Wednesday, August 27, 2008

ပေါင်မုန့်ပူတင်းပေါင်း


မင်္ဂလာပါရှင့့်  ပေါင်မုန့်တွေဝယ်ပြီးရင် အများကြီးပိုနေတတ်လို့ အခက်တွေ့နေ့တဲ့ ခင်ဦးရေ့  လာလေပြီနော့့်  ခင်ဦးလိုပဲ ပေါင်မုန့်တွေ ၀ယ်ပြီး ပိုနေတဲ့အခါ ဘယ်လိုများ လုပ်ရပါလိမ့် ဆိုပြီး အကြံအိုက်နေတဲ့ ချစ်သောမောင်နှမများအတွက် ပေါင်မုန့်ပူတင်းလုပ်နည်းလေးကို မျှဝေလိုက်ပါတယ်နော်။
ပေါင်မုန့်ပူတင်းအတွက် လိုအပ်တဲ့ပစ္စည်းများကတော့
ပေါင်မုန့် ၁၀ ချပ်
ကြက်ဥ (၁၀) လုံး
နွားနို့ တစ်လီတာ
ထောပတ် ထမင်းစားဇွန်း (၃) ဇွန်း
သကြား (၁၅) ကျပ်သား (အချိုမကြိုက်ရင် လျော့ထည့်ပါနော်)
ဆား လက်ဘက်ရည်ဇွန်း (၁) ဇွန်းတို့ပါနော်။


ပေါင်မုန့်တွေကို ဘေးသားတွေ ဖယ်ပစ်ပြီး အတွင်းသားတွေကို သေးသေးလေးတွေဖြစ်အောင် ဖဲ့ပေးပါ။ စတီးဇလုံတစ်လုံးကိုယူပြီး ကြက်ဥထည့်ပြီး သေသေချာချာလေး ခေါက်ပေးပါ။ ကြက်ဥတွေ အားလုံး ပွလာပြီဆိုရင်တော့ နွားနို့ထည့်ပါ။ ထောပတ်၊ သကြားနဲ့ ဆားတို့ကို ထည့်ပြီး အားလုံးသမအောင် မွှေခေါက်ပေးပါ။
မီးဖိုပေါ် ဇောက်နက်နက်အိုးကြီးတစ်လုံးယူ သုံးပုံတစ်ပုံလောက်ထည့်ပါ။ ပြီးတော့မှ ပေါင်မုန့်နဲ့ အဆာပလာအားလုံးထည့်မွှေထားတဲ့ ဇလုံထဲကို ရေထည့် အိုးအဖုံးကိုပိတ်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါ။ မိနစ် ၂၀၊ နာရီဝက်လောက်ဆိုရင်တော့ ပေါင်မုန့်ပူတင်းပေါင်းလေးရပါပြီနော်။ တချို့ကတော့ အပေါ်မီးလေးနဲ့ ပူတင်းကို ပြန်ပြီး ပေါင်းတတ်ပါသေးတယ်နော်။ အဲ့ဒါဆိုရင်တော့ ပေါင်မုန့်ပူတင်းလေးရပါပြီနော်။
ကြိုက်တတ်ရင် အမွှေးနံ့တို့၊ စပျစ်ခြောက်တို့လည်း ထည့်လို့ရပါတယ်နော်။

4 comments:

  1. ပေါင်မုန့်ပူတင်းလေကစားချင်စဖွယ်လေးပဲနော်

    ReplyDelete
  2. ကျေးဇူးပါနော် ညီမလေး ခိုင်ဇာရေ့ 
    လုပ်စားရတာလည်း လွယ်တယ်လေနော်

    ReplyDelete
  3. မလု
    oven ထဲမှာ ထည့်ပေါင်းရင်လဲ မိနစ် ၂၀လောက် ပေါင်းရမှာပဲလား။ ဒီမှာ မီးသွေး မရှိလို့ပါ။ ချိုသင်းက ပေါင်မုန့်ပူတင်း သိပ်ကြိုက်တယ်။ အော်..ကြိုက်တာကတော့ အစားအသောက်တိုင်းလိုလို ပါပဲလေ။ :P

    ReplyDelete
  4. စားချင်စရာလေး လုပ်စားလိုက်ဦးမယ်...ကျေးဇူးတင်ပါတယ် မမ ..
    မမ ဘလော့ကို ဖတ်ရတာ ညီမလေးတော့ လုပ်စားချင်တာတွေများလာပြီး..ဟီး...

    ReplyDelete