Wednesday, September 5, 2007

ထမင်းသုပ်


ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ လူကို မအီမလည်ဖြစ်စေတာ့  မိုးများ ရွာလေမလားလို့ စိတ်ထဲ ထင်နေပေမယ့် မိုးလည်း မရွာ နေလဲမပွင့်နဲ့ ဘယ်လိုကြီးမှန်းကို မသိဘူ့း့ 
ကြက်သား ကြော်ထားတာလေးလဲ ရှိတယ်ဆိုတော့ နိုးလာရင်တော့ တစ်ခုခုတော့ စားလို့ဖြစ်တာပဲဆိုပြီး ပြန်အိပ်နေလိုက်တာ နေ့လည် ၂ နာရီကျော်မှ နိုးတယ်။
နိုးလာလာချင်း ဘလော့ဂ်ထဲ ၀င်ကြည့်လိုက်တော့ ညီမတော် သီလိကလည်း နေမကောင်းဘူးတဲ့။ သံချောင်း လာခေါက်သွားတယ်။ အဲ့ဒီတော့ နေမကောင်းတဲ့သူလဲ ခံတွင်းလိုက်အောင် တစ်ခုခုတော့ လုပ်ပေးမှလို့ တွေးပြီး ဒီထမင်းသုပ်လေးကို အမြန်လုပ်လိုက်ရပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ထမင်းဖြူ၊ ငရုတ်သီးချက်၊ ဆီချက်၊ မြေပဲကြော်၊ ကြက်သားကြော်၊ ပုဇွန်ခြောက်မှုန့် နည်းနည်း၊ သံပုရာသီးတစ်စိတ်၊ ငံပြာရည်၊ အချိုမှုန့်တို့ပါ။
ငရုတ်သီးချက်လုပ်နည်းလေးပြောပြမယ်နော်။ ငရုတ်သီးကို ဆားလေး၊ အချိုမှုန့်လေး နည်းနည်းထည့်၊ ရေထည့်ပြီး ပျစ်နေအောင် မွှေပေးပါ။ ချင်းလေး၊ ကြက်သွန်ဖြူလေးနည်းနည်း ခြစ်ထည့်ပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် မီးကိုလျော့ပြီး ငရုတ်သီးမွှေလေးကို ထည့်ပါ။ ပြီးရင် ကျက်အောင် မီးနွေးနွေးနဲ့ ခပ်ကြာကြာလေး ချက်ပေးပါ။ ကျက်ပြီဆိုရင် ငရုတ်သီးလေးတွေက နီညိုရောင်လေး ပြောင်းသွား ပါတယ်။
ပန်းကန်ပြားတစ်ချပ်ထဲ ထမင်းထည့်၊ ငရုတ်သီးချက်လေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၊ ပြီးတော့ ဆီချက်ထည့်၊ ပုဇွန်ခြောက်မှုန့်လေးထည့်၊ ငံပြာရည်လေးနည်းနည်းထည့်၊ အချိုမှုန့်နည်းနည်းလေးထည့်၊ သံပုရာရည်လေးညှစ်ထည့် ပြီးတော့ သေချာနှံ့အောင်နယ်။ အရသာကိုတော့ ကိုယ်နှစ်သက်သလိုလေးပေါ့။ အခု သုပ်ထားတာက နည်းနည်းလေး အချဉ်ကဲထားပေးတယ်။ ကြက်သားကြော်ရော မြေပဲကြော်လေးနဲ့ရော စားလို့ရအောင်ပေါ့။ အစာကြေလွယ်ရအောင်လို့ ကြက်သွန်ဖြူလေးရယ်၊ ပူစီနံရွက်လေးရယ် ထည့်လိုက်သေး တယ်။ ပြီးတော့ ခံတွင်းရှင်းသွားအောင်လို့ ငရုတ်သီးအခြောက်တောင့်ကြော်လေးတစ်တောင့် ထည့်ပေးလိုက် တယ်။ မြေပဲကြော်လေးတွေ ထည့်လိုက်တယ်။ ကြက်သားကြော်လေး တစ်တုံးနဲ့။ အပေါ်ကနေ ကြက်သွန်ကြော် ဖတ်လေးတွေ ဖြူးလိုက်တော့ စားဖို့ အဆင်သင့်ဖြစ်တဲ့ ထမင်းသုပ်တစ်ပွဲ ရပါပြီ။
ကောက်ညှင်းလက်ဖက်ခြောက်မွှေးမွှေးလေးခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ပဲ သုံးဆောင်ပါနော့့် 
မိတိလိကြူးလေး အမြန်ဆုံး နေကောင်းလာပါစေ့ 

3 comments:

  1. မလုအဲ့ဒီထမင်းသုပ်အတွက် သုံးထားတဲ့ ငရုတ်သီးမှုန့် ကိုရီးယားငရုတ်သီးမှုန့်ကို သုံးထားပါတယ်။ ငရုတ်သီးမှုန့် ထမင်းစားဇွန်းသုံးဇွန်းဆိုရင် ရေ ထမင်းစားဇွန်း ၇ ဇွန်းလောက်ထည့်ပြီး မွှေပါ။ ဆားအနည်းငယ်နဲ့ ကြက်သွန်ဖြူ၊ ချင်းလေးကို ခြစ်ပြီးထည့်မွှေ ပေးပါ။ ပြီးတော့မှ ဒယ်အိုးထဲဆီထည့်၊ ဆီပူလာရင်တော့ ငရုတ်သီးအနှစ်ဖျော်ထားတာတွေထည့်၊ မီးကိုအနိမ့်ဆုံးလျော့ပြီး ငရုတ်သီးတွေကို မွှေပေးပါ။ ငရုတ်သီးအရောင်ရဲရဲလေးရမှာပါနော်။ စမ်းကြည့်ပါနော်။

    ReplyDelete
  2. မမလုလုရှင့်... ငရုတ်သီးချက်အတွက်သုံးရမယ့် ငရုတ်သီးမှုန့်ကို ကိုရီးယားငရုတ်သီးမှုန့်မရှိဘူး ဆိုရင် ဘယ်လိုငရုတ်သီးမှုန့်မျိုးသုံးလို့ရမလဲဆိုတာ သိချင်လို့ပါ..ကျေးဇူးတင်ပါတယ်ရှင့်..

    ReplyDelete
  3. ငရုတ်သီးအစိမ်းမှုန့်( အရောင်တင်မှုန့်)လို့လည်း ခေါ်ကြပါတယ်။ တကယ်လို့ အဲ့ဒီအမှုန့်တွေ မသုံးချင်ဘူးဆိုရင် ငရုတ်သီးအပုပွအခြောက်တောင့်ကို ရေနွေးနဲ့စိမ်ဆေး၊ အစေ့ထုတ်ပြီး ညက်အောင်ထောင်းပြီးမှ အပေါ်မှာ ပြောထားတဲ့ နည်းအတိုင်းပဲ သုံးပြီး ချက်လိုက်ပါနော်။ အဲ့ဒါဆိုရင် အဆင်ပြေကြမှာပါနော်။

    ReplyDelete