Friday, August 31, 2007

ကန်ဇွန်းဆီတို့ဟူးကြော်


ကန်ဇွန်းရွက်ကို ပလိန်းကြော်လိုက်၊ မှိုနဲ့ကြော်လိုက်၊ ချဉ်ရည်ဟင်းချက်သောက်လိုက်၊
တို့စားလိုက်၊ သုပ်စားလိုက်နဲ့ အမျိုးမျိုးလုပ်စားလိုက်တာ ဒီတစ်ခေါက်ကတော့ ဆီတိုဟူးလေးနဲ့
ကြော်လိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကန်ဇွန်းရွက်၊ ဆီတိုဟူး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊
ချင်း၊ ဆား၊ အချိုမှုန့်အနည်းငယ်တို့ပါ။စစချင်း ကန်ဇွန်းရွက်ကို အရိုးအရွက်ရောချွေ၊
ရေဆေးပြီး စစ်ထားပါ။ ပြီးတော့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ဆီတိုဟူးကို
ရေနွေးနည်းနည်းထည့်ပြီး ဖျော်ထားပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထားပါ။
အားလုံးအဆင်သင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်
ကြက်သွန်ဖြူနဲ့ ချင်း ဓါးပြားရိုက်ကို ထည့်၊ ကြက်သွန်ဖြူနံ့လေးမွှေးလာပြီဆု
ိရင်
ကန်ဇွန်းရွက်ကိုထည့်၊ ဆားနည်းနည်းရယ်၊ အချိုမှုန့်ရယ်ထည့်၊ ကမန်းကတန်းမွှေနော်။
မီးအားကောင်းပါစေနော်။ ပြီးရင်တော့ ဆီတိုဟူးအရည်ဖျော်ကို ထည့်ပြီး သေချာနှံ့အောင်
မွှေပေးပါ။ ပြီးရင် ငရုတ်သီးစိမ်းလေးအုပ်၊ အရသာအပေါ့အငန်မြည်းပြီး ချလို့ရပြီ။
ကန်ဇွန်းဆီတိုဟူးငံစပ်ကြော်လေး ရပါပြီ။

0 comments:

Post a Comment