Saturday, August 4, 2007

ငန်ပြာရည်ချက်

လူအရေအတွက်ပေါ်မူတည်ပြီး၊
လိုအပ်တဲ့ပစ္စည်းရဲ့အချိုးအစားကို
ကြည့်ထည့်ပါတယ်။ ပုဇွန်ခြောက်ကို
မညက်တညက်ထောင်းထားပါတယ်။
ကြက်သွန်ဖြူနဲ့အနီပါးပါးလှီး၊
ငရုတ်သီး စိမ်းတွေကိုထက်ခြမ်းခွဲထား၊
မန်ကျည်း သီးကိုရေစိမ်၊အနှစ်ရအောင်စစ်ပါတယ်။
စစချင်းမှာ ဆီနည်းနည်းလေးထည့်ပြီး
ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကိုဆီသတ်ပါတယ်။
နည်းနည်းမွှေးလာပြီဆို၊ ထောင်းထားတဲ့ပုဇွန်
ခြောက်ထည့်ပြီးရင် ငံပြာရည်ထည့်ပါတယ်။
ငရုတ်သီးစိမ်းထက်ခြမ်းခွဲလေးတွေထည့်၊
နောက်ဆုံးမှမန်ကျည်းနှစ်ကိုထည့်ပါတယ်။
ဆီပြန်လာပြီဆို အပေါ့အငန်မြည်း၊အနေ
အတော်ပဲဆိုမီးဖိုပေါ်ကချလိုက်တာပေါ့။

0 comments:

Post a Comment