Monday, August 6, 2007

ပုဇွန်ခ၀ဲသီးကြာဇံဟင်း


ကျွန်တို့ကျောင်းမှာ ဟင်းချက်ပြိုင်ပွဲလေး ကျင်းပပါမယ်။
ဝါသနာကတားမရတော့ အဲဒီမှာ ၀င်ဆင်နွဲရအုံးမှာပေါ့။
ဟင်းမယ်တွေကို စဉ်းစားရတာ အမောပါပဲ။ စားမယ့်သူတွေက
ဂျပန်တွေမို့ ဂျပန်စားနိုင်မယ့် အရသာမျိုးလေးလဲဖြစ်ရမယ်လေ။
အပူ၊အစပ်၊အချဉ်ကဲတာတွေ။ငပိနံ့အရမ်းထွက်တာမျိုးတွေ
ချက်လို့မဖြစ်ဘူးလေ။ ပထမဆုံးစဉ်းစားမိတာက..
ပုစွန်ခ၀ဲသီးကြာဇံဟင်းပါ။

လိုအပ်သောပစ္စည်းများ
ခ၀ဲသီးနုနု ၂ လုံး
ပုစွန်အကောင်လတ် ၁၅ ကောင်
ကြာဇံ ၅ ဂရမ်
ကြက်သွန်နီဥကြီးတစ်ဥ
ကြက်သွန်ဖြူ ၃ မြွှာ (သေးသေးလေးတွေဖြစ်အောင်လုပ်ထားပါ)
ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းမှ ၁ ဇွန်းခွဲ
သကြားလက်ဘက်ရည်ဇွန်း ၁/၂ ဇွန်း
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
အချိုမှုန့်အနည်းငယ် (အချိုမှုန့်မသုံးလိုပါက ကြက်သားမှုန့် သုံးနိုင်ပါသည်)
ကြက်သားပြုတ်ရည် ၁-၂ ခွက်

အားလုံးအသင့်ဖြစ်ပြီဆို...

ခ၀ဲသီးကို ရေစင်အောင်ဆေးပြီး အခွံနွှာပါတယ်။
ပြီးလျှင် လေးပိုင်းပိုင်းပြီး ဆနွင်းမကင်းတုံးလေးတွေ ဖြစ်အောင်လှီး။
ကြာဇံကို ရေထဲတွင် ၁၀ မိနစ်ခန့်စိမ်။ ကြက်သွန်နီကို ဘလော့တုံးလေးတွေဖြစ်အောင်လှီးပါတယ်။
ပုဇွန်ကိုရေဆေး၊အခွံနွှာပါတယ်။ ကြက်သားမှုန့်၊ ပဲငံပြာရည် ၁ ဇွန်း ထည့်ပြီး နယ်ပါတယ်။
ဒယ်အိုးကိုအပူပေး၊ဆီထည့်ပြီး ပုဇွန်ကို ပထမဦးစွာချက်ပြီးလျှင် ဖယ်ထားလိုက်ပါတယ်။
ပြီးလျှင် ကြက်သွန်ဖြူနီကို ဆီသတ်ပြီးကြာဇံနှင့် ကြက်သားပြုတ်ရည်ကိုထည့်ပြီး
၂ မိနစ်ခန့်တည်လိုက်ပါတယ်။ ပြီးလျှင် ခ၀ဲသီးထည့်ပြီး မွှေပါတယ်။
ခ၀ဲသီးနှင့်ကြာဇံ ၈၀ ရာခိုင်နှုန်းလောက်ကျက်ပြီဆိုလျှင် ဖယ်ထားသော ပုဇွန်ကို ထည့်မွှေ၊
ကြက်သားပြုတ်ရည် နည်းနည်းထပ်ထည့်ပြီး လိုတဲ့ အရသာများ အားလုံးထည့်လိုက်ပြီး
ဖြေးဖြေးချင်း မွှေပါတယ်။နောက်ထပ် ၂ မိနစ်လောက်နေလျှင် ကျက်ပြီလေ။
အင်း.. သူနဲ့လိုက်ဖက်တဲ့အသုပ်တစ်မျိုးမျိုးစဉ်းစားလိုက်အုံးမယ်။

0 comments:

Post a Comment