Showing posts with label အခေါ်အဝေါ်. Show all posts
Showing posts with label အခေါ်အဝေါ်. Show all posts

Saturday, March 20, 2010

ဟင်းခတ်အမွှေးအကြိုင်များ

15 comments
Blogger လေးဆီက ရတဲ့ ဓာတ်ပုံဖြစ်ပါတယ်နော်
              ချစ်မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဂျီတော့ခ်မှ တစ်နေ့ blogger လေးနဲ့တွေ့တော့ အမရေ့  ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အခေါ်အဝေါ်လေးတွေကို ရေးပေးပါဦးလို့ ပြောလာတော့ ကျွန်မက ရေးပေးမယ်နော်၊ စိတ်ချဆိုပြီး မရေးပေးမိဘဲ အကြွေးတင်နေတာ ကြာပြီလေ။ မနေ့က မေးလ်စစ်လိုက်တော့  blogger လေးက ကျွန်မကို မေးလ်ပို့ပြီး အကြွေးတောင်းပါတယ်။ သူ့ကို ကတိပေးထားတာလည်း ကြာပါပြီလေ။ အဲ့ဒီအကြွေးကို ဆပ်ဖို့အတွက် ကျွန်မသိထားတာတွေရယ်၊ အင်တာနက်ကနေ ဟင်းခတ်အမွှေး အကြိုင်တွေစာရင်းကို စုပေါင်းရှာဖွေပြီးသကာလ တတ်သမျှ မှတ်သမျှ ပေါင်းပြီးတော့ မြန်မာလို ပြန်ပေးထားတာပါနော်။ မောင်နှမတွေ သိတဲ့နာမည်နဲ့ အခေါ်အဝေါ်လေးတွေကိုလည်း ကော်မန့်မှာ ထပ်ဖြည့်ပေးသွားဖို့ ဖိတ်ခေါ်ပါရစေရှင်။ ပြီးရင်တော့ ဟင်းခတ်အမွှေးအကြိုင်စာရင်းအားလုံးကို  တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်ပေါင်းပေးပါ့ မယ်နော်။
၁။ Basil leaf - ပင်စိမ်းရွက်
၂။ Basil seed - ပင်စိမ်းစေ့ (ပင်ပွားစေ့လို့လည်း ခေါ်ကြပါတယ်) 
၃။ Bay laurel leaf = ကရဝေးရွက် (Indian bay leaf လို့ ခေါ်ပါတယ်)
၎။ Black Cumin - ဇီယာစေ့ (အနက်) ပုံမှန်ထက် အစေ့အရွယ်အစား ပိုသေးတယ်လို့ ဆိုပါတယ်။
၅။ Black Pepper – ငရုတ်ကောင်းစေ့ (အနက်)
၆။ Caraway seed - ကရဝေးစေ့
၇။ Cardamon seed - ဖာလာစေ့
၈။ Celery - တရုတ်နံနံ
၉။ Cinnamon - သစ်ဂျပိုး
၁၀။ Clove - လေးညှင်းပွင့်
၁၁။ Coriander Leaf = fresh coriander green - နံနံပင်
၁၂။ Coriander seed - နံနံစေ့
၁၃။ Cumin seed - Sweet Cumin - ဇီယာစေ့
၁၄။ Curry leaf = ပျဉ်းတော်သိမ်ရွက်
၁၅။ Fennel leaf - စမုန်စပါးရွက်
၁၆။ Fennel seed - စမုန်စပါးစေ့
၁၇။ Fennel seed - စမုန်စပါးစေ့
၁၈။ Fennel tuber - စမုန်စပါးဥ
၁၉။ Fenugreek leaf - ပဲနံ့သာရွက်
၂၀။ Fenugreek Seed - ပဲနံ့သာစေ့
၂၁။ Galangal - ပဒဲကော
၂၂။ Garlic - ကြက်သွန်ဖြူ
၂၃။ Ginger - ချင်း
၂၄။ Grand Masala= Spice Mixture= Curry Powder= ဟင်းချက်မှုန့်
၂၅။ Lemongrass - စပါးလင်
၂၆။ Licorice - နွယ်ချို
၂၇။ Mustard oil - မုန်ညင်းဆီ
၂၈။ Mustard seed - မုန်ညင်းစေ့
၂၉။ Nutmeg - ဇာတိပ္ဖိုလ်သီး
၃၀။ Onion - ကြက်သွန်နီ
၃၁။ Paprika – Bell pepper or chili pepper ကနေ ထုတ်တဲ့ ငရုတ်သီးအရောင်မှုန့်
၃၂။ Poppy seed - ဘိန်းစေ့
၃၃။ Saffron - ကုံကမံ
၃၄။ Sesame oil - နှမ်းဆီ
၃၅။ Sesame Seed- နှမ်းစေ့
၃၆။ Star Anise - နာနတ်ပွင့်
၃၇။ Tamarind Leaf - မန်ကျည်းရွက်
၃၈။ Tamarind pod - မန်ကျည်သီး
၃၉။ Turmeric powder - နနွင်းမှုန့်
 
            သိသလောက်နဲ့တတ်နိုင်သလောက်ကို ရှာဖွေပေးလိုက်ပါတယ်နော်။ မောင်နှမတွေလည်း သိတာလေးတွေကို ကော်မန့်မှာ ထပ်ဖြည့်ပေးခဲ့ပါနော်။ အဲ့ဒါဆိုရင် ဟင်းခတ်အမွှေးအကြိုင်တွေ စာရင်း တစ်စုတစ်စည်းတည်း ဖြစ်သွားမှာပါနော်။

               ကော်မန့်မှာ လာပြောထားတဲ့အတိုင်း ကျွန်မ ဖြည့်စွက်ထားပါတယ်နော်။ နောက်ထပ် ကော်မန့်ရှိခဲ့ရင်လည်း ကျွန်မ ထပ်ဖြည့်ပေးပါမယ်နော်။ 

Saturday, May 3, 2008

ဆင်ခေါင်းပဲ

2 comments

နိုင်ငံခြားမှာရောက်နေတဲ့သူတွေအဖို့ ဟင်းချက်ပစ္စည်းတွေ
ရှာရတဲ့အခါ ခက်ခဲတတ်ပါတယ်။ မြန်မာလိုသိပေမယ့်
အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ၊ ဘယ်နားတွေမှာရတတ်လဲလို့
ရှာဖွေရတာ တစ်ဒုက္ခ။ ဒါကြောင့် ပုံလေးတွေနဲ့ အခေါ်အဝေါ်
လေးတွေ တင်ပေးရင် ပိုကောင်းမလားလို့။ သိတဲ့လူတွေလဲ
ဝိုင်းပြောပြပေးပါနော်။

ကဲ..စပြီ...
ကြက်ပတေမှာပါတဲ့ပဲကို
Chick Peaလို့ ကိုဂျေပြောတဲ့အတိုင်းရှာလိုက်တာ
ဒီပုံတွေ့ပါတယ်။ ဒီပဲမျိုးကို များသောအားဖြင့် Asiaဆိုင်တွေမှာ
လွယ်လွယ်ရတတ်ပါတယ်။

credit to ကိုဂျေ

Tuesday, February 12, 2008

အခေါ်အဝေါ် (၄)

8 comments
၄၆။ စားတော်ပဲ - pea, marrow fat, garden pea
၄၇။ စမုန်နီ - cress
၄၈။ စွန်တာနီ - red phaseolus
၄၉။ စွန်တာပြာ - blue phaseolus
၅၀။ စိမ်းစားဥ - Chinese potato
၅၁။ ဆလပ်ရွက် - salad ; garden lettuce
၅၂။ ဆူးပုတ်ရွက် - conima leaves, concinna leaves
၅၃။ ဆူးပန်းရွက် - safflower
၅၄။ ဆန် - rice
၅၅။ ဆီးဖြူသီး - gooseberry
၅၆။ ဇမ္ဗူ့သပြေသီး - rose-apple
၅၇။ ဇီယာ - cumin
၅၈။ ဇာဒိပ္ဖိုလ်သီး - nutmeg
၅၉။ တညင်းသီး - djankol bean, danyia
၆၀။ ထောပတ်ပဲ - butter bean
၆၁။ ဒန့်သလွန်သီး - drum stick
၆၂။ နံနံပင် - coriander plant
၆၃။ နနွင်း - Indian saffron
၆၄။ နိုကိုဥ - knol-kohl
၆၅။ နှမ်း - sesames, sesame
၆၆။ နွယ်ချို - liquorice, licorice
၆၇။ ပဲသီး - bean ; calabash
၆၈။ ပဲ - pea
၆၉။ ပဲတီ - mung bean
၇၀။ ပဲတီစိမ်း - green gram
၇၁။ ပဲရင်း - rice bean
၇၂။ ပဲဖြူကလေး - white bean, duffin bean
၇၃။ ပဲကြီး - lablab bean, kidney bean
၇၄။ ပဲလင်းမြွေသီး၊ ဗုံလုံသီး - snake gourd
၇၅။ ပူစီနံ - budina, mint
၇၆။ ပဉ္စကာနီသီး - gall nut
၇၇။ ပေါက်ပန်းဖြူရွက် - sesbania grandiflora
၇၈။ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်လာပန်း - cauliflower
၇၉။ ပဲစောင်းလျားသီး - goa bean, winged bean
၈၀။ ပဲပြား - bean curd
၈၁။ ပဲကတ္တီပါ - velvet bean
၈၂။ ပဲပိစပ် - soya bean, horse gram
၈၃။ ပဲပုဇွန် - cluster bean
၈၄။ ပဲကြား - lime bean
၈၅။ ပင်စိမ်းရွက် - basil, sage
၈၆။ ပိန်းဥ - taro
၈၇။ ပဒဲကော - galingale
၈၈။ ပုတတ်စာ (ပဒတ်စာ) - ginger wort
၈၉။ ပဲပင်ပေါက် - bean sprouts
၉၀။ ပဲလွမ်း - cow pea
၉၁။ ပဲနောက် - Mung bean
၉၂။ ပဲစင်းငုံ - pigeon pea
၉၃။ ပဲနီလေး - lentil
၉၄။ ပဲတောင့်ရှည် - string bean, long bean
၉၅။ ပဲနံ့သာ - fenugreek
၉၆။ ပဲကျပ်ပြင် - soybean
၉၇။ ပဲဒလက် - sword bean
၉၈။ ပဲရင်း - rice bean
၉၉။ ပဲပိုးတီ - Chinese artichoke
၁၀၀။ ပုစွန်စာရွက် - knotgrass

Thursday, February 7, 2008

အခေါ်အဝေါ်များ (၃)

11 comments
ဒီနေ့တော့ အခေါ်အဝေါ်လေးတွေကို ဆက်ရေးပေးပါဦးမယ်နော်။
ဟင်းသီးဟင်းရွက်များ
၁။ ကရဝေး - bay leaf
၂။ ကညွတ် - asparagus
၃။ ကင်ပွန်းသီး - soap nut
၎။ ကင်ပွန်းရွက် - soap acacia leaves
၅။ ကင်းပုံသီး - wild snake gourd, coecinia fruit
၆။ ကုလားပဲ - chick pea
၇။ ကိုကိုး - cocoa
၈။ ကျောက်ပွင့် - sea weed
၉။ ကိုက်လန်ရွက် - Chinese kale
၁၀။ ကန်စွန်းရွက် - water cress, rabbit green, morning glory
၁၁။ ကန်စွန်းရိုးနီ - water green
၁၂။ ကန်စွန်းဥ - sweet potato
၁၃။ ကိုင်းဥ - elephant grans fruit
၁၄။ ကျောက်ဖရုံသီး - white pumpkin, marrow
၁၅။ ကြက်သွန်နီ - onion
၁၆။ ကြက်သွန်ဖြူ - garlic
၁၇။ ကြက်သွန်မြိတ် - leek, onion tops, onion shoots, spring onion
၁၈။ ကြက်ဟင်းခါးသီး - bitter gourd
၁၉။ ကြောင်လျာသီး - trumpet
၂၀။ ခရမ်းကစော့သီး - Indian nightshade
၂၁။ ခရမ်းသီး - brinjal (egg plant), aubergine
၂၂။ ခရမ်းချဉ်သီး - tomato
၂၃။ ခံတက်ပင် - garlic pear
၂၄။ ခံတက်ရွက် - three leaved caper
၂၅။ ခ၀ဲသီး - ridge gourd
၂၆။ ခါဗုဥ - turnip
၂၇။ ချယ်ရီသီး - cherry
၂၈။ ချဉ်ပေါင်ရွက် - roselle, sour green
၂၉။ ခရမ်းကြွပ်သီး - solanum molongena
၃၀။ ဂျူးမြစ် - Indian leek
၃၁။ ဂျုံ - wheat
၃၂။ ဂျင်းစိမ်း - ginger salad
၃၃။ ဂေါ်ဖီထုပ်၊ မုန်လာထုပ် - cabbage
၃၄။ ဂေါ်ရခါးသီး - chayote, marrow
၃၅။ ဂုံမင်း - amomum corynostachym
၃၆။ ငရုတ်သီး - chilly, chilli
၃၇။ ငရုတ်ကောင်း - pepper
၃၈။ ငရုတ်ပွ - paprika
၃၉။ ငရုတ်ခါးမျိုး - king of bitters
၄၀။ ငါးရံ့ပတူရွက် - nodding clerodendron
၄၁။ စပါးလင် - lemon grass
၄၂။ စမှုန်စပါး - aniseed, dill, fennel
၄၃။ စပါးလင်မွှေး - citronella
၄၄။ စမုန်နက် - black cumin
၄၅။ စပါး - paddy

Monday, September 10, 2007

ပင်လယ်စာ(Seafood)အခေါ်အဝေါ်

1 comments
နောက်ဆက်တွဲ


ငါးပုတ်သင် - soldier croaker
ငါးပြေမ - climbing perch
ငါးဖောင်ရိုး - Garfish
ငါးဖောင်ရိုးခြောက် - dried garfish
ငါးဖန်းမ - carplet
ငါးဖယ် - featherback
ငါးဖယ်အောင်း - smelt; siamese river abramine
ငါးဘဲဖြူ - longfin mogarra
ငါးဘတ် - great white sheatfish
ငါးမွေထိုး - spotted spingeel
ငါးမုတ်ဖြူ - silver pomfret
ငါးမုတ်မည်း - black pomfret
ငါးမန်း - shark
ငါးမန်းတောင် - shark's fin
ငါးမျက်ဆန်နီ - red-eyed hudgeon
ငါးမြင်း - mekong giant catfish
ငါးမြင်းရင်း - large barbuleless catfish
ငါးမြစ်ချင်း - rohu
ငါးရံ့ - striped snakehead
ငါးရှဉ့် - eel
ငါးရွှေ - yellow pike-conger
ငါးလင်ပန်း - long-finned eel; level finned eel
ငါးသလဲထိုး - loach
ငါးသလောက် - hilsa
ငါးသလောက်ယောက်ဖ - toli shad
ငါးသလောက်ဥ - hilsa roe
ငါးသံချိတ် - dwarf catfish
ငါးသိုင်း - rohita carp
ငါးသိုင်းခေါင်းပွ - catla
ငါးအုပ်ဖား(ငါးမြင်းအုပ်ဖား) - fat-headed catfish
ပုဇွန်ကျား - tiger prawn
ပုဇွန်ကျော့ - medium-sized prawn
ပုဇွန်ချဉ် - pickled shrimps
ပုဇွန်ဆိတ် - shrimp

ပင်လယ်စာ(Seafood)အခေါ်အဝေါ်

6 comments
နေးတစ်မြန်မာက ညီမလေး Dreamဆီကရတာပါ။
သူရေးထားတဲ့အတိုင်း ပြန်ကူးလိုက်ပါတယ်။
"စာအုပ်ထဲမှာပါတဲ့ အသားငါး အသီးအရွက် မြန်မာလိုနဲ့ အင်ဂလိပ်လို အခေါ်အဝေါ်လေးတွေ ရေးမလားလို့ပါ.. ငါးဆိုင်ရောက်တိုင်း ငါးတွေမြင်ရပြီး ဘယ်လိုချက်စားရမှန်းမသိဘူး.. မြန်မာလို နာမည်နဲ့ တွဲသိရင် ကြော်စားရလား ချက်စားရလား သိတော့ အဆင်ပြေတာပေါ့.. သူများတွေအတွက်လည်း အသုံးများ ၀င်မလားဆိုပြီး ရေးမလို့.. တဖြည်းဖြည်းချင်း အသီးအရွက် ဟင်းခတ်အမွှေးအကြိုင်တွေပါ ရေးပါ့မယ်..မမှန်ရင်လည်း ပြောကြအုံးနော်.. စာအုပ်ထဲက အတိုင်း ကူးရေးမှာ. "

ကမာ - oyster
ကနုကမာ - scallops
ကကတစ် -
ကကူရံ(ငါးလက်ခွာ) - giant sea perch; Bectic
ကဘီလူး - king fish; tasselfish
ကသပိုး - bluespot grey mullet
ကင်းမွန် - bar-eyed goby
ကဏန်းလက်မ - crab
ကျောက်ပုဇွန် -crab claw
ကျော်စံကေး - lobster
ခုံးကောင် - small frog
ခုံးတစ်ခြမ်း - clam
ခရု - abalone
ငါးကျည်း - winkle
ငါးကျည်းခြောက် - sccobranch catfish; scorpion cat fish
ငါးကြင်း - smoked sccobranch catfish
ငါးကွမ်းရှပ် - mrigal
ငါးခူ - thunnus tonggol
ငါးခွေးလျှာ - catfish
ငါးခုံးမ - tongue sole
ငါးစင်ရိုင်း - barb
ငါးဇင်းပြား - striped dwarf cat fish
ငါးတန် - bigeye ilisha
ငါးတီး - striped catfish
ငါးတံခွန် - false trevally
ငါးထွေ - largehead hairtail
ငါးနုသန်း - whisker sheatfish; silvery catfish
ငါးနှပ် - bummalo
ငါးနီတူ - commerson's anchovy
ငါးပနော် - Great snake-head fish
ငါးပါးနီ - humpback red snapper
ငါးပုဏ္ဏား - mango fish