Tuesday, January 6, 2009

ရွှေရင်အေးအုန်းနို့ကျောက်ကျောပြိုင်ပွဲ


အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင်။ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းပို့သလိုက်ရပါတယ်ရှင်။ အလုပ်တစ်ဖက်နဲ့ မအားလပ်တာရော၊ ကျန်းမာရေးကလည်း နည်းနည်း ချူခြာတာမို့ ဘလော့ဂ်ပေါ် သိပ်မရောက်ဖြစ်ခဲ့သလို တခြားမောင်နှမတွေဆီလည်း အလည်မရောက်ဖြစ်ခဲ့ပါဘူး။ ကွန်နက်ရှင်ကလည်း သိပ်မကောင်းတာမို့ မောင်နှမတွေရဲ့ အိမ်တွေကို အလည်အပတ်မရောက်ဖြစ်ခဲ့တာကို ခွင့်လွှတ်ပါနော်။

လွတ်လပ်ရေးနေ့တုန်းက ကန်တော်ကြီးမှာ ကျင်းပတဲ့ ရွှေရင်အေးပြိုင်ပွဲကို ကျွန်မတို့ရုံးက လုပ်ဖော် ကိုင်ဘက် မောင်နှမတွေနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင် စုစုပေါင်း (၁၇) ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲ့ဒါပွဲမှာ ကျွန်မတို့အဖွဲ့က ဒုတိယဆု ရရှိခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ ပြုလုပ်ခဲ့တဲ့ ရွှေရင်အေးလုပ်နည်းလေးကို ကျွန်မရဲ့မောင်နှမများအားလုံးကို နောက်တော့ မျှဝေပေးပါမယ်နော်။ အခုတော့ ပြိုင်ပွဲဝင် မုန့်ပွဲလေးကိုပဲ မောင်နှမတွေအတွက် လက်ဆောင်ပါးလိုက်ပါတယ်နော်။

6 comments:

  1. Congratulation Ma Lu Lu!

    ReplyDelete
  2. Congratulation, Ma Ma Lu. I am very very proud of you. Pls. kindly let us know how can we make this Shwe Yin Aye. I am currently staying in oversea. It is not easy to find Shwe Yin Aye moht phat (Green colour) here. Pls. kindly share how can we make it at home, too. Thank you very much. Happy New Year 2009! Wishing you many more success in the future!

    Nyi Ma Lay

    ReplyDelete
  3. congratulation မမလုလု
    မမလုလုနဲ့ မောင်နှမ တော်ချင်လိုက်တာ
    ပန်းကန်လုံးကြီးကို ကြည့်ပြီး သွားရည်ပဲ ကျနေရတယ်
    အိမ်နားနီးရင်လည်း ကောင်းမှာပဲ
    မမလုလုနဲ့ ၀ိုင်းတော်သားများအားလုံးကို ကျေးဇူးတင်ပါတယ်
    ညီမလေး ခင်ကြည်ပြာ

    ReplyDelete
  4. ကြွားတယ်ပေါ့။ :) လေးစားပါတယ်ဗျာ။ မေ့သွားတယ်။ ကျနော်ရန်ကုန်မှာရှိနေတာဗျ။ လာခဲ့ရမှာ။ :)

    ReplyDelete
  5. အမည်မသိရေ အားပေးတဲ့အတွက် ကျေးဇူးပါနော်။
    ညီမလေးရေ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို မုန့်လက်ဆောင်းဖိုသွားပြီး လုပ်ကိုင်နည်းနဲ့ မုန့်အချိုးအစားကို သေချာမေးပေးပါမယ်နော်။ ဓာတ်ပုံနဲ့တကွ တင်ပေးပါမယ်။ ခဏလောက်စောင့်ပေးပါနော်။
    မလင်းစန္ဒာ ကျေးဇူးပါနော်။ အမြဲတမ်းအလည်လာတဲ့အတွက်ရော အားပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။
    ညီမလေး ခင်ကြည်ပြာကိုလည်း ကျေးဇူးတင်ပါတယ်နော်။
    ကိုဗီလိန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ရန်ကုန်မှာ အခုရော ရှိနေသေးလား။ အဲ့ဒီနေ့က လာခဲ့ရင်သိပ်ပျော်ဖို့ကောင်းမှာပဲ။

    ReplyDelete