Saturday, August 25, 2007

ပုဇွန်ပိန်းဥဟင်း


ပုဇွန်ဘော့ချိတ်လေးတွေကို သန့်အောင်ရေဆေး၊ ပြီးတော့ အခွံ့နွှာ၊ ပြီးတော့မှ ဆား၊ အချိုမှုန့်လေးနဲ့ နယ်ထားပါနော်။ ပိန်းဥကို အခွံနွှာ၊ ပြီးတော့ ရေဆေးပြီး လေးစိပ် စိပ်ထားပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ငရုတ်သီးအရောင်မှုန့်လေးနဲ့ ရောထောင်းထားပါနော်။ ပင်စိမ်းရွက်က အခြောက်ပဲရှိတော့ ရေလေးစိမ်ထားလိုက်ပါတယ်။

အားလုံးအဆင်သင့်ဖြစ်လာပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးလေးတင်၊ ပြီးတော့ အိုးပူလာရင် ဆီနည်းနည်းထည့်၊ နနွင်းမှုန့်လေးနည်းနည်းလေးထည့်၊ ပြီးတော့ ငရုတ်သီးကြက်သွန်ဖြူနီထောင်းကို ထည့်ပြီး ဆီသတ်ပါ။ ပြီးတော့ ပုဇွန်ကို ထည့်ပြီးဆီသတ်ပါ။ ပြီးတော့ ပိန်းဥကို ထည့်၊ မွှေပေးပါ။ ပြီးတော့ ရေနည်းနည်းထည့် အဖုံးအုပ်ပြီး ပိန်းဥနူးတဲ့အထိ တည်ပေးပါနော်။ ပိန်းဥလဲ နူးလောက်ပြီဆိုရင်လည်း အရသာအပေါ့အငန်ကိုမြည်း၊ ပင်စိမ်းရွက်အုပ်ပြီး ရေကျန်ဆီကျန်လေးမှာ ဟင်းအိုးချလို့ရပါပြီ။

0 comments:

Post a Comment