Wednesday, August 8, 2007

မျှစ်ကြက်ဟင်းခါးသီးကြော်


မျှစ်နဲ့ကြက်ဟင်းခါးသီးဆိုတာ တက်စာတွေချည်းပါ။ သို့ပေမယ့်လည်း
ကျန်းမာရေးရှု့ထောင့်ကနေ ကြည့်ရင် မကောင်းတဲ့အစားအစာတွေဟာ
လျှာဖျားမှတော့ အရသာရှိတတ်တယ်မဟုတ်လား။ ကိုယ်နဲ့မတည့်တာ
စားမိရင်တော့ ခံရမှာက ကိုယ်ပဲနော့။ ကဲ.. လာလေရော့..နောက်ထပ်
ကြက်ဟင်းခါးသီးချက်နည်းတစ်မျိုး။

လိုအပ်သောပစ္စည်းများ
• ကြက်ဟင်းခါးသီး ၂ လုံး
• မျှစ် ၁၀၀ ဂရမ်
• ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
• ပုဇွန်ခြောက် ၅၀ ဂရမ် (သို့) ပုဇွန် ၁၀၀ ဂရမ်
• ကြက်သွန်ဖြူ ၄ မွှာ (ခြစ်ထားပါ)
• ကြက်သွန်နီ ၁ လုံး (သေးသေးလေးတွေဖြစ်အောင် လှီးထားပါ)
• ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အချိုမှုန့်အနည်းငယ်
• ငံပြာရည် (ပဲငံပြာရည်) စားပွဲတင်ဇွန်း ၂ ဇွန်း
• ပုဇွန်ငါးပိ အနည်းငယ်
• ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
• ငရုတ်သီးအရောင်မှုန့်အနည်းငယ်
• နနွင်းမှုန့်အနည်းငယ်
ချက်ပြုတ်နည်းအဆင့်

ကြက်ဟင်းခါးသီးကို ရေစင်အောင်ဆေးပြီး ထက်ခြမ်းခွဲပါ။ အတွင်းမှ အစေ့များနှင့်
အဖတ်များကို သန့်စင်အောင် ဖယ်ရှားပစ်ပြီး လက်သန်းလုံးခန့် အပါးညီညီလှီးပါ။
ဆားနှင့်အနည်းငယ်နယ်ဆေးပစ်ပြီး ရေစစ်ထားပါ။ မျှစ်ကို ရေစင်အောင် ဆေးပြီး
သေးသေးရှည်ရှည်သွယ်သွယ်လေးများဖြစ်အောင် လှီးပါ။ဒယ်အိုးထဲ ပူအောင်လုပ်ပြီး
ထည့်ပါ။ ကြက်သွန်ဖြူနီကို ဆီသတ်ပါ။ ဆနွင်းမှုန့်အနည်းငယ်၊ငရုတ်သီးမှုန့်အရောင်
အနည်းငယ်နှင့် ပုဇွန်းငါးပိအနည်းငယ်ထည့်ကာ မွှေပါ။ ပြီးလျှင် ပုဇွန်ထည့်ပြီးမွှေပေးပါ။
ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကိုထည့်ပြီး ကောင်းမွန်စွာ မွှေပေးပါ။ ခရမ်းချဉ်သီး
ကြေပြီဆိုလျှင် မျှစ်ထည့်ပါ။ပြီးလျှင် ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ထားပါ။ ရေခမ်းသွားလျှင်
ကြက်ဟင်းခါးသီးထည့်ပြီး ကောင်းမွန်စွာ မွှေပြီးလျှင်အဖုံးအုပ်ထားပါ။ နောက်ထပ် ၃ မိနစ်
လောက်နေရင် အဖုံးဖွင့်ကာ အပေါ့အငံမြည်းပါ။ ကြက်ဟင်းခါးသီးလဲ အရောင်မပြောင်း
ပုံမပျက်ဘဲ အရသာရှိလှတဲ့ မျှစ်ကြက်ဟင်းခါးသီးကြော်ကို သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. စားချင်တယ်.. စားချင်တယ်..

    ReplyDelete