Showing posts with label အကြော်အလှော်. Show all posts
Showing posts with label အကြော်အလှော်. Show all posts

Sunday, August 19, 2018

ပုစွန်ဘော့ချိတ်ကြော်

1 comments
လှော်ထားတဲ့ပုစွန်လေး
 ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ဖြူနီဆီသတ်
 ဆီသတ်နံ့မွှေးလာပြီ့ 
 လှော်ထားတဲ့ပုစွန်လေးတွေ ထည့်မွှေ့ 
စားလို့ရပါပြီ့ 

ချစ်သောမောင်နှ်မများအားလုံး မင်္ဂလာပါရှင့့် 
ဒီနေ့တော့ မိုးရာသီမှာ ပေါတဲ့ ပုစွန်ဘော့ချိတ်လေးကို ကြော်ကျွေးပါရစေနော့့် 
လိုအပ်တဲ့ပစ္စည်းတွေကတော့ သန့်ပြီးသား ပုစွန်ဘော့ချိတ် ၃၀ သား၊ ရိတ်ရိတ်ပါအောင်လှီးထားသော ကြက်သွန်နီအကြမ်းပန်းကန်၁ လုံး၊ မညက်တညက်ကြိတ်ထားသော ကြက်သွန်ဖြူ ထမင်းစားဇွန်း ၃ ဇွန်း၊ ငရုတ်သီးခွဲကြမ်း ထမင်းစားဇွန်း ၂ ဇွန်း၊ ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ ဆီ ၅ ကျပ်သား၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ နနွင်းမှုန့်အနည်းငယ်တို့ပါ။
သန့်ပြီးသား ပုစွန်ကို ရေစစ်ထားပြီး ဆား၊ ဟင်းခတ်မှုန့်နဲ့ နနွင်းမှုန့်အနည်းငယ်တို့နဲ့ နယ်ထားပါ။
ငရုတ်သီးကြက်သွန်ဖြူနီတို့ကို သမအောင် ရောထောင်းပါ့
အသင့်ဖြစ်ပြီဆိုရင် ဒယ်အိုးတည်ပြီး အပူပေးပါ့ ဒယ်အိုးတော်တော်လေး ပူလာပြီဆိုရင် ပုစွန်တွေ ထည့်ပြီး လှော်လိုက်ပါ့  ပုစွန်လေးတွေ အရောင်လေးတွေ ရဲလာတဲ့အခါ အထက်အောက် သမအောင် အသာအယာမွှေပေးပြီး ဇလုံတစ်လုံးထဲ ပြောင်းထည့်ပါ့ 

ပြီးရင် ဒယ်အိုးထဲဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်အနည်းငယ်ထည့်၊ ထောင်းထားတဲ့ ငရုတ်သီးထည့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်စီနဲ့ ငံပြာရည်ထည့်ပြီး ဆီသတ်ပါ့  ဆီသတ်တာလေးတော်တော်မွှေးပြီး ခြောက်လာပြီဆိုရင် ခုနက လှော်ထားတဲ့ ပုစွန်တွေကို ထည့်ပြီး မွှေပေးပါ့  တစ်ခါလှော်ထားပြီး ဖြစ်တဲ့အတွက် ပုစွန်ကနေ အရည်တွေလည်း ထပ်ထွက်မလာတော့ပါဘူ့း့  ပုစွန်ကလည်း လုံးဝကို ခြောက်ကပ်ပြီး အခွံမာ အသားခြောက်နဲ့ မာတောက်ကြီး ၀ါးရတာမျိုးလုံးဝမဟုတ်ဘဲ ပုစွန်အသားလေးရော အခွံလေးပါ အလွယ်တကူ လတ်လတ်ဆတ်ဆတ်နဲ့ ၀ါးစားလို့ကောင်းတဲ့အနေအထားလေးမျိုးရပါမယ့့်  ပုစွန်အရသာ ပိုရှိတာပေါ့နော့့်  ဒီလိုမျိုးပုစွန်ကြော်ကို ရှောက်သီး၊ ကြောင်လျှာသီးစိမ်းပါးပါးလှီးပြီးလည်း သုပ်စားလို့ကောင်းတယ်နော့့် 
ပုစွန်ကို ခြောက်နေတာမှ ကြိုက်တယ်ဆိုရင်တော့ ခြောက်နေအောင် ကြော်လို့လည်း ရပါတယ့့်  ဒီတစ်ခါ နလုကတော့ ပုစွန်လေးကို ဟင်းချက်စားသလို အနေအထားမျိုးလေးရအောင် ကြော်ထားတာပါ့ 
ဒီဟင်းလေးနဲ့ လိုက်ဖက်မယ့် အခြားဟင်းလျာတွေကတော့ ဟင်းသီးဟင်းရွက်သုပ်၊ ရာသီပေါ် ဟင်းသီးဟင်းရွက်စုံတို့စရာ၊ ဆီးဖြူ၊ သရက်၊ မရမ်း စတဲ့ ဆားရည်စိမ်တို့စရာ၊ ဟင်းရွက်ကြော်၊ ပဲနီလေးကြာဇံဟင်းရည်၊ ပဲကြီးဆူးပုတ်ဟင်းရည်၊ ကြက်ရိုးခွေးတောက်ဟင်းရည်၊  ဟင်းခါး၊ ချဉ်ပေါင်/ကင်ပွန်း/ကန်စွန်းမှန်ရောင်ဟင်းရည် အစရှိသဖြင့် မိသားစုဝင်တွေအကြိုက်လည်းဖြစ်စေမယ့် ဟင်းလေးတွေနဲ့ တွဲဖက်ချက်ပြုတ်စားသောက်နိုင်ပါတယ်နော့့် 

Friday, August 10, 2018

ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလား

0 comments



          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်   ဒီနေ့တော့ မောင်နှမတွေအတွက် ဆိမ့်မွှေးပြီး အရသာ အင်မတန်ရှိလှတဲ့ ငါးဥဘာလချောင်ကြော်လေး လုပ်ကျွေးပါဦးမယ်နော့့် 
          အခုလိုမိုးရာသီမှာ ငါးဥတွေ အရမ်းပေါပါတယ့့်  ငါးမြစ်ချင်းဥတွေ ဈေးတွေထဲမှာ အစိမ်းအတိုင်းရော ပြုတ်ပြီးသားရော အလွယ်တကူဝယ်လို့ရပါတယ်ရှင့့် 
          ငါးဥကို အဆိမ့်ကြော်၊ ငါးဥကြော်နှပ်၊ ငါးဥချက် အစရှိသဖြင့် ချက်ပြုတ်စားသောက်တတ်ကြပါတယ့့်  ငါးဥအဆိမ့်ကြော်လေးနဲ့ ထမင်းဖြူပူပူလေးနဲ့ နယ်ပြီး ငါးဥထမင်းသုပ်လည်း လုပ်စားကြသေးတယ်လေ့ 
          ဒီနေ့တော့ ငါးဥကို တစ်မျိုးလေးချက်စားကြရအောင်နော့့်  ငါးဥကို အနံ့ပြင်းလို့ မကြိုက်ကြတဲ့ သူတွေ အခုချက်ဖြစ်တဲ့ ဘာလချောင်ကြော်လေးဆိုရင်တော့ ကြိုက်မှာသေချာပါတယ်လို့ အာမခံပါရစေ့ 
          ငါးဥဘာလချောင်အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို အရင်ပြင်လိုက်ကြရအောင်နော့့် 
          ငါးဥ ၂၅ ကျပ်သား၊ မညက်တညက်ကြိတ်ထားတဲ့ ပုစွန်ခြောက် ၅ ကျပ်သား၊ ငရုတ်သီးခွဲကြမ်း ၅ ကျပ်သား (ပိုထည့်လည်းရ)၊ ဆီ ၁၅ ကျပ်သား၊ ကြက်သွန်ဖြူကြိတ်ပြီးသား ထမင်းစားဇွန်း ၃ ဇွန်းမောက်မောက်၊ ကြက်သွန်နီထောင်းပြီးသား ယောက်ချိုဇွန်း ၂ ဇွန်း၊ ဆားနဲ့ ဟင်းခပ်မှုန့်အနည်းငယ်၊ ငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း၊ နနွင်းမှုန့်အနည်းငယ်၊ သကြားအနည်းငယ်တို့ပါ့ 
          ငါးဥကို ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းငယ်၊ ကြက်သွန်ဖြူအရည်နည်းနည်းတို့နဲ့ အရသာသွင်းပေးပါ။ ပြီးလျှင် အရသာသွင်းပြီးသားငါးဥကို ဒယ်အိုးထဲထည့်၊ အပေါ်ကနေ ငါးဥမြုပ်အောင် ရေထည့်ပြီး ပြုတ်ပေးပါ။ ငါးဥလေးတွေပြုတ်တဲ့အခါ အိုးကပ်တတ်တာမို့ သတိထားပြီး ဟိုဘက်ဒီဘက်လှန်ပေးပါ။ ငါးဥကို ၅ မိနစ်လောက်ပြုတ်ရင် ရပါပြီ။ ပြုတ်ပြီးသား ငါးဥကို အအေးခံပြီး ခြေပေးပါ။
          ငရုတ်သီးခွဲကြမ်းနဲ့ ကြက်သွန်ဖြူနီတို့ သမအောင် ထောင်းထားပေးပါ။
          အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်နဲ့ ထောင်ထားတဲ့ငရုတ်သီး ကြက်သွန်တွေထည့် ဆီသတ်ပါ။ ငရုတ်သီးဆီသတ်နွမ်းလာပြီဆိုရင် ပုစွန်ခြောက်နဲ့ ခြေထားတဲ့ ငါးဥတို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။ အရသာအတွက် ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့် စတာတွေ ဖြည့်ပေးပါ။ ငါးဥနဲ့ ပုစွန်ခြောက်တို့အထဲ အရသာဝင်အောင် အထက်အောက် သမအောင်မွှေပေးပါ။ မီးအရှိန်ပုံမှန်နဲ့ အကြော်အိုးကို ဆက်မွှေပေးပါ။ စိုစိုအိအိလေးကို နယ်ဖတ်စားဖို့ ကြိုက်တတ်သူတွေအတွက်တော့ ကိုယ့်စိတ်ကြိုက်အနေအထား စိုအိလေးအချိန်ရောက်ရင် အကြော်အိုး ချလိုက်လို့ရပါတယ့့်  ရေနွေးကြမ်းနဲ့ မြည်းမယ်၊ နံနက်ခင်း အဆာပြေ ထမင်းကြော်၊ ထမင်းဆီဆမ်းပဲပြုတ်တို့နဲ့ စားမယ်ဆိုရင်တော့ မီးခပ်အေးအေးနဲ့ အချိန်ယူပြီး ခပ်ခြောက်ခြောက်လေးရအောင် ကြော်ပေါ့။ ရာသီပေါ် အသီးအနှံတွေကို အတို့အမြှုပ်အနေနဲ့ အစိမ်းဖြစ်ဖြစ်၊ အပြုတ်ဖြစ်ဖြစ်၊ ချဉ်ဖတ်လေးတွေ တွဲစားလည်း ထမင်းမြိန်တာပေါ့နော့်   တစ်ခါကြော်ရင် ၂ မျိုးစားလို့ရတာပေါ့နော့့် 
          ငါးဥတွေပေါတဲ့အချိန် ဒီလိုငါးဥဘာလချောင်လေးလုပ်စားတော့ ငွေကုန်ကြေးကျလည်းသက်သာ၊ ဟင်းတစ်မယ်လည်းတိုး ၊ ရာသီစာလေးကို တာရှည်အစားခံအောင်လုပ်ထားလို့ အဆောင်နေကျောင်းသား ကျောင်းသူတွေအတွက်လည်း အဆင်ပြေတယ်လေနော့့် 
          ဘာလချောင်ဆိုတော့ ဟင်းရံတစ်မျိုးဖြစ်တဲ့အတွက် တွဲဖက်စားလို့ရမယ့်ဟင်းလျာတွေကတော့ အများကြီးပဲနော့့်  မိသားစုအကြိုက် ဟင်းလျာတွေချက်ပြုတ်တဲ့အခါ ဒီလိုဘာလချောင်လေးတစ်ပွဲရှိထားရင်တော့ ဆီပြန်ဟင်းတွေ မစားချင်တဲ့အခါ ထမင်းဖြူပူပူလေးနဲ့လည်း တွဲစားလို့ရသလို အသုပ်လေးတွေ သုပ်တဲ့အခါလည်း ထည့်သုပ်ကြည့်နော့့်  သိပ်စားကောင်းတယ်လို့ 
          ချစ်သော မောင်နှမတွေအားလုံးလည်း ပိတ်ရက်လေး ဈေးသွားဖြစ်လို့ ငါးဥလေးတွေ့တဲ့အခါ ငါးဥဘာလချောင်လေး ကြော်စားကြည့်ပါဦးနော့့် 
          Have a nice weekend!

Monday, January 28, 2013

ပျားရည်ဆမ်း ကြက်ပေါင်းကြော်

5 comments




          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
          ဒီနေ့မှာတော့ မောင်နှမတွေအားလုံးအတွက် ပျားရည်ဆမ်းကြက်ပေါင်းကြော်လုပ်နည်းလေး မျှဝေပေးပါရစေရှင့့် 
ကြက်ပေါင်နယ်နှပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေက အရွယ်လှလှ ကြက်ပေါင် (၇) တုံး၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ (၇) မွှာ၊ (ချင်းနဲ့ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပြီး အရည်ကိုပဲ ယူပါမယ်) ကြက်သားမှုန့် လက်ဘက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း (၁) ဇွန်း၊ ပျားရည် ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဘက်ရည်ဇွန်း (၁) ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဘက်ရည် ဇွန်းတစ်ဝက် (အနံ့မကြိုက်ရင် မထည့်လည်း ရပါတယ်နော်) တို့ပါနော်။
ကြက်ပေါင်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးပြီး ရေတွေခြောက်သွားအောင် တစ်သျှူးနဲ့ သုပ်ပေးပါ။ ကြက်ပေါင်တွေမှာ လုံးဝ ရေမရှိတော့ဘဲ ခြောက်သွားတဲ့အခါ အခုနက ပြောထားတဲ့ အဆာပလာတွေနဲ့ သေချာ သမအောင် နယ်ပြီး ရေခဲသေတ္တာထဲထည့်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ။
အဲ့ဒီအချိန်မှာ ရေနွေးအိုးပွက်ပွက်ဆူအောင် တည်ထားပါ။ ရေနွေးအိုးတည်ထားတဲ့အချိန် ကြက်သားတွေကို ပေါင်းအိုးမှာ ပေါင်းမယ့် ဇကာအဆင့်မှာ အောက်မှာ မုန်ညင်းဖြူရွက်လေး သို့မဟုတ် ဂေါ်ဖီရွက်ခင်းပါ။ ရေနွေးဆူတာနဲ့ ခုနက နှပ်ထားတဲ့ ကြက်သားတွေကို ပေါင်းမယ့်ဇကာထဲမှာ ပေါင်တွေကို အရင်းပိုင်းနဲ့ အဖျားပိုင်း တစ်လှည့်စီ ထည့်ပြီး စီပေးပါနော်။ ပြီးတော့ ရေနွေးငွေ့နဲ့ မိနစ် (၂၀) ပေါင်းပေးပါ။ မိနစ် (၂၀) ပြီးရင် ဟိုဘက်ဒီဘက်လှန်ပြီး နောက်ထပ် (၁၀) မိနစ်ပေါင်းပါ။ ပေါင်လေးတွေ စီပြီးတဲ့အခါ နယ်နှပ်ထားတဲ့ အရည်တွေ ကျန်နေပါမယ် မသွန်ပစ်ပါနဲ့နော်။  
ကြက်ပေါင်းကြော်အတွက် ဆီ (၅) ကျပ်သား ဒယ်အိုးထဲထည့်ပါ။ ဒယ်အိုးနဲ့ ဆီပူလာရအောင် မီးအား အမြင့်ဆုံးနဲ့ အပူပေးပါ။ ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်တွေကို ထည့်ကြော်ပါ။ မီးပြင်းနဲ့ ကြော်ရတာ ပေါင်းထားတဲ့အသားတွေ မပဲ့သွားရအောင်နဲ့ ကြက်ပေါင်လုံး မပျက်ဖို့ပါ။ အကြာကြီး ကြော်စရာ မလိုပါဘူး၊ အပေါ်ယံကြောလေး တင်းသွားရအောင်လို့ပါ။ ပြီးတာနဲ့ ဒယ်အိုးထဲမှာ ထမင်းစားဇွန်း (၂) ဇွန်းစာလောက် ဆီချန်ခဲ့ပြီး ကျန်တဲ့ဆီတွေကို ခပ်ထုပ်ပစ်လိုက်ပါ။ ပြီးတော့မှ ကြက်ပေါင်နယ်နှပ်ပြီး ကျန်တဲ့အရည်တွေကို ထည့်ပြီး မြန်မြန်လေး သမအောင်မွှေ၊ ဒယ်အိုးထဲမှာ အဲ့ဒီအရည်လေးတွေ ပျစ်လာတဲ့အချိန် မီးကို လုံးဝပိတ်၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းလောင်းထည့်ပြီး အားလုံး သမအောင် မွှေပေးလိုက်ရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပျားရည်ဆမ်း ကြက်ပေါင်းကြော်လေး ရပါပြီနော့့် 
နာလန်ထခါစ လူမမာများအတွက်လည်း အရမ်းကို အားရှိစေပါတယ့့်  ကလေး၊ လူကြီးများအတွက်လည်း စားဖို့ သင့်တော်တဲ့ ဟင်းလေးပါပဲ။ လုပ်ရတာ လက်ဝင်တယ်လို့ ထင်ရပေမယ့် တကယ့်ကို ပျားရည်နံ့မွှေးမွှေးလေးနဲ့ အိအိလေးမို့ တစ်လမှာ တစ်ခါလောက် စမ်းပြီး လုပ်စားကြည့်ပါဦးလို့ 

အချဉ်အတွက် ဘိတ်ချဉ်လေး လုပ်၊ ဆတ်လတ်ရွက်သုပ်လေး၊ တုံယမ်းဟင်းရည်သောက်လေးနဲ့ဆိုရင် အရမ်းကို လိုက်ဖက်တဲ့ ဟင်းပွဲလေး ရပါပြီနော့့် 

Thursday, June 21, 2012

အမှန်အကန်အရသာရှိတဲ့ အင်မထုသော အင်ဥဟင်းလျာမျာ့း့ 

12 comments
 သန့်စင်ပြီး ပြုတ်ထားသော အင်ဥများ

ဆိမ့်မွှေးရသာနဲ့ အင်ဥပုစွန်ကြော်

ချဉ်ငန်စပ်အရသာနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပုစွန်အင်ဥသုပ်
အရသာရှိလှတဲ့ အင်ဥဟင်းရည်သောက်

မောင်နှမများအားလုံး မင်္ဂလာပါရှင့့်  ဆိုးလိုက်တဲ့ ကွန်နက်ရှင်ကြားကနေ့  ဒီနေ့တော့ အင်မထုသော အမှန်အကန် အရသာရှိတဲ့ အင်ဥဟင်းလျာများနဲ့ မိတ်ဆက်ပေးပါရစေရှင့့် 
အင်ဥ့  အင်ဥဆိုတာ ဘာလဲလို့ ငယ်တုန်းက သေချာမသိခဲ့ပေမယ့် စားလို့အလွန်ကောင်းပေမယ့် သန့်ရှင်းရေးလုပ်ရတာ အလွန်အချိန်ယူရသော စားစရာတစ်မျိုးလို့ သိခဲ့တာပါ့ 

တကယ်တော့ အင်ဥဆိုတော့ မှိုတစ်မျိုးပါပဲ့  အင်ပင် (မြင်အောင်ပြောရရင် ငယ်ငယ် တုန်းက ခေါက်ဆွဲကြော်ဝယ်ရင် ခေါက်ဆွဲကြော်ဆိုင်က အင်ဖက်နဲ့ ထုပ်ပေးလိုက်တာလေ့  အင်ဖက် အရွက်အကြီးကြီးပေါ့  အင်ဖက်နံ့သင်းနေတဲ့ ခေါက်ဆွဲကြော်ပူပူလေးဆိုရင် သိပ်ကို စားလို့ကောင်း တာ၊ အခုခေတ်ကတော့ ဖော့ဗူးတွေနဲ့ပေါ့) ကနေ ထွက်တဲ့ အစေးတွေက မြေကြီးပေါ်ကို ကျကုန်ရောတဲ့  အဲ့ဒီအခါ အဲ့ဒီအစေးတွေက မြေကြီးရဲ့ အစိုဓာတ်နဲ့ တွေ့ပြီးတဲ့အခါ အခုလို အင်ဥလေးတွေ ဖြစ်လာရောတဲ့  အင်ဥရာဇ၀င်က အဲ့ဒီလို့  

ငယ်တုန်းက အင်ဥကို အဘွားက ၀ယ်လာပြီး သန့်ရှင်းရေးလုပ်ခိုင်းပြီဆိုရင် ကျွန်မ တစ်ယောက် နှုတ်ခမ်းကို တစ်ခါတည်း စူပစ်လိုက်တာ့  ၀က်နှုတ်ခမ်းကျနေတာပဲ့  ပြီးတော့ မြေကြီးတွေ၊ သဲတွေနဲ့ အင်ဥကို ဆေးရတာ အလွန်မုန်းခဲ့တာ့  

အဘွားက အင်ဥကို သန့်ရှင်းရေးလုပ်နည်း သင်ပေးခဲ့တဲ့အခါကျတော့မှ အလုပ်ရှုပ်တာ နည်းနည်း သက်သာသွားတော့တယ့့်  အင်ဥတွေကို စကာထဲထည့်ပြီး ရေဘုံဘိုင်ကို ဖွင့်ချ့  အင်ဥတွေကို စကာနဲ့ တိုက်ဆေးပေ့း့ အဲ့ဒါဆိုရင် အင်ဥမှာ ကပ်နေတဲ့ သဲတွေ မြေကြီးတွေ အားလုံးပါသွားရော့  အနည်းဆုံး ၅ ကြိမ်လောက် တိုက်ဆေးပေးရတယ့့်  နောက်ဆုံးကျတော့မှ အင်ဥလေးတွေရဲ့ အပေါ်မှာ ကပ်နေတဲ့ သဲတွေကို ဓားသေးသေးလေးရဲ့ ထိပ်ချွန်လေးနဲ့ အသာခြစ်ပစ်ရတာ့  ပြီးတော့မှ အဲ့ဒီ သန့်ရှင်းရေး လုပ်ပြီးသား ဥလေးတွေကို ရေတစ်ခါထပ်ဆေးရပါတယ့့်  အဲ့ဒါဆို အားလုံး သန့်စင်သွားတဲ့ အင်ဥလေး ဖြစ်သွားပြီ့  

အင်ဥတွေကို အစိမ်းအတိုင်း စားရင်လည်း စားလို့ရတယ့့်  ၀ါးလိုက် ရင် ဖောက်ကနဲ ဖောက်ကနဲ မြည်နေတာပဲ့ အင်ဥ အထဲထဲက အနှစ်လေးတွေကလည်းလေ ဆိမ့်နေတာပဲ့  အင်ဥမှာ အညိုရောင် လေးတွေရော့  အဖြူရောင်လေးတွေရော့ အမည်းရောင်လေးတွေရော ဥလေးတွေ ရောင်စုံရှိတယ့့်  အပြင်အခွံက မည်းလို့ အထဲက အနှစ် မည်းမယ်၊ အပြင်အခွံဖြူလို့ အထဲက အနှစ် ဖြူမယ်လို့ မှတ်ယူလို့လည်း မရပြန်ဘူ့း့  အပြင်ခွံအရောင်နဲ့ အတွင်းအနှစ်အရောင် တူတာလေးလည်း ရှိနိုင်သလို မတူတာလည်းရှိတယ်နော့့် 
အင်ဥကို အစိမ်းအတိုင်း စားနိုင်သလို ကြော်တာရော၊ သုပ်တာရော၊ ဟင်းချက်တာရော၊ အရည်သောက်ချက်တာရော အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်တယ်နော့့် 

အင်ဥကို ဟင်းလျာအဖြစ်မချက်ပြုတ်ခင်မှာ မမလုကတော့ အရင်ပြုတ်လိုက်ပါတယ့့်  ပြုတ်လိုက်ခြင်း အားဖြင့် အင်ဥကို ချက်ပြုတ်သုတ်ဖို့ လှီးတဲ့အခါ အထဲက အနှစ်တွေ ပျော်ပြီး ထွက်မသွားတော့ဘူ့း့  ချက်တဲ့အခါမှာလည်း အင်ဥနူးဖို့ တစ်ခါ ရေထည့်ပြီး တည်ရင် အနှစ်တွေနဲ့ အရောင်ကြီး မည်းသွားပြီး ဟင်းလျာအမြင်ရဲ့ ဆွဲဆောင်မှုကို လျော့နည်းစေတယ့့်  ပြီးတော့ အပြင်ခွံမှာ ကပ်ပြီး ရှိနေတတ်တဲ့ သဲတွေက ပြုတ်လိုက်တဲ့အခါ တစ်ခါ ထပ်ပြီး စင်ကြယ်သွားတော့ စားတဲ့အခါ ကျလိကျလိ ဖြစ်မနေတော့ဘူးလေ့  ပြုတ်ထားပြီး အင်ဥကို အခဲထဲ ထည့်ထားပြီး နောက်များ အင်ဥရာသီကုန်သွားလို့ စားချင်တဲ့အခါ စားဖို့ သိမ်းထားလို့လည်း ရတာပေါ့ 

အင်ဥပြုတ်လေးတွေကို လှီးတဲ့အခါမှာ ကိုယ်က ကြော်မှာလာ့း့  သုပ်မှာလာ့း့  ဟင်းရည်သောက် လာ့း့  ဒီလိုလေး စဉ်းစားလိုက့့်  ကြော်မယ့်ဟင်းလျာနဲ့ အရည်သောက်အတွက် နည်းနည်းရင့်တဲ့ အင်ဥကို သုံးပါ့  အင်ဥနုလေးတွေတော့ အသုပ်အတွက်သုံးမယ်ဆိုရင် အကောင်းဆုံးပဲ့ အဲ့ဒီတော့ အင်ဥလှီးကတည်းက ပန်းကန်လေးတွေ သီးသန့်စီထာ့း့  ဒါက အင်ဥကြော်မယ့်အတွက့့်  ဒါက သုပ်မယ့်အတွက့့်  ဒါက အရည်သောက်အတွက်ဆိုပြီး လှီးတဲ့အခါ အင်ဥအနုအရင့်အလိုက် သီးသန့်စီ ထည့်ထားနော့့်  ဒါဆို အဆင်ပြေစေတယ်ဟုတ့့် 

အင်ဥကြော်တာကလည်း ရိုးပါတယ့့်  ပြုတ်ထားပြီးတဲ့ အင်ဥတွေကို ပါးပါးလေးတွေလှီးပါ့  သတ်သတ်လွတ်ကြော်နိုင်သလို ရောပြီး ကြော်ချင်တဲ့ အသား၊ ပုစွန် စတာတွေကိုလည်း အသင့်ပြင်ထားပေးပါ နော့့်  ကြက်သွန်ဖြူကို မညက်တညက်ထောင်း၊ ကြက်သွန်နီကို လေးစိပ်ထိုးပါ့  ငရုတ်သီးစိမ်းလေး လည်း ထက်ခြမ်းခွဲပေးထားပါ့  အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင့့် ဆီအနည်းငယ်ထည့့်  ဆီပူလာရင် (နနွင်းမှုန့်ကြိုက်ရင်ထည့်ပါ) ကြက်သွန်ဖြူနီထည့်ပြီး မွှေပါ့  ကြက်သွန်စိမ်းနံ့ပျောက်သွား ပြီးရင် ထည့်လိုတဲ့ အသား၊ ပုစွန်ထည့်ကြော်ပါ့  အသားကျက်ပြီဆိုရင်တော့ အင်ဥလေးတွေကို ထည့့် ဆား၊ ကြက်သားမှုန့်လေးခပ့့် အိုးအဖုံး ခဏအုပ်ထား၊ ၂ မိနစ်လောက်နေလို့ အင်ဥထဲ အရသာဝင်ပြီလား မြည်းကြည့့်  စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းလေးတွေ အုပ့့်  ကမန်းကတန်းမွှေပြီး ဟင်းအိုးချ့  အဲ့ဒါဆို မွှေးဆိမ့်လှတဲ့ အင်ဥကြော်တစ်ခွက်ရပြီပေါ့  တို့ကတော့ ဒီလို ဟင်းလျာမျိုးကို ဟိုတယ်စာနဲ့ မလဲနိုင်ပေါင့့် 

အင်ဥသုပ့့်  ပြုတ်ထားတဲ့ အင်ဥလေးတွေ လှီ့း့  ပုစွန်နဲ့ သုပ်မလာ့း့ ကြက်သားနဲ့ သုပ်မလာ့း့  ကိုယ်စားချင်တဲ့ အသားကို အသင့်ပြင်ထားပေါ့  မမလုကတော့ ပုစွန်နဲ့ သုပ်မှာမို့ ပုစွန်ကို သန့်ရှင်းရေးလုပ့့်  ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ကွေးသွားတာနဲ့ ပြန်ဆယ်ယူထားလိုက်တယ့့်  ပြီးတော့ ကြက်သွန်နီအစိမ်းကို ပါးပါးလှီ့း့ ရေဆေ့း့  ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တညက် လေးထောင့်း့  ငါးပိစိမ်းစားလေး မီးဖုတ့့်  ငရုတ်သီးစိမ်းလေး ပါးပါးလှီ့း့  သံပရာသီးလေး ထက်ခြမ်းခွဲထာ့း့  အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ အင်ဥ၊ ပုစွန်နဲ့ အဆာပလာတွေ ထည့့်  သံပရာရည်လေးရွှဲရွှဲလေးညှစ့့်  ငံပြာရည်ရယ့့် ဟင်းချိုမှုန့်လေးနည်းနည်းရယ်ထည့်ပြီး သမအောင် နယ့့်  အရသာက ချဉ်ငန်စပ့့်  ဒါက တို့က တောသုပ်ပေါ့  ဆီချက်နဲ့ သုပ်တာ မဟုတ့့်  ဆီချက်နဲ့ သုပ်ချင်ရင်လည်း ရတာပဲ့  ငါးပိစိမ်းစားမထည့်နဲ့  ငံပြာရည်နဲ့ ပဲမှုန့်ထည့်ပြီး သုပ့့်  ဒါပေမယ့် အင်ဥက တောသုပ်လေးက ပိုစားကောင်းတယ်နော့့်  ဒါဆိုရင်တော့ ဟောဒီဘက်က ချဉ်ငန်စပ်အရသာနဲ့ ပုစွန်အင်ဥသုပ်မွှေးမွှေးလေး ရပြီနော့့်  

အင်ဥဟင်းရည်သောက့့်  ကြက်ရိုးပြုတ်ရည်လေးကို ဟင်းချိုရည်အဖြစ်ယူ့  ပြီးတော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့့် ပွက်ပွက်ဆူရင် ပုစွန်နဲ့ အင်ဥထည့့်  နံနံပင်လေးအုပ့့်  ငရုတ်သီးစိမ်းလေးအုပ့့်  သောက်ခါနီးကျရင် သံပရာရည်လေးညှစ့့်  ကြိုက်တတ်ရင့့်  အလွယ်တကူ ရှိရင် ရှောက်ရွက်လေး ပါးပါးလှီးပြီး ထည့်သောက်နော့့်  အဲ့ဒါဆိုရင် ထမင်းမြိန်စေမယ့့်  အင်ဥဟင်းရည် တစ်ခွက်ရတာပေါ့  

အင်ဥနဲ့ မတည့်တဲ့သူတွေတော့ မစားနဲ့နော့့်  တကယ်လို့ စားချင်တယ်ဆိုရင်လည်း ကန်စွန်းရွက် ကြော်လေးနဲ့အတူ တွဲစားနော့့်  

ဒီလောက်ဆိုရင်တော့ မောင်နှမတွေ အင်ဥဟင်းလျာအတွက် စိတ်ကျေနပ်မယ် ထင်ပါတယ်နော့့်  မောင်နှမအားလုံး အင်ဥဟင်းလျာနဲ့ ထမင်းမြိန်စေတဲ့ နေ့သစ်လေး ဖြတ်သန်းနိုင်ပါစေလို့ လုလုတို့ ၀ိုင်းတော်သားများအားလုံးက မေတ္တာရပ်ဝန်းမီးဖိုဆောင်ကနေ ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ်ရှင်

Tuesday, May 22, 2012

ဟောဒီဘက်က ငါးကြော်ပူပူမွှေးမွှေးလေ့း့ 

8 comments
ငါးကြော်တဲ့အခါ အချိန်လည်း ယူရတာရော့  ဆီဖြုန်း ရတာရော့ အညှော်မိတာရော့  ဆီစင်တာရောမို့ တစ်ခါတည်းပဲ ငါးမျိုးစုံကို ကြော်ပစ်လိုက်ရော့  တစ်ခါပဲ အညှော်မိတယ့့် တစ်ခါပဲ မီးဖိုချောင်ကို သန့်ရှင်းရေး ပြန်လုပ်ရတယ်ပေါ့  ပင်ပန်းသက်သာရအောင် ဒီလိုလည်း လုပ်မိတယ့့်  အဲ့  နောက်လျှို့ဝှက်ချက် တစ်ခုပြောဦးမယ့့်  မီးဖိုချောင် မညစ်ပတ်ရအောင်လို့ ငါးကြော်တိုင်း ဒယ်အိုးကို မသုံးဘဲ ဒန်အိုးထဲမှာပဲ ကြော်ဖြစ်တယ့့် ဆီစင်တာ သက်သာတယ့့်  မောင်နှမတွေလည်း စမ်းသပ်ကြည့်ပါဦး

 
 ငါးကြော်ထဲ ထည့်ဖို့ ငရုတ်သီး၊ ကြက်သွန်ဖြူနီ၊ ချင်း၊ စပါးလင် တို့ကို ပါးပါးလှီးပြီး ကြော်ထားတာပါ။ မန်ကျည်းနှစ်လေးနဲ့ ငံပြာရည်လေးပါ ထည့်ပြီး ငါးကြော်နှပ်ပုံစံမျိုး လုပ်စားလို့ရအောင် ကြော်ထားတာပါ။ ငါးကြော်နဲ့ ရောလိုက်ရင် ရတယ်ဆိုပေမယ့် ကြက်သွန်တွေ ပျော့သွားမှာ စိုးလို့ မရောဘဲ သီးသန့်စီထားရင် ဘယ်အချိန်စားစား ကြွပ်ကြွပ်မွှေးမွှေးလေး စားရမှာနော့့် 

 ဒါကတော့ အစပ်မစားနိုင်တဲ့ မောင်နှမတွေအတွက်ပေါ့  ကြက်သွန်ဖြူနီကို ကြော်ထားတာ့  ငါးကြော်ပြီးတဲ့ဆီနဲ့ ကြက်သွန်ကို ဆက်ကြော်ထားတာပါ့  မောင်လေး တစ်ယောက်က မေးဖူးတယ့့်  အဲ့ဒီကြက်သွန်ကြော် တွေ မပျော့သွားအောင်ရလို့ ဘယ်လိုကြော်တာလဲတဲ့  ကြက်သွန်ကြော်တွေ ပျော့မသွားရအောင်လို့ ကြက်သွန်တွေ ရွှေဝါရောင်ပြောင်းပြီဆိုတာနဲ့ ဆား (သို့မဟုတ်) ကြက်သားမှုန့်လေး နည်းနည်းလေး ထည့်ပြီး ကြော်လိုက်ရင် ကြက်သွန်ကြော်တွေ မပျော့တော့ဘူးနော့့်  အဲ့ဒါ လျှို့ဝှက်ချက့့် 

 ဒါကတော့ ငါးခူကြော်လေးတွေပေါ့  ခေါင်းမပါတော့ ကြည့်ရတာ တစ်မျိုးပဲလို့ မထင်လိုက်နဲ့နော့့် ခေါင်းတွေက ကြော်လိုက်ရင် စားလို့မကောင်းတော့ဘူ့း့  အဲ့ဒီတော့ ခေါင်းတွေကို ဖြတ်ပြီး ကင်ပွန်းရွက်၊ မန်ကျည်းရွက်၊ ကန်စွန်းရွက် စတဲ့အသီးအရွက်တွေ ချည်ရည်ဟင်းချက်တဲ့အထဲ ထည့်ချက်လိုက်ရော့  ဒါလည်း နောက်တိုး ဟင်းတစ်မျိုးမဟုတ်လာ့း့  အကုန်အကျ သက်သာစေတယ်နော့့် 


 ဒါကတော့ ငါးဖောင်ရိုးကြော့့်  ငါးဖောင်ရိုးကတော့ ကြော်စားရင် အကြိုက်ဆုံးပဲမို့လို့ပါ့ 

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
ဟင်းပွဲအသစ်လေးတွေ မတင်ဖြစ်တာ ကြာပြီလေ့  အခုတော့ ငါးကြော်ပူပူမွှေးမွှေးလေး ယူလာပြီး မောင်နှမများကို နှုတ်ခွန်းဆက်ပါတယ်ရှင့့် 

ကောက်ညှင်းပေါင်း ပူပူလေးနဲ့ပဲ စားစား၊ ထမင်းဖြူလေး ဆီဆမ်းပြီးပဲ စားစား၊ ပူလွန်းလို့ ဆီပြန်ဟင်းတွေ မစားချင်တဲ့အခါ ငါးကြော်လေးနဲ့ ချဉ်ရည်ဟင်းလေးနဲ့ပဲစားစား စားလို့ရအောင်လို့ပါနော့့် 
ရိုးရိုးလေးပေမယ့် မောင်နှမများ တစ်ခါတလေ ငါးကြော်စားချင်ရင် အဆင်ပြေရအောင်လို့ပါနော့့် 

Monday, October 10, 2011

ဘာလချောင် ကြော်ကြရအောင်

8 comments
အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်နည်းလေး မျှဝေပေးပါရစေနော်။ ကျွန်မရဲ့ မိုက်ကရိုဝေ့ဖ်က 1100 W အားရှိပါ တယ်နော်။
ဘာလချောင်ကြော်ကိုတော့  အုန်းထမင်း၊ ပဲထောပတ်ထမင်း စတာတွေနဲ့ တွဲစားကြသလို နေ့စဉ် အစားအစာစားတဲ့အခါမှာလည်း ဘာဟင်းမှ မရှိရင်လည်း အလွယ်တကူစားလို့ရတယ်နော်။
လုလုတို့ရေဆင်းမှာ ကျောင်းတက်တုန်းက အဆောင်မှာနေတယ်ဆိုရင် ဘာလချောင်ကြော်ကို အိမ်ကနေ အမြဲယူသွားရတယ်နော်။
အဆောင်ကကျွေးတဲ့ ပဲဟင်း၊ သရက်ချဉ်သုပ်၊ အိမ်ကထည့်ပေးလိုက်တဲ့ ဘာလချောင်ကြော်နဲ့စားရတာ နတ်သုဒ္ဓါနဲ့ မလဲနိုင်ခဲ့ပါဘူးနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်ခြောက် (၂၅) ကျပ်သား၊ ကြက်သွန်နီ (၅၀) ကျပ်သား၊ ကြက်သွန်ဖြူ (၂၅) ကျပ်သား၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ငရုတ်သီးအကြမ်းဖတ် (၁၀) ကျပ်သား၊ သကြားအနည်းငယ်၊ ဆီ၊ ဆားနဲ့ နနွင်းမှုန့် အနည်းငယ်တို့ပါနော်။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ပါးပါးလေး လှီးပေးထားပါ၊ ပုစွန်ခြောက်လေးတွေကို ရေအနည်းငယ်စိမ်ပြီး တစ်ဝက်ကို မညက်တညက်ထောင်းပြီး ကျန်တစ်ဝက်ကို ညက်အောင်ထောင်းပါ။
ပန်ကန်းကန်လုံးကို ဆီ ၁၀ ကျပ်သားလောက်ထည့်၊ ပြီးရင် မိုက်ကရိုဝေ့ဖ်ထဲ ထည့်ပြီး ဆီကို ၇ မိနစ် အပူပေးပါ။ ဆီပူလာရင် နနွင်းမှုန့်ထည့်ပြီး လှီးထားတဲ့ကြက်သွန်နီတစ်ဝက်ကို ထည့်ပြီး မွှေပေးလိုက် ပါ။ ပြီးရင် ၁၀ မိနစ် အပူပေးပါ။ ၁၀ မိနစ်ပြည့်ရင် ကြက်သွန်တွေကို မွှေပေးပြီး နောက်ထပ် ၇ မိနစ် အပူပေးလိုက်ပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်နီလေးတွေက ၀ါရောင်သန်းနေပါပြီ။ အဲ့ဒီအပူနဲ့ပဲ ကြက်သွန်လေးတွေ ရွှေဝါရောင်သန်းလာတဲ့အထိ မွှေပေးပြီး ကြက်သွန်ကြော်ဖတ်တွေကို ဆယ်ပြီးတော့  ဆီစစ်ပေးထားပါ။ ဒီလိုနည်းနဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို ကြော်ပြီး ဇကာထဲထည့်ပြီး ဆီစစ်ထားလိုက်ပါနော်။ 
ကြက်သွန်တွေအားလုံးကြော်ပြီးသွားရင် ပုစွန်ခြောက်မညက်တညက်ကို အရင်ကြော်ပါ့မယ်နော်။ ပုစွန်ခြောက်ထဲကို သကြားလေးနည်းနည်းနဲ့ ဟင်းခပ်မှုန့်လေးနည်းနည်းထည့်ပြီး နယ်ပေးထားပါ။ ပြီးရင် ဖန်ပန်းကန်လုံးထဲ ဆီထည့်၊ ပြီးရင် ၇ မိနစ်လောက်အပူပေး၊ ဆီပူလာရင် နနွင်းမှုန့်လေး ထည့်ပြီး မွှေပေး၊   ပြီးရင်တော့ ပုစွန်ခြောက်တွေထည့်ပြီး ၇ မိနစ်ကနေ ၁၀ မိနစ်လောက် ထိ ကြော်ပေးပါ။   ပြီးရင်တော့ အားလုံး သမအောင်မွှေပြီးတော့ နောက်ထပ် ၃ မိနစ်လောက် အပူထပ်ပေးပါ။ ပြီးရင် အကျက်ညီအောင် မွှေပေးပါ။ အဲ့ဒါဆိုရင် ကြာကြာအထားခံပြီး စားရတာ မွမွလေးမို့ သိပ်ကောင်းပါတယ်နော်။ ပြီးရင်တော့ ပုစွန်ခြောက် တွေကို ဆယ်ပြီးတော့ ဆီစစ်ထားပါ။ ကြက်သွန်ကြော် ဆီစစ်ထားတဲ့အထဲက ထွက်လာတဲ့ ဆီတွေကိုလည်း ပြန်ထည့်ပြီး သုံးလို့ရတယ်နော်။ နောက် တစ်ခေါက်ကျရင် ဖန်ပန်းကန်က အပူရှိန်လည်း ရှိသေးတာမို့ အပူကို ၃ မိနစ်လောက်ထပ်ပေး၊ ဆီပူလာရင် နနွင်းမှုန့်ခပ်ပြီး ညက်အောင်ထေားထားတဲ့ ပုစွန်ခြောက်တွေထည့်၊ သကြားနဲ့ ဟင်းခတ် မှုန့်လေး နည်းနည်းစီထည့်ပြီး ၁၀ မိနစ်အရင် အပူပေးပါနော်။ ပြီးရင် ပန်ကန်းလုံးကို အပြင်ထုတ်ပြီး အထက်အောက် သမအောင်မွှေပြီး နောက်ထပ် ၇ မိနစ်လောက် ထပ်အပူပေးပါနော်။ ပြီးရင်တော့ ပုဇွန်ခြောက်တွေကို ဆယ်ပြီး ဆီစစ်ထားပါ။
နောက်ဆုံးတစ်ခေါက်အတွက် ဖန်ပန်ကန်လုံးထဲ စစ်ထားတဲ့ အထဲက ထွက်လာတဲ့ဆီတွေကို ထည့်၊ ပြီးတော့ အပူပေး၊ နောက်ဆုံးကျန်တဲ့ ငရုတ်သီးအကြမ်းဖတ်တွေ ထည့်ပြီး ၁၀ မိနစ်အပူပေးပါ၊ ပြီးရင် ငရုတ်သီးကြော်ပန်းကန်လုံးကို အပြင်ထုပ်ပြီး အားလုံးသမအောင် မွှေပေးပါ၊ ငရုတ်သီးတွေ အေးသွားရင် ကြွပ်သွားမှာနဲ့ အတော်ပဲပေါ့။
ပြီးတော့မှ ကြက်သွန်ကြော်နဲ့ ပုစွန်ခြောက်မွထောင်းကြော်တွေကို တစ်ခါရော၊ ငရုတ်သီးရယ်၊ ပုစွန်ခြောက်မညက်တညက်ထောင်းကြော်ရယ်၊ ကြက်သွန်ကြော်ရယ်နဲ့ တစ်ခါရောပေါ့နော်။ ၂ မျိုးစားလို့ရတာပေါ့နော်။ (ရောပြီးတဲ့ပုံကို ဓာတ်ပုံမရိုက်လိုက်ရဘူး၊ :P ဒီပုံလေးနဲ့ပဲ တင်းတိမ်ပေးပါနော်)
မိုက်ကရိုဝေ့ဖ်နဲ့ ကြော်တဲ့အတွက် ဆီကုန်သက်သာတယ်၊ အညှော်သက်သာတယ်၊ ဆီစင်တာလည်း သက်သာတယ်နော်။ နိုင်ငံခြားရောက်နေကြတဲ့ မောင်နှမတွေအတွက် ပိုပြီး အဆင်ပြေစေမယ်နော်။
ဘာလချောင်ကြော်လိုပဲ တခြား အမဲသား၊ ဆိတ်သား၊ ၀က်သား၊ ကြက်သား တို့ကိုလည်း ပြုတ်ပြီးရင် အသားတွေကို ထောင်းပြီး၊ မွှပြီး အခုနည်းအတိုင်း ကြော်နိုင်ပါတယ်နော်။ စမ်းသပ်ကြည့်ကြပါဦးနော်။ အကြိုက်တွေ့မှာ သေချာပါတယ်နော်။