Friday, March 20, 2009

ကျွန်မနှင့် ပဲကြာဇံသုပ်





အားလုံးသော မောင်နှမများ မင်္ဂလာပါနော်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ လောက်က ကျွန်မ အလွန်အမင်းစားချင်စိတ် ဖြစ်ခဲ့တဲ့ ပဲကြာဇံသုပ်လေး အကြောင်း ပြန်ပြောင်းပြောရင်း ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ပဲကြာဇံသုပ်လေး သုပ်ကျွေးပါဦးမယ်နော်။
ကျွန်မ မူလတန်းတက်ခဲ့တဲ့ ကျောင်းနာမည်က တရုတ်တန်းအစိုးရ မူလတန်းကျောင်းတဲ့။ မော်လမြိုင်မြို့ သင်္ဘောလဲရပ်ကွက်မှာ ရှိတာပါ။ ကျွန်မတို့အိမ်နဲ့လည်း သိပ်မဝေးဘူးဆိုတော့ ကျွန်မရဲ့အကြီးတွေ အဒေါ်တွေက ကျွန်မတို့ မောင်နှမတွေကို မူလတန်းတက်တဲ့အချိန်မှာ အဲ့ဒီကျောင်းမှာ ထားပါတယ်။ အဲ့ဒီကျောင်းမှာ စတုတ္ထတန်းတက်နေစဉ်အချိန်မှာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ လောက်ဆိုတော့လည်း ပြန်တွေးကြည့်ကြပါဦး မောင်နှမတို့ရေ့  ကျွန်မတက်ခဲ့တဲ့ကျောင်းလေးက တိုက်ခံပျဉ်ထောင်ကျောင်းလေးပါ။ ကျောင်းမှာ ဆရာမ စာသင်တဲ့ ကျောက်သင်ပုန်းတွေက black board အစစ်၊ အခုခေတ်လို white board မဟုတ်ဘူးလေနော်။ သစ်သားကျောက်သင်ပုန်းကြီးပေါ့။
ကျွန်မက ငယ်ငယ်လေးကတည်းက ချူခြာတော့ လူကောင်က မထွားဘူးလေ။ ခပ်ညှပ်ညှပ်မို့ဘယ်တော့မဆို ရှေ့ဆုံးအတန်းမှာ ထိုင်ရတယ်။ ကျွန်မနဲ့အတူ ရှေ့ဆုံးမှာ အမြဲထိုင်တဲ့ သူငယ်ချင်းက ကျွန်မသူငယ်ချင်း မိတိုးလို့ ခေါ်တဲ့ တိုးတိုးဝင်း။ နောက်တန်းမှာတော့ ကျွန်မသူငယ်ချင်း စန်းစန်းဝင်း၊ လေးလေးသိုက်။
ဇန်န၀ါရီလ၊ ဆောင်းလချမ်းချမ်းမနက် မှာ တိုးဝှေ့တိုက်ခတ်လာတဲ့ လေအေးအေးကို ကျွန်မ နှစ်ခြိုက်ခဲ့ပေမယ့် ထိုလေအေးလေးက ကျွန်မတို့ စာသင်ခန်း ပြတင်းပေါက်ကနေတဆင့် ကျောက်သင်ပုန်းကြီး ကို အတိုက်၊ ကျွန်မကလည်း သူငယ်ချင်းတွေနဲ့ နောက်လှည့်ပြီး စကားအပြော၊ ၀ုန့်း့ ဆိုတဲ့အသံနဲ့ ကျွန်မခေါင်းပေါ်ကို ကျောက်သင်ပုန်းကြီး လဲကျလာပြီး ကျွန်မ လောကကြီးနဲ့ အဆက်အသွယ်ပြတ် သွားပါတော့ တယ်။ ကျွန်မ သတိရတဲ့အချိန်မှာ ကျွန်မကို အတန်းထဲက ခန္ဓာကိုယ်ခပ်ထွားထွား ယောက်ျားလေး သူငယ်ချင်း များက ကျွန်မက ၀ိုင်းပွေ့ထားကြပြီး ဘေးနားက သူငယ်ချင်းတွေနဲ့ ဆရာမတွေရဲ့ ၀ိုင်းပြီး အော်ခေါ်နေတဲ့ အသံကိုပဲ ကြားရပြီး မျက်လုံးထဲမှာတော့ ကြယ်တွေလတွေပဲ မြင်နေရပါတယ်။ ပြီးတော့ ကျွန်မက သမီးဘာဖြစ်သွားတာလဲဟင်လို့ မေးလိုက်တော့ ဆရာမတွေက သမီးဘာမှမဖြစ်ဘူးနော့့်  သမီး မကြောက်နဲ့  သမီးခေါင်းပေါ်ကို ကျောက်သင်းပုန်းလဲကျ သွားလို့ သမီးခေါင်းနည်းနည်းပေါက်သွားတာနော့့်  သမီးအိမ်ကိုလည်း ဆရာမတို့ ပြောထားပြီးပြီ့  အခု ဆေးခန်းကိုသွားနေပြီလို့ ပြောနေသံကို ကြားရပြီးနောက် ကျွန်မ ပြန်ပြီး မေ့သွားပါတော့တယ်။
သတိရတဲ့အချိန်မှာ ကျွန်မဆေးခန်းရောက်နေပြီး ဆရာဝန်နဲ့ ကျောင်းက ဆရာမတွေ စကားပြောနေတဲ့ အသံကိုကြားနေရပါတယ်။ ဆရာဝန်က အခု ခေါင်းကိုထိခိုက်သွားတဲ့နေရာဟာ ဦးနှောက်နဲ့ အလွန်နီးတဲ့အတွက် စိုးရိမ်ရကြောင်း၊ ကလေးကို မလှုပ်မရှားဘဲ နေစေလိုကြောင်း၊ နောက်ပိုင်း အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်လာရင် ဆေးရုံးမှာ ထပ်ပြဖို့လိုအပ်ကြောင်း ပြောနေရင်း ဆရာဝန်က ခေါင်းကွဲတဲ့ဒဏ်ရာကို ချုပ်နေတာကို သိလိုက် ရပါတယ်။ ကျွန်မကို ထုံဆေးထိုးပြီး ချုပ်တယ်လို့ ကျွန်မထင်ပါတယ်။ မနာပေမယ့် ချုပ်နေတာကို သိနေတာကိုး။ ဆေးခန်းမှာ တစ်နာရီလောက်ကြာအောင် စောင့်ကြည့်ပြီးတော့ စိတ်ချရပြီဆိုတော့ ဆရာဝန်က အိမ်ပြန်ခွင့် ပြုလိုက်တော့ ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ ကျွန်မကို ဆရာမနဲ့ သူငယ်ချင်းများက အိမ်ကိုလိုက်ပို့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့ မရမ်းကုန်းရပ်ကွက်မှာလည်း ဆွမ်းကြီးလောင်းပွဲတော်က ရှိတာမို့ ကျွန်မကို ဇာတ်ထဲက မင်းသားခေါင်းပေါင်း ငှားပြီးထွက်လာတယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်း အကိုအမတွေက စနောက် ကြပါသေးတယ်။ ကျွန်မ မရီနိုင်ခဲ့ပါ့  သွေးတွေနဲ့ နီနီရဲနေတဲ့ အကျီင်္ကိုသာ ကြည့်ပြီး ကျွန်မ ကြောက်နေမိခဲ့တာ အမှန်ပါ။
အိမ်ရောက်ပြီးတဲ့အခါ တစ်ရေးအိပ်ပြီး နိုးလာတဲ့အခါ နေ့လည် ၂ နာရီလောက်ကျတော့ ကျွန်မ ဗိုက်ဆာလာပါတယ်။ မစားလို့လည်း မရဘူးလေ၊ ဆေးသောက်ရဦးမှာမဟုတ်လား။ အဲ့ဒီတော့ ကျွန်မရဲ့ ကြီးမြက ကျွန်မကို မေးပါတယ့့်  သမီး ဘာစားချင်လဲတဲ့  ကြီးမြ ဘာလုပ်ပေးရမလဲတဲ့  ကျွန်မ အပြေးအလွှား စဉ်းစားပါတယ့့်  ဘာစားရမလဲ့  သိပြီ့  ကြီးမေ ခဏခဏ သုပ်ကျွေးတဲ့ ပဲကြာဇံသုပ့့်  ကြာဇံကိုအဓိကထား၊ အာလူး၊ ပဲပြားကြော်နဲ့ ပဲပင်ပေါက်လေးထည့်၊ ပုစွန်ခြောက်မှုန့်နဲ့ ကြက်သွန်ဆီချက်နိုင်းချင်းနဲ့ ချဉ်ငံစပ်လေး သုပ်ထားတာ။ အဲ့ဒါလေး စားချင်လိုက်တာ့  အဲ့ဒီလိုတွေးမိတာနဲ့ ကြီးမြ့  သမီး ကြီးမေသုပ်ကျွေးတဲ့ ပဲကြာဇံသုပ်စားချင်တယ့့် အဲ့ဒီလိုပြောလိုက်ရင့်း့  အော့့်  ငါ့ဦးနှောက် မထိခိုက်သေးပါဘူ့း့  အစားအသောက်တွေထဲက ငါ ဘာစားချင်လဲဆိုကို မှတ်မိသေးတယ်လို့ တွေးရင်း တစ်ယောက်တည်း ပြုံးမိပါသေးတယ့့်  အဲ့ဒီအချိန်တုန်းက ကြီးမေသုပ်ကျွေးခဲ့တဲ့ ပဲကြာဇံသုပ်လေးကို အမှတ်ရရင်း ကျွန်မ အခု ထပ်ပြီး သုပ်စားဖြစ်ခဲ့တဲ့ ပဲကြာဇံသုပ်လေးကို မောင်နှမတွေအတွက် မျှဝေလိုက်ပါတယ်နော်။ (လျှာရှည်မိတာ များသွားပြီလားမသိ့  သည်းခံတော်မူကြပါကုန်)
ပဲကြာဇံသုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပဲကြာဇံ၊ ပဲပြား၊ အာလူး၊ ပဲပင်ပေါက်၊ ကြက်သွန်ဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ မန်ကျည်းသီးမှည့်၊ ငရုတ်သီးအရောင်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငံပြာရည်၊ ဆားနဲ့ အချိုမှုန့် အနည်းငယ်တို့ပါနော်။
စစချင်း အချိန်ကြာကြာယူတတ်တဲ့ အာလူးကို ရေစင်အောင်ဆေးပြီး အိုးတစ်လုံးထဲထည့်၊ အာလူးမြုပ်အောင် ရေထည့်ပြီး မီးပဲကြာဇံကို ရေစိမ်ပေးထားပါ။ ပြီးရင် ကြာဇံကို လေးလက်မအရှည်လောက် ရအောင် ကတ်ကြေးလေးနဲ့ ဖြတ်ပေးထားပါနော်။ (မဟုတ်လို့ကတော့ မော်ဖူးစေဖြစ်အောင်လို့ လုပ်ထားသလို ဖြစ်နေမှာစိုးလို့) ပဲပြားကို ရေဆေးပြီး လက်တစ်လုံးအထူ အရှည်လိုက်လှီးပြီး ဆားလေး နည်းနည်းနဲ့ နယ်ပေးထားပါ။ ပြီးရင် ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ပေးထားပါနော်။ မန်ကျည်းသီးကိုလည်း ရေနဲ့ ပထမတစ်ရေစင်အောင်ဆေးပြီး ရေနွေးလေးနဲ့ စိမ်ပေးထားပါ။
ကြက်သွန်ဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်နဲ့ ငရုတ်သီး အကျက်မှုန့်တို့က အဆင်သင့်ရှိပြီးသားမို့ မလုပ်တော့ဘူးနော်။
အာလူးအိုးရပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်ပြီး ပဲပြားကြော်ပါတယ်။ ပဲပြားကို အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပြီး အရမ်းလည်း မပျော့၊ အရမ်းလည်း မကြွပ်ဘဲ အနေတော် အနေအထားမှာ ဆီအိုးထဲကနေ ဆယ်ယူပြီးတော့ ဇကာထဲထည့်ထားပြီး ဆီစစ်အအေးခံထားပါတယ်။ ပဲပြားတွေ အေးသွားပြီဆိုရင်တော့ အသုပ်ထဲထည့်သုပ်ဖို့အတွက် ခပ်ပါးပါးလေးတွေရအောင် လှီးပေးပါနော်။
ပဲပြားကြော်ပြီးလို့ ပိုတဲ့ဆီကို ငရုတ်သီးဆီချက်လေး ချက်ဖို့ ပြင်ပါတယ်။ ဥပမာ ငရုတ်သီးအရောင်မှုန့် (အစိမ်းမှုန့်နော်၊ ဟင်းချက်ရင်ထည့်ချက်တဲ့အမှုန့်၊ ငါးပိရည်ထဲ ထည့်ဖျော်စားတဲ့ ငရုတ်သီးအကျက်မှုန့် မဟုတ်ပါ) ထမင်းစားဇွန်းနဲ့ ၃ ဇွန်းထည့်ပြီးရင် ရေကို ထမင်းစားဇွန်းနဲ့ ၁၀ ဇွန်းလောက်ထည့်ပြီး မွှေပါ။ ပြီးရင် ဆားလေးထည့်ပြီးတော့ မွှေပြီး ဒယ်အိုးကို မီးဖိုပေါ်မှာ မီးအနိမ့်ဆုံးထားပြီး ငရုတ်သီးဆီချက်လုပ်ပေးပါနော်။ ငရုတ်သီးဆီချက်လုပ်နေတဲ့အချိန်မှာတော့ တူးမသွားအောင်ရော၊ အကျက်ညီအောင်လို့ ဆက်တိုက်မွှေပေး နေပါနော်။ မွှေရတာ သွက်လာပြီး ငရုတ်သီးအရောင်လေး ပိုရင့်လာပြီဆိုရင်တော ဒယ်အိုးကို မီးဖိုပေါ်ကနေ ချလိုက်ပါနော်။ (ငရုတ်သီးကျွမ်းသွားတယ်လို့ ယူဆပြီး စိတ်ပူမိရင်တော့ ငရုတ်သီးဆီချက်တွေကို ပန်းကန်လုံးထဲ လောင်းထည့်ပြီး အေးသွားတဲ့အထိ မွှေပေးနေပါနော်)
ပြီးတော့မှ ကြာဇံပြုတ်ဖို့အတွက် အိုးလေးတစ်လုံးထဲ ရေအသင့်အတင့်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ရေနွေးဆူအောင် အရင်တည်ပါ။ ရေနွေးဆူလာပြီဆိုရင်တော့ ကြာဇံထည့်ပြီး ပြုတ်ပါနော်။ ကြာဇံပြုတ်နေတဲ့ အချိန်မှာ အာလူးကို အခွံနွှာပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ။ ကြာဇံပြုတ်အိုး ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြာဇံပြုတ်ကို ရေအေးထဲလောင်းထည့်၊ ရေစစ်ပြီးတော့ ထားပေးပါနော်။ ပဲပင်ပေါက်ကို အာဟာရဓာတ်တွေ လျော့မသွားအောင် မပြုတ်ဘဲ လှော်ပါမယ်နော်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာပြီဆိုရင် ပဲပင်ပေါက်တွေကို ထည့်ပြီး လှော်ပေးပါ။ ပဲပင်ပေါက် နွမ်းသွားပြီဆိုရင် ချလို့ရပါပြီနော်။
ထမင်းနီလုပ်ဖို့ကတော့ ထမင်းကို ငရုတ်သီးဆီချက်နဲ့ နယ်တာပါနော်။ ပန်းကန်ပြားတစ်ချပ်ထဲမှာ ထမင်းကိုထည့်၊ ပြီးရင် ငရုတ်သီးဆီချက်ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ပြီးရင် လက်သီးဆုပ်အရွယ်ခန့် အလုံးလေးတွေ လုံးထားပေးပါနော်။ အဲ့ဒါဆိုရင်တော့ ငရုတ်သီး ထမင်းနယ် နီနီလေးတွေ ရလာပါမယ်နော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ထမင်းဆုပ်တစ်လုံးထည့်၊ ကြာဇံများများ၊ အာလူးပြုတ်၊ ပဲပြား၊ ပဲပင်ပေါက်တို့ကိုထည့်၊ ပြီးရင် ပဲမှုန့်အကျက်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ မန်ကျည်းနှစ်၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူနီဆီချက်တို့ကိုထည့်ပြီး အားလုံးနှံ့အောင် ရောနယ်ပေးပါနော်။ အပေါ့အငံကိုတော့ စိတ်ကြိုက်မြည်းပါနော်။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲကို အသုပ်လေးတွေထည့်၊ အပေါ်ကနေ ကြက်သွန်ဖြူနီဆီချက်ဖတ်လေးများများလေး ဖြူး၊ ကြက်သွန်ဖြူလေး ကိုက်ပြီး စားဖို့ အသင့်ဖြစ်နေတဲ့ ပဲကြာဇံသုပ်လေးပါနော်။
အဲ့  မေ့လို့နော့့်  ဟင်းခါးလေး ရှိသေးတယ်၊ ကြက်ရိုးကိုပြုတ်၊ ပွက်ပွက်ဆူလာရင် ဆား၊ သကြား၊ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းလေးထောင်းထည့်၊ ပြီးရင် ပဲပြားလေးထည့်၊ ထပ်ပွက်လာပြီဆိုရင်တော့ ဗူးသီးစိပ်လေးခပ်ထားတဲ့ ဟင်းခါးလေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။
လွန်ခဲ့တဲ့ နှစ် ၂၅ က ကျွန်မ အလွန်အမင်းစားချင်ခဲ့သော ပဲကြာဇံသုပ်လေးကို အမှတ်ရရင်းနဲ့ပဲ အခု ပြန်ပြီး လုပ်စားဖြစ်ခဲ့တဲ့ အရသာရှိလှတဲ့ ပဲကြာဇံသုပ်လေးပါနော်။ ကျွန်မရဲ့မောင်နှမတွေကိုလည်း ကျွန်မနဲ့ အတူ လာစားဖို့ ဖိတ်ခေါ်ပါတယ်နော်။

11 comments:

  1. အဲဒီ ပဲကြာဇံသုပ် လုပ်စားမယ် မလုရေ.. အတော်ပဲ.. ဟိုတရက် မှားဝယ်လာတဲ့ ပဲကြာဇံ၂ ထုပ်ရှိနေတယ်.. ပုံကြည့်ရင်းတောင် စားချင်တယ်.. :D

    ReplyDelete
  2. အချိန်ရရင်တော့ အမနည်း အတိုင်းလုပ်စားဦးမယ်

    ReplyDelete
  3. သြော် ကြာဇံသုပ်က ဇာတ်လမ်းလေးနဲ့ကိုး :)

    ReplyDelete
  4. မမလု ဟင်းတွေက အားလုံးရှယ်ဘဲ။စားချင်စရာတွေကြီးဘဲ။ အသုတ်။ချဉ်ငန်စပ် အကုန်ကြိုက် :D

    ReplyDelete
  5. ပဲပင်ပေါက်ကို အာဟာရဓာတ်တွေ လျော့မသွားအောင် မပြုတ်ဘဲ လှော်တဲ့နည်းလေးကို မှတ်သားသွားပါသေးတယ်။

    ကြည်

    ReplyDelete
  6. နုစံရေ့ 
    ပဲကြာဇံမှားဝယ်လာတာရှိရင် သုပ်စားကြည့်ပါဦးနော်။ ဟင်းတွေစားရတာငြီးငွေ့တဲ့အခါလေးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါပဲဖြစ်ဖြစ် အသုပ်လေး သုပ်စားပေါ့နော်။ ပျော်စရာတစ်မျိုးပေါ့နော်။
    နွေးနေခြည်ရေ့ 
    ညီမလေးရေ့  အချိန်ရရင် လုပ်စားကြည့်ပါဦးနော်။ လိုတာရှိရင်လည်း မမလုကို အချိန်မရွေးမေးပါနော်။
    ပုံရိပ်လေးရေ့ 
    ပဲကြာဇံသုပ်ကလည်း ဇာတ်လမ်းလေးနဲ့လေ့  :P
    စုဗူးလေးရေ့ 
    အသုပ်ဆိုရင် မမလုလည်း ချဉ်ငံစပ်လေးမှ ကြိုက်တာ၊ ညီမလေးနဲ့ အကြိုက်ချင်းတူတူပဲနော် :)
    အကြည်လေးရေ့ 
    ပဲပင်ပေါက်ကို အဲ့ဒီလိုလှော်တာ အာဟာရဓာတ်လျော့မသွားတဲ့အပြင် မီးကုန်၊ အချိန်ကုန်လည်း သက်သာစေတယ်နော်။ အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ :)

    ReplyDelete
  7. မလုလုရေ မငေးရရ်အောင်ဝ် စာရေးတော်တော်ကောင်းတာပဲ ကိုယ်တွေ့အဖြစ်အပျက်လေးတွေနဲ့ ယှဉ်ပြီး အစားလေးတွေရဲ့ ရာဇ၀င်ကို ပြောပြပေးဦးနော်..ဒီပိတ်ရက်တော့
    အိမ်မှာ ပဲကြာဇံသုပ်စားမယ် ..အမြဲ လာအားပေးတယ် လင့်ထားတယ် သိလား
    တိုင်းမ်ဂုရ်ရနော်..

    ReplyDelete
  8. လုပ်စားဦးမယ်....ကျေးဇူးပါ။

    ReplyDelete
  9. ပဲကြာဇံသုတ်လာစားတယ်
    ကောင်းမှကောင်း
း)

    ReplyDelete
  10. အစ်မလုလုရှင့်

    ပဲကြာဇံ ဆိုတာ အင်္ဂလိပ်လို ဘယ်လိုရှာဝယ်ရမှာလဲရှင့်။ glass noodle နဲ့အတူတူပဲလား။ စိတ်ညစ်ပါတယ် အစ်မရေ ဒီမှာနေရတာ။ မြန်မာအစားအစာ စားချင်တယ်။ အစ်မရဲ့ ချက်နည်းလေးတွေ ဝေမျှပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

    ခင်တဲ့
    မိုး

    ReplyDelete
  11. အမဆုမွန်ရေ
    မငေးရအောင်ဝ့့်  အလည်လာတဲ့အတွက်ရော လင့်ခ်ထားတဲ့အတွက်ရော ကျေးဇူးပါနော်။
    မနုသွဲ့
    အလည်လာလို့ ကျေးဇူးပါနော်။ ပဲကြာဇံသုပ် လုပ်စားပြီးရင် အဆင်ပြေမပြေ ပြောဦးနော်။
    မီးမီးငယ်ရဲ့ ထည်ဝါရေ့ 
    အလည်လာလို့ ကျေးဇူးပါနော်။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော်
    မမိုးယံထက်ရှင့်
    ပဲကြာဇံကို အင်္ဂလိပ်လို bean vermicelli လို့ ခေါ်ပါတယ်နော်။
    အရောင် ကြည်ကြည်လေးတွေပါ။ ကြာဇံဟင်းခါးချက်တဲ့ ကြာဇံပါပဲနော်။
    အလည်လာတဲ့အတွက် ကျေးဇူးပါနော်။

    ReplyDelete