Monday, August 25, 2008

ချဉ်ပေါင်ရွက်ခြောက်ချက်နည်း


မင်္ဂလာပါနော်။ ဘလော့ဂ်မှာ လာမေးထားတဲ့ မသင်းနဲ့ အခြားမောင်နှမတွေအတွက်ပါ ချဉ်ပေါင်ရွက်ခြောက်ကို ချက်တဲ့နည်းလေးတွေကို မျှဝေလိုက်ပါတယ်နော်။ ချဉ်ပေါင်ရွက်အခြောက်ကို ဟင်းချက်တော့မယ်ဆိုရင် ကျွန်မကတော့ ချဉ်ပေါင်ရွက်အစိုကို ချက်တဲ့အတိုင်းလေး ဖြစ်ချင်တဲ့အခါမှာ မချက်ခင် (၂) နာရီလောက်ရေစိမ်လည်း ရပါတယ်။ ဒါမှမဟုတ်လို့ ဆောင်းတွင်းဆိုရင် ရေနံဆီဟီတာသုံးခဲ့တယ်ဆိုရင် ဟီတာရဲ့အပေါ်မှာ ရေအိုးတစ်လုံး တင်ထားရတဲ့အထဲ ချဉ်ပေါင်ရွက် ခြာက်တွေကို ထည့်ထားလိုက်ပါတယ်။ အဲ့ဒါဆိုရင် ချဉ်ပေါင်ရွက်ခြောက်တွေက ခဏလေးနဲ့ နူးသွားပါလိမ့်မယ်။ ရလာတဲ့ ချဉ်ပေါင်ရွက်ကိုမှ ကျွန်မက ကပ်ကြေးလေးနဲ့ ခပ်နုပ်နုပ်လေးတွေ ညှပ်ပေးပါတယ်။ အဲ့ဒီလို လုပ်လိုက်ရင် မြန်မာပြည်က ချဉ်ပေါင်ရွက် အရွက်နုလေးတွေကို မွှေလိုက်သလိုလေး ဖြစ်သွားပါတယ်။ အဲ့ဒါကိုမှ ကိုယ်ချက်လိုတဲ့ ဟင်းခတ် (ငါး၊ ပုစွန်၊ ပုစွန်ခြောက်၊ ၀က်သား) စသဖြင့်နဲ့ ရောချက်တာပေါ့နော်။ အချဉ်အရသာပေါ့တယ် ထင်ရင်တော့ မန်ကျည်းမှည့်လေးနည်းနည်းထပ်အုပ်ပေါ့နော်။ နောက်တစ်နည်းကတော့ ချဉ်ပေါင်ရွက်အခြောက်ကို စွန်ထန်လို ဟင်းချိုချက်တာပါ။ အဲ့ဒီလိုချက်တော့မယ်ဆိုရင်တော့ ချဉ်ပေါင်ရွက်ကို ရေဆေးရုံပဲ ဆေးပြီး စစ်ထားလိုက်ပါ။ အိုးတစ်လုံးယူ ရေထည့်၊ ပုစွန်ခြောက်လေးထည့်ပြီးတည်၊ ရေဆူပြီဆိုရင် ကြက်သွန်ဖြူလေး ဓါးပြားရိုက်ထည့်၊ ချင်းလေး အ၀ိုင်းဖတ်လေးဖြစ်အောင် လှီးထည့်၊ ဆားနဲ့ ဟင်းခတ်မှုန့်လေးထည့်ပြီးတော့မှ ချဉ်ပေါင်ရွက်ကို ခတ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ စွန်ထန်အလွမ်းပြေ ချဉ်ပေါင်ရွက်ခြောက်ဟင်းရည်သောက်ပေါ့နော်။ ကြိုက်တတ်ရင်တော့ ငရုတ်ကောင်းမှုန့်လေးခပ်လိုက်ဦးနော်။အဲ့ဒါဆိုရင် မသင်း ကျေနပ်မယ်ထင်ပါတယ်။

4 comments:

  1. ma thin dot ma ti buu...
    zar ka dot ta yay tat tyar ya tal

    ReplyDelete
  2. မဇာရေ့  ချဉ်ပေါင်ဟင်းဆို အနံ့လေးရတာနဲ့တင် သွားရည်ကျတာလေ့  လုလုလည်း တူတူပဲ သိလား

    ReplyDelete
  3. စမ်းလုပ်ကြည့်မယ်
    ကောင်းလားမကောင်းလားမသိ
    နောက်မှပြန်လာပြောမယ်

    ReplyDelete
  4. မလုလု... ကျေးဇူးပါပဲ ညီမမှာချဉ်ပေါင်ရွက်ခြောက်တွေပါလာတာမချက်တတ်လို. အမနည်းအတိုင်းချက်ကြည်.မယ်

    ReplyDelete