Wednesday, August 8, 2007

ငါးနှပ် မိုးမျှော်သီး မရမ်းပြားဟင်း


မနေ့က နေပူပူထဲ အပြင်ထွက်လိုက်တော့ ချွေးထွက်ပြီး အပူငုပ်သလိုဖြစ်သွားတော့ခံတွင်းက ပျက်ပျက်နဲ့ စားချင်စိတ်လေးဖြစ်လာအောင် စားစရာတွေကိုကို အငမ်းမရခေါင်းထဲ တန်းစီပြီး စဉ်းစားပါတော့တယ့့်  အဲ့ဒီမှာ ငါးနှပ်ဟင်းကို သတိတရဖြစ်လာခဲ့ပါတယ်ငါးနှပ်ဆိုတာ ဘာလဲဆိုပြီး ခေါင်းရှုပ်မသွားနဲ့ဦးနော်။ ငါးနှပ်ဆိုတာ အာပြဲခြောက် အစိုကို ပြောတာ၊ကြည်ကြည်တုန်တုန်လေးပေါ့  မော်လမြိုင်ဘက်မှာတော့ အရမ်းပေါတယ့့်  ရန်ကုန်မှာလဲ အခုလို မိုးရာသီနဲ့ ဆောင်းရာသီမှာ ရတတ်ပါတယ့့်  ငယ်ငယ်လေးကတည်းကနေ ခုထိ
ကြိုက်နှစ်သက်ရတဲ့ အစားအစာထဲမှာ ငါးနှပ်ဟင်းလဲပါတယ့့်  ဘယ်လောက်ကြိုက်လဲဆိုရင်
အိမ်မှာ ငါးနှပ်ဟင်းချက်တဲ့နေ့ကျရင် အမေမသိအောင် သပ်သပ် ဟင်းတစ်ခွက်ခိုးခပ်ပြီး ၀ှက်ထားတတ်ပါတယ်
( ဟီ့း့  အကျင့်ကောင်းလေးတွေဆိုပါတော့ )
ကဲ့  ဟင်းမချက်ခင် လိုတဲ့ ပစ္စည်းလေးတွေကို အရင်ပြောပြမယ်နော်။
(၁) ငါးနှပ် ၃ ကီလို
(၂) မရမ်းပြား ၂၀ ဂရမ် (မရမ်းပြားမရှိခဲ့ရင် သံပုရာသီး သို့မဟုတ် ရှောက်သီး သုံးနိုင်ပါတယ်)
(၃) ကြက်သွန်ဖြူ ၁၀ မွှာ (ဓါးပြားထုပါ)
(၄) ငရုတ်သီးစိမ်း (ကုလားအော်၊ မိုးမျှော်) အစပ်စားနိုင်သလောက်ထည့်ပါ
(၅) ကြက်သွန်နီ အလုံးကြီး ၁ လုံး
(၆) ပုဇွန်ငါးပိစိမ်းစား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
(၇) ငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
(၈) အချိုမှုန့် အနည်းငယ်
(၉) နံနံပင် (သို့မဟုတ်) ရှောက်ရွက်
(၁၀) စပါးလင်နဲ့ ဂျင်းအနည်းငယ်စီ (နုတ်နုတ်စင်းထားနော်)
(၁၁) ဆား လက်ဘက်ရည်ဇွန်း ၅ ဇွန်း

ငါးနှပ်ကို ရေစင်အောင်ဆေးပါ။ သူ့မှာက အကြေးခွံမပါဘူးလေ့ 
တုန်တုန်ကြည်ကြည်လေးမို့ နူးနူးညံ့ညံ့လေးကိုင်နော့့် 
သူက အလယ်က အရိုးကလဲ အရိုးနုလေးလေ။ အဲ့ဒါကြောင့် အရိုးစူးမှာလဲ မပူရဘူးလေနော်။
ပြီးရင် တစ်ကောင်ကို နှစ်ပိုင်းပဲပိုင်းလိုက်။ ပြီးတဲ့အခါ သူ့ကို ဆား၊ အချိုမှုန့်၊ ငံပြာရည်လေးနဲ့ နယ်ထားလိုက်နော်။
ကဲ့  ဟင်းရည်အိုးလေး စတည်ရအောင်နော်။ အိုး ခပ်ကြီးကြီးကိုယူနော် ... ရေ ၂ လီတာလောက်ထည့်လိုက်နော်။ ပြီးရင် ပုဇွန်ငါးပိစိမ်းစားလေးကို ရေဖျော်ထည့်၊ မရမ်းပြား၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ အဲ့ဒါတွေကို
သေချာထောင်းလိုက်၊ ပြီးတော့ ခုနက ရေတွေ ပွက်ပွက်ဆူလာရင် ထောင်းထားပြီးသား အမယ်စုံကိုထည့်လိုက်ပါ။ ဆား၊ ငံပြာရည် အချိုမှုန့်လေးတွေလဲ ထည့်နော်။ အဲ့ဒီ ပွက်ပွက်ဆူလာအောင် စောင့်နော်။ ဆူလာပြီဆိုရင် အရသာလေးကို မြည်းလိုက်ဦး။ ပြီးတော့ ခုနက နယ်ထားတဲ့ ငါးနှပ်ကိုထည့်လိုက်ပါ။ အဖုံးလေးအုပ်ထားလိုက်။ ဟင်းအိုးပွက်လာပြီဆိုတာနဲ့ ကြည့်လိုက်ပါ။ ငါးနှပ်ကြည်ကြည် တုန်တုန်လေးတွေကနေ ဖြူဖြူတုန်တုန်လေးတွေ ဖြစ်သွားရော။ ချဉ်ငံစပ် အရသာတွေကလဲ ငါးနှပ်ထဲ ၀င်သွားရောလေ။ အပေါ့အငံ လေးကိုလဲ မြည်းလိုက်ဦးနော်။ မြည်းလိုက်တာနဲ့ လျှာကနေ အရသာပေါင်းစုံကို ထိတွေ့မိပါတော့မယ်။ ဖြေးဖြေးမြည်းနော် ။ ငရုတ်သီးစပ်တော့ သီးမှာစိုးရတယ် ၊ချဉ်ငံစပ်လေးပေါ့၊ ငါးနှပ်လေးကလဲ ရှလွတ်ကနဲဆို ၀င်သွားရော ဟီးဟီ့း့  ပြောရင်းသွားရည်ကျလို့ မျိုချနေရတယ်။ ပြီးရင်တော့ ပန်းကန်လုံးလေးထဲထည့်၊ နံနံပင်ဒါမှမဟုတ် ရှောက်ရွက်ပါးပါးလေး လှီးထည့်၊ ကြက်သွန်စိမ်းကြိုက်ရင် နည်းနည်းလှီးထည့်ပြီး စိတ်ကြိုက်သာ သုံးဆောင်ပေတော့ ဘော်ဒါတို့ရေ...သတိ လက်ကိုင်ပုဝါဆောင်ထားပါ (ချွေးသုတ်ရန့့်  နှပ်နှပ်ညှစ်ရန်)

0 comments:

Post a Comment