Wednesday, August 8, 2007

တရုတ်မုန်ညင်း၊တိုဟူးငါးဖယ်လုံးစွပ်ပြုတ်


တခါတလေမှာ နေမကောင်းဖြစ်ချင်သလိုခံစားနေရရင်
စွပ်ပြုတ်ပူပူလေးသောက်လိုက်ရင် ချွေးထွက်ပြီး ပြန်လည်
လန်းဆန်းလာတတ်ပါတယ်။ ကိုယ်တိုင်မလုပ်ချင်ရင်တောင်
နည်းလေးသိတော့ သူများကိုလည်း ပြောပြပြီးချက်ခိုင်းလို့ရတာပေါ့။
သူများနေမကောင်းတော့လည်း ကိုယ်က ပြန်ပြုစုပေါ့နော်။

လိုအပ်သောပစ္စည်းများ
• တရုတ်မုန်ညင်း ၁၀၀ ဂရမ်
• ၀က်နံရိုး ၁၀၀ ဂရမ်
• ငါးဖယ်လုံး
• တိုဟူး ၂ ထုပ်
• တရုတ်နံနံ
• ချင်း (ခြစ်ထားသောအရာကို ငါးဖယ်လုံးထဲထည့်ပါ။ ပါးပါးလှီးထားသော ချင်းကို ၀က်နံရိုးပြုတ်ထဲထည့်ပါ)
• ဆား လက်ဘက်ရည်ဇွန်း ၁ - ၁ ၁/၂ဇွန်း
• သကြားလက်ဘက်ရည်ဇွန်း ၁-၂ ဇွန်း
• အချိုမှုန့်
• ငရုတ်ကောင်းမှုန့်
ချက်ပြုတ်နည်းအဆင့်

မုန်ညင်းကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် သုံးလက်မအရှည်ဖြတ်ပါ။
ငါးကို အသားနွင်ပြီး နုတ်နုတ်စင်းပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်နှင့်
ကော်မှုန့်ထည့်ပြီး ထောင်းပါ။ ပြီးလျှင် အရွယ်တော် အလုံးလေးများ လုံးပါ။
တိုဟူးကို လေးထောင့်တုံးလေးများဖြစ်အောင် တုံးပါ။Pressure Cooker ထဲသို့
ဝက်နံရိုး၊ ကြက်သားမှုန့်၊ ချင်းတို့ကိုထည့်ပြီး ၁၀ မိနစ်ခန့် မီးဖိုပေါ်တွင် တည်ပါ။
ပြီးလျှင် မီးခဏပိတ်ပြီး အိုးကိုအအေးခံကာ အဖုံးဖွင့်ပါ။ ပြီးလျှင် ရေထပ်ထည့်ပြီး ဆူအောင်
ထပ်တည်ပါ။ ပြီးလျှင် ၀က်နံရိုးအဖတ်များကို ဖယ်လိုက်ပါ။ ငါးဖယ်လုံးထည့်ပါ။ ပြီးလျှင်
တိုဟူးထည့်ပါ။ ငါးဖယ်လုံးများ အပေါ်သို့ တက်လာလျှင် ငါးဖယ်လုံးကျက်ပြီဖြစ်ပါတယ်။
ပြီးလျှင် မုန်ညင်းထည့်ပါ။ တရုတ်နံနံအရိုးထည့်ပါ။ ဟင်းရည်အိုးပွက်လာပြီဆိုလျှင်
အရသာအပေါ့အငံကိုမြည်းပါ။ အရသာ စိတ်ကြိုက်တွေ့ပြီဆိုလျှင် တရုတ်နံနံအရွက်လေး
တွေအုပ်ပြီး ပူပူလေး သုံးဆောင်နိုင်ပါတယ်ရှင်။

0 comments:

Post a Comment