Wednesday, February 8, 2012

ပဲပင်ပေါက်သနပ်

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  မောင်နှမတွေနဲ့ စီဘောက်စ်ကနေလည်း စကား မပြောရ၊ ကော်မန့်လည်း ပြောလို့မရတဲ့ဘ၀ဖြစ်ပေမယ့့်  မောင်နှမတွေအတွက် ဟင်းပွဲလေးတွေ တင်ပေးချင်တဲ့စိတ်က အမြဲတမ်း ရှိပါတယ်နော့ 
ဒီနေ့ မောင်နှမတွေကို ပဲပင်ပေါက်သနပ်လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော့့်  ဒီနည်းလေးကို facebook မှာ တင်ပေးပြီးပေမယ့် ဘလော့ဂ်ကို အလည်လာကြတဲ့မောင်နှမတွေအတွက်လည်း မျှဝေပေးချင်လို့ပါနော့့် 
ဒီသနပ်လေး လုပ်ရင်း မော်လမြိုင်က အစ်ကိုတစ်ယောက်ကို သတိရမိတယ့့်  ဒီနေ့ ဘာချက်စားလဲ ညီမလေးလို့ မေးတော့  ပဲပင်ပေါက်သနပ်လို့ ပြောတော့ အစ်ကိုက့ မိလုရေ့ နင်က အခုတော့ နေပြည်တော်ရွှေမြို့သူကြီးဖြစ်နေပြီဆိုတော့ မော်လမြိုင်လေသံပျောက်နေပြီး အသံတွေတောင်ပြောင်းကုန်ပါလားတဲ့   တကယ်တော့ ကိုယ့်ဇာတိရဲ့ လေသံဆိုတာလေ ဘယ်လိုမှ ဖျောက်ဖျက်လို့မရပါဘူ့း့  
အော့့်  မော်လမြိုင်မှာ ပဲပင်ပေါက်လို့မှ မခေါ်တာပဲနော့့်  ပဲတီလို့ ခေါ်တာ ဟုတ်တယ့့်  ဟုတ်တယ့့် မနက်ခင်းမိုးလင်းရင် အထမ်းသယ်က အော်ရောင်းတယ်လေ့  ပဲတီပဲမှုန့် (ပဲပင်ပေါက်+ပဲပြားကို ဆိုလိုတာပါ) လို့လေ့  အဲ့ဒါဆိုရင် မော်လမြိုင်လေသံမပျောက်တော့ဘူး ဟုတ်တယ်ဟုတ့့်  လို့ ပြန်ပြောလိုက်တယ့့်  
အစ်ကိုက အဲ့ဒါမှ ငါတို့ မော်လမြိုင်သံစစ်စစ်တဲ့  ဒါနဲ့လေ့  အဲ့ဒီပဲတီသနပ်လုပ်နည်းလေး ကို ပြောပြပါဦးတဲ့ 
အဲ့ဒါနဲ့ပဲ ပဲတီသနပ်လို့ ခေါ်တဲ့ ပဲပင်ပေါက်သနပ်ကို အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ်နော့့် 
ပဲပင်ပေါက်များကို အမည်းရောင် ပဲဖတ်လေးတွေ အရင်သန့်စင်ပေးရမယ်နော့့်  ပြီးမှ ရေနဲ့ သန့်စင်အောင်ဆေးပါမယ့့်  ပြီးရင် ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အထဲမှာ နနွင်းမှုန့်လေး အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာရင် ပဲပင်ပေါက်တွေကို ထည့်ပြီး ရေနွေးဖျောပြီး ပြန်ဆယ်ပါတယ်။

အဆာပလာအတွက် စပါးလင်လတ်လတ်ဆတ်ဆတ်ကို ပါးပါးလှီးထားပါ။ မြေပဲဆန်လှော်ထောင်းထားပါ။ ငါးပိစိမ်းစားအနည်းငယ် မီးကင်ထားပါ။ မီးမကင်ဖြစ်ရင် ကြက်သွန်နီဆီချက်ချက်ပြီးတဲ့အခါ ကြက်သွန်ကြော်တွေကို ဆယ်ယူပြီးတော့ မီးဖိုမီးပိတ်ပြီး အဲ့ဒီဆီပူထဲမှာ ငါးပိလေးကို အသာလေး ထည့်ပြီး ကြော်ထားပါ။

ဇလုံတစ်လုံးထဲ ပဲပင်ပေါက်ရောနွေးဖျောကိုထည့်ပြီး စပါးလင်၊ ဆား၊ သကြား အနည်းငယ်၊ ငါးပိစိမ်းစား၊ မြေပဲဆန်လှော်ထောင်း၊ ကြက်သွန်နီဆီချက်၊ အချဉ် အရသာအတွက် ရှာလကာရည် (သို့မဟုတ်) သံပရာရည် (သို့မဟုတ်) မရမ်းပြား ကိုထည့်ပြီး သမအောင် နယ်ပေးပါ။ အရသာအပေါ့အငန်မြည်းပြီး နှမ်းစေ့လေးတွေပါ ထည့်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပဲပင်ပေါက်သနပ် အရန်ဟင်းတစ်ခွက်ကို ရရှိစေမှာပါ။ 
အုန်းထမင်း၊ ထောပတ်ထမင်း၊ ဆီပြန်ဟင်း၊ ဘာလချောင်ကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။
မောင်နှမတို့လည်း တစ်ခါတလေကျရင် ပဲပင်ပေါက်ပဲပြားကြော်အစား ပဲပင်ပေါက်သနပ်လေး လုပ်ပြီး စမ်းသပ်စားသုံးကြည့်ကြပါဦး။

13 comments:

  1. ခုဘဲလုပ်စားကြည့်မယ်နော်..တခါမှမခါမိသေးဘူး...ဟိ

    ReplyDelete
    Replies
    1. ခုပဲ လုပ်စားကြည့် တခါလေး ခါမိသွားရအောင်လို့နော် ဟိ

      Delete
  2. ခုဘဲလုပ်စားကြည့်မယ်နော်..တခါမှမခါမိသေးဘူး...ဟိ

    ReplyDelete
  3. စားလို့ ကောင်းမှာ သေချာတယ်..

    ReplyDelete
    Replies
    1. ဟုတ်ကဲ့  စားပြီးလို့ ကောင်းတာသေချာရင်လည်း ပြောပြဦးနော်

      Delete
  4. လုပ်စားမယ်မမ...ပဲပင်ပေါက်လဲကြိုက်တယ်..

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကူးကူးလေ့း့ လုပ်စားဖြစ်ရင် ကျွေးဦးနော့့်

      Delete
  5. အိုးအို့ မမလုလုရဲ့ ဂလိုလုပ်လို့ရတယ်လား လုပ်စားမယ်လုပ်စားမယ်
    ပဲပင်ပေါက်တခါဝယ်ရင် ၅မူးဖိုးကို မကုန်လို့
    ကျေးဇူး ကျေးဇူး
    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
    Replies
    1. မဒိုးကန်ရေ့  ပဲပင်ပေါက် နောက်တစ်ခါကျ ၅ မူးဖိုးပဲ မ၀ယ်နဲ့  ၁ ကျပ်ဖိုးလောက် ၀ယ့့်  သနပ်လုပ်ပြီးရင် လိုက်ဝေလိုက့့်  ဟိဟိ
      ချစ်တဲ့
      မယ်လု

      Delete
  6. Replies
    1. မမရှင်လေ့း့  အစ်ကိုသောမတ်စ်ကို လုပ်ကျွေးလိုက့့်  ဟိ

      Delete
  7. တောင်းမှတောင်း

    ReplyDelete
  8. တောင်းမှတောင်း

    ReplyDelete