Tuesday, August 7, 2007

အမဲသားခရမ်းနှပ်


ဒီနေ့ သူငယ်ချင်းလာလည်လို့ ဟင်းကောင်းလေးချက်ကျွေးချင်လို့ ဈေးသွားတာ အမဲသားရလာတယ်။ ခါတိုင်းကတော့အမဲသားကောင်းကောင်းရရင် ဆီပြန်ချက်စားဖြစ်တာများတယ်။ဒီတခါတော့ တမျိုးပြောင်းချက်ကြည့်မလို့လေ။
လိုအပ်သောပစ္စည်းများ
• ခရမ်းသီးအလုံး ၂လုံး
• အမဲသား ၂၀၀ ဂရမ်
• ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
• ခြစ်ပြီးသားဂျင်း လက်ဘက်ရည်ဇွန်း ၅ ဇွန်း
• ဆား လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
• ရေ လက်နွေးကြမ်းပန်းကန်လုံး ၁ လုံးခွဲ
• ကြက်သွန်ဖြူ ၅ မြွှာ (ခြစ်ထားပါ)
• ကြက်သွန်ဖြူ အလုံးကြီး ၁ လုံး (သေးသေးလေးဖြစ်အောင်လှီးထားပါ)
• ငရုတ်သီးအရောင်မှုန့် လက်ဘက်ရည်ဇွန်း ၂ ဇွန်း
• နနွင်းမှုန့် လက်ဘက်ရည်ဇွန်း၁/၂ ဇွန်း
• ငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
• အချိုမှုန့်အနည်းငယ်ဒါတွေအားလုံးအသင့်ဖြစ်ရော..
အမဲသားကို အနေတော်အတုံးလေးများတုံးပြီး
သံပုရာရည်နှင့်နယ်ဆေးလိုက်ပါတယ်။ ဇလုံတစ်လုံးထဲသို့
အမဲသား၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်၊ သကြား၊ အချိုမှုန့်
စသည်တို့ကို ထည့်ကာ ရောနယ်နှပ်ထားလိုက်ပါတယ်။ အိုးကို
မီးအပူပေးပြီး ဆီထည့်၊ မီးအသင့်အတင့်လေးနဲ့
ကြက်သွန်ဖြူနီဂျင်းငရုတ်သီးမှုန့်တို့ကို ဆီသတ်၊
နယ်ထားသောအမဲသားကိုထည့်ပြီး ၅ မိနစ်ခန့်ထပ်ပြီး
မွှေပေးပါတယ်။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပြီး
အမဲသားနူးလာသည်အထိ မီးအသင့်အတင့်ဖြင့်တည်ပါတယ်။
(အိုးမကပ်အောင် အဖုံးဖွင့်ပြီး မွှေပေးရပါသေးတယ်။)
ခရမ်းသီးကို တစ်လက်မအထူခန့် အပိုင်းလေးများဖြစ်အောင်
လှီးထားပြီး ဇလုံထဲထည့်လိုက်ပါတယ်။ အမဲသားအိုးထဲသို့
ခရမ်းသီးထပ်ထည့်ပြီး ပဲငံပြာရည်ထည့်ရပါတယ်။
ခရမ်းသီးထည့်ပြီး ၇ မိနစ်မှ ၁၀ မိနစ်ခန့်ကြာပြီဆိုရင်
ဟင်းအိုးကျက်ပါပြီ။ အထက်အောက် သေချာနှံ့အောင်
မွှေပေးပြီး အပေါ့အငန်အရသာမြည်းကာ မီးဖိုပေါ်မှ
အိုးချလိုက်ပါ။ အရသာရှိလှတဲ့ အမဲသား ခရမ်းသီးနှပ်ကို သူငယ်ချင်းနှစ်ယောက်စားပါတော့မယ်။
ဘယ်သူစားချင်သေးလဲဗျို့၊ တစ်ခွက်ကမ်းပါ့မယ်။

0 comments:

Post a Comment