Wednesday, August 8, 2007

ဆီချက်ခေါက်ဆွဲ


မနေ့က သူငယ်ချင်းတစ်ယောက်အလည်လာလို့ ကမန်းကတမ်းနဲ့ ဘာချက်ကျွေးရမလဲဆိုတာ
အပြေး အလွှားစဉ်းစားလိုက်တော့ ခေါက်ဆွဲလဲရှိ၊ ကြက်သားလဲရှိတော့ ဆီချက်လေးလုပ်ကျွေးလိုက်ရင်
ကောင်းမှာပဲ ဆိုပြီး လုပ်လိုက်တာကို ပြန်မျှဝေလိုက်တာပါနော်။ ဆီချက်ခေါက်ဆွဲလုပ်တော့မယ်ဆိုရင်
ပထမဆုံး စဉ်းစားရမှာ က ဘဲသားနဲ့လား ၀က်သားနဲ့လား ကြက်သားနဲ့လား ဆိုတာရယ်၊ ပြီးတော့
ခေါက်ဆွဲပြားနဲ့လား ခေါက်ဆွဲလုံး နဲ့လား ဆိုတာကို အရင်စဉ်းစား၊ ဘာသားနဲ့ပဲလုပ်လုပ် ပထမဦးဆုံးတော့
အဲ့ဒီအသားတွေကို ပြုတ်ကြော်လေးလုပ် (မော်လမြိုင်အခေါ် အသားပဲဆီချက်) ရတာအရင်ပဲလေ၊
မနေ့ကတော့ ကြက်သားပဲရှိတော့ ကြက်သား ပြုတ်ကြော်ပဲလုပ်လိုက်တယ်။ အဲ့ဒီလိုပြုတ်ကြော်လေး
လုပ်တဲ့အချိန်မှာ နာနတ်ပွင့်လေး သုံးလေးပွင့်လောက်ထည့် လိုက်ရင်အနံ့အရသာက လျှာပေါ်စွဲလောက်တဲ့အထိ
ပြောင်းလဲသွားစေတတ်ပါတယ်။ အရိုးတွေကိုလည်း နူးနေအောင် ပြုတ်ထားပေါ့  ပြီးတော့ ဆီချက်ခေါက်ဆွဲရဲ့
အဓိကအရသာနဲ့အနံ့ကို ပေါ်လွင်အောင် ဖြည့်စွမ်းပေးနိုင်တာကတော့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကြော်ပါပဲ့
အဲ့ဒီနှစ်ခုကို ကြော်တဲ့ အခါ အရေးအကြီးဆုံးကတော့ မတူးစေဖို့ပါပဲ။ ကြော်တဲ့အချိန်မှာ သတိထားရမှာကြ
ကက်သွန်ဖြူရော အနီရောကို တစ်ခါတည်းရော ကြော်လို့မရပါဘူး။ ကြက်သွန်နီကို အရင်ထည့်ကြော်ပါ၊ ပြီးမှ
ကြက်သွန်ဖြူကို မညက်တညက်လေး ဓားပြားရိုက်လေးကိုထည့် လိုက်နော့့်  အရေးအကြီးဆုံးက အဲ့ဒီနှစ်ခုကို
ကြော်နေတဲ့အချိန်မှာ သတိထားပြီးမွှေပေးရမယ်။မီးဖိုပေါ်က ဒယ်အိုးချရမယ့်အချိန်က အဲ့ဒီကြက်သွန်နီကြော်လေးတွေ
ရွှေညိုရောင်လေးတွေဖြစ်လာတဲ့အချိန်မှာ ချရမယ်နော်။ မီးဖိုက ဒယ်အိုးချပြီး တာနဲ့တပြိုင်နက် ကြက်သွန်ကြော်လေး
တွေကိုဆယ်ပြီး ဇကာထဲထည့်ပြီးဆီစစ် အအေးခံထား လိုက်နော်။ အဲ့ဒါမှမကျွမ်းဘဲ အရသာလည်းရှိ အနံ့လေးကလည်း မွှေးနေမှာ။

များသောအားဖြင့် ခေါက်ဆွဲတွေက ပြုတ်ပြီးသားတွေဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီခေါက်ဆွဲတွေကို ရေနွေး ပွက်ပွက်ဆူထဲ ခဏလောက်တော့
ထည့်ပြုတ်လိုက့့် ပြီးတော့မှ စကာနဲ့ပြန်စစ်ပြီး ခေါက်ဆွဲပူပူလေးတွေကို ပန်းကန်လုံးလေးထဲထည့့်  ပြီးတော့ ခုနကပြုတ်ကြော်လုပ
်ထားတဲ့ အသားလေးတွေကိုစိတ်ကြိုက်လှီးထည့် ပြီးတော့ ပဲပင် ပေါက်ကြိုက်တတ်ရင် ပဲပင်ပေါက်ကို အရိုးပြုတ်ရည်လေးနဲ့ ရေနွေးဖျောတယ်
ဆိုယုံ လေးနှစ်ပြီး ထည့်၊ ပြီးတော့ တရုတ်နံနံ၊ ကြက်သွန်မြိတ်လေးတွေကို ပါးပါးလှီးထည့်၊ ပြီးတော့ ကြာညို့လေး နည်းနည်း ဆမ်းထည့်၊
ပြီးတော့ ဆား၊ အချိုမှုန့်လေးထည့်၊ ပြီးတော့ အပေါ်ဆုံးမှာ ကြက်သွန်ကြော်လေးဖြူးထည့်၊ ဆီချက် အရည်လေးဆမ်းထည့်လိုက်၊ အဲ့ဒါဆို
အင်မတန်အရသာရှိပြီး ရနံ့သင်းတဲ့ ဆီချက်ခေါက်ဆွဲရပါပြီ့ 

အချဉ်ကိုတော့ အအီလည်းပြေမယ့်နည်းကိုပြောမယ်နော့့်

ငရုတ်သီးစိမ်းကို ပါးပါးလေးတွေလှီး၊ ကြက်သွန်နီဖြူ ပါးပါးလှီး၊ သံပုရာရည် ညှစ်ထည့်၊ ဆား၊ အချိုမှုန့် နည်းနည်းစီထည့်ပြီး နယ်လိုက်၊
အမလေး ပြောရင်းနဲ့ ဂလုဂလုဖြစ်နေပြန်ပြီ့ အဲ့ဒီအချဉ်လေးနဲ့ သုံးဆောင်နော့့် 
ဟင်းချိုရည်ကတော့ ခုနက ပြုတ်ထားတဲ့အရိုးပြုတ်အိုးထဲကို ကြက်သွန်ဖြူဓါးပြားရိုက် ထည့်၊ ချင်းဓားပြား ရိုက်ထည့်၊ ပြီးတော့မှ ပန်းကန်လုံးလေးထဲ
အရိုးပြုတ်ရည်လေး ခပ်ထည့်၊ ပြီးရင် ငရုတ်ကောင်းမှုန့်လေး ဖြူးလိုက်တယ်။ အားပါးပါ့း့  ကောင်းမှကောင့်း့ 
ထမင်းဟင်းချက်ဖို့ အဆင်သင့်မရှိတဲ့အခါ အလွယ်တကူ လုပ်စားလို့ရလို့ မျှဝေပေး လိုက်တာပါနော့့်
(နေးတစ်မှာတင်ပြီးသားနော်)

1 comment:

  1. If you fry onion, the taste changes to burmese taste. Chinese does not fry onion until cripy. We use only garlic. You miss the main taste of dish. It is pepper. Without pepper it should not be called as Si Chat. Thks

    ReplyDelete