Saturday, August 4, 2007

ကြက်ချိုချဉ်ကြော်

နှမတော်

အော်ဒါအတိုင်းပဲ
ကြက်သားချိုချဉ်ကြော်လုပ်နည်းကို
ပို့ပေးလိုက်ပါတယ်။
ကြက်သားကြက်သဲကြက်မြစ်တွေကို
သေးသေးလေးတွေတုံးပြီး
ဆားသကြားပဲငံပြာရည်နဲ့နယ်ထားပါ။
ပြီးတော့ ထည့်မယ့်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့
မုန်လာဥနီ ငရုတ်ပွ ဂေါ်ဖီ မျှစ် မှို
ခရမ်းချဉ်သီး ပန်းဂေါ်ဖီ (ကြိုက်နှစ်သက်ရာ
ဟင်းသီးဟင်းရွက်များ)ကိုသင့်တော်တဲ့အရွယ်အစား
အတိုင်းဖြတ်တောက်ထားပါ။ ကြက်သွန်နီကို
ဘလော့တုံးလှီးပါ။ ပြီးလျှင် ရှလကာရည်၊
ကော်မှုန့်၊ သကြား၊ ဆား၊ ပဲငံပြာရည်၊
ကြက်သားမှုန့်ရောပြီး အရည်ဖျော်ထားတာကို
ထည့်လိုက်ပါ။ ဒယ်အိုးထဲ
ဆီထည့်ပါ။ ကြက်သွန်ဖြူဓါးပြားရိုက်ထည့်ပါ။
ဂျင်းနည်းနည်းထည့်ပါ ကြက်သွန်နီထည့်ပါ။
ဆီသတ်ပါ။ ပြီးလျှင် ကြက်သားထည့်မွှေပါ။
ပြီးလျှင် ကြက်သားများမွှေးလာလျှင် ခုနက
ဟင်းသီးဟင်းရွက်တွေထည့်ပါ။ ပြီးလျှင်
ရှလကာရည်၊ ကော်မှုန့်၊ သကြား၊ ဆား၊
ကြက်သားမှုန့်ရောပြီး အရည်ဖျော်ထားတာကို
ထည့်လိုက်ပါ။ အရသာကတော့ ကိုယ်ကြိုက်နှစ်သက်မယ့်
ချိုချဉ်အရသာလေးဖြစ်အောင်ခန့်မှန်းပြီးထည့်လိုက်နော်။
ချိုချဉ်ကြော်နဲ့လိုက်ဖက်တာကတော့ ကြက်သားစွပ်ပြုတ်
သို့မဟုတ် ငါးဖယ်လုံးစွပ်ပြုတ်ပေါ့။ကျန်တာကတော့
ကြိုက်သလိုစားနော်။ကြော်ပြီးရင်
ဒီကိုတစ်ပွဲပို့လိုက်ပါ။ ဒန်တန်တန့့်
အားလုံးအဆင်ပြေပါစေ

ချစ်တဲ့
မမ

(ဟင်းချက်နည်းလှမ်းမေးတဲ့ညီမလေးဆီကို ပို့ပေးလိုက်တဲ့စာပါ။)

0 comments:

Post a Comment