Thursday, May 1, 2008

သာခွေယိုင်


စားလို့ရပါပြီနော်

ကျွန်မမောင်နှမတွေထဲက ဦးမောင်သိုက်က မော်လမြိုင်အလွမ်းပြေ သာခွေယိုင်လုပ်ကျွေးပါဦးလို့ ပြောထား တာမို့ ဒီနေ့ ကျွန်မရဲ့ မောင်နှမအားလုံးကို သာခွေယိုင် လုပ်ကျွေးပါရစေနော်။ မော်လမြိုင်အခေါ် သာခွေယိုင်လို့ ဆိုပေမယ့် ကျွန်မရဲ့ဦးလေးတစ်ယောက်က သူတို့ဒေသမှာ နန်ကထိလို့ခေါ်တယ်တဲ့။ မြိတ်ဘက်က မောင်လေးတစ်ယောက်ကလည်း သူတို့ဘက်က အခေါ်က တစ်မျိုးတဲ့လေ။ အဲ့ဒီတော့ ဒေသပေါ် မူတည်ပြီး အခေါ်အဝေါ် ကွဲသွားပေမယ့် စားစရာဆို စားမယ် ၀ါးမယ်ဆိုတာချည်းပဲမို့ သာခွေယိုင်ဆိုတဲ့ နာမည်လေးနဲ့ပဲ ဒီပို့စ်မှာ အမည်ပေးပါရစေနော်။
သာခွေယိုင်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ သာကူ၊ ကောက်ညှင်း၊ ဒူးရင်းသီး၊ အုန်းနို့၊ သကြားနဲ့ ဆားအနည်းငယ်တို့ပါနော်။ ဒီမုန့်ကတော့ လုပ်ရတာ အရမ်းလွယ်တယ်နော်။


(၁) သာကူပြင်လုပ်နည်း
သာကူပြင်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ သာကူ ၂၅ ကျပ်သား၊ သကြား ၁၀ ကျပ်သား၊ အုန်းနို့ရည် နို့ဆီဗူးတစ်ဗူး၊ ဆားအနည်းငယ်တို့ပါနော်။




သာကူပြင်


ပထမဦးဆုံး သကြားကို ရေ (တစ်လီတာ)နဲ့ သကြားအရည်ပျော်အောင် ကျိုပေးပါ။ ပွက်ပွက်ဆူစရာ မလိုပါဘူးနော်။ သကြားရည်ရလာပြီဆိုတော့မှ ရေစစ်နဲ့ စစ်ပြီး သကြားရည် သန့်အောင် စစ်ယူပါနော်။ ပြီးတော့မှ အိုးတစ်လုံးထဲကို သကြားရည်တွေထည့်ပြီး မီးဖိုပေါ်တင်၊ အုန်းနို့ရည်ထည့်၊ ဆားအနည်းငယ်နဲ့ သန့်စင်ပြီးသား သာကူစေ့တွေကို ထည့်ပြီး သာကူမျက်စိဖြူဖြူလေးတွေ ပျောက်ခါနီးဖြစ်တဲ့အထိ ကျိုပေးပါ။ ပြီးတော့မှ သာကူပြင်ထည့်မယ့် ဗန်းထဲကို သကြားရည်ခပ်ပျစ်ပျစ်လေးသုပ်လိမ်းလိုက်ပြီး သာကူကျိုတွေကို လောင်းထည့် ပြီး အအေးခံလိုက်ပါနော်။ သာကူပြင်တွေ အေးသွားပြီဆိုရင်တော့ အတုံးလေးတွေ လှီးထားလိုက်ပါနော်။ အဲ့ဒါဆိုရင် သာကူပြင်ရပါပြီနော်။

(၂) ကောက်ညှင်း





ကောက်ညှင်း




ကောက်ညှင်းဆန် နို့ဆီဗူး (၂) ဗူးကို ရေစင်အောင်ဆေးပြီး ထမင်းပေါင်းအိုးထဲထည့်ပါ။ ကောက်ညှင်းအပေါ်ကနေ ရေကို လက်တစ်ဆစ်နီးပါးထည့်ပြီး ထမင်းချက်တဲ့အတိုင်းချက်ပါနော်။ အဲ့ဒါဆို ကောက်ညှင်းချက်ရပါပြီ။

(၃) ဒူးရင်းသီး





ဒူးရင်းသီး





ဒူးရင်းသီးအလုံးလိုက်ပဲဖြစ်ဖြစ်၊ ခွဲထားပြီး ဒူးရင်းသီးပဲဖြစ်ဖြစ် ၀ယ်ပြီးတော့ ဒူးရင်းသီးအသားသပ်သပ်ရအောင် ယူထားပါ။

(၄) အုန်းနို့ရည်



အုန်းနို့ရည်


အုန်းနို့ရည်ရယ်ဒီမိတ်ဗူးကို သုံးမယ်ဆိုရင် ၄၀၀ ml အုန်းနို့ရည်တစ်ဗူးကို ရေသန့်တစ်လီတာ၊ သကြား ၂၅ သား၊ ဆား လက်ဘက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး အုန်းနို့ရည်ဖျော်ပါနော်။
(၅) မုန့်ပွဲပြင်ဆင်ခြင်း





မုန့်ပွဲပြင်ထားပုံ




စားပွဲပြင်ဖို့အတွက် ပန်းကန်လုံးလေးထဲကို သာကူတုံးလေးတွေရယ်၊ ကောက်ညှင်းရယ်၊ ဒူးရင်းသီးတွေထည့်ပြီး အုန်းနို့ရည်ဆမ်းပါ။ အေးအေးလေးစားချင်ရင် ရေခဲတုံးလေးတွေပါ ထည့်ပြီးစားပါနော်။ ချိုအီဆိမ့်မွှေးလေးမို့ တစ်ပွဲကို မနည်းကုန်အောင် စားရပါတယ်။ ကျွန်မတူမလေးကတော့ အစားပုတ်လွန်းပြီး ကောက်ညှင်းကိုလည်း သိပ်ကြိုက်တာမို့ ၃ ပွဲကုန်အောင်စားတယ့့် အံ့ရော့  ဒါပေမယ့် သူတို့လေးတွေ စားနိုင်လို့ ကျွန်မလည်း တစ်မျိုးပြီးတစ်မျိုး လက်စွမ်းပြနိုင်ပြီး ဘလော့ဂ်ပေါ် တင်ခွင့်ရှိတာမဟုတ်လားလို့ တွေးရင်း ပြုံးမိနေလေရဲ့လေ့ 

4 comments:

  1. Hay!!!!! :P :P :P မလုလုရေ... သာခွေယိုင် ၀ိုက်သွားတယ်ဗျ။

    ReplyDelete
  2. မြိတ်မှာလည်း သာခွေယိုင်ပဲခေါ်တာပါ။ ဒါပေမဲ့ ဒီလိုတော့ဟုတ်ဘူး ကောက်ညှင်းအမဲနဲ့....

    ReplyDelete
  3. သာကူက ကြိုပြီး ဗန်းထဲ ထည်.ပြီး အအေးခံလိုက်ပေမယ်.
    နောက်ဆုံး တော...
    လှီးလို.လည်းမရဘူး.
    အားလုံး ရွဲစောင်းပြီး နောက်ဆုံး
    ဇွန်းနဲ.ခတ်စားရလို.ဘဲ ရတယ်..
    တစ်ခုခု လိုနေတယ်နဲ.တူတယ်နော်..
    အဲလို အတုံးလေးတွေ ဖြစ်အောင် ဘယ်လို လုပ်ရလည်းဟင်
    အကြောင်းပြန်ပါနော်...ပြန်လာဖတ်မယ်နော်...

    ReplyDelete
  4. အမသိတဲ့ သာခွေယိုင်ဆိုတာ ကောက်ညှင်းငချိတ်ကို အုန်းနို့နဲ့ လုပ်ထားတာကို ခေါ်တာပါ..။ ဘိတ်အစားအစာဆိုင်မှာ ပထမဆုံးစားဖူးတာပါ..။ ဘယ်ဟာက အမှန်လဲတော့ မသိတော့ပါဘူး..။

    ReplyDelete