အချဉ်အတွက် ရှောက်ရည်/သံပရာရည်/ ရှာလကာရည် ကြိုက်တာထည့်၊ ငရုတ်သီးအကျက်မှုန့်ရောထည့်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ဆား အားလုံးထည့်ပြီး သမအောင်ရောနယ်ပေးပါနော်။ အပေါ့အငန်ကတော့ ကိုယ့်စိတ်ကြိုက် ထည့်ပေးပြီး အပေါ်ကနေ တရုတ်နံနံ/ကြက်သွန်မြိတ်/ရှောက်ရွက်ဖြူး၊ ကြက်သွန်နီကြော်လေး ဖြူးပေးလိုက်ပါနော်။ အဲ့ဒါဆို အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ၀က်ကလီစာသုပ်လေး ရပါပြီနော်။
အဲ့ဒါဆိုရင်တော့ စားမြိန်စေမယ့် ၀က်ကလီစာသုပ်လေးရပါပြီနော်။ ထမင်းဖြူနဲ့ပဲ စားစား၊ ဆန်ပြုတ်လေးနဲ့ပဲ တွဲဖက်ပြီး သုံးဆောင်တာပဲဖြစ်ဖြစ် သိပ်ကို အဆင်ပြေစေပါတယ်နော်။

Tuesday, June 22, 2010

ရှောက်သီးသုပ်နဲ့ ကြာဆံချက်

13 comments

ရှောက်သီးသုပ်နဲ့ ကြာဆံချက်
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို
ရှောက်သီးသုပ်နဲ့ ကြာဆံချက်လေး လုပ်ကျွေးပါရစေဦးနော်။ အရင်တုန်းကလည်း
ရှောက်သီးသုပ်နည်းကို ရေးခဲ့ဖူးပါတယ်နော်။ အခုတစ်ခါက စတိုင်လ်
တစ်မျိုးလေးနဲ့ သုပ်ကျွေးမှာမို့ အားပေးကြ ပါဦးလို့နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ရှောက်သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊
ကျောက်ပွင့်မျှင်မျှင် လေးတွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအပုပွတောင့်၊
ငါးပိစိမ်းစား၊ ပုစွန်ခြောက်၊ ပဲမှုန့် အလှော်မှုန့်၊မြေပဲဆန်၊ ဆီ၊
ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ဂေါ်ဖီထုပ်က အဖတ်လေးတွေကို နွှာပြီး ဆားရေလေးနဲ့ နာရီဝက်လောက်
စိမ်ထားပြီးမှ ပါးပါးလှီး၊ ကြက်သွန်နီအခွံနွှာပြီး ပါးပါးလှီး ရေဆေးပြီး
ရေစစ်ထား၊ ကျောက်ပွင့်ကို ရေနွေးကြက်သီးနွေးရယ် ဆားရယ်နဲ့ စိမ်ပေးပါ။
ပြီးတော့မှ နာနာဆေးပြီး ရေညှစ်ပေးပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးပေးထားပါ။
ဆီချက်အတွက် ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီချက်ကြော်ပေးပါနော်။ ပြီးရင်
ဆီချက်တွေကို ပန်းကန်လုံးတစ်လုံးထဲ ဆယ်ယူထားပြီး ကျန်တဲ့ဆီနဲ့
ငရုတ်သီးအပုပွတောင့် လေး ငါး တောင့်လောက်ကို ကြွပ်နေအောင် ကြော်ပြီး
ဆယ်လိုက်ပြီး နောက်ဆုံးကျန်တဲ့ဆီလေးထဲ ငါးပိ
စိမ်းစားကွမ်းသီးလုံးလောက်ထည့်ပြီး ဆီသတ်လိုက်ပါနော်။
မြေပဲဆန်ကို လှော်ပြီးထောင်းပေးပါ၊ ပြီးရင် ငရုတ်သီးအပုပွတောင့်ကြော်ကို
ထောင်းပေး၊ ပုစွန် ခြောက်ကိုထောင်းပေး (တကယ်လို့
ပုစွန်ခြောက်နံ့မကြိုက်တတ်တဲ့မောင်နှမတွေအတွက် ဆိုရင်
ပုစွန်ခြောက်ကိုထောင်းပြီး ငါးပိစိမ်းစားဆီမသတ်ခင်မှာ
ထည့်ကြော်ပြီးထည့်လို့ ရတယ်နော်)။ ပဲမှုန့်အလှော်မှုန့်လေးလည်း
ပြင်ထားပေးပါနော်။ ရှောက်သီးကို နွှာ၊ မခါးရ လေအောင် ရေထဲ
ဆားလေးနည်းနည်းထည့်ပြီးနွှာ၊ ပြီးတော့ ရှောက်သီးတွေကို ညှစ်ယူပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇလုံတစ်လုံးထဲ အဆာပလာတွေအကုန်ထည့်နယ်၊
ဟင်းချိုမှုန့် မသုံးချင်တဲ့အတွက် ပုစွန်ခြောက်မှုန့်ရယ်၊
ငါးပိစိမ်းစားလေးရယ်ကဲထည့်ပြီးနယ်၊ ငရုတ်သီးအပုပွတောင့်ကြော်ထောင်းက
အရောင်ရဲရဲလေးမို့ မွှေးမွှေးရဲရဲလေးဖြစ်ပါတယ်။ ကြိုက်တတ်ရင်
ကြက်သွန်ဖြူလေးနဲ့ ငရုတ်ကောင်းလေး ထည့်ပေးလို့ ရပါတယ်နော်။
အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်ရှောက်သီးသုပ်လေး ရပါပြီနော်။
ရှောက်သီးသုပ်နဲ့အတူတွဲဖက်စားဖို့ကတော့ ကြာဆံချက်လေးပေါ့နော်။
ကြာဆံချက်နည်း ကိုလည်း ဒီလင့်ခ်လေးတွေမှာ
http://lulucooking.blogspot.com/2009/06/blog-post.html
http://lulucooking.blogspot.com/2007/08/blog-post_13.html
သွားပြီးကြည့်နိုင်ပါတယ်နော်။
မောင်နှမများလည်း ဆီပြန်ဟင်းတွေ စားရတာ ရိုးအီလာပြီဆိုရင်၊ ဒါမှမဟုတ်
တစ်ခါတလေ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံတုန်းလေး
တစ်ခုခုလုပ်စားကြမယ်ဆိုရင် ရှောက်သီးသုပ်နဲ့ ကြာဆံချက်လေး
လုပ်စားကြည့်ကြပါဦးနော်။

Saturday, June 5, 2010

ပြည်ကြီးငါးခြောက်ရခိုင်သုပ်

6 comments

ပြည်ကြီးငါးခြောက်ရခိုင်သုပ်

          အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ အင်တာနက်ကွန်နက်ရှင်က မကောင်း၊ မီးကလည်း ခဏခဏပျက်၊ ကျော်ခွရတာလည်း အဆင်မပြေတော့ မီးဖိုဆောင်လေးထဲကို   မရောက်ဖြစ်ဘဲ ပစ်ထားရသလို ဖြစ်နေတာ ကြာပြီပေါ့နော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို ပြည်ကြီးငါးခြောက်သုပ်လေး လုပ်ကျွေးပါရစေဦးနော်။ ပြည်ကြီးငါး ချက်နည်းနဲ့ ပတ်သက်ပြီး နည်းမျိုးစုံကိုလည်း မောင်နှမတွေအတွက် မျှဝေပြီးဖြစ်သလို ဒီတစ်ခါ ပြည်ကြီးငါးခြောက် လုပ်နည်းနဲ့ အသုံးကိုလည်း မျှဝေခွင့်ပြုပါဦးနော်။

 
ပြည်ကြီးငါးခြောက်လုပ်နည်း

          ပြည်ကြီးငါးကို ၀ယ်ပြီးတဲ့အခါ အပေါ်က ခရမ်းရောင်စက်လေးတွေပါတဲ့အလွှာကို ခွာထုတ်ပစ်၊ ပြီးတော့ အထဲက အညစ်အကြေးတွေနဲ့ အရိုးပျော့လိုဟာလေး ဖယ်ထုတ်ပစ်ပါ နော်။ ပြီးရင် ပြီးကြီးငါးကို မန်ကျည်းနှစ်ရယ်၊ ဆားရယ်နဲ့ နယ်ဆေးပစ်ပြီး ရေစစ်ပေးထားပါ နော်။ ပြီးတော့မှ ပြည်ကြီးငါးတွေကို ဆားရယ်၊ သံပရာ(သို့) ရှောက်ရည်နဲ့ နှံ့အောင် နယ်ပြီးတော့ စကာတစ်ခုထဲ စက္ကူတွေ ခံပြီးတော့ နေပူပူထဲမှာ လှန်းပေးပါနော်။ ၂ ရက် ၃ ရက်လောက် လှန်းပေးရင် ကောင်းကောင်းခြောက်တဲ့ ပြည်ကြီးငါးခြောက်ကို ရနိုင်ပါ တယ်နော်။ ပြည်ကြီးငါးခြောက်ကို သိမ်းတဲ့အခါမှာ သတင်းစာစက္ကူလိုမျိုးနဲ့ ထုပ်ပိုးပြီးတော့မှ ပလတ်စတစ်ဗူး၊ ပလစ်စတစ်အဖုံးပါတဲ့ ပုလင်းသန့်သန့်တို့မှာ ထည့်သိမ်းပေးထားရင် ရေရှည်အထားခံပါတယ်နော်။

 

ပြည်ကြီးငါးခြောက်အသုံး

          ပြည်ကြီးငါးခြောက်ကို ဟင်းလျာတွေထဲမှာ ဘယ်လိုမျိုးများ ချက်ပြုတ်စားသောက်ကြ သလဲဆိုတာကို မျှဝေပါရစေရှင်။ ကျွန်မတို့မိသားစုမှာတော့ ၀က်ခြေထောက်စွပ်ပြုတ်၊ ၀က်နံရိုးပြုတ်တွေ လုပ်တဲ့အခါမှာ ပြည်ကြီးငါးခြောက်ကို ထည့်ပြုတ်တတ်ကြသလို၊ ဆိုက်ပေါ့ လို့ခေါ်တဲ့ မုန်လာဥခြောက်၊ မုန်လာဥဖြူအစိုတို့နဲ့လည်း ပြုတ်ပြီး ဟင်းချိုလုပ်သောက်ကြပါ တယ်နော်။ ပြီးတော့ ပြည်ကြီးငါးခြောက်တွေကို ခရမ်းချဉ်သီးနဲ့ ငါးပိချက်လိုလည်း ချက်တတ်ပါသေးတယ်နော်။ ဒီတစ်ခါတော့ ပြည်ကြီးငါးခြောက်ကို ရခိုင်သုပ်လေး သုပ်ကျွေးပါရစေနော်။

 

ပြည်ကြီးငါးခြောက်ရခိုင်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းစေ့၊ သံပရာရည်၊ ရှောက်ရွက်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

 

ပြည်ကြီးငါးခြောက်ကို ရေနွေးကြက်သီးနွေးနဲ့ ၁၅ မိနစ်လောက် စိမ်ပေးပါနော်။ ပြီးတော့မှ ပြည်ကြီးငါးခြောက်ကို ငါးခြောက်ဖုတ်သလို မီးဖုတ်ပေးပါနော်။ မီးဖုတ်တဲ့အခါ အကျက်ညီအောင် ဟိုဘက်ဒီဘက် နှစ်ဖက်လုံး လှန်ပြီး ဖုတ်ပေးပါ။ ပြည်ကြီးငါးခြောက်လေး တွေ ဖောင်းတက်တာလာကို တွေ့ရမှာပါနော်။ ပြီးရင်တော့ ပြည်ကြီးငါးခြောက်လေးတွေကို မျှင်မျှင်လေးတွေရအောင် မျှင်ပေးပါနော်။ ငါးပိစိမ်းစားကိုလည်း ယောက်မမှာ ကပ်ပြီး မီးကင် ပေးလိုက်ပါနော်။ ငရုတ်သီးစိမ်းလေးတွေကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက် လေး ထောင်းပေးပါ။ ငရုတ်သီးစိမ်းထောင်းတဲ့အခါ ဆားလေးနည်းနည်းထည့်ထောင်းပေးရင် ငရုတ်သီးစိမ်းတွေ မည်းမသွားတော့ဘူးနော်၊ ပြီးရင်တော့ ကြက်သွန်ဖြူရယ်၊ ငရုတ်ကောင်းစေ့ ရယ်ကိုထည့်ပြီး တဆက်တည်း ထောင်းပေးပါနော်။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ပါးပါးလှီး ရေဆေးပြီး ရေစစ်ပေးထားပါနော်။ သံပရာသီးကိုလည်း အစိပ်လေးတွေ စိပ်ပေးထားပါနော်။ ရှောက်ရွက်ကိုလည်း ပါးပါးလှီးပေးထားပါနော်။

 

အားလုံးအသင့်ဖြစ်တဲ့အခါ ဇလုံတစ်လုံးထဲကို အပေါ်က အဆာပလာတွေထည့်၊ သံပရာရည်ရွှဲရွှဲလေးဆမ်းပြီးတော့ သမအောင်နယ်ပေးပါနော်။ အရသာကို ချဉ်ငံစပ်လေး ရအောင် သုပ်ပါနော်။ ပြည်ကြီးငါးခြောက်က ထုတ်ထုတ်လေးရယ်၊ ရခိုင်သုပ်လေးမို့ အရသာက ချဉ်ငံစပ်လေးမို့ စားရတာ ခံတွင်းမြိန်လှပါတယ်နော်။

 

ချစ်သောမောင်နှမများအားလုံးလည်း ပြည်ကြီးငါးခြောက်များ လက်ဆောင်ရထားတာ တို့၊ ကိုယ်တိုင်အခြောက်လှန်းပြီး လုပ်စားချင်ရင်ပဲဖြစ်ဖြစ် တစ်ခါလောက် ပြည်ကြီးငါးခြောက် သုပ်လေးကို လုပ်စားကြည့်ကြပါဦးနော်။ တခြားချက်နည်းတွေနဲ့လည်း စမ်းသပ်ချက်ပြုတ် ကြည့်ကြပါဦးနော်။

Monday, March 8, 2010

ပြည်ကြီးငါးရခိုင်သုပ်

5 comments



ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ စီဘောက်မှာ မစန္ဒာလင်းက ပြည်ကြီးငါးကို ချက်ပြုတ်နည်း လေးတွေ မျှဝေပေးပါဦးလို့ မေးထားတဲ့အတွက် ဒီတစ်ခါတော့ ရှူးရှူးရှဲရှဲ ပြည်ကြီးငါးကို ရခိုင်သုပ်လေးကို မျှဝေပေးပါရစေနော်။ 

ပြည်ကြီးငါးရခိုင်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး အရွယ်တော် ၁၅ ကောင်၊ ငါးပိစိမ်းစား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ငရုတ်ကောင်းအနက် အလှော် ၁၅ စေ့၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ကြက်သွန်ဖြူ ၃ မြွှာ၊ သံပရာသီး၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

ပြည်ကြီးငါးကို သန့်စင်အောင်ဆေးကြောပြီးတဲ့အခါ ဆားအနည်းငယ်နဲ့ သံပရာရည်ညှစ်ပြီး နာရီဝက် လောက် နယ်နှပ်ထားပေးပါ၊ ပြီးရင် အိုးတစ်လုံးထဲ ရေနည်းနည်းထည့်ပြီး တည်ပေးပါ။ ရေနွေးပွက်ပွက်ဆူလာရင် ပြည်ကြီးငါးတွေကို ထည့်ပြုတ်ပေးပါ။ ပွက်ပွက်ဆူလာတာနဲ့ အရည်တွေကို သွန်ပစ်ပြီး ပြည်ကြီးငါးတွေကို ဇကာနဲ့ ဆယ်ယူပြီး အအေးခံထားပေးပြီး အေးတဲ့အခါ ပြည်ကြီးငါးတွေကို အရွယ်တော်လေး လှီးပေးပါနော်။ ပြီးရင် ငါးပိစိမ်းစားကို မီးကင်ပေးပါနော်။ ငရုတ်သီးစိမ်းတွေကိုလည်း အညှာချွေ၊ ရေဆေးပြီး ရေစစ်ပေးထားပါနော်။  ပြီးရင် ဒယ်အိုးထဲမှာ ငရုတ်သီးစိမ်းတွေကို ထည့်ပြီး မီးနွေးနွေးနဲ့ လှော်ပေးပါ။ ငရုတ်သီးစိမ်းတွေ နွမ်းခြောက်လာပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချပြီး ငရုတ်သီးတွေကို ထောင်းပေးပါ။ တစ်လက်စတည်း ကက်သွန်ဖြူသုံးမွှာကို အခွံနွှာပြီး မညက်တညက်လေး ထောင်းပေးပါ။ ပြီးရင် ငရုတ်ကောင်းစေ့လှော်တွေကိုလည်း ထည့်ထောင်းပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲမှာ ပြည်ကြီးငါးတွေရယ်၊ အဆာပလာတွေရယ် အကုန်ထည့်ပါ၊ သံပရာရည်ရွှဲရွှဲလေး ညှစ်ထည့်ပြီး အားလုံးကို သမအောင် နယ်ပေးပါနော်။ ပြီးရင် အပေါ့အငန်အရသာကိုမြည်း လိုအပ်တာကို ထပ်ဖြည့်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ရှူးရှူးရှဲရှဲ ပြည်ကြီးငါးရခိုင် သုပ်လေးရပါပြီနော်။ ထမင်းပူပူလေးရယ်၊ ပြည်ကြီးငါးရခိုင်သုပ်စပ်စပ်လေးရယ်၊ ပင်စိမ်း၊ သခွားသီး၊ ဆတ်လတ်ရွက် စတဲ့အသီးအရွက်တွေရယ်၊ ရေနွေးကြမ်းပူပူလေးရယ်နဲ့ သုံးဆောင်ရင်ဖြင့် တကယ့်ကို စားလို့ကောင်းမှာ သေချာပါတယ်နော်။

တစ်ခါတလေ ဆီပြန်ဟင်းတွေကို စားရင်း ငြီးငွေ့လာတဲ့အခါ၊ နေမကောင်းချင်သလို ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတဲ့ အခါကျရင်တော့ ပြည်ကြီးငါး ရခိုင်သုပ်စပ်စပ်လေးကို သုပ်စားကြည့်ပါဦးလို့နော်။ 

ပြည်ကြီးငါးနဲ့ ပတ်သက်ပြီး ရေးပေးဖူးခဲ့တဲ့လင့်ခ်တွေကတော့ 
http://lulucooking.blogspot.com/2009/10/blog-post.html
ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်နဲ့ မြင်းခွာရွက်ဟင်းခါး
http://lulucooking.blogspot.com/2009/03/ps-p.html
ပြည်ကြီးငါးအဆာသွပ်
http://lulucooking.blogspot.com/2008/04/blog-post_25.html
ပြည်ကြီးငါးငပိချက်
http://lulucooking.blogspot.com/2007/08/blog-post_3119.html
ကန်ဇွန်းပြည်ကြီးငါးသုပ်
http://lulucooking.blogspot.com/2007/09/blog-post_7795.html
ပြည်ကြီးငါးကျောက်ပွင့်သုပ်

Sunday, February 7, 2010

ထမင်းကြော်၊ ကြက်သားကျောက်ပွင့်သုပ်၊ ဆေးဘဲဥသုပ်၊ ငါးဖယ်လုံးမုန်ညင်းစိမ်းဟင်းချို

4 comments




ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မြန်မာထမင်းဟင်း ချက်စားရတာ ငြီးငွေ့လာပြီဆိုတဲ့ မောင်နှမများအတွက် အလှည့်အပြောင်းလေးဖြစ်သွားရအောင် ထမင်းလေးကြော်မယ်၊ ကျောက်ပွင့်သုပ်လေးရယ်၊ ဆေးဘဲဥသုပ်လေးရယ်နဲ့ ငါးဖယ်လုံး မုန်ဟင်းစိမ်းဟင်းချိုလေး လုပ်စားကြရအောင်နော်။

ထမင်းကြော်နည်းကိုတော့ http://lulucooking.blogspot.com/2008/01/blog-post_19.html မှာ တစ်ခါ ရေးဖူးပါတယ်နော်။ ထမင်းကြော်ဖို့အတွက် လိုအပ်တာကတော့ ချက်ပြီးသား ထမင်း၊ ကြက်သား၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်မဆလာ၊ ကြက်ဥတစ်လုံးနဲ့ ဆီတို့ပါနော်။ ထမင်းကို အတုံးလိုက်ဖြစ်မနေဘဲ ပွပွလေးဖြစ်အောင် မွထားပေးပါနော်။ ကြက်သားကို ရေစင်အောင်ဆေး ပါးပါးလေးတွေလှီးပြီး ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပေးထားပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေစင်အောင်ဆေးပြီး သေးသေးနုတ်နုတ်လေးတွေဖြစ်အောင် လှီးပေး ထားပါ။ ဘိုစားပဲကိုလည်း ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါနော်။ ကြက်သွန်မြိတ်ကိုလည်း ရေဆေး၊ ရေစင်အောင်ခါပြီးတော့ ခပ်ပါးပါးလေး လှီးပေးထားပါနော်။ ကြက်ဥကိုလည်း ဆားလေးနည်းနည်း တရုတ်မာဆလာလေးနည်းနည်းနဲ့ သေသေချာချာ ခေါက်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် ဆီနည်းနည်းထည့်၊ ဆီပူလာပြီဆိုတာနဲ့ ကြက်သွန်နီကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီစိမ်းနံ့ပျောက်ပြီး နွမ်းလာပြီဆိုတာနဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သားနူးလောက်ပြီဆိုရင် လှီးထားတဲ့ မုန်လာဥနီကိုထည့်ပြီး ကြော်ပေးပါ။ မုန်လာဥနီ ကျက်ခါနီးလောက်မှာ လှီးထားတဲ့ ဘိုစားပဲကိုထည့်ပြီး ခပ်မြန်မြန်လေး ကြော်ပေးပါ။ တဆက်တည်းဆိုသလို ခေါက်ထားတဲ့ ကြက်ဥကိုလည်း ထည့်ကြော်ပေးပါ။ ကြက်ဥကျက်တာနဲ့ တပြိုင်နက် ထမင်းကိုထည့်ပြီး အသီးအနှံအသားတွေနဲ့ ထမင်းကို နှံ့အောင် မွှေပေးပါ။ မီးပြင်းပြင်းလေးနဲ့ ခပ်မြန်မြန်လေးမွှေပြီး ကြော်ပေးပါ။ ထမင်းသား လေးတွေ ခပ်တောင့်တောင့်ဖြစ်လာတာနဲ့ အပေါ့အငံကိုမြည်းပါ။ အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုတာနဲ့ ပါးပါးလှီးထားတဲ့ တရုတ်နံနံပင်လေးတွေကိုအုပ်ပြီး မွှေပေးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ထမင်းကြော်လေး ရပါပြီနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ပွင့်၊ ကြက်သားရင်အုံသား၊ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ငရုတ်သီးစိမ်း၊သံပုရာသီး၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊သကြားတို့ပါနော်။

ကျောက်ပွင့်ကို ရေနဲ့ ၁၀ မိနစ်လောက် စိမ်ထားလိုက်ပြီးတော့မှ ရေနွေးပွက်ပွက်ဆူထဲကို ၃ မိနစ်လောက် ပြုတ်လိုက်ပါတယ်။ ကျောက်ပွင့်သား ပိုပွလာအောင်ရယ်၊ စားလို့ ပိုကောင်းအောင်ရယ်ပေါ့နော်။ ပြီးရင် ကျောက်ပွင့်တွေကို ဆယ်ယူပြီးတော့ ရေခဲရေထဲ စိမ်ထား၊ ပြီးတော့မှ အနေတော်လေးတွေ ရအောင် ကပ်ကြေးလေးနဲ့ ညှပ်ယူပေါ့နော်။

ကြက်သားကိုလဲ ရေစပ်စပ်လေးနဲ့ ဆား၊ သကြား၊ ငံပြာရည်၊ အချိုမှုန့်၊ သကြားလေး နည်းနည်းထည့်ပြီးပြုတ်ထားလိုက်ပါတယ်။ စစချင်း ကြက်သားထဲက ထွက်လာတဲ့ ရေခမ်းသွားအောင် အရင်တည်ပေးပါနော်။ ပြီးတော့မှ ရေကို နည်းနည်းချင်းစီထည့်ပြီး ရေလည်းခမ်း ကြက်သားလည်းနူးတဲ့အထိ ပြုတ်ပေးပါနော်။ ပြီးရင် ကြက်သားတွေကို အအေးခံပြီး အရွယ်တော်လေးတွေ ရအောင် လှီးထားပေးပါနော်။

ပြီးတော့ ကြက်သွန်ဖြူကို အခွံနွှာပြီး နုတ်နုတ်စင်းထားလိုက်တယ်။ ငရုတ်သီးတောင့်ကို အညှာချွေရေဆေးပြီး ရေနွေးပွက်ပွက်ဆူထဲ ဆားနည်းနည်းခပ်ပြီး ငရုတ်သီးတောင့်တွေ ထည့်လိုက်ပါနော်။ တစ်မိနစ်လောက် ကြာရင် ငရုတ်သီးတောင့်တွေကို ပြန်ဆယ်လိုက်ပါ နော်။ (ရေနွေးနဲ့ ပြုတ်လိုက်သလိုလုပ်တာပါ၊ ဆားထည့်လိုက်တဲ့အတွက် ငရုတ်သီးတောင့် အရောင်စိမ်းတာ မပျက်တော့ဘူးလေနော့်)။ ပြီးတော့မှ ငရုတ်သီးစိမ်းတွေကို မညက်တညက်လေး ထောင်းပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ကျောက်ပွင့်ရယ်၊ ကြက်သားရယ်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထောင်း၊ ဆား၊ သကြား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ သံပုရာရည်လေး ညှစ်ထည့်ပြီးတော့ သမအောင် မွှေပေးပါ။ အရသာက ချိုချဉ်ငံစပ် လေးပါနော်။ ကိုယ်နှစ်သက်တဲ့အရသာဘက်ကို ကဲပြီးထည့်နော်။ ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကြက်သားကျောက်ပွင့်သုပ်လေး ရပါပြီနော်။

ဆေးဘဲဥသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆေးဘဲဥ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ သကြား၊ တရုတ်နံနံနဲ့ သံပရာသီးတို့ပါနော်။

ဆေးဘဲဥကို အခွံနွှာပြီး အစိပ်လေးတွေ စိပ်လိုက်ပါနော်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ တရုတ်နံနံအရိုးတို့ကို မညက်တညက် ထုထောင်းပြီး ရလာတဲ့ paste ကို သီးသန့်ဖယ်ထားပါ။ ပြီးရင် ပန်းကန်လုံးလေးတစ်ခုထဲကို ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အပျစ်အကျဲ နှစ်မျိုးလုံးကို ရေနွေးလေးနဲ့ စပ်ဖျော်ပြီး အဲ့ဒီအထဲကို ခုနက ထောင်းထားတဲ့အနှစ်လေးကို ထည့်လိုက်ပါနော်။ ပြီးတော့ သံပရာရည်ရွှဲရွှဲလေးညှစ်ပြီးတော့ ဆေးဘဲဥတွေကို အစိတ်လေးတွေ လုပ်ထားတဲ့ ပန်းကန်ထဲ ထည့်ပြီး ရောမွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်စပ်အရသာနဲ့ ဆေးဘဲဥသုပ်လေး ရပါပြီနော်။

ငါးဖယ်လုံးမုန်ညင်းဟင်းချိုကတော့ ငါးဖယ်ကို ချင်း၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်ထည့်ပြီး ထောင်းပါ။ ပြီးရင် အလုံးလေးတွေရအောင် လုံးပေးထားပါ။ မုန်ညင်းစိမ်းကိုလည်း ရေစင်အောင်ဆေးပြီး နှစ်လက်မအရွယ်လေးတွေ ဖြတ်ထားပေးပါ။ အားလုံးအသင့်ဖြစ်ရင် အိုးတစ်လုံးထဲ ရေထည့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူအောင် တည်ပေး ပါ။ ဟင်းရည်အိုးဆူရင် ကြက်သွန်ဖြူ ဓားပြား ရိုက်ထည့်၊ ဆူအောင်ထပ်တည်၊ ပီးရင် ငါးဖယ်လုံးထည့်ပါ၊ ငါးဖယ်လုံးလေးတွေက ကျက်ပြီဆိုရင် ဟင်းချိုအိုးအပေါ်ကို တက်လာတာကိုတွေ့ရမယ်နော်။ ပြီးရင် မုန်ညင်းစိမ်းကိုထည့်ပြီး ဆူအောင် ထပ်တည်၊ အပေါ့အငံ အရသာကို မြည်းပါ။ အရသာ ကြိုက်ပြီဆိုရင်တော့ ငါးဖယ်လုံး မုန်ညင်းစိမ်းလေးနဲ့ ဟင်းချိုပူပူမွှေးမွှေးလေး ရပါပြီနော်။ စားခါနီးကျ ငရုတ်ကောင်းမှုန့်လေး ခပ်သောက်ပေါ့နော်။

မြန်မာထမင်းဟင်း စားရတာ တစ်ခါတလေရိုးအီသွားတဲ့အခါ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုံလို့၊ မိသားစုတွေ ပိတ်ရက်မှာ အားလို့ တစ်ယောက်တစ်လက် ၀ိုင်းဝန်းကူညီပြီး ချက်ပြုတ်ကြမယ်ဆိုရင်တော့ အခုလို ထမင်းကြော်၊ အသုပ်လေးနဲ့ ဟင်းချိုလေးနဲ့ တွဲဖက်ပြီး ချက်ပြုတ် စားသောက်ကြည့်ကြပါဦးနော်။

ချစ်သောမောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

Saturday, January 23, 2010

အသုပ်သည်လက်သစ် လုလု

11 comments


ရေခဲမှိုလို့လည်းခေါ်တဲ့ ကျောက်ပွင့်
ကျွန်မ အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါလ်မြို့လေးကို Training Program တစ်ခုအတွက်နဲ့ သုံးလကြာနေရဖို့ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ညက ရန်ကုန်ကနေ စပြီး ထွက်ခဲ့ရတယ်။ ဒီတစ်ခေါက် ပြည်ပခရီးစဉ် ဟာ ကျွန်မအတွက် အတော်လေး ကသုတ်ကရက်နိုင်လွန်းလှတယ်။ အလုပ်တွေ များလွန်းလှတာကြောင့် ခရီးထွက်မယ့်နေ့အထိ ကျွန်မ ရုံးတက်နေရတုန်းပါပဲ။ ရုံးကနေ လုပ်ဖော်ကိုင်ဖက် မောင်လေး၊ ညီမလေးတွေက အစုံပလုံစိအောင် လျှောက်ပြီး စီစဉ်ပေးတာတောင်မှ ဘာလက်ဆောင်ပစ္စည်းမှတောင် ၀ယ်ခဲ့ဖို့ အချိန်မရခဲ့ဘူး။ ဒါပေမယ့် မြန်မာအစားအစာကို တစ်ရက်မစားရရင် မနေနိုင်တဲ့ ကျွန်မ မြန်မာအစားအစာတွေကို ၁၀ ကီလိုလောက် သယ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လည် ၁၂ ခွဲလောက်မှာ ဂျာကာတာလေဆိပ်ကိုရောက်တယ်၊ လေဆိပ်မှာ ကျွန်မ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ လာကြိုကြပြီး ကျွန်မကို ဘိုဂေါလ်မြို့လေးကို ကားနဲ့ ခေါ်ပေးခဲ့တယ်။ လေဆိပ်ကနေ အလုပ်ကို ရောက်တော့ နေ့လည် ၂ နာရီ ၄၅ မိနစ်ရှိနေပြီနော်။ ရောက်ရောက်ချင်းမှာပဲ ကျွန်မကို လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးရဲ့ အိမ်မှာ အိမ်ခန်းစီစဉ်ပေးထားတယ်လို့ ကျွန်မအလုပ်က ဒါရိုက်တာက ပြောတဲ့အတွက် နေရေးထိုင်ရေးအတွက် ကျွန်မ စိတ်ပူပင်သောက သက်သာခဲ့ရပါတယ်။

အလုပ်ကနေ အိမ်ရောက်တော့ ကျွန်မရဲ့ အိမ်ရှင်က ညစာကို သူစီစဉ်ထားပါတယ်လို့ ပြောတော့လေ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ထမင်းကို တစ်နေ့လုံးမှာ တစ်နပ်လေးမှ မစားလိုက်ရရင် မတင်းတိမ်တဲ့ ကျွန်မရဲ့ မကောင်းတဲ့အကျင့်။ ထမင်းစား ချိန်မှာ သူတို့က ကျွန်မက အင်ဒိုနီးရှား အစားအစာတွေနဲ့ ဟင်းတွေ အစုံနဲ့ ကျွေးပါတယ်။ ဒါပေမယ့် ထမင်းကလေ တကယ့်ကို ကြောင်စာလေးမှ ကြောင်စာလေးပဲ။ အဲ့ဒီထမင်းနဲ့ ကျွန်မ ဘယ်လိုမှ မတင်းတိမ်နိုင်ဘူးလေ။ ဗိုက်အရမ်းဆာတဲ့အချိန် ငါးပိရည်လေးနဲ့ နယ်စားလိုက်ရမယ်ဆိုရင် သူတို့ ထည့်ပေးတဲ့ ထမင်းက ကျွန်မ သုံးလုပ်စာလောက်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မလေ ရှိသမျှ အသီးအရွက်တွေ အကုန်ထိုင်စားပစ်လိုက်တယ်။ ရှေ့လူတွေနောက်လူတွေ ကျွန်မ မကြည့်နိုင်တော့ဘူး။ ကျွန်မရဲ့ ၀မ်းထဲက အရမ်းကို မွတ်သိပ်နေပြီလေ။

အဲ့ဒီညက ကျွန်မရဲ့ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက် မောင်နှမတွေကို ကျွန်မ မေးလ်ပို့ခဲ့တယ်၊ ထမင်းမ၀တဲ့အကြောင်း ကိုပေါ့။ ထမင်းအရမ်းကြိုက်တဲ့ကျွန်မ၊ မြန်မာမုန့်ကလွဲရင် ကိတ်မုန့်၊ ပေါင်မုန့်၊ ပီဇာ ဘာကိုမှ မခုံမင်တဲ့၊ မနှစ်သက်တဲ့ ကျွန်မကို သနားကြားတယ်၊ စိတ်လည်း မကောင်းဖြစ်မိတယ်တဲ့။ ကျွန်မလည်း အိမ်ရှင်ကို ညနေ ရုံးဆင်းတော့ ပြောပြတယ်၊ ကျွန်မ ဆန်ရယ်၊ ထမင်းပေါင်းအိုးရယ် ၀ယ်ချင်ပါတယ်၊ ဟင်းသီးဟင်းရွက်နဲ့ ဟင်းချက်စရာ အသားငါးတွေ ၀ယ်ချင်ပါတယ်လို့လေ။ အိမ်ရှင်က ကျွန်မကို ဆန်မ၀ယ်ပါနဲ့၊ သူ့အိမ်မှာ ရှိတာကို စားပါလို့ပြောတယ်။ ကျွန်မ မနေနိုင်တော့ပါဘူး၊ ကျွန်မက ထမင်းစားကြီးတယ်ဆိုတဲ့အကြောင်း၊ မနေ့ညက ကျွန်မ ထမင်းမ၀ဘူးဆိုတဲ့အကြောင်းကို ရှက်ရှက်နဲ့ ပြောပြရပါတော့တယ်။ အဲ့ဒီတော့မှ အိမ်ရှင်လည်း ကျွန်မကို စိတ်ကြိုက်ဝယ်ခွင့်ပေးပါတော့တယ်။

ကျွန်မက ဆီပြန်ဟင်းတွေနဲ့စာရင် ဘာဖြစ်ဖြစ် အသုပ်တွေစားရတာကို ကြိုက်တယ်။ ဘာတွေ့တွေ့ အသုပ်ကောက်သုပ်ပစ် လိုက်တာပဲ။ အဲ့ဒါကြောင့်မို့ မြန်မာကလာကတည်းက ကျောက်ပွင့်၊ ကြက်နားရွက်မှို၊ ငွေနှင်းမှိုခြောက်အပြင် အစားအသောက်တွေ အစုံသယ်လာခဲ့တာ။ လက်ပံပွင့်ခြောက်နဲ့ ဆီးသီးခြောက်တောင် ပါသေးတယ်။ နောက်ရက်တွေကျမှ ချက်ပြီးရင် မောင်နှမတွေကို မျှဝေပေးဦးမယ်နော်။

အင်ဒိုနီးရှားရောက် ဒုတိယမြောက်ရက်မှာတော့ ကျွန်မရဲ့ ညစာကို အသုပ်နဲ့စားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ၀ယ်လာတဲ့ ကြက်သားကို ဆေးကြောသန့်စင်ပြီး ဆား၊ သကြားအနည်းငယ်နဲ့ နယ်ပါတယ်။ ပြီးတော့မှ ဒယ်အိုးထဲ ထည့်ပြီး ကြက်သားကို လှော်လိုက်ပါတယ်။ ကြက်သားထဲကနေ အရည်တွေထွက်လာပါလိမ့်မယ်၊ အဲ့ဒီအရည်ကုန်သွားပြီဆိုတော့မှ ရေလေးနည်းနည်းချင်းစီထည့်၊ ဒယ်အိုး အဖုံးအုပ်ပြီး ရေအားလုံး ခမ်းသွားပြီး ကြက်သားကျက်တဲ့အထိ တည်ပေးပါ တယ်နော်။ ရေခမ်းသွားပြီဆိုရင်တော့ ကြက်သားတွေကို ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး အအေးခံထားပါတယ်။

ကြက်သားကိုလည်း အသားမျှင်လေးတွေ ရအောင် နွှင်ယူပါတယ်။

ကြက်သား ပြုတ်ထားစဉ်မှာ ကျောက်ပွင့်၊ ကြက်နားရွက်မှိုနဲ့ ပဲကြာဆံတို့ကို သီးသန့်စီ ရေစိမ်ပါတယ်။ ပြီးတော့ ရေနွေး ပွက်ပွက်ဆူထဲကို ပဲကြာဆံအရင်ထည့်ပြုတ်ပါတယ်၊ ကြာဆံနူးပြီဆိုရင် ကြွက်နားရွက်မှိုနဲ့ ကျောက်ပွင့်ကို ထည့်ပြုတ်ပါတယ်။ ပြီးတော့မှ အားလုံးကို ရေအေးအေးနဲ့ သေချာဆေးပြီး အနေတော်အရွယ်လေးတွေဖြစ်အောင် ဖြတ်တောက်ပေးပါတယ်။

မုန်လာဥနီကိုလည်း ပုံစံမျိုးစုံ စိတ်ကူးတည့်ရာလျှောက်လှီးပြီးထည့်ပါတယ်။ ကြက်သွန်ဖြူ ၃ မွှာနဲ့ ကြက်သွန်နီ ခပ်သေးသေး တစ်လုံးလောက်ကိုလည်း ပါးပါးလှီးပြီး ထည့်လိုက်ပါတယ်။ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံ နည်းနည်းစီ လှီးထားပါတယ်။ သံပရာသီးလေးတွေလည်း စိတ်ထားပါတယ်။ ငရုတ်သီးကတော့ အိမ်ကနေ သယ်လာတဲ့ ငရုတ်သီး အလှော်မှုန့်ရယ်၊ ဒီက ငရုတ်သီးရယ်ကို နည်းနည်းစီ မျှထည့်ဖို့ ပြင်ထားပါတယ်။

အားလုံးအသင့်ဖြစ်တော့ ဇလုံတစ်လုံးထဲကို အပေါ်က အဆာပလာတွေ အကုန်ထည့်ပါတယ်၊ ငံပြာရည် ထည့်ပါတယ်။ ဆားရယ်၊ သကြားအနည်းငယ်လည်း ထည့်ပါတယ်၊ သံပရာရည်ညှစ်ထည့်ပြီး အားလုံးကို ရောနယ်ပါတယ်။ အရသာအပေါ့အငန်ကို မြည်းပြီး လိုအပ်တာထပ်ဖြည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးနဲ့ တရုတ်နံနံလေး ဖြူးထည့်ပါတယ်။

ကျွန်မက ထမင်းပူပူလေးကို အဲ့ဒီအသုပ်နဲ့ ရေနွေးကြမ်းနဲ့ စားတာကို ကြည့်ပြီး ကျွန်မ အိမ်ရှင် မိသားစုက အသုပ်ကို မြည်းကြည့်ချင်တယ်လို့ ပြောပါတယ်။ မြည်းပါဆိုတော့ သူတို့လည်း ပန်းကန်လေးတွေနဲ့ ထည့်ပြီး မြည်းတယ်၊ပြီးတော့ သူတို့ သိပ်ကြိုက်တယ်လို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ပြီးတော့ ဟင်းသီးဟင်းရွက်၊ အသား အစုံအပြည့်အစုံပါပြီး အချိန်ကုန် လည်း သက်သာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ နောက်ရက်ကျရင် ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို မြည်းဖို့ သုပ်သွားပါလား လို့လည်း အကြံပေးပါတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း နောက်နေ့ ရုံးသွားတော့ နေ့လည်စာအတွက် အသုပ်သုပ်သွားပါတယ်။ အားလုံးက အသုပ်ကို ကြိုက်လို့ဆိုပြီး ၀ိုင်းပြီးအားပေးကြတယ်။ ပြီးတော့ မြန်မာအစားအစာတွေ စားဖူးရအောင် တစ်နေ့လောက် ပါတီလုပ်ရ အောင်ဆိုပြီး ပြောလာတော့ ၂၀-၀၁-၁၀ ရက် (ဗုဒ္ဓဟူးနေ့)မှာ ပါတီလေး လုပ်ဖြစ်ခဲ့တာပါနော်။

မြန်မာအစားအစာစစ်စစ်တော့ မဟုတ်ခဲ့ပေမယ့် သူတို့တောင်းဆိုတဲ့အတိုင်း ကျောက်ပွင့်ပဲကြာဆံ ကြက်သားသုပ်နဲ့အတူ တခြားသောအတွဲအဖက်များနဲ့အတူ အင်ဒိုနီးရှားရောက် မြန်မာအသုပ်သည်လက်သစ် ကျွန်မလုလုရဲ့ လက်ရာလေးတွေနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ (သူတို့က ကြက်သွန်ဖြူကြက်သွန်နီကို အသုပ်ထဲ ထည့်ရင် အနံ့ပြင်းလို့ဆိုပြီး မစားတတ်လို့ ပါတီနေ့က အသုပ်မှာ မထည့်ဘဲ သုပ်ခဲ့ပါတယ်။) အချိုပွဲကတော့ ပြောင်းဖူးကျောက်ကျောပေါ့။

အသားတွေငါးတွေနဲ့ ဟင်းပွဲကြီး မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်လှပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး diet လုပ်ချင်တဲ့သူတွေ အတွက် အဆင်ပြေစေတယ်လေ။ အခုတော့ ကျွန်မရဲ့ အင်ဒိုနီးရှား အမေအိမ်မှာ နေ့တိုင်း အဲ့ဒီအသုပ်ကို မဖြစ်မနေ သုပ်ပေးနေရ ပါတယ်။ သူတို့ သိပ်ကြိုက်တယ်ဆိုလို့ ကျွန်မလည်း ၀မ်းသာလှပါတယ်။ ကလေးနှစ်ယောက်က ကျွန်မဟင်းချက်ပြီဆို အနားမှာ ရစ်သီရစ်သီလုပ်နေပါတယ်၊ ဘာဟင်းချက်မလဲ စောင့်ကြည့်နေပြီး ကျက်တာနဲ့ စားပါတော့တယ်၊ မြန်မာပြည်က သယ်လာတဲ့ ဘာလချောင်ကြော်လည်း သူတို့က မုန့်လိုပဲ စားကြတော့ ကုန်ပြီနော်။ မနက်ဖြန်တောင် ထပ်ကြော်ပေးရဦးမယ်။

တကယ်တော့ အစားအသောက်ချက်ပြုတ်ကျွေးမွေးရတာလည်း ကုသိုလ်ကောင်းမှုတစ်မျိုးပါပဲလို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ပီတိဖြစ်မိရင်း အသက်ရှင်နေသေးသရွေ့ ကျန်းမာရေးနဲ့ ညီညွတ် မျှတအောင် နေထိုင်စားသောက်နိုင်မယ့် ဟင်းလျာလေးတွေကို ကြိုးစားချက်ပြုတ်ပြီး ကျွန်မချစ်သော မောင်နှမများအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား မျှဝေပေး သွားပါမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ ကျန်းမာမှလည်း လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာ မဟုတ်လားနော်။

ချစ်သောမောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

Sunday, November 1, 2009

ကျီးမနိုးပွဲညအတွက် ဟင်းလျာ

6 comments
အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မ စာမေးပွဲလည်း ဖြေပြီးပါပြီ၊ အောင်စာရင်းတော့ မထွက် သေးတော့ အောင်၊ မအောင်တော့ မသိသေးပါဘူးနော်။ ဒီကြားထဲ အလုပ်များတာကတစ်ကြောင်း၊ ကျော်နေ ခွနေတဲ့လင့်ခ်ကလည်း အခြေအနေမပေးတာနဲ့ ဘလော့ဂ်ကို ခပ်ခွာခွာနေရသလိုဖြစ်ခဲ့ပါတယ်နော်။
ကျီးမနိုးပွဲ (သူခိုးကြီးည)လို့လည်း လူသိများကြတဲ့ညမှာ တောရွာတွေမှာတော့ ကာလသားတစ်သိုက် အပျော် အနေနဲ့ တစ်ယောက်အိမ်က ပစ္စည်းကို တစ်ယောက်မသိအောင် ၀ှက်ကြ၊ နေရာရွှေ့ကြ လုပ်တတ်ကြပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ညမှာ ကျီးမနိုးပွဲကို အပျော်သဘောနဲ့ ကာလသား၊ ကာလသမီးတွေ အုပ်စုလေးတွေဖွဲ့ပြီး လုပ်တတ်လေ့ရှိပါတယ်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် သူ့အဖွဲ့နဲ့ သူချက်ကြ ပြုတ်ကြနဲ့ ပြီးတော့ လိုက်ပြီး ဝေငှစားသောက်ကြရတာ ပျော်စရာပါ။
အဲ့ဒီနေ့ညမှာ သူငယ်ချင်းများနဲ့ စုပြီး ချက်ပြုတ်စားသောက်နိုင်ဖို့ ဟင်းလျာလေးတွေ မျှဝေပေးလိုက်ပါ တယ်နော်။ ချက်မယ့်ဟင်းလျာတွေကတော့ ကြက်သားကာလသမီးချက်၊ ငါးဖယ်ကြက်သွန်နီကြော်၊ ဆီးဖြူသီး ထောင်း၊ မဲဇလီဖူးသုပ်၊ ပေါက်ပန်းဖြူရွက်သုပ်၊ ဟင်းခါးနဲ့ အချိုပွဲအဖြစ် အုန်းစိမ်းဆွမ်းမွှေးပင်ပွား ကျောက်ကျောတို့ပါနော်။

ကြက်သားကာလသမီးချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား၊ ဗူးသီး၊ ငရုတ်သီးအပုပွတောင့်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအနည်းငယ်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ နနွင်းနဲ့ ဆီတို့ပါနော်။ (ကာလသမီးချက်မှာက စပါးလင်နဲ့ ငရုတ်သီးစိမ်း ထည့်ပါတယ်)
ကြက်သားကို ရှေးဦးစွာ သန့်စင်အောင် ဆေးကြောပြီး ဆားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ နှံ့အောင် နယ်ပေးထားပါ။ ဗူးသီးကို အခွံနွှာ၊ ရေဆေးပြီး လက်နှစ်လုံးအရွယ်လေး တွေ လှီးပေး ထားပါ။ စပါးလင်ကို ရေဆေး၊ ပါးပါးလှီးပြီး ညက်အောင်ထောင်းပါ။ ငရုတ်သီးအပုပွတောင့်ကို ကပ်ကျေးနဲ့ညှပ်၊ အစေ့ထုပ်ပြီးပြီး ရေနွေးနဲ့ သေချာဆေးပြီး ထောင်းပါ။ ပြီးလျှင် ငရုတ်သီးထောင်းထဲသို့ ချင်း၊ ကြက်သွန်ဖြူ၊ နီ တို့ကို အခွံနွှာ ရေဆေးပြီး ထည့်ထောင်းပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်အနည်းငယ် ထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်စပါးလင်တို့ကို ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ကြက်သားတွေကို ထည့်ပြီး အားလုံးသမအောင်မွှေပြီး အဖုံးအုပ်ပေးထားပါ။ ကြက်သားထဲက ထွက်လာတဲ့ရေနဲ့ ကြက်သားကို လုံးသလိုဖြစ်သွားပါမယ်။ ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုရင် ရေထပ်ထည့်ပြီး တည်ပါ။ (မိမိသုံးထားတဲ့ ကြက်သား အမျိုးအစားပေါ်မူတည်ပြီး ရေထည့်တဲ့ပမာဏကွာနိုင်ပါတယ်။ မြန်မာကြက်ဆိုရင်တော့ နူးအောင် အတော်လေး အချိန်ယူပြီးတည်ရပါတယ်။ မွေးမြူရေးကြက်ဆိုရင်တော့ ရေအများကြီးထည့်ဖို့ မလိုပါဘူးနော်)။ ဒုတိယတစ်ရေ ခမ်းပြီဆိုရင်တော့ ဗူးသီးထည့်ပြီး သမအောင်မွှေ၊ အဖုံးအုပ်ပြီး ဆက်တည်ပေးပါ။ ဗူးသီးနူးလောက်ပြီဆိုရင်တော့ အပေါ့အငန်မြည်းပြီး လိုတဲ့အရသာထပ်ဖြည့်ပါ။ အရသာကြိုက်ပြီဆိုရင် တော့ ငရုတ်သီးစိမ်းလေးတွေကို
ဓားပြားရိုက်ပြီး ဟင်းအိုးထဲထည့်ခပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ စပါးလင်၊ ငရုတ်သီးစိမ်းနံ့သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ ကြက်သားကာလသမီးချက်လေး ရပါပြီနော်။
ငါးဖယ်ကြက်သွန်နီကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးဖယ် ၃၀ ဆယ်ကျပ်သား၊ ကြက်သွန်နီ ၁၀ကျပ်သား၊ ဆားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ချင်း၊ ကြက်သွန်ဖြူနဲ့ ဆီ တို့ပါနော်။
ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာ ရေဆေးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပေးထားပါ။ ငရုတ်ဆုံထဲသို့ ချင်းကို အရင်ထည့်ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူကိုထည့်ထောင်းပြီး မညက်တညက်အချိန်မှာ ငါးဖယ်၊ ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ကိုထည့်ထောင်းပါ။ ငါးဖယ်ထောင်းလို့ စေးပိုင်လာပြီဆို ရင်တော့ ငါးဖယ်မကိုင်မီ လက်ကို ရေစင်အောင်ဆေး၊ ခြောက်အောင်သုပ်ပြီးတော့မှ လက်ကို ဆီဆွတ်လိုက်ပါ။ ပြီးရင် ဘေးနားမှာ ဇလုံသေးလေး တစ်ခုနဲ့ ရေအနည်းငယ်ထည့်ပေးထားပါ။ ပန်းကန်ပြားတစ်ချပ်ထဲသို့ငါးဖယ် များကို ထည့်ပြီး လှီးထားတဲ့ကြက်သွန်နီများနဲ့ ရောနယ်ပေးပါ။ အားလုံးသမပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ အရွယ်အစားအတိုင်း အ၀ိုင်းပြားလေးတွေ ပြားပေးပါ။ (ငါးဖယ်ကိုင်တဲ့အခါ လက်မှာ စေးကပ်သွားတတ်တဲ့ အတွက် ငါးဖယ်ဝိုင်းရ မခက်ရလေအောင် ရေဇလုံလေးထဲက ရေကို ဆွတ်ဆွတ်ပြီး ၀ိုင်းပေးပါနော်။)

ငါးဖယ်တွေ အားလုံး ရပြီဆိုရင်တော့ မီးဖိုပေါ် ဆီအိုးတင်၊ ဆီထည့်၊ ဆီကျက်ပြီဆိုတာနဲ့ ငါးဖယ်တွေ ထည့် ကြော်ပါ။ ငါးဖယ်ကြော်နေတဲ့အချိန်မှာ မီးကို အသင့်အတင့်နဲ့ပဲ ထားပြီးကြော်ပေးပါနော်။ နောက်မဟုတ်ရင်
အပြင်ကတူးပြီး အထဲက မကျက်ဘဲ နေမှာစိုးလို့ပါနော်။ မီးကို သတိထားပြီး ငါးဖယ်များကို ကြော်ပေးပါ။ တစ်ဘက်တည်း နီရဲလာအောင် မစောင့်ဘဲနဲ့ အကျက်ညီအောင် မကြာခဏ ဟိုဘက်ဒီဘက်လှန်ပေးပါနော်။ ကြက်သွန်နီပါတဲ့အတွက် ကြက်သွန်နီတွေ အရမ်းမတူးအောင်လည်း သတိထားရတာမို့ ကြော်တဲ့အခါ မီး အတိုးအလျော့ကို အရမ်းဂရုစိုက်ပြီး ကြော်ပေးပါနော်။ ငါးဖယ်ကြော်လေးတွေ ရွှေအိုရောင်ပြောင်းလာပြီ ဆိုရင်တော့ ဒယ်အိုးထဲကနေဆယ်ယူပြီး ဇကာထဲ ထည့်စစ်ထားပေးပါနော်။ ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ပြောင်းထည့်လိုက်ပါနော်။ ကြက်သွန်နီပါတဲ့အတွက် အနံ့ရော အရသာပါ လေးလေးပင်ပင် ရှိတဲ့အပြင် ငါးဖယ်ချည်းသပ်သပ်ကြော်သလို မာမနေဘဲ စားရတာ အလွန်အရသာ ရှိလှပါတယ်။ ထမင်းဖြူ လေးနဲ့ပဲ စားစား၊ ဟင်းခါးပူပူ ဒါမှမဟုတ် ရေနွေးကြမ်းလေးနဲ့ပဲဖြစ်ဖြစ်၊ အစ်ကိုမောင်တို့အကြိုက် ဘီယာလေး နဲ့ပဲ ဖြစ်ဖြစ် အလွန်လိုက်ဖက်လှပါတယ်နော်။
ဆီးဖြူသီးထောင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီးဖြူသီး နို့ဆီတစ်ဗူး၊ ငရုတ်သီးစိမ်း လက်ဆစ်ဆုပ် (အစပ်စားနိုင်သလောက်ထည့်ပါ)၊ ကြက်သွန်ဖြူ အမြွှာကြီး ၁၀ မွှာ၊ မြေပဲနဲ့ နှမ်း အနည်းငယ်စီ (မကြိုက်လို့ မထည့်ရင်လည်းရပါတယ်)၊ ပုစွန်ခြောက်အနည်းငယ်၊ (သတ်သတ်လွတ်ထောင်းစားချင်ရင် မထည့်ပါနဲ့)၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။
ဆီးဖြူသီးတွေကို သန့်စင်အောင် ရေဆေးပြီး ဓားထက်ထက်နဲ့ ထက်ခြမ်းခွဲပြီး အထဲက အစေ့ကို ထုတ်ပစ်ပါ။ ငရုတ်သီးစိမ်းများကို ရေဆေး၊ အညှာချွေပေးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပေးထားပါ။ မြေပဲနဲ့ နှမ်း တို့ကို လှော်ပေးထားပါ။ ဆီးဖြူသီးများကို အိုးတစ်လုံးထဲထည့်ပြီး အသီးများမြုပ်အောင်ရေထည့်ပြီး ပြုတ်ပေးပါ။ ပွက်ပွက်ဆူလာပါက ပထမရည်ကို သွန်ပစ်လိုက်ပါ။ (အရမ်းဖန်တဲ့ဓာတ်တွေ ထွက်သွားရအောင်လို့ပါ။) ပြီးရင် ရေအနည်းငယ်ထည့်ပြီး ရေခမ်းပြုတ်ပေးပါ။ ရေခမ်းပြီဆိုရင်တော့ ဆီးဖြူသီးတွေကို ပန်းကန်တစ်ချပ်ထဲ ထည့် ပေးထားပါ။ ငရုတ်သီးစိမ်းများကိုလည်း အိုးကင်းပူလှိမ့်နိုင်သလို ပြုတ်လိုက်လည်း ဖြစ်ပါတယ်။

အားလုံးအသင့် ဖြစ်ရင် ငရုတ်ဆုံထဲကို ပုစွန်ခြောက်ကို အရင်ထောင်းပါမယ်။ ပုစွန်ခြောက်ပြီးရင် ကြက်သွန်ဖြူ ထည့်ပါ။ ပြီးရင် မြေပဲနဲ့ နှမ်းလှော်တို့ကိုထည့်ထောင်းပါ။ သူတို့ မညက်တညက် ဖြစ်လာပြီဆိုရင် ငရုတ်သီး စိမ်း၊ ဆီးဖြူသီးတို့ကိုထည့်ပြီး ထောင်းပါ။ အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ကို ထည့်ပြီး အားလုံးသမအောင် ထောင်းပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်ဖန်စပ်လေးနဲ့ ဆီးဖြူသီးထောင်းလေး ရပါပြီ နော်။ ကြာကြာအထားခံရအောင် ဆီးဖြူသီးထောင်းအပေါ်မှာ ပဲဆီမွှေးမွှေးလေး ဆမ်းလိုက်ပါနော်။ ဆီပြန်ဟင်း များနဲ့ လိုက်ဖက်လှတဲ့ ဆီးဖြူးသီးထောင်းလေးပါနော်။
မဲဇလီဖူးသုပ်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့ မဲဇလီဖူး၊ ပုစွန်ခြောက်၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
မယ်ဇလီဖူးကို ခူးပြီးတဲ့အခါ သန့်စင်အောင် ရေနဲ့ ဆေးကြောပေးပါ။ ပြီးတော့မှ မီးဖိုပေါ်မှာ အိုးတစ်လုံးတင်၊ ရေတစ်ဝက်သာသာလောက်ထည့်၊ ပြီးရင် မယ်ဇလီဖူးတွေထည့်ပြီး ပြုတ်ပါ။ ပထမတစ်ရည် ပွက်ပွက်ဆူလာရင် အဲ့ဒီရေတွေကို သွန်ပစ်ပြီးတော့မှ နောက်တစ်ရေ ထပ်ထည့်ပြီး ထပ်တည်ပေးပါ။ သုံးကြိမ်မြောက် ရေလဲပြီးတဲ့ အခါကျရင်တော့ မယ်ဇလီအဖူးတွေကို နူးအောင် ပြုတ်ပေးပါ။ (ခါးတာကြိုက်ရင်တော့ ၂ ကြိမ်မြောက်ရေလဲ ပြီးတဲ့ အခါနူးအောင်ပြုတ်လို့ရပါပြီ)။
မယ်ဇလီဖူးပြုတ်ထားတဲ့ အချိန်မှာ ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေး၊ ထက်ခြမ်းခြမ်း ပါးပါးလှီးပေး ထား ပါ။ မြေပဲနဲ့ နှမ်းကို လှော်ပေးထားပါ။ မယ်ဇလီဖူးပြုတ် နူးပြီဆိုရင်တော့ ရေတွေငှဲ့ပစ်ပြီး မယ်ဇလီဖူးတွေ ကို ဇကာနဲ့ ရေစစ်ပေးထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊
ပြီးတော့ ကြက်သွန်နီတွေ ထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပါ။ တဖြည်းဖြည်း မွှေနေရင်းနဲ့ ကြက်သွန်လေး တွေ ရွှေဝါရောင် ပြောင်းပြီဆိုရင် မီးဖိုပေါ်ကနေ ဒယ်အိုးချပြီး ကြက်သွန်နီဖတ်လေးတွေကို အမြန်ဆယ်ယူပါ။ ဆီကိုတော့ ဒယ်အိုးထဲမှာပဲ အအေးခံလိုက်ပါနော်။ ပုစွန်ခြောက်ကို မညက်တညက်ထောင်းပါ။ ပြီးရင် မြေပဲနဲ့ နှမ်းကိုလည်း မညက်တညက်လေးတွေ ဖြစ်အောင်ထောင်းပေးပါ။ မယ်ဇလီဖူးလေးတွေကိုလည်း ငရုတ်ဆုံထဲ
ထည့်ပြီး ကြေသွားအောင် နည်းနည်းထောင်းလိုက်ပါ။ (ညက်စရာမလိုပါဘူး) အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို မယ်ဇလီဖူး၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ကြက်သွန်နီဆီချက်တို့ကို ထည့်ပြီး အားလုံးသမအောင် ရောနယ်ပေးပါ။ ပြီးရင် အပေါ့အငံမြည်းပြီး လိုအပ်တဲ့အရသာထပ်ဖြည့်ပါ။ (အစပ် ကြိုက်ရင်တော့ ငရုတ်သီးစိမ်းလေးတွေပါ ပါးပါး လှီးထည့်ပြီး ရောသုပ်ပေးပါနော်) အမှန်တကယ်တော့ ဆေးပေါင်းခတဲ့ည (တန်ဆောင်မုန်းလပြည့်ည) မှာ စားကြတဲ့အသုပ်လေးပါနော်။ ခါးဆိမ့်သက် အရသာလေးနဲ့ မယ်ဇလီဖူးသုပ်လေးပေါ့။
ပေါက်ပန်းဖြူရွက်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့ ပေါက်ပန်းဖြူရွက်၊ ခရမ်းချဉ်သီးတစ်လုံး၊ ဆီချက်၊ ပုစွန်ခြောက်မှုန့်အနည်းငယ်၊ မြေပဲလှော်နှင့် နှမ်းလှော်ထောင်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။
ပေါက်ပန်းဖြူရွက်များကို ရေနွေးပွက်ပွက်ဆူထဲတွင် ထည့်ပြုတ်ပေးပါ။ အရွက်ပြုတ်ထားတဲ့အချိန်မှာ အိုးအဖုံး မအုပ်ပါနဲ့။ ပြီးရင် အရွက်တွေကို ဆယ်ယူပြီးတော့ ရေအေးအေးနဲ့ ဆေး၊ အရည်တွေ စင်အောင်ညှစ်ပြီး
ခပ်ပါးပါးလေးတွေရအောင် လှီးပေးပါ။ ခရမ်းချဉ်သီးကိုပါးပါးလှီးပေးပါ။ ဆီချက်နဲ့ အခြားအဆာပလာများ ကတော့ အသင့်ရှိပြီးသားမို့ မပြောတော့ဘူးနော်။
အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို ပါဝင်ပစ္စည်းအကုန်ထည့်ပြီး နှံ့အောင်နယ်ပေးပါ။ အရသာ အဆိမ့်ကို ကြိုက်နှစ်သက်သူတွေအတွက် မြူရွက်သုပ်လေးနဲ့ တူလှပါတယ်။ အချဉ်အရသာပါမှ ကြိုက်မယ် ဆိုရင်တော့
ရှောက်ရည် သို့မဟုတ် သံပုရာရည်လေးထည့်ပြီး သုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မြူရွက်သုပ် အလွမ်းပြေ ပေါက်ပန်းဖြူရွက်သုပ်လေး ရပါပြီနော်။
ဟင်းခါးအတွက်ကတော့ ကြက်ရိုးလေးရယ်၊ ငါးဖယ်လုံးအနည်းငယ်ကို ဟင်းရည်တည်ပါတယ်။ ဟင်းရည် ပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်း ထောင်းထည့်ပြီး တည်ပေးပါ။ ဟင်းရည်အိုး နည်းနည်း ကျလာပြီဆိုရင် ပဲပြားလိပ်လေးရယ်၊ ကြာဇံလေးအနည်းငယ်ရယ်၊ ဂေါ်ဖီဖတ် အနည်းငယ်ရယ် ထည့်လိုက် ရုံပါပဲနော်။ ပွက်ပွက်ဆူပြီဆိုရင် အပေါ့အငံအရသာမြည်း၊ လိုတဲ့အရသာကို ထပ်ဖြည့်ပြီး ဟင်းအိုးချလိုက်ရုံ ပါပဲနော်။ လွယ်လည်းလွယ်တယ်၊ သောက်လို့လည်းကောင်းတဲ့ဟင်းခါးလေးပါနော်။
အချိုပွဲအတွက်ကတော့ လုပ်ရတာလည်းလွယ်ကူပြီး စားလို့လည်းကောင်းမယ့် ဆွမ်းမွှေး အုန်းစိမ်း ပင်ပွား ကျောက်ကျောလေး လုပ်စားကြရအောင်နော်။
လိုအပ်တာတွေကတော့ ဆွမ်းမွှေးရွက်၊ ပင်ပွား၊ အုန်းစိမ်း၊ သကြား၊ ဆားအနည်းငယ်နဲ့ ကျောက်ကျောမှုန့်တို့ ပါနော်။ လူရိုင်းခေါင်းတံဆိပ် 25 ဂရမ်ကျောက်ကျောတစ်ထုပ်ဆိုရင် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ညီမျှပါတယ်။
အဲ့ဒီကျောက်ကျောတစ်ထုပ်ဆိုရင် သကြား ၂၅ ကျပ်သားနဲ့ ရေတစ်လီတာခွဲသုံးရပါမယ်။
ဆွမ်းမွှေးရွက် (pandan leaf) ၅ ရွက်ကို ပါးပါးလှီး၊ ကြိတ်ပြီးတော့ ရလာတဲ့အရည်ကို ညှစ်ယူပေးထားပါ။ ပင်ပွားတွေကို ရေစိမ်ပေးထားပါ။ သကြားနဲ့ ရေလီတာဝက်ကို အရင်ရောကျိုပြီး ရေစစ်နဲ့ စစ်ပေးလိုက်ရင်
သကြားထဲမှာ ပါလာတတ်တဲ့ အမှိုက်သရိုက်တွေကို သန့်စင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးတော့မှ အိုတစ်လုံး ထဲကို ကျောက်ကျောမှုန့်ရယ်၊ သကြားရည်ရယ်၊ အုန်းစိမ်းရည် တစ်လီတာရယ်၊ ဆားအနည်းငယ်တို့ကို ထည့်ပြီးကျိုပါ။ ကျိုရင်းနဲ့ ပွက်လာပြီဆိုရင် ဆွမ်းမွှေးရွက် အရည်ကိုထည့်ပါ။ ပြီးတော့မှ ပင်ပွားတွေကိုထည့် ကျိုပါ။ ကျောက်ကျောခဲဖို့ အသင့်ဖြစ်၊ မဖြစ်သိရအောင်လို့ ပန်းကန်တစ်ချက်ထဲကို ကျောက်ကျောအနည်းငယ် ထည့်ပြီး အအေးခံကြည့်ပါ။ ခဲလောက်ပြီဆိုတာနဲ့ ဗန်းထဲ ဒါမှမဟုတ် ပုံစံခွက်လေးထဲကို လောင်းထည့်ပေးပါ နော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဆွမ်းမွှေးအုန်းစိမ်းပင်ပွားကျောက်ကျောလေး ရပါပြီနော်။
ကျီးမနိုးပွဲညမှာ ချစ်မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

Sunday, October 4, 2009

ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်နှင့် မြင်းခွာရွက်ဟင်းခါး

10 comments
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့ အိမ်သစ်ဖွင့်ပွဲလေးအနေနဲ့ ကျွန်မရဲ့ မောင်နှမများကို ပြည်ကြီးငါးကျောက်ပွင့်သုပ်နဲ့ မြင်းခွာရွက်ဟင်းခါးလေး ကျွေးပါမယ်နော်။
ပြည်ကြီးငါးကျောက်ပွင့်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး၊ ကျောက်ပွင့်၊ ကြွက်နားရွက် မှိုခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်း၊ ငပိစိမ်းစား၊ မရမ်းပြား၊ နံနံပင်နဲ့ ဟင်းခတ် မှုန့်အနည်းငယ်တို့ပါနော်။
ပြည်ကြီးငါးကို သန့်စင်အောင် ဆေးကြောပြီးရင် ဆားလေးနဲ့ နယ်ပေးထားပါ။ ကြက်နားရွက်မှိုကို ရေနွေးပွက်ပွက်ဆူထည့် ထည့်စိမ်ပြီး ပွလာအောင်ရော၊ သန့်ရှင်းသွားအောင်ရော လုပ်ပေးပါ။ ကျောက်ပွင့် (ရေခဲမှို) ကိုလည်း ရေနွေးပွက်ပွက်ဆူထဲ ထည့်စိမ်ပါ။ (ကြွက်နားရွက်မှိုနဲ့ ရေခဲမှိုကို ရေအေးနဲ့ စိမ်လည်း ရပါတယ်။ အခုက အသုပ်ထဲ ထည့်သုပ်မှာဆိုတော့ ရေနွေးပွက်ပွက်ဆူနဲ့ စိမ်လိုက်ရင် မှိုတွေပွအား ကောင်းလာသလို ကျက်ပြီးသားလည်း ဖြစ်သွားတာပေါ့နော်)။ မှိုတွေ ပွလာပြီဆိုရင်တော့ ကြွက်နားရွက်မှိုကို ခပ်ပါးပါးလှီး၊ ရေခဲမှိုကိုလည်း ခပ်သေးသေးအဖတ်လေးတွေရအောင် ဖဲ့ယူထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံသင်၊ ရေဆေးပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး မွှန်တာတွေ ကင်းစင်သွားအောင် ရေနဲ့ ဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းကို မညက်တညက်လေး ထောင်းပေးထားပါ။ ငရုတ်သီးစိမ်းအနည်းငယ်ကိုလည်း မီးသင်းပြီး ထောင်းပေးထားပါ။ ငရုတ်သီးညက်ပြီဆိုရင် မရမ်းပြားလေးတွေပါ ထည့်ထောင်းပေးပါနော်။ နံနံပင်ကိုလည်း သန့်ရှင်းရေးလုပ်ပြီး လှီးပေးထားပါ။ သံပရာသီးစိတ်လေးတွေလည်း အသင့် လုပ်ပေးထားပါ။ ငပိစိမ်းစားလေးကိုလည်း မီးကင်ပေးထားပါနော်။
ပြည်ကြီးငါးကို အနံ့မနံအောင်လုပ်ဖို့ကတော့ မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ရေနွေးပွက်နေအောင် တည်ပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုရင် ရေနွေးထဲကို သံပုရာရည်အနည်းငယ် ညှစ်ထည့်လိုက်ပါ။ ပြီးရင် ပြည်ကြီးငါးတွေကို ထည့်လိုက်ပြီး ခဏအဖုံးအုပ်ပြီး တည်ပေးပါ။ ပွက်ပွက်ဆူတာနဲ့ ပြည်ကြီးငါးဖတ်တွေကို ပြန်ဆယ်ယူလိုက်ပါ နော်။ အဲ့ဒါဆို ညှီနံ့မနံတော့သလို ပြည်ကြီးငါးတွေကလည်း ပျော့အိမနေဘဲ ၀ါးရတာ ထုတ်ထုတ်လေးနဲ့ စားလို့ကောင်းမှာနော်။ ရလာတဲ့ ပြည်ကြီးငါးတွေကို ခပ်ပါးပါးလှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ပြည်ကြီးငါး၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှို၊ ကြက်သွန်နီ၊ ငရုတ်သီးမရမ်းပြားထောင်း၊ ကြက်သွန်ဖြူငရုတ်ကောင်းထောင်း၊ ငါးပိစိမ်းစား၊ နံနံပင်နဲ့ ဟင်းခတ်မှုန့် အနည်း ငယ်တို့ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ပြည်ကြီးငါး ကျောက်ပွင့်ရခိုင်သုပ်လေး ရပါပြီနော်။
အရည်သောက်အနေနဲ့ကတော့ ဆေးဖက်ဝင်လှတဲ့ မြင်းခွာရွက်ဟင်းခါးလေးပါနော်။ လိုအပ်တဲ့ပစ္စည်းတွေ ကတော့ မြင်းခွာရွက်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ငံပြာရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။
မြင်းခွာရွက်ကို သန့်စင်အောင် ဆေးကြောထားပြီး ၃ လက်မအရှည်အရွယ်လေးတွေ ဖြတ်ပေးထားပါ။ ပုစွန် ခြောက်နဲ့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပေးထားပါ။ ဒန်အိုးတစ်လုံးထဲ ရေအသင့်အတင့်ထည့်ပါ။ ပြီးရင် ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူထောင်းထားတာကို ထည့်ပြီးတော့ မီးဖိုပေါ်တည်ပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင် ဟင်းရည်ကျအောင် ခဏစောင့်တည်ပေး၊ ပြီးရင် မြင်းခွာရွက်ကို ခပ်လိုက်ပြီး ပွက်ပွက်ဆူအောင် ထပ်တည်ပေးပါ။ ဆူပြီဆိုတာနဲ့ အပေါ့အငံမြည်း၊ ငရုတ် ကောင်းမှုန့်လေးခပ်ပြီး ဟင်းအိုးကို မီးဖိုပေါ်က ချလိုက်ပါနော်။ မဟုတ်ရင် မြင်းခွာရွက်ထဲက အစိမ်းရောင် အရည်တွေထွက်ပြီး ဟင်းခါး မည်းသွားမှာစိုးလို့ပါနော်။
မြင်းခွာရွက်မှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဘက်ဝင်အာနိသင်တွေကိုလည်း မောင်နှမများ အတွက် မျှဝေလိုက်ပါတယ်နော်။
မြင်းခွာရွက်တွင် ကယ်လ်စီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီတို့ ပါဝင်၏။ မြင်းခွာရွက်ကို အစိမ်းအတိုင်းဖြစ်စေ၊ သုပ်၍ဖြစ်စေ စားသုံးကြသကဲ့သို့ ချက်နည်းအသွယ်သွယ်နှင့်လည်း ချက်ပြုတ်စား သောက်ကြ၏။ မြင်းခွာရွက်ကို အစိမ်းအတိုင်းစားသုံးပါက ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းပေးထားနိုင်၏။ ဖျော်ရည် လုပ်သောက်ပါက ကျန်းမာရေးအတွက် အားတိုးဆေးတစ်လက် ဖြစ်စေသကဲ့သို့ သွေးတိုးရောဂါကိုလည်း ပျောက်ကင်းစေနိုင်၏။
မြင်းခွာရွက်ကို စားသုံးခြင်းဖြင့် သွေးသန့်စင်ခြင်း၊ အနာများကို အကျက်မြန်စေခြင်း၊ စိတ်မတည်မငြိမ်ဖြစ်မှုကို သက်သာစေခြင်း၊ မျက်လုံး အမြင်အာရုံကောင်းမွန်စေခြင်း၊ မှတ်ဥာဏ်တိုးတက်ကောင်းမွန်စေခြင်း၊ အရေပြား တွင် အရေးအကြောင်းများမထင်စေဘဲ ပျိုမြစ်နုနယ်စေခြင်း၊ အဆစ်အမြစ် ကိုက်ခဲမှုကို သက်သာစေခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ကိုယ်ခံအား မြင့်တက်စေခြင်း၊ ဒဏ်ရာအနာများကို အကျက်မြန်စေခြင်း၊ စိတ်ပူပန်မှုကို လျော့နည်းစေခြင်း အစရှိသည့် ကောင်းကျိုးများရနိုင်၏။ ထို့အပြင် မြင်းခွာရွက်ကို အနာကြီးရောဂါသည်များ ရောဂါသက်သာပျောက်ကင်းစေရန် အတွက်လည်း အသုံးပြု၏။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက မြင်းခွာရွက်ကို အသည်းရောဂါဒေ၀နာရှင်များ၊ ကာလသားရောဂါ ဝေဒနာရှင်များ၊ အစာအိမ်ရောင်နာ ဝေဒနာရှင်များ၊ စိတ်ကျရောဂါဒေ၀နာရှင်များ၊ စိတ်ဖိစီးနေသည့် ဝေဒနာရှင်များ၊ ၀မ်းလျှောရောဂါဝေဒနာရှင်များနှင့် အဖျားရောဂါဒေ၀နာရှင်များကို ကုသပေးသည့်အခါ အသုံးပြုခဲ့ကြ၏။ ယနေ့ခေတ်တွင် မြင်းခွာရွက်ကို ခြေထောက်ရှိသွေးကြောများ သွေးလည်ပတ်မှု နှေးကွေးခြင်း ကို ခံစားနေရသည့် ဝေဒနာရှင်များအတွက်လည်းကောင်း၊ မီးလောင်နာနှင့် အနာများ အမြန်သက်သာ ပျောက်ကင်းစေလိုသည့် အခါတွင်လည်းကောင်း အသုံးပြုလာကြိ၏။။
မြင်းခွာရွက်ကို တစ်နေ့လျှင် အနည်းဆုံး နှစ်ရွက် စားသုံးပေးပါက အဆစ်အမြစ်နာရောဂါ ဖြစ်ခြင်းမှ သက်သာ ပျောက်ကင်းစေနိုင်သည်ဆို၏။ ခြေထောက်တွင် သွေးလည်ပတ်မှု နှေးကွေးသည့် ရောဂါဒေ၀နာရှင်များ အတွက်မူ မြင်းခွာရွက် ၃၀ မှ ၆၀ မီလီဂရမ်ကို တစ်နေ့လျှင် သုံးကြိမ်စားသုံးသင့်သည်ဆို၏။
ဒီအချက်အလက်လေးတွေကတော့ အင်တာနက်ကရတဲ့ အချက်အလက်များရယ်၊ The Food Pharmacy ဆိုတဲ့ စာအုပ်ထဲကအချက်အလက်တွေရယ် စုပြီး ရေးထားတာ ဖြစ်ပါတယ်နော်။
ချစ်သော မောင်နှမများအားလုံး အဆင်ပြေတဲ့အခါ ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်လေး သုပ်စားကြည့်ပါ ဦးနော်။