Tuesday, August 21, 2007

ဟင်းနုနွယ်ရွက်သုပ်


သတ်သတ်လွတ်စားနေတဲ့သူတွေအတွက် အဆင်ပြေစေဖို့အတွက် ဟင်းနုနွှယ်သုပ်နည်းလေး ပေးပါရစေရှင်။ ဟင်းနုနွယ်ကို ရေဆေးပြီး တစ်လမအရွယ်လောက်ဆီ ခြွေထားပါ။ အသုပ်ထဲ ထည့်ဖို့အတွက် လိုအပ်တာတွေကတော့ ကြက်သွန်ဖြူဆီချက်၊ မြေပဲဆံလှော်ထောင်း၊ သီဟိုဠ်ဆံလှော်ထောင်း၊ နှမ်း၊ ဆား၊အချိုမှုန့်အနည်းငယ်၊ပဲငံပြာရည် အကျဲအနည်းငယ်၊ ကြက်သွန်မြိတ်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ရေနွေးအိုးတည်ပြီး ပွက်ပွက်ဆူလာရင် ခုနက ခြွေထားတဲ့ ဟင်းနုနွယ်ကိုထည့်ပါ။ အထက်အောက် အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပေးပါ။ ၃ မိနစ်လောက်ဆို ကျက်ပါတယ်။ ပြီးရင် ရေအေးနဲ့ ဆေးပြီး ရေတွေကို ညှစ်ထုပ်ပစ်ပါ။ပန်းကန်ထဲကို ဟင်းနုနွယ်ရွက်ပြုတ်ကို ထည့်ပါ။ ပြီးတော့ ဆီချက်၊ မြေပဲဆံလှော်ထောင်း၊ သီဟိုဠ်ဆံလှော်ထောင်း၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကျဲတို့ကို ထည့်ပြီး နယ်ပါ။ အရသာအပေါ့အငန်ကို နှစ်သက်သလို ထည့်ပါ။ ပြီးရင် အပေါ်က နှမ်းလေးဖြူးပြီး ကြက်သွန်မြိတ်ပါးပါးလှီးလေးထည့်လိုက်ရုံပါပဲ။ သတ်သတ်လွတ် ဟင်းရွက်သုပ်လေးပါ။

0 comments:

Post a Comment