ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
မနေ့က အိမ်ပြန်ရောက်တော့ အခန်းဘေးကပ်လျက်က သူငယ်ချင်းက ပြောတယ့့် ဂျပန်မှာ ကျောင်းအတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေက
မြန်မာကို အလည်ရောက်နေတာ မနက် ၃ နာရီလောက် ပုဂံ -ညောင်ဦး ကနေ နေပြည်တော်ကို ရောက်မယ်တဲ့ 
့ မနက်ဖြန်က နေပြည်တော်မှာ
လျှောက်လည်မယ်တဲ့  အဲ့ဒါ အမနဲ့ သူတို့တွေ တွေ့လို့ရအောင် ပြောပြတာတဲ့ 
အဲ့ဒါနဲ့ ကျွန်မကလည်း သူငယ်ချင်းတွေ ရောက်တုန်းလေး မြန်မာအစားအစာလေး
ချက်ကျွေးချင်တယ်လို့ စိတ်ကူးမိတယ့့်  ကျွန်မက ရုံးသွားရမှာမို့ မနက်အစောစာကို
ချက်ရလည်းလွယ်၊ နိုင်ငံခြားသားခံတွင်းနဲ့လည်း စားလို့ အဆင်ပြေစေမယ့် ကြာဆံချက်လေး
ချက်လိုက်မယ့့်  ပြီးတော့ အချိုပွဲအတွက် အုန်းစိမ်းတွေ ၀ယ်ထားတာရှိတယ့့် 
ဒူးရင်းယိုကလည်း မော်လမြိုင်အိမ်က ထည့်ပေးလိုက်တာ ရှိတယ့့် ကျောက်ကျော မှုန့်ကလည်း အိမ်မှာ
အသင့်ရှိတယ်ဆိုတော့ ကျောက်ကျောလေး ၂ မျိုးလောက် ကျိုလိုက်မယ့်  ကောက်ညှင်းမွှေးလက်ဖက်ခြောက်လေး ခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ဆိုရင် မနက်စာအတွက်
အဆင်ပြေလောက်မယ်လို့ တွေးလိုက်မိတယ့့်  အပြင်မှာ လိုက်ကျွေးဖို့လည်း
အချိန်မရတာရော့  လကုန်ခါနီးပြီဆိုတော့ ပေသီးခေါက်တာလည်း ပါတာပေါ့နော့့် 
အဲ့ဒီတော့ အိမ်မှာ ရှိတာလေးတွေနဲ့ သူငယ်ချင်းတွေကို ဖွယ်ဖွယ်ရာရာလေး ကျွေးချင်လို့
ချက်ဖြစ်ခဲ့ပါတယ့့် 
ကြာဆံချက် ချက်နည်းကိုတော့ မကြာခဏ ရေးပေးခဲ့ဖူးလို့
ပြန်မရေးပေးတော့ဘူးနော့့် 
http://lulucooking.blogspot.com/2007/08/blog-post_13.html
အဲ့ဒီလင့်ခ်တွေမှာ သွားကြည့်လို့ ရတယ်နော်။
အုန်းစိမ်းကျောက်ကျောလုပ်နည်းလည်း မကြာခဏရေးပေးခဲ့ဖူးပါတယ်နော့့် 
http://lulucooking.blogspot.com/2008/03/blog-post_04.html
တို့မှာ ရေးခဲ့ဖူးပါတယ်။
အဲ့ဒီမှာတုန်းကတော့အုန်းစိမ်းပင်ပွား ကျောက်ကျောလေး လုပ်ခဲ့ဖူးတယ်နော်။
ဒီတစ်ခါတော့ အုန်းစိမ်းဒူးရင်းယိုကျောက်ကျောလုပ်နည်းလေးကို အသေးစိတ်
ရေးပေးပါဦးမယ်နော့့်  ပိတ်ရက်မှာ သူငယ်ချင်းတွေစုံတုန်းလေး လုပ်စားမယ်ဆိုရင်
အဆင်ပြေအောင်လို့ပေါ့နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ်
(၁) ထုပ်၊ အုန်းစိမ်းရည် (၂) လီတာ၊ ဒူးရင်းယို (၅) ကျပ်သား၊ သကြား (၁၅) ကျပ်သား၊ ဆားအနည်းငယ်တို့ပါနော်။
ရေလီတာဝက်ကို အိုးတစ်လုံးထဲထည့်၊ သကြားထည့်ပြီး သကြားတွေ ပျော်သွားအောင်
ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါနော်။ ဒူးရင်းယိုလေးတွေကိုလည်း ငုံးဥအနှစ်လေးလိုဖြစ်အောင်
လုံးပေးပြီး ပုံစံဖော်မယ့် ခွက်လေးတွေထဲ ထည့်ပေးထားပါ။ အုန်းစိမ်းရည် ၁ လီတာခွဲကိုလည်း
အသင့်ပြင်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဖြစ်ရင်တော့ အိုးတစ်လုံးထဲကို အုန်းစိမ်းရည်၊
သကြားရည်၊ ကျောက်ကျောမှုန့်နဲ့ ဆား အနည်းငယ်တို့ ထည့်ပြီး အားလုံးသမအောင် မွှေပြီး မီးဖိုပေါ်
တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀)
မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။
ပြီးရင် အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ အဲ့ဒီအချိန်မှာ
ကျောက်ကျောထည့်မယ့် ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို ဒူးရင်းယိုလေးတွေ ထည့်ထားပေး ပါနော်။
ပြီးတော့မှ အိုးအဖုံးကို ဖွင့်၊ ပင်ပွားတွေကို ထည့်ပြီး ကျောက်ကျောအိုးကို (၁၀) မိနစ်လောက်
အဆက် မပြတ် မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး
အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့
ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲ ကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့
အရသာလည်းရှိ အမြင်လည်း လှတဲ့ အုန်းစိမ်းဒူးရင်းယိုကျောက်ကျောလေး ရပါပြီနော်။
ကျွန်မရဲ့ သူငယ်ချင်းတွေလည်း ပျော်ကြပါတယ့့်  သူတို့ပျော်သလို
ကျွန်မလည်း ပျော်ပါတယ့့် 
အဲ့ဒီနေ့က ဆွမ်းတော်လည်း ကပ်လိုက်ရတယ့့် ကျွန်မရဲ့ ရုံးက
လုပ်ဖော် ကိုင်ဖက်တွေကို လည်း ကျွေးလိုက်ရသေးတယ့့်  ပျော်စရာလည်းကောင်းပါတယ့် 
့ ကုသိုလ်လည်း ရပါတယ့့်  မောင်နှမတွေ အဆင်ပြေအောင်လို့
မျှဝေလိုက်ရပါတယ်နော့့် 






