Showing posts with label မောင်နှမတို့ရဲ့ လက်ရာ. Show all posts
Showing posts with label မောင်နှမတို့ရဲ့ လက်ရာ. Show all posts

Friday, August 6, 2010

မာရီယာရဲ့ ၁၀၁ ကြိမ်မြောက် ဘိန်းမုန့်အောင်ပွဲ

7 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမထဲတွေက မာရီယာက ဘိန်းမုန့်လုပ်စားတာ အောင်မြင်သွားတဲ့အတွက် ပို့လာတဲ့ မေးလ်လေးကို မျှဝေပါရစေရှင်။ မာရီယာရဲ့ မေးလ်လေးထဲမှာ သူ့အတွေ့အကြုံတွေနဲ့ ဘိန်းမုန့်အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပုံလေးတွေကို ရေးပြထားပါတယ်နော်။ မာရီယာ့လက်ရာ ဘိန်းမုန့်လေးနဲ့ ရေနွေးကြမ်းလေးကို သုံးဆောင်ရင်း မာရီယာရဲ့ ၁၀၁ ကြိမ်မြောက် ဘိန်းမုန့်အောင်ပွဲလေးကို အားပေးဖတ်ရှုကြပါဦးနော်။

မလုလုရေ ဘိန်းမုန်.ကတော့ အောင်ပြီသွားပြီနော်။  အမပေးတဲ့ idea ကိုယူပြီးတော့ maria လုပ်တာပါနော်။ အမက ဆန်မှုန်.ကို ကျိုလို.ရတယ် လို. ပြောထားတော့ mariaလည်း ဘိန်းမုန်.ကိုပြန်လုပ်ဖို.ပြန်အားတက်သွားပါတယ်။ maria ဒီမှာလုပ်တာ လုံးဝကို မရတာပါ နော်။ နောက်မှ maria ဘယ်လိုလုပ်ရင် ဘိန်းမုန်.မဖြစ်တဲ့ အတွေ.အကြုံလေး ရေးပေးမယ် နော်။ အခုတော့ အောင်မြင်သွားတဲ့ ဘိန်းမုန်.အကြောင်းကို ရေးမယ်နော် အမ။

ပထမဦးဆုံး ချက်ပြီးသားထမင်းကိုနည်းနည်းယူပြီးကျိုလိုက်ပါတယ်။ maria မှာ ဘိန်းမုန်.မဖြစ်တဲ့ အတွေ.အကြုံရှိနေတော့ ဒီက ဆန်မှုန်.ကိုကျိုရင် အချဉ်မပေါက်မှာဆိုလို. ပါ။ maria ကတော့ ထမင်းကိုပဲသုံးလိုက်တာပါ။ ပြီးတော့မှ ဆန်မှုန်.နို.ဆီဘူးတစ်လုံးခွဲနဲ. ရောလိုက်ပါတယ်။ ထန်းညက်ရေ ထည့်ပါတယ်။ ဆားထည့်ပါတယ်။ နှပ်ထားလိုက်ပါတယ်။ လုပ်ခါနီးမှ maria ကြက်ဥတစ်လုံးထည့်ပါတယ်။ မုန်.လုပ်မယ့်ဗန်းကို ထောပတ်အနည်းသုပ် ပါတယ်။မုန်.နှစ်ထည့်ပါတယ်။ ပြီးတော့မှ အုန်းသီးကိုဖြူးပါတယ်။ ဘိန်းစေ့နဲ. မြေပဲစိမ်းကို ထည့်ပါတယ်။ မုန်.သားကို ပွလာရင်း သိသာပါတယ် အမ။ မုန်.သားမျက်နှာပြင် အပေါက် ကလေးတွေ ဖြစ်လာပါတယ်။ အောက်မျက်နှာပြင်သားရရင် မုန်.ကိုလှန်လိုက်ပါတယ်။ပြီးတော့ အပေါ်ကို နည်းနည်း အပူပေးပါတယ်။ အဆင်ပြေတယ်နော် အမ။ စားလို.လည်း ကောင်းပါတယ်။ မုန်.လည်းပွပါတယ်။ ဒါကတော့ maria ရဲ. အောင်မြင်သွားတဲ့ ဘိန်းမုန်. လုပ်နည်းလေးပါ။

          မအောင်မြင်တာကတော့
(1) ကြိမ်၊ ဆန်မှုန်.ကို ရေနဲ့ဖျော်တယ်။ ထန်းညက်နဲ.ရော ဆားထည့်။ ဆော်ဒါနဲ.ကြက်ဥ ထည့်ပါတယ်။ ဆားထည့်တာများလို.လားမသိဘူး၊ ငန်သွားတယ်။ 1နာရီနှပ်ထားတယ်နော် မဖြစ်ပါ။
(2) ကြိမ်၊ ပထမကြိမ်အချိုးကိုဘဲပြန်သုံးပါတယ်၊ နှပ်တဲ့ အချိန်ကို5နာရီထားပါတယ်၊ မဖြစ်ပါ။
(3) ကြိမ်၊ ဒီလောက်မဖြစ်တဲ့ ဘိန်းမုန်.ဆိုပြီးတော့ ဒီမှာတိုရှည် (ready make) အထုပ်ကို ၀ယ်ပြီး ထန်းညက်နဲ.ရောပါတယ်။ သူကလည်းဆန်မှုန်.ဆိုပြီးတော့လေ။ မဖြစ်ဘူး။
(4) ကြိမ်၊ ဆန်မှုန်.နဲ.ဂျူံမှုန်.ရောပါတယ်။ မဖြစ်ပါ။
(5) ကြိမ်၊ ဆန်မှုန်.ကို ပြောင်းဖူးမှုန်.နဲ.ရောပါတယ်။ မဖြစ်ပါ။
(6) ကြိမ်၊ ဒီလောက်မဖြစ်တဲ့ ဘိန်းမုန်.ဆိုပြီးတော့ ရန်ကုန်ကနည်းလိုပဲ ဆန်ကို ထမင်းကြမ်း နဲ့အတူစိမ်ပြီး တစ်ညသိပ်ပါတယ်။ food processor ကိုသုံးပြီးတော့ ရောကြိတ်ပါတယ်။ ဆန်မှုန်.တွေက အစေ့တွေဖြစ်နေပါတယ်။ အားမလျော့ပါဘူး ထန်းညက်ရေတွေနဲ. ရောပြီး လုပ်ပါတယ်။ မဖြစ်ပါ။
(7) ကြိမ်၊ pan cake အမှုန်.ကိုဝယ်ပြီးတော့ လုပ်ပါတယ်။ မုန်.က plant cake လုပ်ဖြစ်နေပါတယ်။ မုန်.ကို ညှပ်လိုက်ရင် မုန်.သား ဖွာပြီးတော့ ထွက်ပါတယ်၊ အဆင်မပြေပါ။ maria မကြိုက်ပါ။
နောက်ဆုံးတော့ ဆုတောင်းမိပါသည်၊ ကူညီမယ့်သူ ပေါ်လာပါစေဆိုတော့ maria ဆုတောင်းပြည့်ပါသည်။ မလုလု ရဲ. idea ကို သုံးလိုက်တော့ maria စိတ်တိုင်းကျ ဘိန်းမုန်. ရရှိသွားပါတယ်။
ယခုစာနဲ.အတူ မလုလုကို ကျေးဇူးအများကြီးတင်မိပါတယ်။ maria ရဲ. 101 ကြိမ်မြောက် ဘိန်းမုန်.အောင်ပွဲပါ။  ဟီး ဟီး။

Thursday, July 15, 2010

မုန့်စိမ်းပေါင်းမဖြစ်ရင် ကျွန်မအိပ်လို့ ပျော်မှာမဟုတ်ဘူးဆိုတဲ့ မာရီယာ့ 

11 comments

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။
ဒီနေ့တော့ မောင်နှမတွေထဲက မုန့်စိမ်းပေါင်းလုပ်လို့မှ မဖြစ်ရင်
အိပ်လို့မပျော်ပါဘူးဆိုတဲ့ Maria ရဲ့ မုန့်စိမ်းပေါင်းလုပ်နည်း လက်သစ်လေးကို
မောင်နှမတွေအတွက် မျှဝေလိုက်ရပါတယ်ရှင်။ ပြည်ပရောက်နေတဲ့ မောင်နှမများအတွက်
မာရီယာရဲ့ မုန့်စိမ်းပေါင်းလုပ်နည်းလေးနဲ့ အဆင်ပြေစေဖို့ပေါ့။
မလုလုရေ အစကနေပြောပြမယ်နော်။
ပထမတစ်ခါလုပ်တုန်းက ရေတွေနဲ.နယ်လိုက်တယ်။ပြီးတော့
ပေါင်းလိုက်တယ်။ဘယ်လောက်ပေါင်းမလဲ။ မသိတော့ အလုံးလိုက်ကြီးဖြစ်နေတယ်။ဘယ်လိုမှ
စကာချလို.မရဘူး။ မုန်.သားတွေက ထွေနေတာပေါ့နော်။ ကျွန်မသတိထားမိတာက
မုန်.သားတွေကို လက်နဲ.ချေလိုက်တော့ အပြင်ဘက်အသားက လုံးဝချေလို.မရ ဘူး။
အတွင်းသားနည်းနည်းက ချေလို.ရတယ်။ ဒါနဲ.ပဲ ပထမတစ်ခါ မလုလုဆီကို
လှမ်းပြီးအကူအညီတောင်း ခဲ့တယ်။
နောက်တစ်ခါလုပ်တော့ မုန်.သားကိုလုံးဝရေနဲ.မရောတော့ဘူး။
ဆန်မှုန်.ပဲသက်သက်ပေါင်းတယ်။ ပြီးတော့မှ ရေနဲ.နည်းနည်းချင်းရောတယ်။ ပြီးတော့
စကာချတယ်။ တစ်ခါတည်း ဒီဘက်မှာလည်း ရေနည်းနည်းပဲရောပြီ ပေါင်းတယ်။ စကာချတယ်။
ကျွန်မအထင် ဘာကွာလည်းဆိုတော့ ရေနည်းရောပြီးပေါင်းတာက စကာချတဲ့ အချိန်မှ
ရေနဲ.ထိထားတဲ့ မုန်.သားက လုံးနေတယ်။စကာချလို.မရဘူး။
အစေ့လေးတွေဖြစ်နေတာပေါ့နော်။ ဒါကြောင့်လွှင့်ပစ်ရတာများတယ်။
ဆန်မှုန်.ကိုအရင်းပေါင်းပြီးမှ အပြင်ရောက်မှ ရေရောပြီး စကာချတာက
မှူန်.သားလေးတွေက မွှမွှလေးတွေ ဖြစ်နေတယ်။ ဘာမှ မလွှင့်ပစ်ရဘူး။ နို.ဆီဘူး
တစ်လုံးလုပ်ရင် တစ်လုံးပြန်ရတယ်။ ပြီးတော့မှ ထန်းညက် ရည်နဲ.နယ်တယ် ဆားထည့်တယ်။
ပြန်ပေါင်းတာပေါ့နော်။ ပထမတစ်ခါတုန်းက ဆိုရင် မုန်.ကိုလည်း မနယ်ရဲဘူး။
မုန်.သားပျက်သွားမှာစိုးလို.ပါ။ ရေလည်းများသွားတယ် ။ပေါင်းတာလည်းခဏပဲ ဆိုတော့
မုန်.က မှောက်လိုက်တော့ မုန်.သားတွေက ကွာပြီးဆင်းလာတာပေါ့။
ဒုတိယ တစ်ကြိမ်လုပ်တော့ ပေါင်းတာ
နာရီဝက်လောက်ပေါင်းလိုက်တယ်။ မှောက်လိုက်တာနဲ. နို.ဆီခွက်ပုံ
ဖြစ်သွားတာပေါ့။ မုန်.စိမ်းပေါင်း ရန်ကုန်မှာကတည်း ကလုပ်ချင်နေတာ မလုလုက idea
ပေးလိုက်တော့ လုပ်ဖြစ်သွားတာပေါ့။
ကျေးဇူးပါပဲ မလုလုရေ။ မုန်.စိမ်းပေါင်း မဖြစ်ရင် ကျွန်မ
အိပ်လို.ပျော်မှာမဟုတ်ဘူး။အခုတော့ အိပ်ပျော်သွားပြီ။
Thanks a lots.
မေ့နေတယ်။အဖြူရောင်က အုန်းနို.အစဉ်သင့် မရှိလို. သကြားနဲ.ပဲလုပ်လိုက်တယ်။
ဒါကတော့ မာရီယာဆီကနေ ပို့လာတဲ့မေးလ်လေးကို မောင်နှမတွေအတွက်
မျှဝေလိုက်တာပါနော်။ ချစ်သော မောင်နှမတွေလည်း မာရီယာရဲ့ လက်ရာ
မုန့်စိမ်းပေါင်းလေးကို သုံးဆောင်သွားကြပါဦးနော်။
မုန့်စိမ်းပေါင်းလုပ်နည်းလင့်ခ်လေးက http://lulucooking.blogspot.com/2008/01/blog-post_26.html မှာပါနော်။ မာရီယာရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းပြီး စမ်းသပ်ကြည့်ကြပါဦးနော်။

Wednesday, January 23, 2008

ကော်ပြန့်စိမ်း

1 comments
ကျွန်မရဲ့ချစ်မောင်နှမတွေအတွက် စားဖိုမှူးကြီး ဂျေရဲ့ ကော်ပြန့်စိမ်း summer roll နဲ့ ဧည့်ခံပါရစေဦးနော်။ ကော်ပြန့်စိမ်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ပြောပြပါရစေဦးနော်။ ၀က်သား - ကီလိုဝက်၊ စိမ်းစားဥ (၁.၅လက်မအရွယ်) - ၅လုံး၊ ကြက်သွန်ဖြူ - ၄မြွှာ၊ ဆား - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)၊ အချိုမှုန့် - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)၊ ပဲငံပြာရည်အကျဲ - ၂ဇွန်း၊ ကြက်သွန်နီမိတ် - ၅ပင် (၃ပင်ကို စိတ်၍ လိပ်တဲ့အထဲထည့်ပြီး ကျန်၂ပင်ကို ၂လက်မအရွယ် စိတ်၍ ကိုက်စားရန် သုံးပါသည်)၊ မုန်လာနီ (၄လက်မအရွယ်) - ၅ဥ၊ ဂေါ်ဖီထုပ် - (စိပ်ထားသော မုန်နာနီနှင့် ပမာဏတူ)၊ ဘိုစားပဲ - (စိပ်ထားသော မုန်နာနီနှင့် ပမာဏတူ)၊ ပဲပင်ပေါက် - (စိပ်ထားသော မုန်နာနီနှင့် ပမာဏတူ) (ကြိုက်လျှင်ထည့်ပါ၊ ရေထွက်သောကြောင့်လည်းကောင်း၊ ရက်ကြာကြာထားစားမရသောကြောင့်စာရေးသူမသုံးပါ)၊ ဘဲဥ(ကြက်ဥ) - ၃လုံး ( ပွအောင် ခေါက်ထားပါ )။ ပြုတ်ထားသောဂဏန်း အသား - ၃ဇွန်း (အနံ့ အတွက်အဓိကဖြစ်ပါသည်။ ပိုထဲ့နိုင်လျှင် ချိုပါသည် အချိုမှုန့်ပင် မလိုပါ)။ ကော်ပြန့်ရွက်ကိုတော့ တိုရှည်နဲ့ ခပ်ဆင်ဆင်တူတဲ့ အာပုံကို သုံးမှာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်နေသူတွေ ကတော့ rice paper ကို သုံးနိုင်ပါတယ်နော်။အဆာအတွက်ကတော့ ၀က်သား ဒါမှမဟုတ် ကြက်သားကို သန့်စင်အောင် ရေဆေးပြီး ခပ်နုပ်နုပ်လေးတွေဖြစ်အောင် စင်းပေးပါ။ မုန်လာဥနီ၊ ကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ စိမ်းစားဥကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ ဂေါ်ဖီထုပ်ကိုလည်း သေသေချာချာ ရေဆေးပြီး ခပ်ပါးပါးလှီးပါ။ ဘိုစားပဲကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးထားပေးပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ရေစစ်ထားပေးပါ။ အားလုံးကို သီးသန့် ထားရမည် ဖြစ်ပါသည်။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပြီး နှပ်နှပ်စင်းပါ။ ပဲပြားတခုကို အချပ် ၈ချပ်ရအောင်စိတ်ပါ။ ဘဲဥကို ပွအောင် ခေါက်ထားပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ်သာထည့်ပြီး အိုးအနှံ့  ဆီရောက်အောင် လှည့်မွှေပေးပါ။ ခေါက်ထားသော ဘဲဥကို ထဲ့ပြီး ခေါက်မုန့် ပုံစံအပြားဖြစ်ရန် ဒယ်အိုးကို လှည့်ပေးးပြီး ကြွတ်အောင် ကြော်ပါ။ လိုအပ်လျှင် ဆီအပေါ်မှ နဲနဲ လူးပေးပါ။ ဆယ်ပြီးပုဂံပြားထဲထဲ့ထားပါ။ ဘဲဥအရည် အားလုံးကို အချပ်ဝိုင်းဖြစ်ရန် ကြော်ပြီးပါက ထပ်မံ ဆီထည့်ပြီး ပဲပြားကြော်ပါ။ ကြွပ်အောင်ကြော်လျှင် ၀ါးသောအခါ ပါးညောင်းပါသဖြင့် အနည်းငယ် ညိုရောင်သန်းလျှင်ဆယ်ပြီးဆီစစ်ထားပါ။ ပြီးလျှင် နုတ်နုတ်စင်း ထားတဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ နဲနဲဝါလာ ပြီဆိုတာနဲ့ နုတ်နုတ်စင်းထားတဲ့အသားနှင့် ဂဏန်းအသား တွေကိုထည့်ပြီး ကြော်ပြီး ဖယ်ထားပါ။ ပြီးရင် လှီးထားတဲ့ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲနဲ့ ပဲပင်ပေါက်တို့ကို တခုချင်းထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပြီး ပုဂံပြားထဲထည့်ထားပါ။ ဟင်းရွက်တွေ အရည်ထွက်လို့ ကုန်အောင် ချက်ပါတယ်၊ ပြီးလျှင် အားလုံးပြန်ရောပြီး အပေါ့အငံမြည်းပါသည်။ တခုချင်းကြော်ရခြင်းမှာ တချို့ ဟင်းရွက်များ အရည်ထွက်လွန်းသောကြောင့်လည်းကောင်း မုန်လာနီအရောင် တခြားဟင်းရွက်သို့ မစွန်းသွားရန် လည်းကောင်းဖြစ်ပါသည်။

ဘဲဥကြော် အပြားဝိုင်းများကို ၁လက်မအရွယ် အမျှင်များဖြစ်ရန် ပါးပါးလှီးစိတ်ပါ။ ပဲပြားကိုလည်း ပါးပါးလှီးစိတ်ပါ။ ပုဂံထဲတွင် သီးသန့် ထားပါ။ ပြီးတော့မှ အဆာတွေကို ဒယ်အိုးထဲကနေ အဆာတွေကို အိုးထဲတွင် အအေးခံ အရည်စစ်ရန်ထားပြီးမှ ပန်းကန်ပြားကြီးကြီးတစ်ချပ်ထဲ ဇွန်းဖြင့် အရည်စစ် ခပ်ယူထားပြီး အအေးခံထားပါ။

ပုဂံပြားထဲတွင် ကော်ပြန့်ရွက်တစ်ရွက် ခင်း၊ ဆလပ်ရွက်ထိပ်ပိုင်းကို ဖြန့် ခင်း ဆလပ်ရွက်ပေါ် အစာကို ဇွန်း၂-၃ဇွန်း ခပ်ထဲ့ပါ။ (ဟင်းရွက်များ အရည်ထပ်ထွက်သောကြောင့် အိုးကိုစောင်းပြီး အရည်စစ်ပါ (သို့ ) အပေါ်ယံအသားများကို ခရင်း၂ချောင်းဖြင့် အရည်ညှစ်ထဲ့ပါ။) အဆာများကို ညီအောင်ညှိထဲ့ပါ။ပဲပြားကြော်၊ ဘဲဥကြော်အမျှင်နှင့် အသားကြော်များအပေါ်မှ ထပ်ထဲ့ပါ၊ ကော်ပြန့် အဖတ်ကို ပထမ အောက်ခြေမှ အရွက်ပေါ်အုပ်ပါ။ အုပ်ထားသော အဆာရှေ့ ဘက်တွင် ပဲငါးပိ အပျစ် အချိုရည်ကို ဇွန်းသေးတ၀က်ခန့် ထည့်ပြီး လက်ဘက်ရည်ဇွန်းဖင်ဖြင့် အရှည်လိုက်ပွတ်ပါ။ ပြီးမှ ဘေး၂ဖက် အစွန်းကိုထပ်ခေါက်ပြီးလိပ်ပါ။ အဆုံးရောက်ခါနီးလျှင် ကော်ပြန့် သားကို ငရုတ်ရည် အနီရောင်သုတ်လိမ်းပြီးကပ်လိုက်ပါ။ကော်ပြန့် မှာ အဖြူရောင် အလိပ်တွင် အညိုရောင် အနီရောင် တကွက်စီဖြင့် လှပသွားပါမည်။

စားသောအခါတွင် ကြက်သွန်နီမိတ်ဖြင့်စားပါက ပိုမွှေးပါမည်။

Friday, January 4, 2008

ပြည် မလိုင်လုံး

2 comments
ကျွန်မကိုယ်တိုင် ပြည်ပကို နှစ်တိုလေးရောက်လိှု့ မြန်မာအစားအစာကို အငမ်းမရဖြစ်တဲ့အခါမှာ မြန်မာအစားအစာချက်ပြုတ်နည်းတွေကို သိချင်၊ တတ်ချင်ခဲ့ပါတယ်။ အဲ့ဒီလို ငတ်လာတဲ့အခါကျမှာ ကျွန်မတို့ တတ်သမျှ မှတ်သမျှနဲ့ မြန်မာအစားအစာတွေကို ချက်ကြတော့တာပါပဲနော်။ နောက်ပြီး ကိုယ်ကျင်လည်ရတဲ့ အသိုင်းအ၀ိုင်းမိတ်ဆွေတွေကြားမှာ ကိုယ့်နိုင်ငံရဲ့အစားအစာပါလို့ ချက်ပြီးကျွေးရတာလည်း ကျွန်မတို့အတွက် ဂုဏ်ယူစရာတစ်ခုအနေနဲ့ ရှိတတ်နေလေတော့လည်း ကျွန်မ မြန်မာအစားအစာတွေကို ကောင်းကောင်းမွန်မွန် ချက်တတ်ချင်လာတာပေါ့နော်။ နောက်ဆုံး ကျွန်မ အစားအစာပြိုင်ပွဲတွေမှာ ကိုယ့်နိုင်ငံကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်ခွင့်လေးတွေ ရလာတဲ့အခါကျတော့ ပိုပြီး ပီတိဖြစ်လာရသလို ကိုယ်ချက်လိုက်တဲ့အစားအစာကို စားလိုက်တဲ့သူတွေရဲ့ မျက်နှာပြင်မှာ ပီတိကျေနပ်တဲ့ပုံရိပ်လွှာလေးတွေကို မြင်လိုက်ရတဲ့အခါ ကျွန်မ နှလုံးသားတစ်ခုလုံး နွေးထွေးသွားပြီး အရမ်းကို ဂုဏ်ယူကျေနပ်မိခဲ့ပါတယ်။ ကျွန်မနဲ့ ၀ါသနာတူ မောင်နှမတွေ အနေနဲ့ ဟင်းချက်နည်းလေးတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်းဖြစ်ချင်တယ်ဆိုတော့ ကျွန်မလည်း မြန်မာအစားအစာချက်ပြုတ်နည်းတွေကို ဘလော့ဂ်တစ်ခုအနေနဲ့ တည်တည်တံ့တံ့ရှိစေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့ အခုအချိုပွဲလေးကိုတော့ ကျွန်မရဲ့ဘလော့ဂ်မောင်နှမ ကိုဂျေကြီးက မျှဝေလာတဲ့အတွက် ချစ်မောင်နှမတွေအချိုပွဲအတွက် ၀မ်းပန်းတသာမျှဝေလိုက်ပါတယ် နည်းပေးတဲ့ ကိုဂျေ ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့့်  ကောင်းရင် လုလုဖို့လဲ လာပို့ကြပါ ... မကောင်းရင် ကိုဂျေ့ကိုသွားရန်တွေ့ကြပါ့  လင့်ခ်ပါပေးထားပါတယ်ရှင့့်  ဟိ ဟိ (နောက်တာနော်ကိုဂျေ) :P
ကိုယ့်ဘာသာကိုယ် လုပ်မစားကြည့်ရသေးခင် ၀မ်းပန်းတသာနဲ့ လက်ဆင့်ကမ်းလိုက်ပါတယ်ရှင့့်  <
လိုအပ်သော ပစ္စည်းများ
- နို့ မှုန့်  ၁ခွက်
- ဂျုံမှုန့်  ၄ပုံ ၁ပုံ ခွက်
- နွားနို့  ၄ပုံ ၁ပုံ ခွက်- ထောပတ် ၃ဇွန်း
- ဘတ်ကင်ဆိုဒါ ၂ပုံ၁ပုံ (ကာဖီဇွန်းအသေး)
- သိကြား (သို့ ) သကြား ၁ခွက် (အချိုကို စိတ်ကြိုက်ထဲ့ပါ)

ပြင်ဆင်ခြင်း အဆင့်ဆင့်
- နို့မှုန့် ၊ဂျုံမှုန့် ၊ ဘတ်ကင်ဆိုဒါ ရှိသမျှ အမှုန့်များကို နံ့ စပ်အောင် ရောမွှေပါ။
- ခပ်နွေးနွေး ဖြစ်သော နွားနို့ ထပ်မံရောမွှေပြီး ၁၀မိနစ်ခန့်  အုပ်ထားရပါမည်။
- သကြားကို ကြိုထားရပါသည်
- မုန့် ဖတ်ကို နံ့ စပ်သွားအောင် နယ်ထားပါ။ ပြီးလျှင် ၁ကျပ်သားလုံးခန့် အလုံးများလုံးပါ၊
- မီးဖို တွင် ဆီအိုးကို အပူရှိန် အနည်းငယ် မီးအေးအေးဖြင့် တည်ထားပါ။
- မုန့် လုံးဖတ်များကို ဆီထဲတွင် မီးအေးအေးဖြင့် ညိုလာသည်အထိ လှိမ့်ပေးပြီး ကြော်ပါ။ - နီရဲကာ ညိုလာသောအခါ သကြားရည်ထဲတွင် စိမ်ထားရပါမည်။