Wednesday, August 8, 2007

ကြက်ဟင်းခါးသီးအစာသွပ်ပေါင်း


လူတော်တော်များများက ကြက်ဟင်းခါးသီးကိုဆို အရသာခါးလွန်းလို့
မကြိုက်ကြပါဘူး။ တကယ်တမ်း ချက်နည်းသိမယ်ဆို သူ့အရသာက
ထူးခြားလွန်းလို့ စွဲမက်စရာပါ။ ကဲ..စမ်းချက်ကြည့်ရအောင်လား။

လိုအပ်သောပစ္စည်းများ
• ကြက်ဟင်းခါးသီး ၂ လုံး
• ပုဇွန် ၁၅၀ ဂရမ်
• ကြက်သွန်ဖြူ ၅ မွှာ (ခြစ်ထားပါ)
• ကြက်သွန်နီ ၁ လုံး (သေးသေးလေးတွေဖြစ်အောင်လှီးထားပါ)
• ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အချိုမှုန့်အနည်းငယ်
• ပဲငံပြာရည် ၂ ဇွန်း
• ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
• ရေ လက်ဘက်ရည်ပန်းကန်လုံး ၁ လုံး

ချက်ပြုတ်နည်း

ကြက်ဟင်းခါးသီးကို ရေစင်အောင်ဆေးပြီး ၄ စင်တီမီတာအရွယ်လောက်ဖြစ်အောင်ဖြတ်ပါ။ အတွင်းမှ အစေ့များနှင့် အဖတ်များကို သန့်စင်အောင် ကြက်ဟင်းခါးသီး မကျိုးပဲ့အောင် သတိထားပြီး ဖယ်ရှားပစ်ပါ။
ကြက်သွန်ဖြူနီနှင့် ပုဇွန်တို့ကို ရောပြီး တောက်တောက်စင်းပါ။ ပြီးလျှင် ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်တို့နှင့် ကောင်းမွန်စွာ ရောသမပါ။ ပြီးလျှင် ကြက်ဟင်းခါးသီးများထဲသို့ ပုစွန်အစာသွပ်ပါ။ အစာသွပ်ချိန်တွင် ကြက်ဟင်းခါးသီးအ၀သို့ အစာများ လျှံထွက်မလာစေရန် သတိပြုပါ။
အိုးထဲသို့ ကြက်ဟင်းခါးသီးများကို စီပြီးထည့်ပါ။ ဆီ၊ ရေနှင့် ပဲငံပြာရည် ထည့်ပါ။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး တည်ပါ။ မီးနွေးနွေးနဲ့ တည်ပါ။ ကြက်ဟင်းခါးသီးများကို အနူးညီအောင် သေချာဟိုဘက်ဒီဘက်လှန်ပေးပါ။ ကြက်ဟင်းခါး သီးများ မကြေအောင် သတိပြုပါ။ ၁၅ မိနစ်ခန့်ဆိုရင် ဟင်းအိုးချလို့ရပါပြီ။
ကြက်ဟင်းခါးသီးပုဇွန်အစာသွပ်ပေါင်းရပါပြီ။

0 comments:

Post a Comment