Tuesday, August 12, 2008

ကြက်သားအာလူးအုန်းနို့ချက်


ကြက်သားအာလူးအုန်းနို့ချက်
မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ကြက်သားအာလူးအုန်းနို့ဟင်းလေး ချက်ကျွေး ပါရစေဦးနော်။ အိမ်မှာ ဟင်းဂျီးများလုပ်တတ်တဲ့ ကျွန်မတူမလေးတွေအတွက် ချက်ကျွေးဖြစ်တဲ့ ဟင်းလေးပါနော်။ ``တီတီရေ့  တစ်ခါတလေ ဟင်းအထူးအဆန်းလေး ချက်ကျွေးပါလား။ ထမင်းချိုင့်ထဲ ဟင်းအထူးအဆန်း ထည့်သွားရင် မီးမီးသူငယ်ချင်းတွေကြားထဲ မျက်နှာရတယ် တီတီရဲ့လို့ တူမလေးက ပြောတော့ တူမလေးအလိုကျ ချက်ကျွေးရခဲ့ရတဲ့ဟင်းလေးပါ´´။
ကြက်သားအာလူးအုန်းနို့ဟင်းဆိုတဲ့အတိုင်း လိုအပ်တဲ့အဆာပလာတွေကို ပြောပြမယ်နော်။
ကြက်သား ရင်အုပ်သား (၃၅) ကျပ်သား၊
အာလူးအရွယ်တော်အလုံး (၇) လုံး၊
အုန်းနို့ဦးရည် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၃) လုံး၊
ကြက်သွန်နီ အနေတော်အလုံး (၅) လုံး၊
ကြက်သွန်ဖြူ (၁၀) မွှာ၊
ငရုတ်သီးအခြောက်အပုပွတောင့် (၇) တောင့်၊
ချင်း အနည်းငယ်၊
ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊
ဆား အနည်းငယ်၊
ဟင်းခတ်မှုန့်အနည်းငယ်၊
သကြားအနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နဲ့
ဆီအနည်းငယ် တို့ပါ။ more...


0 comments:

Post a Comment