Monday, September 24, 2012

ကဏန်း အချိုပေါင်း



ချိုအိမွှေးဆိမ့် အရသာနဲ့ စားလို့ကောင်းတဲ့ ကဏန်းအချိုပေါင်း

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင် ...

မောင်နှမတွေ အတွက် စားလို့ကောင်းမယ့် ကဏန်း အချိုပေါင်းလေး ချက်နည်းလေး မျှဝေပေးပါရစေဦးရှင် ...

ဘလော့ဂ်မှ ပို့စ်တွေ update လုပ်ဖို့က ဒီက ကွန်နက်ရှင်နဲ့ လုပ်လို့မရဘူး၊ အဲ့ဒါကြောင့်မို့ Facebook မှာ အရင်တင်ပြီးမှ ဘလော့ဂ်မှာ တင်ရသလို ဖြစ်နေပါတယ် ... ဘလော့ဂ်မှာ လာရောက် ကြည့်ရှု အားပေးကြတဲ့ မောင်နှမများ အဲ့ဒီ အခြေအနေလေးကို နားလည် ခွင့်လွှတ်ပေးစေ လိုပါတယ်နော် ... ၀ိုင်းတော်သားများရဲ့ အကူအညီနဲ့ ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နေအောင် ပို့စ်တွေ တင်ပေးနေမှာပါနော် ...

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကဏန်း (၇) ကောင်၊ ကြက်သွန်ဖြူ (၅) မွှာ ဓားပြားရိုက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ခရုဆီ ထမင်းစားဇွန်း (၁) ဇွန်း၊ ဟင်းရွက်ဆီ ထမင်းစားဇွန်း (၂) ဇွန်းတို့ပါနော် ...

ကဏန်းတွေကို သန့်ရှင်းရေးလုပ်၊ ၀မ်းဗိုက်ဘက်က အဖတ်တွေ ဖယ်ရှားပစ်ပြီး ရေနဲ့ သန့်စင်အောင် ဆေးပေးပါ။ ပြီးရင် လက်မက အခွံမာတွေကို ငရုတ်ကျည်ပွေ့နဲ့ ထုပေးပါ။ ပက်လက်လှန်ထားတဲ့ အနေအထားရှိတဲ့ ကိုယ်ထည်ကို ခလယ်ကနေ အသာယာ နှစ်ခြမ်းခြမ်းပေးပါ။ ကျောကုန်းဘက်က အခွံမာရှိနေတော့ ၂ ခြမ်းပြတ်မသွားဘဲ ရှိနေမယ်။

သန့်ရှင်းရေး လုပ်ပြီးသား ကဏန်းကို ကြက်သားမှုန့်ရယ် နှမ်းဆီမွှေးရယ်နဲ့ နယ်ပေးပါ။ ပြီးတော့မှ ကဏန်း ပေါင်းဖို့ ပြင်ရအောင်။ လွယ်လွယ် မြင်အောင်ပြော ရရင် အိုးကြီးကြီး တစ်လုံးထဲ ရေနွေးပွက်ပွက် ဆူအောင် တည်ထားပေးပါ။ ဇကာထဲမှာ အောက်ကနေ ငှက်ပျောဖက်ခင်းပြီး ကဏန်းတွေကို စီစီရီရီ တင်ထားပါ။ ရေနွေး ပွက်တာနဲ့ ကဏန်းတွေ စီထားတဲ့ ဇကာကို ထည့်ပြီး အဖုံးလုံအောင် ပိတ်ပြီး မိနစ် (၂၀) ပေါင်းပေးပါ။ အချိန် ပြည့်သွားရင် ကဏန်းတွေကို တစ်ဘက်လှန်ပြီး နောက်ထပ် (၁၀) မိနစ် ပေါင်းပေးပါ။

အဲ့ဒီ အချိန်မှာ တစ်ဘက်က မီးဖိုမှာ ဒယ်အိုးလေးတင်၊ ဟင်းရွက်ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူ ဓားပြားရိုက် ထည့် ဆီသတ်၊ မွှေးလာတာနဲ့ ပဲငံပြာရည်က အကျဲနဲ့ ခရုဆီတို့ကို ထည့်ပြီး မွှေ၊ မီးပိတ်ပြီး ဒယ်အိုးချ။

တစ်ဘက်မှာလည်း ပေါင်းထားတဲ့ ကဏန်းပေါင်း ရပြီ။ ပန်းကန်ထဲ ကဏန်းပေါင်းတွေကို စီစီရီရီ ထည့်၊ ပြီးတော့ ခုနက ကြက်သွန်ဖြူ ဆီမွှေးသတ်ထားတဲ့ အရည်လေးတွေကို ကဏန်းပေါင်း အပေါ် နှံ့အောင် အသာအယာ လောင်းချ ပေးလိုက်ပါနော်။

အဲ့ဒါဆိုရင်တော့ ကဏန်းပေါင်း ချိုအိဆိမ့်မွှေး အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကဏန်းပေါင်းလေးကို စားလို့ ရပါပြီနော် ... ကြိုက်တတ်ရင် တရုတ်နံနံ၊ ကြက်သွန်မြိတ် အဲ့ဒါတွေ ထည့်လို့ရသေးတယ် ...

အချဉ်ကတော့ မလုရဲ့ အကြိုက် လွယ်ကူရိုးရှင်းပြီး အရသာရှိလှတဲ့ ဘိတ်ချဉ်နဲ့ပေါ့ ...

ဒါဆိုရင် မောင်နှမတွေ အားလုံး အိုကေလောက်ပြီလို့ ထင်ပါတယ် … ချက်စားရတာ လွယ်တယ်လေနော် ... မောင်နှမတွေ ချက်စားဖြစ်ရင် မလုကိုလည်း ကျွေးကြပါဦးလို့ ...

17 comments:

  1. စားချင်စရာ မမလုရေ... သတိရတယ်.. ပျောက်နေတာကြာပီနော်...

    ReplyDelete
  2. ကူးကူးလေးရေ့ 
    မလုက အလုပ်မအားတာက တစ်ကြောင့်း့ ပြီးတော့ အင်တာနက်ကွန်နက်ရှင်ကလည်း မကောင်းဘူးလေ့ ပို့စ်တွေတောင် ၀ိုင်းတော်သားတွေက တင်ပေးနေရတာမို့ပါ့  ကူးအပါအ၀င် မလုချစ်သော မောင်နှမများအားလုံးကို သတိရလျက်ပါနော့့် 

    ReplyDelete
  3. အရမ်းကြိုက်တယ် မမလု

    ReplyDelete
  4. Thamee Su လေးရေ့  အရမ်းကြိုက်ရင် အများကြီးစားပါနော့့်  ကဏန်းက စားလို့လည်း ကောင့်း့ အလုပ်လည်းရှုပ်လေ့  ဒါပေမယ့် စားကောင်းတော့ အလုပ်ရှုပ်တာကို မေ့ပြီး စားတော့တာပေါ့နော်

    ReplyDelete
  5. ဒီမှာ ကူစားမယ့်လူမရှိလို့ ဧည့်သည်လာမှာကိုမျှော်နေတယ်။
    စားပစ်မယ်ဗျို့ 

    ReplyDelete
  6. မမရှင်လေ့း့  အဲ့ဒါဆို လုလု ဧည့်သည်လာလုပ်မယ်နော့့် 
    အစ်ကိုသောမတ်စ်ရော နေကောင်းလာ့း့  သတိရတယ်လို့ နှုတ်ခွန်းဆက်ပေးပါဦးနော့့်

    ReplyDelete
  7. စားချင်စဖွယ်လေး
    မြင်တာနဲ့ သွားရည်ကျတယ် မလုလုရယ်.။

    ReplyDelete
    Replies
    1. စာရေးလည်းကောင်း၊ ဓာတ်ပုံရိုက်တာလည်း တော်၊ အချက်အပြုတ်လည်း ကျွမ်းကျင်လွန်းတဲ့ ဘက်ပေါင်းစုံတော်တဲ့ မချော အခုလို လာပြီး ကော်မန့်စ်ပေးသွားလို့ ကျေးဇူးတင်ပါတယ်နော့့် အားပေးတဲ့အတွက် ကျေးဇူးပါရှင့့် 

      Delete
  8. ကဏန်းအချိုပေါင်းတဲ့စားချင်စဖွယ်လေး
    အားပေးသွားပါတယ်အမ

    ReplyDelete
    Replies
    1. အားပေးသွားတဲ့ ညီမလေး မြတ်နိုးသူကို ကျေးဇူးတင်ပါတယ်နော်

      Delete
  9. လုလုဟင်းတွေကအမြဲစားကောင်းမှာသေချာတော့တကယ်စားချင်တယ်။
    လုလုတင်တိုင်းအပြေးလာလာကြည့်ဖြစ်တယ်နော်။
    မမအိုင်အိုရာ

    ReplyDelete
    Replies
    1. မမအိုင်အိုရာရေ့  ညီမလေးကို အမြဲတမ်းအားပေးနေတဲ့အတွက် အရမ်းကိုပဲ ကျေးဇူးတင်ပါတယ့့်  နောင်ကိုလည်း အမြဲလာအားပေးဖို့ ဖိတ်ခေါ်ပါရစေရှင်

      Delete
  10. လုလုဂဏန်းအချိုပေါင်းဟင်းလေးအားပေးသွားပါတယ်ကွယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
    Replies
    1. အန်တီလေးမေခင် အလည်လာပြီး ဂဏန်းအချိုပေါင်းလေးကို လာပြီး အားပေးသွားလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်

      Delete
  11. This comment has been removed by the author.

    ReplyDelete