Saturday, April 19, 2008

ငါးဖယ်လုံးအစာသွပ်


ကျွန်မတို့ မောင်နှမတတွေ ယုဇနပလာဇာသွားတိုင်း ပလာဇာအောက်ထပ်မှာရောင်းတဲ့ ငါးဖယ်လုံးအစာသွပ် ၀ယ်စားနေကျ့  အမေကတော့ အပြင်ကအစာ ၀ယ်စားတာကို တစ်စက်မှ မကြိုက့့်  မိသားစုများတဲ့ ကျွန်မတို့အိမ်လေးမှာ အပြင်စာ ၀ယ်စားတာနဲ့စာရင် အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်လုပ်ကိုင်ပြီးမှ မိသားစုဝင်အားလုံး တ၀ကြီး စားလို့ရအောင် စီစဉ်မှ ကြိုက်တာ့  ဒီတော့မှလည်း အကုန်အကျလည်း သက်သာသလို သန့်ရှင်းမှုလည်း အပြည့်ရှိတယ် မဟုတ်လာ့း့ ငယ်တုန်းက ကျွန်မလည်း အပြင်စာစားဖို့ အာသီသများခဲ့ပေမယ့် အရွယ်ရောက်တော့ ကိုယ်က အပေါင်းအသင်းတွေနဲ့ အပြင်ရောက်နေလို့ တစ်ခုခုစားတော့မယ်ဆိုရင် အိမ်မှာကျန်ခဲ့တဲ့ ကျွန်မရဲ့ မိသားစုလေးကို သတိရမြဲ့  သူတို့တွေကိုလည်း ကျွန်မစားသလို စားစေချင်တဲ့ဆန္ဒလေးဖြစ်ရစမြဲဆိုတော့ ကျွန်မကိုယ်တိုင် ချက်ပြုတ်စီစဉ်ရတဲ့အချိန်ကစပြီး တတ်နိုင်သလောက် ကျွန်မမိသားစုကို ဦးစားပေးနိုင်အောင် စီစဉ်တတ်ခဲ့ပါတယ်။ အခုလည်း အမေက ဈေးသွားရင်း ငါးဖယ်တွေဝယ်လာတော့ ဟင်းချက်တာချက်၊ ကြော်တာ ကြော်လုပ်ဖို့ စီစဉ်ရင်းနဲ့ ငါးဖယ်လုံးအစာသွပ်လေး လုပ်ကျွေးဦးမယ်ဆိုပြီး တွေးမိပြီး အခုလို စီစဉ်ဖြစ်လိုက် တာပါ။
ငါးဖယ်အစာသွပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးဖယ်၊ ကြက်သွန်ဖြူ၊ ချင်း၊ ဂေါ်ဖီထုပ်၊ သံပုရာသီး သို့မဟုတ် ရှောက်သီး၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ဆား၊ သကြား၊ အချိုမှုန့်၊ နနွင်းမှုန့်နဲ့ ဆီတို့ပါနော်။



ငါးဖယ်က ခြစ်ပြီးသား ၀ယ်လာတာမို့ ငါးဖယ်ကို ခပ်နာနာလေးထောင်းဖို့အတွက် အရင်ပြင်ပါတယ်။ ကြက်သွန်ဖြူနဲ့ ချင်းကို အခွံနွှာပြီးတော့ ငါးဖယ်နဲ့အတူ ရောထောင်းပါတယ်။ တစ်လက်စတည်း နနွင်းမှုန့်၊ ဆား၊ သကြားနည်းနည်းနဲ့ ဟင်းခတ်မှုန့်နည်းနည်းလည်း ထည့်ပြီးထောင်းပါတယ်။ ငါးဖယ်အထောင်းနာလာပြီ ဆိုရင်တော့ ငါးဖယ်အသားတွေ စေးပိုင်လာပါတယ်။ အဲ့ဒီအခါမှာတော့ ငါးဖယ်တွေကို ငရုတ်ဆုံထဲကနေ ယူပြီးတော့ ငါးဖယ်လုံးလေးတွေ ဖြစ်အောင် လုံးပေးပါ။ ငါးဖယ်လုံးစဉ်မှာ လက်ထဲ ငါးဖယ်တွေ ကပ်မနေရလေအောင် ဇလုံလေးထဲ ရေလေးထည့်၊ လက်လေးနဲ့ ရေကို ဆွတ်ပြီးတော့မှ ငါးဖယ်လုံးလေးတွေကို စီစီရီရီလေးတွေ ဖြစ်အောင် လုံးပေးပါနော်။ ငါးဖယ်လုံးလေးတွေ အားလုံး လုံးထားပြီးပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်ပြီးမွှေ၊ ငါးဖယ်လုံးလေးတွေကို တန်းစီထည့်ပြီး မီးအနေတော်နဲ့ ဖြေးဖြေးချင်းကြော်ပေးပါ။ ငါးဖယ်က ကြော်တဲ့အခါမှာ ပွတက်လာတတ်ပါတယ်။ အကျက်ညီအောင် ဟိုဘက်ဒီဘက်လည်း လှန်ပေးပြီး ကြော်ပါ။ ငါးဖယ်ကြော်လေးတွေ ရွှေအိုရောင်ပြောင်းသွားပြီ ဆိုရင်တော့ ဆယ်ယူထားပြီး ပန်းကန်တစ်ချပ်ထဲ ဆီစစ်ပြီး အအေးခံထားပေးပါနော်။
အဲ့ဒီအချိန်မှာ ငါးဖယ်ထဲ အစာသွပ်ရအောင်လို့ ဂေါ်ဖီထုပ်၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်းတို့ကို သန့်စင်အောင် ရေဆေးပြီး ရေစစ်ထားပါ။ ဂေါ်ဖီထုပ်ကို ရိတ်ရိတ်ပါအောင် လှီးပေးပါ။ ရှောက်ရွက်နဲ့ငရုတ်သီးစိမ်းကို ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးပါ။ ရှောက်သီး ဒါမှမဟုတ် သံပုရာသီးကို အမွှာလေးတွေရအောင် လှီးယူပါ။ အားလုံးအသင့်ဖြစ်ရင် ပန်းကန်တစ်ချပ်ထဲကို လှီးထားတဲ့ ဂေါ်ဖီ၊ ရှောက်ရွက်၊ ရှောက်သီးအမျှင်လေးတွေနဲ့အတူ ငံပြာရည်အနည်းငယ်ထည့်ပြီး အရသာခပ်ပြင်းပြင်းလေးရအောင်နဲ့ သမအောင် တူလေးနဲ့ မွှေပေးပါ။
ငါးဖယ်အလုံးကို ဓားဦးချွန်လေးနဲ့ အလယ်ကနေ ထက်ခြမ်းလေးအရာပေးပြီး ခုနက စပ်ထားတဲ့ အစာတွေကို တူလေးနဲ့ယူပြီး အသာအယာ သွပ်သွင်းပေးပါနော်။ ကြိုက်တတ်ရင်တော့ အပေါ်ကနေ ကြက်သွန်ဖြူကြော်လေး ထပ်ထည့်ပေးပေါ့နော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာစုံ၊ ရှောက်ရွက်နံ့သင်းသင်းလေးနဲ့ ငါးဖယ်လုံး အစာသွပ်လေး ရပါပြီနော်။ ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။

3 comments:

  1. အ၀ အပြဲစားသွားပါကြောင်း..
    ကြိုက်တယ် အမှတ်(၈) ကျောင်းတုန်းက စားနေကြ
း(

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် မလုလုရေ...
    အပြင်ကဟာတွေ မစားဖြစ်တာနဲ့အတော်ပါဘဲ

    ReplyDelete
  3. မလုလုအမေရဲ့ သဘောထားကို အားကျတယ်။ အိမ်မှာချက်တဲ့ အစားအစာ စားလို့ ရောဂါဖြစ်တာ နေမကောင်းဖြစ်တဲ့လူကမရှိသလောက်။ အပြင်စာ စားလို့ ဒုက္ခရောက်တဲ့လူတွေကြီးပဲ...
    ငါးဖယ်အဆာသွတ် ကတော့ ရှယ်ကြိုက်ပေါ့။ စားသွားပြီ

    ReplyDelete