Saturday, January 5, 2008
ဝက်သားကုန်းဘောင်ကြီးကြော်
<
ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမတွေကို ၀က်သားကုန်းဘောင်ကြီးကြော်လေး ချက်ကျွေးပါရစေဦးနော်။ တခါတလေ ဟင်းအပြောင်းအလဲလေး ဖြစ်အောင် မြန်မာလို ဆီပြန်ဟင်းမချက်ဘဲ ကုန်းဘောင်ကြီးကြော်လိုက်ရအောင်နော်။ ၀က်သားကုန်းဘောင်ကြီးကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သားအသားကောင်းကောင်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီဥကြီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ တရုတ်ပဲငံပြာရည်အပျစ်၊ အကျဲ၊ ချင်း၊ ကော်မှုန့် (corn flour) ၊ ဂျုံမှုန့် (wheat flour)၊ သကြား၊ အချိုမှုန့်အနည်းငယ်၊ တရုတ်နံနံ၊ ဆားအနည်းငယ်နဲ့ ဆီတို့ပါနော်။
ဝက်သားကို သန့်စင်အောင် ရေဆေးပြီး လေးထောင့်အတုံးလေးတွေ တုံးပါ။ ပြီးတော့မှ ကော်မှုန့်၊ ဂျုံမှုန့်၊ ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ ရောနယ်ပြီး နှပ်ပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး လေးထောင့်ဘလော့ဂ်တုံးလေးတွေဖြစ်အောင် တုံးထားပေးပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးပြားရိုက်ပေးထားပါ။ ချင်းကို အခွံနွှာ၊ ရေဆေးပြီး အချောင်းလေးတွေဖြစ်အောင် ပါးပါးလှီးပေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး အကွင်းလိုက်လေးတွေ လှီးပေးထားပါ။ တရုတ်နံနံကိုလည်း ရေဆေးပြီးမထူမပါးလေး လှီးပေးထားပါနော်။ ငရုတ်သီးအခြောက်တောင့်ကိုလည်း အညှာခြွေပြီး သန့်ရှင်းရေးလုပ်ထားပေးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ငရုတ်သီးအခြောက်တောင့်တွေကို ကြွပ်အောင် ကြော်ပေးပါ။ အကျက်ညီပြီး ကျွမ်းမသွားရအောင် ငရုတ်သီးကို ဟိုဘက်ဒီဘက်လှန်၊ မီးအသင့်တင့်နဲ့ ကြော်ပေးပါ။ ကြွပ်ပြီဆိုရင်တော့ ငရုတ်သီးတောင့်တွေကို ဆီအိုးထဲကနေ ပန်းကန်တစ်ချပ်ထဲ ဆယ်ထည့်ထားပေးပါ။ ပြီးရင်တော့ ဆီထဲကို ပါးပါးလှီးထားတဲ့ ချင်းရယ်၊ ကြက်သွန်ဖြူဓါးပြားရိုက်ရယ်ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူစိမ်းနံ့ပျောက်ပြီး နွမ်းတာနဲ့ နယ်နှပ်ထားတဲ့ အသားတွေကိုထည့်ပြီး ကြော်ပေးပါ။ အသားနူးရအောင် ရေနည်းနည်းထည့်ပြီး အဖုံးအုပ်ပြီး ခဏလောက် နှပ်ပေးထားပါ။ အသားနူးလောက်ပြီဆိုရင်တော့ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးပါ။ (ကြိုက်တတ်ပြီး ၀ယ်ထားတာ အဆင်သင့်ရှိရင်တော့ ငရုတ်ပွ၊ မှို စသော အခြားအသီးအရွက်များထည့်နိုင်ပါတယ်) ပြီးရင်တော့ ပဲငံပြာရည်အပျစ်နည်းနည်းနဲ့ အကျဲနည်းနည်းစီထည့်ပြီး မွှေပေးပါ။ ကြက်သွန်နီကိုလည်း အရမ်းကြီးနွမ်းအောင် မကြော်နဲ့နော်။ အရသာ အပေါအငံကို မြည်းပြီး ဖယ်ထားတဲ့ ငရုတ်သီးတောင့်ကြော်ကိုထည့်၊ တရုတ်နံနံလေး အုပ်ပြီး သုံးဆောင်နိုင်ပါတယ်နော်။ အဲ့ဒါဆိုရင်တော့ ၀က်သားကုန်းဘောင်ကြီးကြော် ရပါပြီနော်။ အားပေးကြပါဦးနော်။
2 comments:
  1. အစ်မလုလု ....
    အေပရယ်
    ReplyDelete
  2. ခင်(မိဆိုးလေး)June 24, 2010 at 2:30 PM
    ကျေးဇူးပါ မမလုလု..။ ခု မမရဲ့  blog လေးက အရမ်းတန်ဘိုးရှိပြီး မသုံးတည့်နေတယ်။ ချက်စားချင်တာလေးရှိရင် ဝင်ကြည့်လိုက် ချက်စားလိုက်နဲ့ ပေါ့။ဒီမှာ မြန်မာ အစားအစာကို ကိုယ့်ဘာသာ ရှာကျန်ချက်စားနေခဲ့တာဆိုတော့။
    ၂၀၀၇ ထဲက ဂျာမဏီမှာကျောင်းတက်နေတဲ့သူငယ်ချင်းက ဒီBlog လေးကို မိတ်ဆက်ပေးခဲ့တယ်။ Comment တွေ C box တွေမှာ သိပ်မရေးဖြစ်ပေမယ့် အမြဲတမ်းရောက်ပါတယ်။ ချစ်တဲ့ ခင်
    ReplyDelete