Tuesday, June 22, 2010

ရှောက်သီးသုပ်နဲ့ ကြာဆံချက်


ရှောက်သီးသုပ်နဲ့ ကြာဆံချက်
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို
ရှောက်သီးသုပ်နဲ့ ကြာဆံချက်လေး လုပ်ကျွေးပါရစေဦးနော်။ အရင်တုန်းကလည်း
ရှောက်သီးသုပ်နည်းကို ရေးခဲ့ဖူးပါတယ်နော်။ အခုတစ်ခါက စတိုင်လ်
တစ်မျိုးလေးနဲ့ သုပ်ကျွေးမှာမို့ အားပေးကြ ပါဦးလို့နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ရှောက်သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊
ကျောက်ပွင့်မျှင်မျှင် လေးတွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအပုပွတောင့်၊
ငါးပိစိမ်းစား၊ ပုစွန်ခြောက်၊ ပဲမှုန့် အလှော်မှုန့်၊မြေပဲဆန်၊ ဆီ၊
ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ဂေါ်ဖီထုပ်က အဖတ်လေးတွေကို နွှာပြီး ဆားရေလေးနဲ့ နာရီဝက်လောက်
စိမ်ထားပြီးမှ ပါးပါးလှီး၊ ကြက်သွန်နီအခွံနွှာပြီး ပါးပါးလှီး ရေဆေးပြီး
ရေစစ်ထား၊ ကျောက်ပွင့်ကို ရေနွေးကြက်သီးနွေးရယ် ဆားရယ်နဲ့ စိမ်ပေးပါ။
ပြီးတော့မှ နာနာဆေးပြီး ရေညှစ်ပေးပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးပေးထားပါ။
ဆီချက်အတွက် ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီချက်ကြော်ပေးပါနော်။ ပြီးရင်
ဆီချက်တွေကို ပန်းကန်လုံးတစ်လုံးထဲ ဆယ်ယူထားပြီး ကျန်တဲ့ဆီနဲ့
ငရုတ်သီးအပုပွတောင့် လေး ငါး တောင့်လောက်ကို ကြွပ်နေအောင် ကြော်ပြီး
ဆယ်လိုက်ပြီး နောက်ဆုံးကျန်တဲ့ဆီလေးထဲ ငါးပိ
စိမ်းစားကွမ်းသီးလုံးလောက်ထည့်ပြီး ဆီသတ်လိုက်ပါနော်။
မြေပဲဆန်ကို လှော်ပြီးထောင်းပေးပါ၊ ပြီးရင် ငရုတ်သီးအပုပွတောင့်ကြော်ကို
ထောင်းပေး၊ ပုစွန် ခြောက်ကိုထောင်းပေး (တကယ်လို့
ပုစွန်ခြောက်နံ့မကြိုက်တတ်တဲ့မောင်နှမတွေအတွက် ဆိုရင်
ပုစွန်ခြောက်ကိုထောင်းပြီး ငါးပိစိမ်းစားဆီမသတ်ခင်မှာ
ထည့်ကြော်ပြီးထည့်လို့ ရတယ်နော်)။ ပဲမှုန့်အလှော်မှုန့်လေးလည်း
ပြင်ထားပေးပါနော်။ ရှောက်သီးကို နွှာ၊ မခါးရ လေအောင် ရေထဲ
ဆားလေးနည်းနည်းထည့်ပြီးနွှာ၊ ပြီးတော့ ရှောက်သီးတွေကို ညှစ်ယူပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇလုံတစ်လုံးထဲ အဆာပလာတွေအကုန်ထည့်နယ်၊
ဟင်းချိုမှုန့် မသုံးချင်တဲ့အတွက် ပုစွန်ခြောက်မှုန့်ရယ်၊
ငါးပိစိမ်းစားလေးရယ်ကဲထည့်ပြီးနယ်၊ ငရုတ်သီးအပုပွတောင့်ကြော်ထောင်းက
အရောင်ရဲရဲလေးမို့ မွှေးမွှေးရဲရဲလေးဖြစ်ပါတယ်။ ကြိုက်တတ်ရင်
ကြက်သွန်ဖြူလေးနဲ့ ငရုတ်ကောင်းလေး ထည့်ပေးလို့ ရပါတယ်နော်။
အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်ရှောက်သီးသုပ်လေး ရပါပြီနော်။
ရှောက်သီးသုပ်နဲ့အတူတွဲဖက်စားဖို့ကတော့ ကြာဆံချက်လေးပေါ့နော်။
ကြာဆံချက်နည်း ကိုလည်း ဒီလင့်ခ်လေးတွေမှာ
http://lulucooking.blogspot.com/2009/06/blog-post.html
http://lulucooking.blogspot.com/2007/08/blog-post_13.html
သွားပြီးကြည့်နိုင်ပါတယ်နော်။
မောင်နှမများလည်း ဆီပြန်ဟင်းတွေ စားရတာ ရိုးအီလာပြီဆိုရင်၊ ဒါမှမဟုတ်
တစ်ခါတလေ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံတုန်းလေး
တစ်ခုခုလုပ်စားကြမယ်ဆိုရင် ရှောက်သီးသုပ်နဲ့ ကြာဆံချက်လေး
လုပ်စားကြည့်ကြပါဦးနော်။

13 comments:

  1. ရှလွတ် ... အရမ်းကြိုက်ဗျို့ 

    ReplyDelete
  2. ရှောက်သီးသုတ် စားချင်လိုက်တာ...ဂလု

    ReplyDelete
  3. ma lu

    Wanna eat so much. can't stop mouth-watering.

    ReplyDelete
  4. စားချင်တယ်ဗျို့.. လုပ်စားရမှာပျင်းတယ်... အိမ်လာလည်မယ်ချက်ကျွေးမလား

    ReplyDelete
  5. အောင်မလေးနော်.... စားချင်လိုက်တာ.................

    ReplyDelete
  6. ကောင်းလိုက်တာမလုရေ..

    ReplyDelete
  7. ဟားးးးးးးးးးးးးးးး မလုရေ

    ရွှေစင်ဦး အကြိုက်ဆုံးက ကြာဇံချက် နဲ့ ရှောက်သီးသုတ်ဘဲ စားလိုက်ပြီးနော် ဘယ်သူ့ အတွက်မှ မချန်တော့ဘူး.......

    မလု ရေ ဖေဖေ အတွက် ဆုတောင်းပေးတာကျေးဇူးနော်..

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  8. စားချင်တယ် ...... စားချင်တယ်

    ReplyDelete
  9. စားချင်လိုက်တာလုလုရေ.ဒီမှာကရှောက်သီးအစစ်မရှိတော့ ဆေးသံပုရာသီးအကြီးတွေကိုပဲလုပ်စားရတယ်.

    ReplyDelete
  10. အရမ်းကြိုက်တာ...ရန်ကုန်ပြန်လာရင်တော့ ညီမလုလုဆီ ကျိန်းသေပေါက် ဝင်လည်ရမယ် ဟဲ ဟဲ....:)

    ReplyDelete
  11. မင်္ဂလာပါ..

    ရှောက်သီးသုပ် နဲ့ ရေနွေးကြမ်းနဲ့ ရှုးရှူးရှဲရှဲ စားသွားတယ်ဗျို့...

    ကြာဇံဟင်းတော့..ညနေရောက်မှ...

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  12. To my lovely sister Lu Lu,
    How are you?
    I've read your blog just for 3 days.I think it's so late.I want to say "thank a lot" to you because of sharing such kind of good recipe.As for me your blog gave me not only knowledge of cooking but also deep feeling to missing my home town,B.E.H.S,Suun Gyi Loung Pwe(used to hold in January).I feel happy when I saw the girls who are tying their hair with red ribbon.Please keep on doing your work.

    ReplyDelete
  13.ုကျော်လင်းJuly 20, 2011 at 8:54 AM

    အောင်မလေးဗျာ.. စားချင်သပ..ဖတ်နေရင်းနဲ့  သွားတောင်ကျိန်းတယ်...

    ReplyDelete