Wednesday, August 8, 2007

မှိုကန်စွန်းကြော်


ဆီပြန်ဟင်းတွေချည်း စားရတာ ငြီးငွေ့လာပြီဆိုတဲ့ ညီမငယ်လေးတွေအတွက်။

မှိုကန်စွန်းကြော်လိုအပ်သောပစ္စည်းများ
• ကန်စွန်းရွက် ၁၀၀ ဂရမ်
• မှို ၁၀၀ ဂရမိ
• ကြက်သွန်ဖြူ ၇ မွှာ
• ကြက်သွန်နီ ၁ လုံး
• ငရုတ်သီးစိမ်း ၇ တောင့်
• ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• အချိုမှုန့်
• သကြား လက်ဘက်ရည်ဇွန်း ၁/၂ ဇွန်း
• ပဲငံပြာရည် လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်းကတော့

ကန်ဇွန်းရွက်ကို အရွက်သပ်သပ်၊ အရိုးသပ်သပ် ခြွေကာ ရေဆေးပြီးရေစစ်ထားပါ။
မှိုကို ရေဆေးသန့်စင်ကာ ရေစစ်ထားပါ။ ဒယ်အိုးကို မီးအပူပေးပါ။ ကြက်သွန်ဖြူနီများကို အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ပြီးရင် မှို၊ ဆားနှင့် ကြက်သားမှုန့်ခဲ ထည့်ပါ။ ပြီးလျှင် ကန်ဇွန်းရိုးများကိုထည့်ပြီး မွှေပေးပြီး အဖုံးအုပ်ကာ ၂ မိနစ်ခန့်ထားပါ။ ကန်ဇွန်းရွက်နှင့် ပဲငံပြာရည်ကို ထပ်ထည့်ကာ မွှေပေးပါ။ ပြီးလျှင် ၂ မိနစ်ခန့်ထားပါ။
ငရုတ်သီးစိမ်းလေးခွဲပြီး အုပ်လိုက်ပါ။ အပေါ့အငန်အရသာမြည်းကာ ပူပူနွေးနွေး မှိုကန်ဇွန်းကြော်ကို စားသုံးနိုင်ပါပြီ။

1 comment: