Wednesday, September 19, 2007

ဝက်သားအချိုချက်


ဒီနေ့တော့ သူငယ်ချင်းအားလုံးအတွက် ၀က်သားအချိုချက်နည်းလေး ပြောပါရစေဦးနော်။ ၀က်သားကို ခပ်လတ်လတ်အတုံးလေးတွေဖြစ်အောင်တုံးပြီးတော့ ပဲငံပြာရည်အကြည်အပျစ်အရော၊ သကြား၊ ဆား၊ ချင်းအရည်၊ အချိုမှုန့်လေးနည်းနည်းတို့နဲ့ နှပ်ပြီး နယ်ထားပေးပါ။




ကြက်သွန်အဖြူကို အခွံနွှာပြီး ကျောဘက်ကနေ ၃ ခြမ်းစီလောက်စီ ခြမ်းပေးပါ။ ကြက်သွန်နီကို မထူမပါးလေးတွေဖြစ်အောင် လှီးထားပေးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ Pressure cooker ထဲကို ခုနက နယ်ထားတဲ့ ၀က်သားတွေရယ်၊ ကြက်သွန်ဖြူနီတို့ကို ရောပြီးထည့်ပြီး သမအောင်နယ်ပေးပါ။ ပြီးတော့မှ အဖုံးကို လုံအောင်ပိတ်ပြီး ၁၀ မိနစ်လောက် တည်ပေးပါ။ ၁၀ မိနစ်ပြည့်ပြီဆိုရင် မီးပိတ်ပြီး ဟင်းအိုးကို ၅ မိနစ်လောက် အအေးခံပေးပါ။ ပြီးရင်တော့ ဟင်းအိုးအဖုံးကို ဖွင့်ပြီးတော့မှ ရေနည်းနည်းထပ်ထည့်ပြီး နောက်ထပ် ၅ မိနစ်လောက် ထပ်တည်ပေးပါ။ ပြီးတော့မှ ဟင်းအိုးအဖုံးကိုဖွင့် အပေါ့အငံလေးမြည်းကြည့်ပါ။ အနံ့အရသာက ၀က်ခြေထောက်ပေါင်းလိုပဲ ချိုချိုမွှေးမွှေးအိအိဆိမ့်ဆိမ့်နော်။ တချို့ကတော့ အဲ့ဒီဝက်သားအချိုချက်ထဲကို ရှီတာကေးမှို၊ ပဲပြားလိပ်၊ ကြွက်နားရွက်မှို အဲ့ဒါမျိုးတွေ ထည့်တတ်ပါသေးတယ်။ ပြီးတော့မှ အပေါ်ကနေ ကြက်သွန်မြိတ်လေး ဖြူးစားရုံပါပဲ၊ ငရုတ်ကောင်းကြိုက်တတ်ရင် ထည့်စားလို့ရတယ်နော်။

1 comment:

  1. ချက်နည်းလေးအ၇မ်းကောင်းတာဘဲ....မလုရယ်

    ReplyDelete