Tuesday, May 22, 2012

ဟောဒီဘက်က ငါးကြော်ပူပူမွှေးမွှေးလေ့း့ 

ငါးကြော်တဲ့အခါ အချိန်လည်း ယူရတာရော့  ဆီဖြုန်း ရတာရော့ အညှော်မိတာရော့  ဆီစင်တာရောမို့ တစ်ခါတည်းပဲ ငါးမျိုးစုံကို ကြော်ပစ်လိုက်ရော့  တစ်ခါပဲ အညှော်မိတယ့့် တစ်ခါပဲ မီးဖိုချောင်ကို သန့်ရှင်းရေး ပြန်လုပ်ရတယ်ပေါ့  ပင်ပန်းသက်သာရအောင် ဒီလိုလည်း လုပ်မိတယ့့်  အဲ့  နောက်လျှို့ဝှက်ချက် တစ်ခုပြောဦးမယ့့်  မီးဖိုချောင် မညစ်ပတ်ရအောင်လို့ ငါးကြော်တိုင်း ဒယ်အိုးကို မသုံးဘဲ ဒန်အိုးထဲမှာပဲ ကြော်ဖြစ်တယ့့် ဆီစင်တာ သက်သာတယ့့်  မောင်နှမတွေလည်း စမ်းသပ်ကြည့်ပါဦး

 
 ငါးကြော်ထဲ ထည့်ဖို့ ငရုတ်သီး၊ ကြက်သွန်ဖြူနီ၊ ချင်း၊ စပါးလင် တို့ကို ပါးပါးလှီးပြီး ကြော်ထားတာပါ။ မန်ကျည်းနှစ်လေးနဲ့ ငံပြာရည်လေးပါ ထည့်ပြီး ငါးကြော်နှပ်ပုံစံမျိုး လုပ်စားလို့ရအောင် ကြော်ထားတာပါ။ ငါးကြော်နဲ့ ရောလိုက်ရင် ရတယ်ဆိုပေမယ့် ကြက်သွန်တွေ ပျော့သွားမှာ စိုးလို့ မရောဘဲ သီးသန့်စီထားရင် ဘယ်အချိန်စားစား ကြွပ်ကြွပ်မွှေးမွှေးလေး စားရမှာနော့့် 

 ဒါကတော့ အစပ်မစားနိုင်တဲ့ မောင်နှမတွေအတွက်ပေါ့  ကြက်သွန်ဖြူနီကို ကြော်ထားတာ့  ငါးကြော်ပြီးတဲ့ဆီနဲ့ ကြက်သွန်ကို ဆက်ကြော်ထားတာပါ့  မောင်လေး တစ်ယောက်က မေးဖူးတယ့့်  အဲ့ဒီကြက်သွန်ကြော် တွေ မပျော့သွားအောင်ရလို့ ဘယ်လိုကြော်တာလဲတဲ့  ကြက်သွန်ကြော်တွေ ပျော့မသွားရအောင်လို့ ကြက်သွန်တွေ ရွှေဝါရောင်ပြောင်းပြီဆိုတာနဲ့ ဆား (သို့မဟုတ်) ကြက်သားမှုန့်လေး နည်းနည်းလေး ထည့်ပြီး ကြော်လိုက်ရင် ကြက်သွန်ကြော်တွေ မပျော့တော့ဘူးနော့့်  အဲ့ဒါ လျှို့ဝှက်ချက့့် 

 ဒါကတော့ ငါးခူကြော်လေးတွေပေါ့  ခေါင်းမပါတော့ ကြည့်ရတာ တစ်မျိုးပဲလို့ မထင်လိုက်နဲ့နော့့် ခေါင်းတွေက ကြော်လိုက်ရင် စားလို့မကောင်းတော့ဘူ့း့  အဲ့ဒီတော့ ခေါင်းတွေကို ဖြတ်ပြီး ကင်ပွန်းရွက်၊ မန်ကျည်းရွက်၊ ကန်စွန်းရွက် စတဲ့အသီးအရွက်တွေ ချည်ရည်ဟင်းချက်တဲ့အထဲ ထည့်ချက်လိုက်ရော့  ဒါလည်း နောက်တိုး ဟင်းတစ်မျိုးမဟုတ်လာ့း့  အကုန်အကျ သက်သာစေတယ်နော့့် 


 ဒါကတော့ ငါးဖောင်ရိုးကြော့့်  ငါးဖောင်ရိုးကတော့ ကြော်စားရင် အကြိုက်ဆုံးပဲမို့လို့ပါ့ 

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
ဟင်းပွဲအသစ်လေးတွေ မတင်ဖြစ်တာ ကြာပြီလေ့  အခုတော့ ငါးကြော်ပူပူမွှေးမွှေးလေး ယူလာပြီး မောင်နှမများကို နှုတ်ခွန်းဆက်ပါတယ်ရှင့့် 

ကောက်ညှင်းပေါင်း ပူပူလေးနဲ့ပဲ စားစား၊ ထမင်းဖြူလေး ဆီဆမ်းပြီးပဲ စားစား၊ ပူလွန်းလို့ ဆီပြန်ဟင်းတွေ မစားချင်တဲ့အခါ ငါးကြော်လေးနဲ့ ချဉ်ရည်ဟင်းလေးနဲ့ပဲစားစား စားလို့ရအောင်လို့ပါနော့့် 
ရိုးရိုးလေးပေမယ့် မောင်နှမများ တစ်ခါတလေ ငါးကြော်စားချင်ရင် အဆင်ပြေရအောင်လို့ပါနော့့် 

8 comments:

  1. စားချင်လာပြီမလုရေ...
    ရန်ကုန်ရောက်မှ လုပ်စားမယ်။ အခုတော့ ကြည့်ရင်းနဲ့  ပဲ.....

    ReplyDelete
  2. ဟုတ်ကဲ့ မမရှင်လေ့း့ 
    ဒီတစ်ခါ ပြန်လာရင် ပြောပါဦးနော့့်

    ReplyDelete
  3. အားးးးရိုးးမမလုလုရေ သွားရေကျလိုက်တား))

    ReplyDelete
  4. မလုလုရေ အခုရေးပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် .........ဒါပေမယ်လေ
    ကျွန်တော် တစ်ခုလောက်တောင်းဆိုပါရစေ ........အခုချက်နည်းလေးတွေကို အားလုံးကို
    PDF file နဲ့ Download ဆွဲလို့ရအောင် တင်ပေးပါလို့ ပြောပါရစေ။

    ReplyDelete
  5. လုလုရေ..
    အမြဲကျေးဇူးတင်နေရပါတယ်။ လုလုရဲ့ စေတနာလေးတွေကို။
    အိုင်အိုရာ

    ReplyDelete
  6. မလုရေ ကျေးကျေးနော်

    ReplyDelete
  7. လာလည်သွားပါတယ်။

    ReplyDelete
  8. လာလည်သွားပါတယ်။

    ReplyDelete