Tuesday, September 4, 2007

ကင်မ်ချီ (Kimchi)

Kimchi JjigaeKimchi
စုပေါင်းကင်မ်ချီလုပ်ပွဲ

ကိုရီးယားဇာတ်လမ်းတွဲတွေ မြန်မာပြည်မှာ စပြကတည်းက အဲ့ဒီကင်မ်ချီဆိုတာကြီးကို စားချင်နေမိတာ့  အဟုတ်ပဲ့ ကိုယ်ကလဲ ကြိုက်လိုက်မှဖြင့် ချဉ်စပ်၊ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ကင်မ်ချီကလည်း မပါမဖြစ့့်  ဒီလိုနဲ့ပဲ ကျွန်မ အခွင့်အရေးလေးတစ်ခု ကြုံကြိုက်တော့ ကိုရီးယားကို နှစ်ပတ် အလည်သွားခွင့် ရခဲ့ပါတယ့့်  အဲ့ဒီခရီးစဉ်မှာ ကိုရီးယားမိသားစုအိမ်မှာ Home Stay နေခဲ့ရပါတယ်။ သူတို့က ကိုရီးယားလူမျိုး တွေရဲ့ အဓိက အစားအစာချက်ပြုတ်နည်းတွေကို သင်ပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ကင်မ်ချီလုပ်နည်းကလည်း တစ်ခုအပါအ၀င်ပေါ့။
ကင်မ်ချီမျိုးပေါင်းများစွာရှိတဲ့အထဲက အလွယ်ကူဆုံး၊ ကျွန်မကိုယ်တိုင်လည်း မကြာခဏ လုပ်စားဖြစ်တဲ့ နည်းလေးကိုပဲ လက်ဆင့်ကမ်းမျှဝေပါ့မယ်။ ကင်မ်ချီကို မုန်လာဥ၊ မုန်ညင်းဖြူထုပ်၊ သခွါးသီး စသဖြင့် ဟင်းသီး ဟင်းရွက်အစုံနဲ့ လုပ်တာပါ။ နောက်ပြီး ငရုတ်သီးမှုန့် (တချို့ဆိုင်တွေမှာ ကင်မ်ချီလုပ်တဲ့ ငရုတ်သီးမှုန့် ဆိုပြီး သပ်သပ် ရှိပါသေးတယ်)၊ ပုဇွန် ဒါမှမဟုတ် ခရု (အငံလုပ်ထားတာပါ)၊ ချင်း၊ ကြက်သွန်မြိတ်၊ ဆား၊ သကြားတို့ပါ။
မုန်ညင်းဖြူထုပ်နဲ့ လုပ်မယ်ဆိုရင် အဲ့ဒီမုန်ညင်းထုပ်ကြီးကို ထက်ခြမ်းအရင်ခြမ်း၊ ပြီးတော့မှ တစ်ခါ အလယ်ကနေ ထက်ခြမ်းထပ်ခြမ်း၊ ပြီးရင် အဲ့ဒီမုန်ညင်းထုပ်ကို ရေဆေး ပြီးတော့ ဆားတွေနဲ့ နယ်ထား၊ တချို့က တော့ ဆားရည်စိမ်ပါတယ်တဲ့။ လေးနာရီလောက်ထားပြီးတော့မှ အဲ့ဒီမုန်ညင်းတွေကို ရေဆေးပြီး ပြန်စစ်ထား ပါတယ်။ မုန်လာဥကိုလည်း ရေဆေး၊ ပြီးတော့ ခပ်ပါးပါးရှည်ရှည်လေးတွေ လှီးထားပါ။ ကြက်သွန်မြိတ်ကိုလည်း ခပ်ရှည်ရှည်လေးတွေ ဖြတ်ထားပေးပါ။ ချင်း၊ ကြက်သွန်ဖြူကိုလည်း ခြစ်ထားပါနော်။
ပြီးတော့မှ ဇလုံအသန့်တစ်လုံးထဲမှာ မုန်လာဥပါးပါးလှီးထားတာရယ်၊ ခြစ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ ရယ်၊ ပုဇွန်ဒါမှမဟုတ်ခရုရယ်၊ ဆား၊ သကြား၊ ငရုတ်သီးမှုန့်ထည့်ပြီးတော့ သေချာနယ်။ ပြီးရင် ခုနက ရေစစ်ထား တဲ့ မုန်ညင်းဖြူထုပ်ကို ယူပြီးတော့ တစ်လွှာချင်းရဲ့ ကြားထဲမှာ ခုနက ရောနယ်ထားတဲ့ မုန်လာဥအနှစ်တွေကို သေချာထည့်၊ တစ်လွှာပြီးတစ်လွှာသေချာထည့်၊ ပြီးတော့မှ မုန်ညင်းထုပ်လေးကို ငရုတ်သီး မုန်လာဥ အနှစ်တွေ နဲ့ နှံ့အောင်သေချာနယ်ပြီးတော့ ဗူးသန့်သန့်၊ ပုလင်းသန့်သန့်ထဲထည့်ထားနော်။ ပြီးတော့မှ လေလုံအောင် သေချာပိတ်ထား။ နောက်တစ်နေ့မနက်ကျရင် အဲ့ဒီကင်မ်ချီကနေ အရည်တွေ ထွက်လာမယ်။ ဘာမှ မဖြစ် ဘူးနော်။ ၃ ရက်လောက်ဆိုရင်တော့ ချဉ်လာပြီး စားလို့ရနေပြီ။ အရည်တွေကို မလိုချင်ရင်သွန်ပစ်လို့လဲ ရသလို နောက်ပိုင်း ဟင်းထဲ ထည့်ချက်စားလဲ ရတယ်။ ပိုပြီး အချဉ်ကဲမှ စားချင်တယ် ဆိုရင်တော့ နည်းနည်း ရက်ကြာကြာထားစားရုံပဲလေ။ ကိုရီးယားလူမျိုးတွေကတော့ ကင်မ်ချီကို လုပ်ပြီးပြီးချင်းပဲ ၀က်သား သုံးထပ်သား ပြုတ်နဲ့ စားကြပါတယ်။ အဲ့ဒါသူတို့ရဲ့ ပွဲတော်တစ်ခုပဲ။ နာမည်တော့ မေ့နေပြီ။ ၀က်သားအတုံးလိုက်ကြီးတွေကို သကြားတေ၊ွ ဆားတွေနဲ့ နယ်၊ ပြီးတော့မှ အနံ့မနံ့ရအောင် ကော်ဖီခဲလေးထည့်ပြီးတော့မှ ပြုတ်တာ၊ ကင်မ်ချီတွေကိုလည်း အများကြီးလုပ်တာ။ ၀က်သားပြုတ် နူးပြီဆိုတာနဲ့ အဲ့ဒီဝက်သားတွေကို အိုးထဲကနေ ဆယ်၊ ပြီးတော့မှ မထူမပါးလှီး၊ လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ ကင်မ်ချီကို အဲ့ဒီဝက်သားလေးနဲ့ လိပ်ပြီး စားကြတယ်။ တချို့ကျတော့ ကင်မ်ချီကို ရာဝင်အိုးတွေနဲ့ကို သိပ်၊ မြေကြီးထဲ မြှုပ်ထားပြီးတော့မှ စားကြတာ။ အကြာကြီးထားပြီးတော့မှ နောက်ပိုင်းကျရင် Kimchi Jjigae အပါအ၀င် တခြားအစားအစာများကို လုပ်စားကြပါ တယ်တဲ့။ Kimchi Jjigae ကတော့ အဲ့ဒီကင်မ်ချီရယ်၊ ပြီးတော့ seafood တွေရယ်၊ ၀က်သားရယ်၊ တိုဟူး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ စတာတွေကိုထည့်ပြီး ပြန်ချက်တာပါတဲ့။ Oma ရဲ့ လက်ရာကို လွမ်းလိုက်တာ့ 
Smile … 1..2..3..4… Kimchii့  တဖျတ်ဖျတ်နဲ့ ကင်မ်ရာကနေ အရောင်လေးတွေ လက်လာသလို ပြန်ခါနီး ကျခဲ့ရတဲ့မျက်ရည်စက်တွေ၊ ကိုရီးယားအမေနဲ့ သူငယ်ချင်းတွေရဲ့ အားပေးအပြုံးတွေ့  နွေးထွေးမှုတွေနဲ့ အတူ့ ကိုရီးယားနိုင်ငံကို လွမ်းမျှော်ကြည့်ရင်းနဲ့  Oma ရယ့့် အခွင့်ရှိသေးရင် နောက်တစ်ခေါက် လာခဲ့ပါဦးမယ့့် 
ကျွန်မ Host Family ကိုရီယားအမေကြီးရဲ့ ကြင်နာမှုနဲ့အတူ ကိုရီးယားနိုင်ငံကို ကျွန်မနဲ့ အတူ အလည် တစ်ခေါက်အတူသွားခဲ့ကြရတဲ့ အာဆီယံနိုင်ငံမှ သူငယ်ချင်းများအားလုံးအတွက် အမှတ်တရ့ 

5 comments:

  1. စနေရေ့ 
    လုလုလည်း ကင်မ်ချီအရမ်းကြိုက်တယ့့်  မိဆိုးဟင်းရည်လေးနဲ့ဆို အကိုက်ပဲ့ 

    ReplyDelete
  2. မလုရေ...မမရဲ့  စာမျက်နှာကို အခုမှ သိလို့  အခုမှရောက်ဖြစ်တာ အရမ်းကို နောင်တရပါတယ်...မမရဲ့  ဟင်းတွေထဲမှာ စေတနာတွေပါလို့  အရမ်းကို စားကောင်းမှာပါ...နောက်ဆို အမြဲရောက်ဖြစ်မှာပါ...

    ReplyDelete
  3. sister

    could u pls tell me how to do miso soup.. i like it very much.

    thx.

    ReplyDelete
  4. ကင်မ်ချီ လုပ်မယ်ဆိုပြီး google မှာ ရှာလိုက်တာ လုလုရဲ့  ဘလော့ကို တွေ့ တောတာပဲ...လင့်ခ်ချိတ် ထားလိုက်ပါပြီ... :)

    ReplyDelete