Saturday, August 18, 2007

ကန်ဇွန်းရွက်သုပ်


မြင်းခွါရွက်သုပ် အလွမ်းပြေအနေနဲ့ ကန်ဇွန်းရွက်သုပ်လိုက်ရတာပါ။ ကန်ဇွန်းရွက်အနုပိုင်းလေးတွေနဲ့ ကန်ဇွန်းရိုးလေးတွေကို ရေစင်အောင်ဆေး၊ ရေစစ်ထား၊ ပြီးတော့ ပါးပါးလေးဖြစ်အောင်လှီး။ ကြက်သွန်နီပါးပါးလှီးထားပါ။ ပုဇွန်ခြောက်နဲ့ မြေပဲဆံကြိတ်ထားပါ။ ပြီးတော့ မန်ကျည်းနှစ်လေးပျစ်ပျစ်ကလေး ဖျော်ထားပါ။ ပန်းကန်ထဲကို ခုနက လှီးထားတဲ့ ကန်ဇွန်းရွက်တွေကိုထည့်၊ ပြီးတော့ ကြက်သွန်နီထည့်၊ ပုဇွန်ခြောက်၊ မြေပဲဆံထောင်း၊ ပဲမှုန့်အကျက်မှုန့်၊ ခရမ်းချဉ်သီးကြိုက်တတ်ရင် ထည့်လို့ရပါတယ်။ ပြီးတော့ မန်ကျည်းနှစ်လေးထည့်၊ ငံပြာရည်ထည့်၊ အချိုမှုန့်ထည့်၊ ဆီချက်ထည့်ပြီး သေချာနှံ့အောင် နယ်ပါ။ လက်ဘက်ထဲထည့်တဲ့ အကြော်စုံ ကြိုက်တတ်ရင်နဲ့ အလွယ်တကူရှိရင်လဲ ထည့်လိုက်ပါနော်။ အဲ့ဒါဆိုရင် အရသာရှိလှတဲ့ ကန်ဇွန်းရွက်သုပ်လေး ရပါပြီရှင်။ အရသာက မြင်းခွါရွက်သုပ်နဲ့ တူသလို ပဲစောင်းလျားသီးသုပ်နဲ့လဲ တူတယ်ဗျို့  ရေနွေးကြမ်းလေးနဲ့ မြည်းရင်တော့ အကိုက်ပဲကွဲ့ 

1 comment:

  1. ကျနော့်မိန်းမက ဟင်းဆို ဘာတစ်ခုမှမချက်တတ်ပါဘူး
    ဒီဘလော့လေးကို တွေ့မှ ကျနော်တို့လင်မယားနှစ်ယောက် အဆင်ပြေသွားတာပါ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete