Sunday, February 10, 2008

နို့စတော်ဘယ်ရီ ကျောက်ကျော


နို့ စတော်ဘယ်ရီကျောက်ကျောအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ကျော (တယ်လီဖုန်းတံဆိပ်) အထုပ်ကြီးတစ်ထုပ်၊ နွားနို့အစိမ်း (၃ လီတာ)၊ သကြား ၃၅ ကျပ်သားတို့ပါနော်။ ကျောက်ကျောမကျိုခင်မှာ ကျောက်ကျောအမှုန့်နဲ့ သကြားကို ရောသမပေးထားပါနော်။ စတော်ဘယ်ရီသီးကိုလည်း အညှာလေးတွေခြွေ၊ ရေဆေးပြီး ခပ်သေးသေးလေးတွေဖြစ်အောင် လှီးပေးထားပါ။



အားလုံးအသင့်ပြင်ထားပြီးပြီဆိုရင်တော့ အိုးတစ်လုံးသန့်သန့်ထဲကို နွားနို့ထည့်ပြီး မီးဖိုပေါ်တင်ပါ။ နွားနို့တွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ရောထားတဲ့ ကျောက်ကျောမှုန့်နဲ့ သကြားကို ထည့်ပြီး ကျိုပေးပါနော်။ မိနစ် ၂၀ လောက်ကြာရင်တော့ ကျောက်ကျောအရည်က ခပ်ပျစ်ပျစ်လေးဖြစ်လာပါပြီနော်။ ခဲမခဲ သိရအောင် ပန်းကန်ပြားလေးထဲကို ကျောက်ကျောရည်ကို အစက်လေးချကြည့်ပါ၊ ခဏလေးနေလို့ ခဲသွားပြီဆိုရင်တော့ ဗန်းထဲ ဒါမှမဟုတ် ကိုယ်ထည့်မယ့် ဗူးလေးတွေထဲကို ကျောက်ကျောကို ထည့်ပြီး အအေးခံပေးပါ။ ကျောက်ကျောကို ဗန်းထဲထည့်ပြီး ၅ မိနစ်လောက်နေရင် လှီးထားတဲ့ စတော်ဘယ်ရီသီးတွေကို ကျောက်ကျောထဲ ထည့်ပြီး စတော်ဘယ်ရီသီးတွေနဲ့ ကျောက်ကျောတွေ နှံ့သွားအောင် တူလေးနဲ့ အသာလေးမွှေပေးပြီး အအေးခံထားပေးပါနော်။ အေးသွားပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ လှီးပြီး ပန်းကန်ပြားလေးထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။ နွားနို့ရဲ့ ခပ်ဆိမ့်ဆိမ့်အရသာထဲမှာ စတော်ဘယ်ရီသီးနံ့ မွှေးမွှေးလေးရယ် အရသာချိုချဉ်လေးနဲ့မို့ အအီပြေလေး သုံးဆောင်နိုင်ပါတယ်။ ချစ်မောင်နှမတို့လည်း အချိန်လည်းရမယ်၊ ၀ယ်ရခြမ်းရလည်း အဆင်ပြေမယ်ဆိုရင် နို့စတော်ဘယ်ရီကျောက်ကျောလေးကို ကျိုစားကြည့်ကြပါလားနော်။ ပုံကတော့ ဗန်းလိုက်ပဲ ရိုက်ဖြစ်တယ်။ သည်းခံကြပါကုန့့်

1 comment:

  1. စလုံးက စတောဘယ်ရီက နယူးဇီလန်က လား အောဇီက လားမသိဘူး အလွန်ချဉ်တာ နွားနို့ ထဲထဲ့တာ နဲ့ နွားနို့ ပျက်တာဘဲ၊ စတောဘယ်ရီဖျော်သောက်လို့ မရဘူး။ အင်္ဂလန်နိုင်ငံထွက် စတော်ဘယ်ရီ အစစ်က တော့ နွားနို့ နဲ့ ဖျော်သောက်လို့ ရတယ် ရန်ကုန်စတော်ဘယ်ရီလိုဘဲ အလုံးကြီးတယ် တချို့ အသီး ကချဉ်တယ်။

    ReplyDelete