Monday, January 28, 2013

ပျားရည်ဆမ်း ကြက်ပေါင်းကြော်

5 comments




          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
          ဒီနေ့မှာတော့ မောင်နှမတွေအားလုံးအတွက် ပျားရည်ဆမ်းကြက်ပေါင်းကြော်လုပ်နည်းလေး မျှဝေပေးပါရစေရှင့့် 
ကြက်ပေါင်နယ်နှပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေက အရွယ်လှလှ ကြက်ပေါင် (၇) တုံး၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ (၇) မွှာ၊ (ချင်းနဲ့ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပြီး အရည်ကိုပဲ ယူပါမယ်) ကြက်သားမှုန့် လက်ဘက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း (၁) ဇွန်း၊ ပျားရည် ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဘက်ရည်ဇွန်း (၁) ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဘက်ရည် ဇွန်းတစ်ဝက် (အနံ့မကြိုက်ရင် မထည့်လည်း ရပါတယ်နော်) တို့ပါနော်။
ကြက်ပေါင်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးပြီး ရေတွေခြောက်သွားအောင် တစ်သျှူးနဲ့ သုပ်ပေးပါ။ ကြက်ပေါင်တွေမှာ လုံးဝ ရေမရှိတော့ဘဲ ခြောက်သွားတဲ့အခါ အခုနက ပြောထားတဲ့ အဆာပလာတွေနဲ့ သေချာ သမအောင် နယ်ပြီး ရေခဲသေတ္တာထဲထည့်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ။
အဲ့ဒီအချိန်မှာ ရေနွေးအိုးပွက်ပွက်ဆူအောင် တည်ထားပါ။ ရေနွေးအိုးတည်ထားတဲ့အချိန် ကြက်သားတွေကို ပေါင်းအိုးမှာ ပေါင်းမယ့် ဇကာအဆင့်မှာ အောက်မှာ မုန်ညင်းဖြူရွက်လေး သို့မဟုတ် ဂေါ်ဖီရွက်ခင်းပါ။ ရေနွေးဆူတာနဲ့ ခုနက နှပ်ထားတဲ့ ကြက်သားတွေကို ပေါင်းမယ့်ဇကာထဲမှာ ပေါင်တွေကို အရင်းပိုင်းနဲ့ အဖျားပိုင်း တစ်လှည့်စီ ထည့်ပြီး စီပေးပါနော်။ ပြီးတော့ ရေနွေးငွေ့နဲ့ မိနစ် (၂၀) ပေါင်းပေးပါ။ မိနစ် (၂၀) ပြီးရင် ဟိုဘက်ဒီဘက်လှန်ပြီး နောက်ထပ် (၁၀) မိနစ်ပေါင်းပါ။ ပေါင်လေးတွေ စီပြီးတဲ့အခါ နယ်နှပ်ထားတဲ့ အရည်တွေ ကျန်နေပါမယ် မသွန်ပစ်ပါနဲ့နော်။  
ကြက်ပေါင်းကြော်အတွက် ဆီ (၅) ကျပ်သား ဒယ်အိုးထဲထည့်ပါ။ ဒယ်အိုးနဲ့ ဆီပူလာရအောင် မီးအား အမြင့်ဆုံးနဲ့ အပူပေးပါ။ ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်တွေကို ထည့်ကြော်ပါ။ မီးပြင်းနဲ့ ကြော်ရတာ ပေါင်းထားတဲ့အသားတွေ မပဲ့သွားရအောင်နဲ့ ကြက်ပေါင်လုံး မပျက်ဖို့ပါ။ အကြာကြီး ကြော်စရာ မလိုပါဘူး၊ အပေါ်ယံကြောလေး တင်းသွားရအောင်လို့ပါ။ ပြီးတာနဲ့ ဒယ်အိုးထဲမှာ ထမင်းစားဇွန်း (၂) ဇွန်းစာလောက် ဆီချန်ခဲ့ပြီး ကျန်တဲ့ဆီတွေကို ခပ်ထုပ်ပစ်လိုက်ပါ။ ပြီးတော့မှ ကြက်ပေါင်နယ်နှပ်ပြီး ကျန်တဲ့အရည်တွေကို ထည့်ပြီး မြန်မြန်လေး သမအောင်မွှေ၊ ဒယ်အိုးထဲမှာ အဲ့ဒီအရည်လေးတွေ ပျစ်လာတဲ့အချိန် မီးကို လုံးဝပိတ်၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းလောင်းထည့်ပြီး အားလုံး သမအောင် မွှေပေးလိုက်ရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပျားရည်ဆမ်း ကြက်ပေါင်းကြော်လေး ရပါပြီနော့့် 
နာလန်ထခါစ လူမမာများအတွက်လည်း အရမ်းကို အားရှိစေပါတယ့့်  ကလေး၊ လူကြီးများအတွက်လည်း စားဖို့ သင့်တော်တဲ့ ဟင်းလေးပါပဲ။ လုပ်ရတာ လက်ဝင်တယ်လို့ ထင်ရပေမယ့် တကယ့်ကို ပျားရည်နံ့မွှေးမွှေးလေးနဲ့ အိအိလေးမို့ တစ်လမှာ တစ်ခါလောက် စမ်းပြီး လုပ်စားကြည့်ပါဦးလို့ 

အချဉ်အတွက် ဘိတ်ချဉ်လေး လုပ်၊ ဆတ်လတ်ရွက်သုပ်လေး၊ တုံယမ်းဟင်းရည်သောက်လေးနဲ့ဆိုရင် အရမ်းကို လိုက်ဖက်တဲ့ ဟင်းပွဲလေး ရပါပြီနော့့် 

Thursday, October 11, 2012

ငှက်ပျောဖူးချဉ်စပ်ချက်

10 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  ဒီနေ့တော့ မောင်နှမတို့ကို ငှက်ပျောဖူးချဉ်စပ်ချက်လေး ချက်ကျွေးပါရစေရှင့့် 
ငှက်ပျောဖူး လတ်လတ်ဆတ်ဆတ် အခုပဲ အပင်ကနေ ချိုင်လိုက်တာ လက်ဆောင်ရလို့ ချက်ချင်းချက်လိုက်တာပါ့ 

ငှက်ပျောဖူးကို အပေါ်က အရင့်ပိုင်းတွေ နွှာပစ်ပြီး အတွင်းက အဖူးအနုပိုင်းလေး ကို ပါးပါးလှီးပြီး မန်ကျည်းသီးထည့်ဖျော်ထားတဲ့ ရေထဲမှာ စိမ်ပေးပါ (အဲ့ဒီလို စိမ်လိုက်ခြင်းအားဖြင့် ငှက်ပျောဖူး မဲမသွားစေတဲ့ အပြင် ငှက်ပျောဖူးမှာရှိတဲ့ အစေးတွေလည်း သက်သာသွားစေပါတယ်)။ ပြီးတော့ ဆားနဲ့နယ်ပြီး ၃ ခါလောက် ရေဆေးပစ်ပါ၊

ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ စပါးလင်ကို အပြင်က အခွံကြမ်းတွေဖယ်ပစ်၊ အတွင်းက အနုပိုင်းလေးတွေကို ခပ်ပါးပါးလှီး ပေးထားပါ။

ကြက်သွန်နီထဲက အရွယ်တော်အလုံး နှစ်လုံးလောက်ကို ခပ်ပါးပါးလှီးပေးထားပြီး ကျန်တဲ့ အလုံးသေးလေးတွေကို ဒီအတိုင်း သပ်သပ်ဖယ်ထားပါ။ ပြီးရင် ငရုတ်ဆုံထဲကို ပုစွန်ခြောက်၊ မရမ်းပြား (မရမ်းပြားမရှိရင် မန်ကျည်းနှစ်ကို ထည့်နိုင်ပါတယ်)နဲ့ စပါးလင်ထည့်ပြီး ထောင်းပေးပါ၊ စပါးလင်ညက်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထည့်ထောင်းပါ၊ ပြီးရင်တော့ ကြက်သွန်နီ ထည့်ထောင်းပေးပါ။ ပြီးတော့မှ ငှက်ပျောဖူးတွေကို ရေထဲကနေဆယ်ယူပြီး ရေစင်အောင် စကာထဲထည့်ပြီး ရေစစ်ပေးထားပါ။

ပြီးရင် အိုးတစ်လုံးထဲကို ငှက်ပျောဖူးနဲ့ အဆာပလာအားလုံးထည့်၊ ဆား၊ ငါးပိစိမ်းစားအနည်းငယ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကိုပါ ထည့်ပြီး သမအောင် နယ်ပေးပြီး တည်ပေးပါ။ ငှက်ပျောဖူးက ထွက်လာတဲ့အရည်နဲ့ အရင်တည်ပေးပါ။ အဲ့ဒီအရည်ခမ်းပြီဆိုရင်တော့ နောက်ထပ် ငှက်ပျောဖူးမြုပ်ရုံရေထည့်ပြီး မီးအသင့်အတင့်နဲ့ နှပ်ပေးပါ။ ငှက်ပျောဖူးထဲ အရသာလည်းဝင်ပြီး နူးအိနေစေပါ တယ်။
စပါးလင်နံ့သင်းပြီး ချဉ်ငံစပ်အရသာလေးနဲ့ စားရတာ အလွန်ထမင်းမြိန် စေပါတယ်နော်။ စမ်းပြီး ချက်ကြည့်ကြပါဦးလို့။

Wednesday, October 10, 2012

ပုစွန်မရမ်းပြားချဉ်စပ်ဟင်းရည်သောက့့် 

0 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  
ဒီနေ့တော့ မောင်နှမတွေအတွက် ပုစွန်မရမ်းပြားချဉ်စပ်ဟင်းရည်သောက်လေး ချက်ကျွေးပါဦးမယ်နော့့် 

ပုစွန်လတ်လတ်ဆတ်ဆတ်များကို ခေါင်းက အခွံမာခွာ၊ မစင်အိတ်ဖယ် ထုတ်ပစ်ပါ။ 
ပီးရင် နောက်ကျောကနေ မစင်ကြောင်း ဖယ်ထုတ်ပစ်ပါ။ ပြီးရင် ကြက်သားမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်နဲ့ ရောနယ်ထားပေးပါ။

အိုးတစ်လုံး ရေ အသင့်အတင့်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါ။
မရမ်းပြားကို ရေနွေးနဲ့ ပွလာအောင် စိမ်ထားပေးပါ။ (မရမ်းပြားမရှိရင် မထည့်ဘဲ သံပရာရည်ညှစ်သောက်ပါ။ ကျွန်မက အမှန်တကယ် သံပရာရည်ညှစ်ထည့်ပြီး သောက်ချင်တာ၊ ဒါပေမယ့် ဘုန်းကြီးဆွမ်းဟင်းလောင်းဖို့လည်း ချက်တာမို့ သံပရာသီးအလုံးလိုက်ထည့်ပေးလို့လည်း မဖြစ်တာမို့ မရမ်းပြားထည့်ရတာပါ)။

ရေနွေးပွက်ပွက်ဆူလာရင် ငံပြာရည်၊ ဆားအနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်ထည့်၊ ပုစွန်ထည့်၊ ပါးပါးလှီးထားတာတွေထည့်၊ မရမ်းပြားတွေထည့်၊ ပွက်ပွက်ဆူအောင်တည်၊ ဆူလာရင် အရသာမြည်းပြီး ချလိုက်ရုံပဲ။ 
 
နံနံပင်လေးအုပ်တာပဲဖြစ်ဖြစ်၊ ရှောက်ရွက်လေးပဲဖြစ်ဖြစ် ထည့်နော်။ စပါးလင်ရှိရင်/ကြိုက်တတ်ရင် နည်းနည်းလေး လှီးပြီးထည့်လိုက်။

ချက်စားကြည့်လိုက်ပါဦ့း့  လျှာလည်သွားမယ်နော့့်

Monday, September 24, 2012

ကဏန်း အချိုပေါင်း

17 comments


ချိုအိမွှေးဆိမ့် အရသာနဲ့ စားလို့ကောင်းတဲ့ ကဏန်းအချိုပေါင်း

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင် ...

မောင်နှမတွေ အတွက် စားလို့ကောင်းမယ့် ကဏန်း အချိုပေါင်းလေး ချက်နည်းလေး မျှဝေပေးပါရစေဦးရှင် ...

ဘလော့ဂ်မှ ပို့စ်တွေ update လုပ်ဖို့က ဒီက ကွန်နက်ရှင်နဲ့ လုပ်လို့မရဘူး၊ အဲ့ဒါကြောင့်မို့ Facebook မှာ အရင်တင်ပြီးမှ ဘလော့ဂ်မှာ တင်ရသလို ဖြစ်နေပါတယ် ... ဘလော့ဂ်မှာ လာရောက် ကြည့်ရှု အားပေးကြတဲ့ မောင်နှမများ အဲ့ဒီ အခြေအနေလေးကို နားလည် ခွင့်လွှတ်ပေးစေ လိုပါတယ်နော် ... ၀ိုင်းတော်သားများရဲ့ အကူအညီနဲ့ ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နေအောင် ပို့စ်တွေ တင်ပေးနေမှာပါနော် ...

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကဏန်း (၇) ကောင်၊ ကြက်သွန်ဖြူ (၅) မွှာ ဓားပြားရိုက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ခရုဆီ ထမင်းစားဇွန်း (၁) ဇွန်း၊ ဟင်းရွက်ဆီ ထမင်းစားဇွန်း (၂) ဇွန်းတို့ပါနော် ...

ကဏန်းတွေကို သန့်ရှင်းရေးလုပ်၊ ၀မ်းဗိုက်ဘက်က အဖတ်တွေ ဖယ်ရှားပစ်ပြီး ရေနဲ့ သန့်စင်အောင် ဆေးပေးပါ။ ပြီးရင် လက်မက အခွံမာတွေကို ငရုတ်ကျည်ပွေ့နဲ့ ထုပေးပါ။ ပက်လက်လှန်ထားတဲ့ အနေအထားရှိတဲ့ ကိုယ်ထည်ကို ခလယ်ကနေ အသာယာ နှစ်ခြမ်းခြမ်းပေးပါ။ ကျောကုန်းဘက်က အခွံမာရှိနေတော့ ၂ ခြမ်းပြတ်မသွားဘဲ ရှိနေမယ်။

သန့်ရှင်းရေး လုပ်ပြီးသား ကဏန်းကို ကြက်သားမှုန့်ရယ် နှမ်းဆီမွှေးရယ်နဲ့ နယ်ပေးပါ။ ပြီးတော့မှ ကဏန်း ပေါင်းဖို့ ပြင်ရအောင်။ လွယ်လွယ် မြင်အောင်ပြော ရရင် အိုးကြီးကြီး တစ်လုံးထဲ ရေနွေးပွက်ပွက် ဆူအောင် တည်ထားပေးပါ။ ဇကာထဲမှာ အောက်ကနေ ငှက်ပျောဖက်ခင်းပြီး ကဏန်းတွေကို စီစီရီရီ တင်ထားပါ။ ရေနွေး ပွက်တာနဲ့ ကဏန်းတွေ စီထားတဲ့ ဇကာကို ထည့်ပြီး အဖုံးလုံအောင် ပိတ်ပြီး မိနစ် (၂၀) ပေါင်းပေးပါ။ အချိန် ပြည့်သွားရင် ကဏန်းတွေကို တစ်ဘက်လှန်ပြီး နောက်ထပ် (၁၀) မိနစ် ပေါင်းပေးပါ။

အဲ့ဒီ အချိန်မှာ တစ်ဘက်က မီးဖိုမှာ ဒယ်အိုးလေးတင်၊ ဟင်းရွက်ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူ ဓားပြားရိုက် ထည့် ဆီသတ်၊ မွှေးလာတာနဲ့ ပဲငံပြာရည်က အကျဲနဲ့ ခရုဆီတို့ကို ထည့်ပြီး မွှေ၊ မီးပိတ်ပြီး ဒယ်အိုးချ။

တစ်ဘက်မှာလည်း ပေါင်းထားတဲ့ ကဏန်းပေါင်း ရပြီ။ ပန်းကန်ထဲ ကဏန်းပေါင်းတွေကို စီစီရီရီ ထည့်၊ ပြီးတော့ ခုနက ကြက်သွန်ဖြူ ဆီမွှေးသတ်ထားတဲ့ အရည်လေးတွေကို ကဏန်းပေါင်း အပေါ် နှံ့အောင် အသာအယာ လောင်းချ ပေးလိုက်ပါနော်။

အဲ့ဒါဆိုရင်တော့ ကဏန်းပေါင်း ချိုအိဆိမ့်မွှေး အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကဏန်းပေါင်းလေးကို စားလို့ ရပါပြီနော် ... ကြိုက်တတ်ရင် တရုတ်နံနံ၊ ကြက်သွန်မြိတ် အဲ့ဒါတွေ ထည့်လို့ရသေးတယ် ...

အချဉ်ကတော့ မလုရဲ့ အကြိုက် လွယ်ကူရိုးရှင်းပြီး အရသာရှိလှတဲ့ ဘိတ်ချဉ်နဲ့ပေါ့ ...

ဒါဆိုရင် မောင်နှမတွေ အားလုံး အိုကေလောက်ပြီလို့ ထင်ပါတယ် … ချက်စားရတာ လွယ်တယ်လေနော် ... မောင်နှမတွေ ချက်စားဖြစ်ရင် မလုကိုလည်း ကျွေးကြပါဦးလို့ ...

Sunday, September 23, 2012

ရေခူ ဆေးဘဲဥသုပ် လုပ်စားကြရအောင်

3 comments


ချစ်သော မောင်နှမများ အားလုံး မင်္ဂလာပါရှင် ... ဒီနေ့တော့ မောင်နှမတွေကို ရေခူ ဆေးဘဲဥသုပ်လေး သုပ်ကျွေး ပါရစေရှင် …

ရေခူ (Jelly Fish) ကို  Junction Center မှာတွေ့တော့ မောင်နှမတွေ အတွက် ဆန်းဆန်းပြားပြားလေး လုပ်ကျွေးလို့ ရအောင်လို့ ဝယ်ခဲ့မိတယ် …

အသုပ်အတွက် ပြင်ဆင်ဖို့ ရေခူကို ရေအေးနဲ့ အနည်းဆုံး (၅) နာရီကနေ (၈) နာရီထိ စိမ်ပေးပါ။ အဲ့ဒီလို စိမ်တဲ့ အခါမှာလည်း အခါအခွင့်သင့်ရင် ၂ နာရီခြား တစ်ခါလောက် ရေအသစ်လဲပြီး စိမ်ပေးပါနော် ... အဲ့ဒီလို စိမ်ပေးခြင်းဖြင့် ရေခူမှာ ကပ်နေတဲ့ သဲတွေနဲ့ အနံ့တွေ ထွက်သွားစေတယ်နော် ...

သုပ်ခါနီးကျရင် ရေနွေး ပွက်ပွက်ဆူအောင် တည်ထားတဲ့ အိုးထဲကို ရေခူကို ထည့်ပြီး ၃ မိနစ်လောက် ထည့်ပြီး အဖုံးအုပ်ထားပါ။ အဲ့ဒီလိုအချိန်မှာ ရေခူက ပွတက်လာပြီး အတွန့်လေး၊ အလိပ်လေးတွေ ကျောက်ခက်လို ဝေဝေဖြာဖြာ ထွက်လာတာ တွေ့ရမယ်။ ပြီးတော့ ငါးခြောက်နံ့လို အနံ့တွေ ပြုတ်ရည်ထဲ ပါသွားမယ်၊ သဲတွေ ပါသွားမယ်နော်၊ ပြီးတော့မှ ရေနွေးပူထဲကနေ ရေခူကို ပြန်ဆယ်၊ ပြီးတော့ ရေအေးနဲ့ ပြန်ဆေးပြီး တစ်လက်မ အရှည်လောက်လေးတွေ ဖြတ်ပေးထား၊ ဇကာထဲ ထည့်စစ်ထားပါနော်။

ရေခူချည်းပဲ နည်းနေမှာစိုးလို့ ကျွန်မ ဆေးဘဲဥလေးတွေပါ ထည့်သုပ်လိုက်တာပါ … ဆေးဘဲဥ မထည့်လည်း ရပါတယ်။ ဆေးဘဲဥလေးတွေ အခွံနွှာပြီး အစိတ်လေးတွေ ရအောင် လှီးပေးထားပါ။

ရေခူသုပ်အတွက် ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ အနီကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထား၊ အဖြူနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပေး၊ တရုတ်နံနံ / မြန်မာနံနံ နည်းနည်းလှီးထည့်၊  ကြက်သွန်မြိတ်ထည့်ဖို့ ပြင်ထား။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ တရုတ်နံနံ အရိုးတို့ကို မညက်တညက် ထုထောင်းပြီး ရလာတဲ့ paste ကို ပန်းကန်လုံးလေး တစ်ခုထဲကိုထည့်၊ ပြီးရင် ဆားအနည်းငယ်၊ သကြား အနည်းငယ်၊ အရသာမှုန့် အနည်းငယ်၊ ပဲငံပြာရည် အပျစ်အကျဲ နှစ်မျိုးလုံးကို ရေနွေးလေးနဲ့ စပ်ဖျော်ပြီး မွှေလိုက်နော်၊ ပြီးတော့ သံပရာရည် ရွှဲရွှဲလေး ညှစ်ပြီးတော့ ထပ်မွှေထား၊ အနံ့လေး ပိုကောင်းသွားရအောင်လို့ နှမ်းဆီမွှေးလည်း တစ်စက်နှစ်စက်ပေါက်ထည့်။

အားလုံး အသင့်ဖြစ်ရင် ဇလုံ တစ်လုံးထဲကို အဆာပလာတွေထည့်၊ ရေခူထည့်၊ ဆေးဘဲဥထည့်၊ ပြီးတော့ ဖျော်ထားတဲ့ အရသာရည်တွေ အားလုံးနဲ့ သမအောင် ရောမွှေလိုက်ပါနော် ... အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ချိုချဉ်ငံစပ်မွှေး ရေခူ ဆေးဘဲဥသုပ်လေး ရပါပြီနော် ... အပေါ်ကနေ ကြက်သွန်ကြော်နဲ့ နှမ်းစေ့ ဖြူးဖို့ မေ့သွားလို့ မောင်နှမတို့ ကြိုက်တတ်ရင် ထည့်လိုက်ပါဦးလို့နော်

Friday, September 14, 2012

မြေအိုးမြီးရှည်

4 comments



ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင် ...

ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများအတွက် မြေအိုးမြီးရှည် လုပ်နည်းလေးကို မျှဝေပေးပါရစေရှင် ...

ကျွန်မချက်ဖြစ်တဲ့ မြေအိုးမြီးရှည်လေးကတော့ လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက ပြင်ဦးလွင်မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု သွားတက်တုန်း ကျွန်မတို့သူငယ်ချင်းများနဲ့ အတူ ဆိုင်တစ်ဆိုင်မှာ သွားစားခဲ့တဲ့ ပုံစံမျိုးလေးပါနော် ...

ကျွန်မဘဝမှာ စစချင်း စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ပဲ ဆိုပါတော့နော် အဲ့ဒီမှာ စားခဲ့ပြီး ကြိုက်သွားပြီး ရန်ကုန် ပြန်ရောက်တော့လည်း ဆိုင်တွေမှာ မြေအိုးမြီးရှည်စားချင်လို့ မှာစားခဲ့ပါတယ် … ဒါပေမယ့်လေ လုံးဝကို အရသာမတူ၊ ပါဝင်ပစ္စည်းတွေလည်း မတူဘဲ လုံးဝကိုမှ စားလို့မရဘဲ ပြင်ဦးလွင်မှာ စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ကိုပဲ တမ်းတမိနေတော့တာပေါ့ ...

ဒီလိုနဲ့ အိမ်မှာလည်း မြေအိုးမြီးရှည်ကို အဆင်ပြေသလို မကြာခဏ ချက်စားဖြစ်တယ် … ဒါပေမယ့် ပို့စ်လည်း မတင်ဖြစ်ခဲ့ဘူး ... ဘလော့ဂ်ကို အမြဲတမ်းအားပေးနေတဲ့ မောင်နှမတစ်ယောက်က မြေအိုးမြီးရှည် လုပ်နည်းလေး မျှပေးပါဦးနော် ဆိုလို့ မနေ့မနက်က အစောထပြီး လုပ်ဖြစ်ခဲ့တာလေးကို မောင်နှမများ အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ် ရှင် ...

လိုအပ်တဲ့ ပစ္စည်းတွေကတော့ အရည်အတွက် ကြက်ရိုးကို သန့်စင်ပြီး ကြက်သားမှုန့်၊ ဆားတို့နဲ့ နယ်ပြီး ချင်း၊ ကြက်သွန်ဖြူတို့နဲ့ အရည်ဖြူလေးတွေ ရလာတဲ့ အထိ ပြုတ်ပေးထားပါနော် ...

အခြား လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်၊ ဝက်၊ ပင်လယ်စာ (နှစ်သက်သလိုထည့်ပါ)၊ ငုံးဥ၊ ကြက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားလိပ်၊ (ရေခဲမှိုလို့ခေါ်တဲ့ ကျောက်ပွင့်ကိုလည်း ထည့်နိုင်ပါတယ်) အသီးအရွက်အစုံ (မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ဘရိုကိုလီ၊ မှို၊ မုန်လာဥနီ၊ ကြာစွယ်၊ ပဲပင်ပေါက်၊ ရွှေပဲသီး၊ ဘေဘီပြောင်းဖူး၊ ကန်စွန်းရွက် …. ကြိုက်နှစ်သက်ရာ) ပဲပြား၊ မာလာအနှစ် (သို့မဟုတ်) ရွှေပဲတံဆိပ် ငရုတ်သီးအနှစ်၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ရှားကော ပတ်ကော၊ ရှမ်းမုန်ညင်းချဉ် စတာတွေပါနော် ...

ထည့်လိုတဲ့ အသားတွေကို အနေတော် တုံးထားပေးပြီး ကြက်သားမှုန့်လေးနဲ့ နယ်ပေးထားပါ။ ဝက်ကလီစာကို ထည့်မယ်ဆိုရင် ကလီစာတွေကို မန်ကျည်းမှည့်နဲ့ အသေအချာ ဆေးကြောပြီးမှ ကြက်သားမှုန့်၊ ရှားကောပတ်ကောမှုန့်၊ သကြား၊ ပဲငံပြာရည် အကြည်တို့နဲ့ နယ်ပြီး နူးအောင် ပြုတ်ထားပေးပါ။ နူးအိပြီ ဆိုရင်တော့ ကိုယ်လိုသလောက် အရွယ် အစားလေးတွေ လှီးပေးထားပါ။

ငုံးဥပြုတ်ထားပေးပါ။ အခွံနွှာထားပေးပါ။ မှိုခြောက်ပန်းခြောက် ပဲလိပ်တို့ကို သန့်ရှင်းရေးလုပ်ပြီး တစ်ကြိမ် ပြုတ်ပစ်ပါ။ (ရေနွေးနဲ့ တစ်ကြိမ်ပြုတ်ပစ်မှသာ မှိုခြောက်ပန်းခြောက် ပဲလိပ်ခြောက်တို့မှာ ရှိနေတဲ့ အနံ့တွေ၊ အထူးသဖြင့် ပန်းခြောက်က အခုနောက်ပိုင်း လာတဲ့အခါ ကြာကြာ အထားခံအောင် အချဉ်မှုန့်နဲ့ နယ်တယ်လို့ ကျွန်မ ခံစားရပါတယ် ... ပန်းခြောက် ကို ရေနဲ့ စင်အောင်ဆေး၊ ဝတ်ဆံဖယ်ပြီး ဟင်းထဲ ထည့်လိုက်ပြီးတဲ့အခါ ဟင်းက အချဉ်အရသာရှိလာတာကို ကျွန်မ သတိထားမိလို့ပါ။) ပြီးမှ မှိုခြောက်ကို အရွယ်တော်ညှပ်၊ ပန်းခြောက်ကို ဝတ်ဆံလေးတွေဖယ်ပြီး အထုံးလေးထုံး၊ ပဲလိပ်ကို ချိုချဉ်ပုံလေး ချည်ပါ။ ပဲပြားလေးတွေ အရွယ်တော် တုံးထားပေးပါ။

အသီးအရွက်တွေကို သန့်စင်အောင် ရေဆေးပြီး အရွယ်တော် လှီးဖြတ်ပေးထားပါ။

ရယ်ဒီမိတ် မာလာအနှစ်ကို သုံးမယ်ဆိုရင် သတိပြုစရာ ရှိပါတယ် ... မာလာအနှစ်မှာ ၂ မျိုးရှိပါတယ်။ တစ်မျိုးက မာလာဟင်းချက်တဲ့အထဲမှာ သုံးမယ့် အဆီပါတဲ့ဟာပါ။ ငရုတ်သီးများပါတယ်။ (အသီးအရွက်၊ ကြက်သား၊ ငါး စတာတွေကို ချက်တဲ့ ဟာမျိုးပါ)။ နောက်တစ်မျိုးက Soup အတွက် သုံးတဲ့ မာလာအနှစ်ပါ။ သူက ဆီမပါ၊ ငရုတ်သီးပါဝင်မှု နည်းပါတယ်။ ဈေးဝယ်တဲ့အခါ အဲ့ဒီအထုပ်တွေရဲ့ နောက်ကျောက စာကို သေချာဖတ်ပြီး soup အတွက်လား၊ ဟင်းအတွက်လား ဆိုတာကို ရွေးဝယ်နိုင်ပါတယ်။ မောင်နှမတွေက အဆီပါတာနဲ့ စပ်တာကို ကြိုက်တတ်ရင် ဟင်းအနှစ်ထုပ်ကို သုံးသင့်ပြီး အစပ်သိပ်မစားနိုင်ဘူး၊ အဆီပါရင် သောက်ရတာ ခက်တယ်ဆိုတဲ့ မောင်နှမတွေကတော့ Soup အနှစ်ကို သုံးသင့်ပါတယ်။ ကျွန်မကတော့ ရွှေပဲတံဆိပ် ငရုတ်နှစ်ဗူးကို သုံးထားပါတယ်။ တစ်ခု သတိပေးချင်တာက ဟင်းရည်အိုးထဲကို မာလာဟင်းအနှစ် ထည့်ပြီးမှ ကျန်အရသာကို ထပ်ဖြည့်ပါ။ ငန်သွားမှာ စိုးလို့ပါ။

ကြက်ရိုးဟင်းရည်အိုး ပွက်ပွက်ဆူလာပြီ ဆိုရင် အသားတွေနယ်ထားတာကို ထည့်ပါမယ်၊ ပြီးတော့ ငရုတ်နှစ်/ မာလာအနှစ်ကိုထည့်ပါ။ မာလာအနှစ်ထည့်တဲ့အခါ လောဘမကြီးမိစေဖို့ သတိပေးပါရစေ။ (အရသာပေါ့တာက ထပ်ဖြည့်လို့ရတယ်၊ ငန်သွားရင်ကျ ဟင်းပျက်တတ်တယ်လေ) ကျွန်မက အချိုးအစားကို ဖော်ပြမထားဘူးဆိုတာက တစ်ယောက်နဲ့တစ်ယောက် သုံးမယ့်ပစ္စည်းချင်း မတူတဲ့အခါ အရသာမတူနိုင်လို့ ကိုယ့်စိတ်ကြိုက် အရသာရအောင် ကိုယ့်ရဲ့ လျှာစွမ်းနဲ့ပဲ မြည်းကြမယ်လေနော် ... ဟင်းပွက်ပွက်ဆူပြီ ဆိုရင် ပဲပြားနဲ့ အသီးအရွက်တွေ စိတ်ကြိုက်ထည့်ပါ။ ကလီစာတွေထည့်၊ ငုံးဥတွေထည့်ပါ။ အရသာ အပေါ့အငန် မြည်းပါ။ ကျွန်မက မုန်ညင်းချဉ်ကို ဒီအတိုင်း စားတာထက် ဟင်းရည်ထဲ ထည့်သောက်ရတာ ကြိုက်တာမို့ ကိုယ့်အတွက် ပွဲပြင်တဲ့အခါ မုန်ညင်းချဉ်ကိုပါ ဟင်းရည်ထဲ တစ်ခါတည်း ထည့်ပြီးပြင်လေ့ရှိပါတယ်။ အသီးအရွက်တွေကို ကိုယ်တစ်ခါစားခါနီးမှ တစ်ခါပြုတ်ပြီး ထည့်လို့ရတယ်နော် ...

မြီးရှည်ဖတ်က ရယ်ဒီမိတ်အခြောက်ထုပ်ကို အညွှန်းပါအတိုင်း ပြုတ်ပြီး သုံးလို့ရသလို အစိုကိုလည်း ဝယ်ပြီး သုံးလို့ရပါတယ်။

စားပွဲပြင်တဲ့အခါ မြေအိုးလေးယူ မြီးရှည်ဖတ်လေးထည့်၊ ဟင်းရည်ထည့်၊ ပွက်ပွက်ဆူအောင်တည်၊ အသီးအရွက်တွေ ထည့်၊ အရသာအပေါ့အငန်မြည်း၊ ကြိုက်တတ်ရင် ကြက်သွန်မြိတ်လေး ပါးပါးလှီးပြီးအုပ်၊ နှမ်းစေ့လေး ဖြူးဖို့တောင် မေ့သွားတယ် ... အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မြေအိုး မြီးရှည်လေး ရပါပြီနော် ... ခပ်စပ်စပ်လေး စားချင်ရင် ငရုတ်သီးထောင်းကြော်လေး ထည့်လိုက်ပါဦးနော် ...

မောင်နှမတွေ ကြိုက်နှစ်သက်မယ့် အခြား အဆာပလာများလည်း ထပ်ဖြည့်ပြီး သုံးဆောင်နိုင်ပါတယ်နော် ...

ဝက်ခေါက်ကြော်လေးနဲ့အတူ တွဲဖက်သုံးဆောင်ပါဦးလားလို့ ...

မောင်နှမများ အားလုံးလည်း ပိတ်ရက်မှာ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနဲ့ အတူ မြေအိုးမြီးရှည်လေး ချက်စားပြီး ကောင်းမွန်ပျော်ရွှင်သော အချိန်လေးများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ခြွေရင်း ...

Wednesday, August 22, 2012

ခေါင်းအုံးပုံ ကော်ပြန့်စိမ်း

5 comments

သုံးဆောင်ရန် အသင့်ဖြစ်နေတဲ့ ကော်ပြန့်စိမ်းလေးပါရှင်...

ကော်ပြန့်ရွက် (ညှပ်ခေါက်ဆွဲဖြစ်မယ့် အဖတ်ကြီး / ကွေ့တီရိုဖတ်) အပေါ် အဆာထည့်ပြီးပုံ …
အဆာထည့်ပြီးရင် ဒီလိုလေး ခေါက်ရမယ်နော် … ဘယ်အရင် … ညာထပ် …
ပြီးတော့ ကျန်တဲ့ နှစ်ဘက်အစကို သိမ်းပြီး ထုပ်လိုက်တော့ ခေါင်းအုံးပုံစံလေး ဖြစ်သွားရော …
ဒါလေးတွေက ခေါင်းအုံးဖြူလေးတွေ စီထားတာနဲ့ မတူဘူးလား …
အထဲက အဆာလေးတွေကိုရော မြင်ရအောင်လို့ ဒီလိုလေး ပြင် …

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင် … ဘလော့ဂ်မှာ ဟင်းအသစ် မတင်လည်းပဲ အမြဲတမ်း အလည်လာပေးနေကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်နော် … ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေး လုပ်ကျွေးပါရစေနော် …

ကျွန်မက ဒီမုန့်နာမည်ကို ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလို့ လွယ်လွယ်လေး နာမည်ပေးလိုက်ပေမယ့် ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ လာပြောသွားတာက တရုတ်လိုတော့ ဒီမုန့်ကို ဟွမ်းဟွမ်းလို့ ခေါ်တယ်လို့ ပြောတယ်နော် …

ဒီမုန့်လေးကို ကျွန်မ လွန်ခဲ့တဲ့ 2000 ခုနှစ်လောက်က ဗိုလ်တထောင်ဘုရားနားမှာ ရှိတဲ့ စာကြည့်တိုက်သင်တန်းကို သွားတက်တုန်း အဲ့ဒီသင်တန်းမှာ ခင်မင်ကြတဲ့ သူငယ်ချင်းများနဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ရင်း အဲ့ဒီမှာ စပြီး စားခဲ့ဖူးတာပါ … နောက်ပိုင်း သင်တန်းပြီးသွားတော့ ဒီမုန့်လေးနဲ့ ဝေးသွားရော …

ဒီလိုနဲ့ အလုပ်တွေ လုပ်ရင်း အချိန်တွေ ကုန်လွန်ရင်းနဲ့ အခု နေပြည်တော်မှာ တာဝန်ထမ်းနေရတာပေါ့ … နေပြည်တော်က Capital Hyper Mart မှာ ဒီမုန့်ရောင်းတယ် … သူငယ်ချင်းတစ်ယောက်က အဲ့ဒီမုန့်လေး ဝယ်စားမိပြီး စားကောင်းတယ် ပြောတယ် … နောက်ထပ် အလုပ်ထဲက ညီမလေးတစ်ယောက်က အမ အဲ့ဒီမုန့်ကို သိလား … လုပ်တတ်လား … လုပ်တတ်ရင် လုပ်ကျွေးပါဦး ဆိုပြီး ပြောတော့ ကျွန်မလည်း လွန်ခဲ့တဲ့ (၁ဝ) နှစ်ကျော်က စားခဲ့တဲ့ မုန့်လေးကို သတိရပြီး ပြန်လည် စမ်းသပ်ထားတာပါနော် …

အောက်ခံကော်ပြန့်ရွက် …
မုန့်အတွက် လိုအပ်တာကတော့ အပေါ်က ကော်ပြန့်ရွက်အတွက် ညှပ်ခေါက်ဆွဲဖတ်ကြီး (မြင်အောင် ပြောရရင် ညှပ်ခေါက်ဆွဲ ဖြစ်အောင် ကပ်ကျေးနဲ့ မဖြတ်ခင် လက်ကိုင်ပုဝါလို လေးထောင့်ကြီး ဖြစ်အောင် လုပ်ထားတဲ့ အဖြူရောင် အဖတ်ကြီး) ကို ဝယ်ရတာပါ၊ နေပြည်တော်မှာဆိုရင် မြို့မဈေးက မုန့်ဖတ်ဆိုင်မှာ ရနိုင်ပါတယ် … အာဟာရသုခဈေးမှာလည်း မုန့်ဖတ်ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ် … ကွေ့တီရိုဖတ်လို့လည်း တစ်ချို့က ခေါ်ကြတယ်နော် … အဲ့ဒီအရွက်ကို မိမိလိုချင်တဲ့ အရွယ်အစားရအောင် ဖြတ်ထားပေးပါနော် …

အဆာပြုလုပ်နည်း …
အဆာအတွက် လိုတဲ့ပစ္စည်းတွေကတော့ ကြက်သား/ဝက်သား/ပုစွန်/ကဏန်း/ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ မုန်လာဥနီ၊ ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်ကအကျဲ၊ နှမ်းဆီမွှေး၊ တရုတ်မာဆလာ၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်နဲ့ ဆီတို့ပါနော်။

ကြက်သားကို ခပ်သေးသေးလှီးပါ၊ ချင်း၊ ကြက်သွန်ဖြူတို့ကို နုတ်နုတ်စင်းပါ၊ ကြက်သွန်နီကို ဘလော့ခ်ပုံ အတုံးသေးလေးတွေ ရအောင် လှီးပါ၊ မုန်လာဥနီ ပါးပါးလှီးပါ၊ ပြီးရင် ကြက်သား၊ မုန်လာဥနီ၊ ကြက်သွန်ဖြူနီ ချင်းတို့ကို ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ နှမ်းဆီမွှေးအနည်းငယ်၊ တရုတ်မာဆလာအနည်းငယ်၊ ကော်မှုန့်၊ ဆီ၊ တရုတ်နံနံ၊ ငရုတ်ကောင်း အနည်းငယ်တို့နဲ့ သမအောင် ရောနယ်ပါ၊

ပြီးတော့ ဒယ်အိုးထဲ ဆီလေး နည်းနည်းထည့်ပြီး အဆာပလာတွေကို  ကြော်ပါ။ အဆာပလာတွေက ခဏလေးနဲ့ ကျက်ပါတယ် … ပြီးတော့ ကော်ရည်လေး ဖျော်ထားပေးပါ၊ ကော်ရည်ခပ်ပျစ်ပျစ်နဲ့ပဲ လုလုက လုပ်ထားပါတယ်၊ အထားခံရအောင်ရော၊ စားကောင်းရအောင်ရောမို့ပါ။ ကော်ရည် ဆမ်းလိုက်တဲ့ အချိန်ကျရင် မီးလျှော့လိုက်ပါ။ ကော်ရည် ပျစ်လာပြီဆိုရင် ပါးပါးလှီးထားတဲ့ တရုတ်နံနံကို ထည့်ပြီး အုပ်၊ မွှေပြီး မီးပိတ်လိုက်ရင် ရပြီ၊ အဆာတွေကို ခဏလေး အအေးခံထားလိုက်ပါ။

ဆိုင်က အဆာတွေက အသားနည်းတယ်၊ အရွက်များတယ်၊ ကော်ရည်ကျဲတယ်၊

မုန့်လေးတွေ ထုပ်ရအောင် …
ကွေ့တီရိုရွက်ကို လေးထောင့်ပုံလေးတွေ ရအောင် ဖြတ်ထား၊ ပြီးတော့ ပုံမှာ ပြထားသလိုပဲ ဗန်းတစ်ခုထဲ ထည့်ခင်းလိုက်ပါ၊ ပြီးတော့ အဖတ်ထဲကို အပေါ်ကနေ အဆာပလာထည့်၊ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းဆီ ခေါက်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေး ရပါပြီနော် … လုပ်ရတာ သိပ်လွယ်တာပဲ … အချိန်ကုန်လည်း သက်သာတယ် … ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်နော် … အချဉ်အတွက်က Chito ငရုတ်ဆီလေးနဲ့ပဲ တွဲလိုက်တယ် … ကြက်သွန်မြိတ်လေးလည်း ကိုက်စားလိုက်ပါဦးနော် … လုပ်ရတာ လွယ်လွန်းလို့ မောင်နှမတို့ အားလပ်ရက်မှာ လုပ်စားကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော် …

Tuesday, July 10, 2012

ထမင်းမြိန်စေမယ့် ၀က်နံရိုးနု တညင်းသီးချဉ်စပ်ချက်

3 comments


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
          ဒီနေ့တော့ မောင်နှမများအားလုံးကို ၀က်နံရိုးနုနဲ့ ဒညင်းသီးလေးကို ချဉ်ချဉ်စပ်စပ်လေး ချက်ကျွေးပါ ဦးမယ်နော့့်  ၀က်သားနဲ့ ဒညင်းသီးချက်ဆိုရင် ကြားရုံနဲ့တင် စားချင်တတ်တာ့  ဒါပေမယ့် ၀က်နံရိုးနု လေးနဲ့ ချက်စားရအောင်လို့ တွေးပြီး ချက်မိတဲ့ ဟင်းလေးတစ်ခွက်ပါရှင့့် 

          လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်နံရိုးနု (၂၅) ကျပ်သား၊ တညင်းသီး (၁၅) လုံး၊ အချဉ်အရသာ အတွက် (သရက်ပြား/မရမ်းပြားခြောက်) အချဉ်မကြိုက်ရင် မထည့်လည်း ရပါတယ်နော်၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ ငရုတ်သီးစိမ်း အနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
          တညင်းသီးတွေကို ပြုတ်တဲ့အခါ အိုးတစ်လုံးထဲ ရေနဲ့တညင်းသီးကို အတူရောထည့်ပြီး ပြုတ်ပါ။ ပွက်ပွက် ဆူလာရင် ပထမရည်တွေ သွန်ပစ်ပါ။ ပြီးရင် နောက်တစ်ရေထပ်ထည့်ပြီး ပြုတ်ပါ။ (၁၀) မိနစ်လောက် တည်ပါ။ ပြီးရင် အဲ့ဒီအရည်တွေ သွန်ပစ်ပါ။ အဲ့ဒီအချိန်ကျရင် တညင်းသီး အခွံတွေလည်း အလိုလို ကျွတ်ထွက်ကုန်ပါပြီ။ ပြီးတော့မှ အသီးတွေကို ထက်ခြမ်းခြမ်းပါ။ ပြီးရင် နောက်တစ်ရည်ထည့်ပြီး တည်ပါ။ မိနစ် (၂၀) လောက် တည်ပြီးတော့ အိုးကို မီးဖိုပေါ်က ချထားပေးပါ။ အဖုံးလုံးဝ မဖွင့်ပါနဲ့ဦး။ အထဲမှာ သူ့အပူနဲ့သူ နပ်သွားရအောင်လို့ပါနော်။

  တညင်းသီးပြုတ်ထားတဲ့အချိန်တွင်းမှာ လုပ်ရမှာက ၀က်နံရိုးကို သန့်စင်အောင် ဆေးကြောပြီး  ရေစစ်ပေးထားပါ။ ချင်းကို ညက်အောင်ထောင်းပေးပါ၊ ပြီးရင် ဇလုံတစ်လုံးယူ၊ ၀က်နံရိုးထည့်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်ထည့်၊ ပြီးရင် ချင်းရည်ကို ညှစ်ထည့်ပြီး အားလုံးသမအောင် နယ်ပြီး နာရီဝက်ခန့် နှပ်ပေးထားပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်ဖြူနီတို့ကို ညက်အောင်ထောင်းပေးပါ။ သရက်ပြား/မရမ်းပြားကို ရေနွေးနဲ့ စိမ်ပေးထားပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထားပေးပါ။

          အားလုံးအသင့်ဖြစ်တဲ့အခါ အိုးတစ်လုံးထဲကို ထောင်းထားတဲ့ ကြက်သွန်ဖြူနီ၊ ခုနက အရည် ညှစ်ယူထားတဲ့ ချင်းဖတ်လေးတွေ၊ နယ်နှပ်ထားတဲ့ ၀က်နံရိုးတို့ထည့်ပြီး မီးအားကောင်းကောင်းနဲ့ လှော်ပေးပါ။ ၀က်နံရိုးထဲက ထွက်လာတဲ့အရည်တွေ ခမ်းသွားတဲ့အခါကျမှ ရေလေး လက်ဖက်ရည်ကြမ်းတစ်လုံးစာလောက် ထည့်၊ အိုးအဖုံးဖုံးပြီး မီးအသင့်အတင့်နဲ့ တည်ပေးပါ။ အဲ့ဒီရေခမ်းခါနီး ဟင်းအိုးက ဖျစ်ဖျစ်မြည်တဲ့အသံထွက် လာရင် တညင်းသီးတွေထည့်ပြီး သမအောင် မွှေ၊ ပြီးရင် ရေနွေးနဲ့ စိမ်ထားတဲ့ သရက်ပြား/မရမ်းပြားကို ထည့်၊ နောက်ထပ် ရေ လက်ဖက်ရည်ကြမ်းတစ်လုံးခွဲစာလောက် ထည့်၊ မီးမျှင်းမျှင်းလေးနဲ့ ဆီပြန်တဲ့အထိ တည်ပေးပါ။ ဟင်းအိုးဖျစ်ဖျစ်မြည်တဲ့အသံထွက်လာရင် အပေါ့အငန်အရသာကိုမြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်၊ ငရုတ်သီးစိမ်းလေးအုပ်၊ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချလို့ပါပြီနော့့် 

          ဒါဆိုရင် အားလုံးအတွက် ထမင်းမြိန်စေမယ့် ၀က်နံရိုးနုတညင်းသီးချဉ်စပ်ချက်လေး ရပါပြီရှင့့်  လိုက်ဖက်တဲ့ဟင်းအမယ်တွေကတော့ ဟင်းရွက်ကြော်တစ်မျိုးမျိုး၊ ပဲနီလေး ကြာဆံဟင်းရည်သောက်လို အရည်သောက်တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်ပါနော့့်  မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ့ 

           ဒီဟင်းထဲမှာ ဆီလုံးဝထည့်မချက်ထားပါဘူ့း့  ၀က်နံရိုးကနေ ဆီတွေ ထွက်လာတာမို့ ဟင်းပွဲပြင်တဲ့ အခါလည်း ဆီတွေ ခပ်ထုပ်ပစ်ပါနော့့်

Thursday, June 21, 2012

အမှန်အကန်အရသာရှိတဲ့ အင်မထုသော အင်ဥဟင်းလျာမျာ့း့ 

12 comments
 သန့်စင်ပြီး ပြုတ်ထားသော အင်ဥများ

ဆိမ့်မွှေးရသာနဲ့ အင်ဥပုစွန်ကြော်

ချဉ်ငန်စပ်အရသာနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပုစွန်အင်ဥသုပ်
အရသာရှိလှတဲ့ အင်ဥဟင်းရည်သောက်

မောင်နှမများအားလုံး မင်္ဂလာပါရှင့့်  ဆိုးလိုက်တဲ့ ကွန်နက်ရှင်ကြားကနေ့  ဒီနေ့တော့ အင်မထုသော အမှန်အကန် အရသာရှိတဲ့ အင်ဥဟင်းလျာများနဲ့ မိတ်ဆက်ပေးပါရစေရှင့့် 
အင်ဥ့  အင်ဥဆိုတာ ဘာလဲလို့ ငယ်တုန်းက သေချာမသိခဲ့ပေမယ့် စားလို့အလွန်ကောင်းပေမယ့် သန့်ရှင်းရေးလုပ်ရတာ အလွန်အချိန်ယူရသော စားစရာတစ်မျိုးလို့ သိခဲ့တာပါ့ 

တကယ်တော့ အင်ဥဆိုတော့ မှိုတစ်မျိုးပါပဲ့  အင်ပင် (မြင်အောင်ပြောရရင် ငယ်ငယ် တုန်းက ခေါက်ဆွဲကြော်ဝယ်ရင် ခေါက်ဆွဲကြော်ဆိုင်က အင်ဖက်နဲ့ ထုပ်ပေးလိုက်တာလေ့  အင်ဖက် အရွက်အကြီးကြီးပေါ့  အင်ဖက်နံ့သင်းနေတဲ့ ခေါက်ဆွဲကြော်ပူပူလေးဆိုရင် သိပ်ကို စားလို့ကောင်း တာ၊ အခုခေတ်ကတော့ ဖော့ဗူးတွေနဲ့ပေါ့) ကနေ ထွက်တဲ့ အစေးတွေက မြေကြီးပေါ်ကို ကျကုန်ရောတဲ့  အဲ့ဒီအခါ အဲ့ဒီအစေးတွေက မြေကြီးရဲ့ အစိုဓာတ်နဲ့ တွေ့ပြီးတဲ့အခါ အခုလို အင်ဥလေးတွေ ဖြစ်လာရောတဲ့  အင်ဥရာဇ၀င်က အဲ့ဒီလို့  

ငယ်တုန်းက အင်ဥကို အဘွားက ၀ယ်လာပြီး သန့်ရှင်းရေးလုပ်ခိုင်းပြီဆိုရင် ကျွန်မ တစ်ယောက် နှုတ်ခမ်းကို တစ်ခါတည်း စူပစ်လိုက်တာ့  ၀က်နှုတ်ခမ်းကျနေတာပဲ့  ပြီးတော့ မြေကြီးတွေ၊ သဲတွေနဲ့ အင်ဥကို ဆေးရတာ အလွန်မုန်းခဲ့တာ့  

အဘွားက အင်ဥကို သန့်ရှင်းရေးလုပ်နည်း သင်ပေးခဲ့တဲ့အခါကျတော့မှ အလုပ်ရှုပ်တာ နည်းနည်း သက်သာသွားတော့တယ့့်  အင်ဥတွေကို စကာထဲထည့်ပြီး ရေဘုံဘိုင်ကို ဖွင့်ချ့  အင်ဥတွေကို စကာနဲ့ တိုက်ဆေးပေ့း့ အဲ့ဒါဆိုရင် အင်ဥမှာ ကပ်နေတဲ့ သဲတွေ မြေကြီးတွေ အားလုံးပါသွားရော့  အနည်းဆုံး ၅ ကြိမ်လောက် တိုက်ဆေးပေးရတယ့့်  နောက်ဆုံးကျတော့မှ အင်ဥလေးတွေရဲ့ အပေါ်မှာ ကပ်နေတဲ့ သဲတွေကို ဓားသေးသေးလေးရဲ့ ထိပ်ချွန်လေးနဲ့ အသာခြစ်ပစ်ရတာ့  ပြီးတော့မှ အဲ့ဒီ သန့်ရှင်းရေး လုပ်ပြီးသား ဥလေးတွေကို ရေတစ်ခါထပ်ဆေးရပါတယ့့်  အဲ့ဒါဆို အားလုံး သန့်စင်သွားတဲ့ အင်ဥလေး ဖြစ်သွားပြီ့  

အင်ဥတွေကို အစိမ်းအတိုင်း စားရင်လည်း စားလို့ရတယ့့်  ၀ါးလိုက် ရင် ဖောက်ကနဲ ဖောက်ကနဲ မြည်နေတာပဲ့ အင်ဥ အထဲထဲက အနှစ်လေးတွေကလည်းလေ ဆိမ့်နေတာပဲ့  အင်ဥမှာ အညိုရောင် လေးတွေရော့  အဖြူရောင်လေးတွေရော့ အမည်းရောင်လေးတွေရော ဥလေးတွေ ရောင်စုံရှိတယ့့်  အပြင်အခွံက မည်းလို့ အထဲက အနှစ် မည်းမယ်၊ အပြင်အခွံဖြူလို့ အထဲက အနှစ် ဖြူမယ်လို့ မှတ်ယူလို့လည်း မရပြန်ဘူ့း့  အပြင်ခွံအရောင်နဲ့ အတွင်းအနှစ်အရောင် တူတာလေးလည်း ရှိနိုင်သလို မတူတာလည်းရှိတယ်နော့့် 
အင်ဥကို အစိမ်းအတိုင်း စားနိုင်သလို ကြော်တာရော၊ သုပ်တာရော၊ ဟင်းချက်တာရော၊ အရည်သောက်ချက်တာရော အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်တယ်နော့့် 

အင်ဥကို ဟင်းလျာအဖြစ်မချက်ပြုတ်ခင်မှာ မမလုကတော့ အရင်ပြုတ်လိုက်ပါတယ့့်  ပြုတ်လိုက်ခြင်း အားဖြင့် အင်ဥကို ချက်ပြုတ်သုတ်ဖို့ လှီးတဲ့အခါ အထဲက အနှစ်တွေ ပျော်ပြီး ထွက်မသွားတော့ဘူ့း့  ချက်တဲ့အခါမှာလည်း အင်ဥနူးဖို့ တစ်ခါ ရေထည့်ပြီး တည်ရင် အနှစ်တွေနဲ့ အရောင်ကြီး မည်းသွားပြီး ဟင်းလျာအမြင်ရဲ့ ဆွဲဆောင်မှုကို လျော့နည်းစေတယ့့်  ပြီးတော့ အပြင်ခွံမှာ ကပ်ပြီး ရှိနေတတ်တဲ့ သဲတွေက ပြုတ်လိုက်တဲ့အခါ တစ်ခါ ထပ်ပြီး စင်ကြယ်သွားတော့ စားတဲ့အခါ ကျလိကျလိ ဖြစ်မနေတော့ဘူးလေ့  ပြုတ်ထားပြီး အင်ဥကို အခဲထဲ ထည့်ထားပြီး နောက်များ အင်ဥရာသီကုန်သွားလို့ စားချင်တဲ့အခါ စားဖို့ သိမ်းထားလို့လည်း ရတာပေါ့ 

အင်ဥပြုတ်လေးတွေကို လှီးတဲ့အခါမှာ ကိုယ်က ကြော်မှာလာ့း့  သုပ်မှာလာ့း့  ဟင်းရည်သောက် လာ့း့  ဒီလိုလေး စဉ်းစားလိုက့့်  ကြော်မယ့်ဟင်းလျာနဲ့ အရည်သောက်အတွက် နည်းနည်းရင့်တဲ့ အင်ဥကို သုံးပါ့  အင်ဥနုလေးတွေတော့ အသုပ်အတွက်သုံးမယ်ဆိုရင် အကောင်းဆုံးပဲ့ အဲ့ဒီတော့ အင်ဥလှီးကတည်းက ပန်းကန်လေးတွေ သီးသန့်စီထာ့း့  ဒါက အင်ဥကြော်မယ့်အတွက့့်  ဒါက သုပ်မယ့်အတွက့့်  ဒါက အရည်သောက်အတွက်ဆိုပြီး လှီးတဲ့အခါ အင်ဥအနုအရင့်အလိုက် သီးသန့်စီ ထည့်ထားနော့့်  ဒါဆို အဆင်ပြေစေတယ်ဟုတ့့် 

အင်ဥကြော်တာကလည်း ရိုးပါတယ့့်  ပြုတ်ထားပြီးတဲ့ အင်ဥတွေကို ပါးပါးလေးတွေလှီးပါ့  သတ်သတ်လွတ်ကြော်နိုင်သလို ရောပြီး ကြော်ချင်တဲ့ အသား၊ ပုစွန် စတာတွေကိုလည်း အသင့်ပြင်ထားပေးပါ နော့့်  ကြက်သွန်ဖြူကို မညက်တညက်ထောင်း၊ ကြက်သွန်နီကို လေးစိပ်ထိုးပါ့  ငရုတ်သီးစိမ်းလေး လည်း ထက်ခြမ်းခွဲပေးထားပါ့  အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင့့် ဆီအနည်းငယ်ထည့့်  ဆီပူလာရင် (နနွင်းမှုန့်ကြိုက်ရင်ထည့်ပါ) ကြက်သွန်ဖြူနီထည့်ပြီး မွှေပါ့  ကြက်သွန်စိမ်းနံ့ပျောက်သွား ပြီးရင် ထည့်လိုတဲ့ အသား၊ ပုစွန်ထည့်ကြော်ပါ့  အသားကျက်ပြီဆိုရင်တော့ အင်ဥလေးတွေကို ထည့့် ဆား၊ ကြက်သားမှုန့်လေးခပ့့် အိုးအဖုံး ခဏအုပ်ထား၊ ၂ မိနစ်လောက်နေလို့ အင်ဥထဲ အရသာဝင်ပြီလား မြည်းကြည့့်  စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းလေးတွေ အုပ့့်  ကမန်းကတန်းမွှေပြီး ဟင်းအိုးချ့  အဲ့ဒါဆို မွှေးဆိမ့်လှတဲ့ အင်ဥကြော်တစ်ခွက်ရပြီပေါ့  တို့ကတော့ ဒီလို ဟင်းလျာမျိုးကို ဟိုတယ်စာနဲ့ မလဲနိုင်ပေါင့့် 

အင်ဥသုပ့့်  ပြုတ်ထားတဲ့ အင်ဥလေးတွေ လှီ့း့  ပုစွန်နဲ့ သုပ်မလာ့း့ ကြက်သားနဲ့ သုပ်မလာ့း့  ကိုယ်စားချင်တဲ့ အသားကို အသင့်ပြင်ထားပေါ့  မမလုကတော့ ပုစွန်နဲ့ သုပ်မှာမို့ ပုစွန်ကို သန့်ရှင်းရေးလုပ့့်  ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ကွေးသွားတာနဲ့ ပြန်ဆယ်ယူထားလိုက်တယ့့်  ပြီးတော့ ကြက်သွန်နီအစိမ်းကို ပါးပါးလှီ့း့ ရေဆေ့း့  ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တညက် လေးထောင့်း့  ငါးပိစိမ်းစားလေး မီးဖုတ့့်  ငရုတ်သီးစိမ်းလေး ပါးပါးလှီ့း့  သံပရာသီးလေး ထက်ခြမ်းခွဲထာ့း့  အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ အင်ဥ၊ ပုစွန်နဲ့ အဆာပလာတွေ ထည့့်  သံပရာရည်လေးရွှဲရွှဲလေးညှစ့့်  ငံပြာရည်ရယ့့် ဟင်းချိုမှုန့်လေးနည်းနည်းရယ်ထည့်ပြီး သမအောင် နယ့့်  အရသာက ချဉ်ငန်စပ့့်  ဒါက တို့က တောသုပ်ပေါ့  ဆီချက်နဲ့ သုပ်တာ မဟုတ့့်  ဆီချက်နဲ့ သုပ်ချင်ရင်လည်း ရတာပဲ့  ငါးပိစိမ်းစားမထည့်နဲ့  ငံပြာရည်နဲ့ ပဲမှုန့်ထည့်ပြီး သုပ့့်  ဒါပေမယ့် အင်ဥက တောသုပ်လေးက ပိုစားကောင်းတယ်နော့့်  ဒါဆိုရင်တော့ ဟောဒီဘက်က ချဉ်ငန်စပ်အရသာနဲ့ ပုစွန်အင်ဥသုပ်မွှေးမွှေးလေး ရပြီနော့့်  

အင်ဥဟင်းရည်သောက့့်  ကြက်ရိုးပြုတ်ရည်လေးကို ဟင်းချိုရည်အဖြစ်ယူ့  ပြီးတော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့့် ပွက်ပွက်ဆူရင် ပုစွန်နဲ့ အင်ဥထည့့်  နံနံပင်လေးအုပ့့်  ငရုတ်သီးစိမ်းလေးအုပ့့်  သောက်ခါနီးကျရင် သံပရာရည်လေးညှစ့့်  ကြိုက်တတ်ရင့့်  အလွယ်တကူ ရှိရင် ရှောက်ရွက်လေး ပါးပါးလှီးပြီး ထည့်သောက်နော့့်  အဲ့ဒါဆိုရင် ထမင်းမြိန်စေမယ့့်  အင်ဥဟင်းရည် တစ်ခွက်ရတာပေါ့  

အင်ဥနဲ့ မတည့်တဲ့သူတွေတော့ မစားနဲ့နော့့်  တကယ်လို့ စားချင်တယ်ဆိုရင်လည်း ကန်စွန်းရွက် ကြော်လေးနဲ့အတူ တွဲစားနော့့်  

ဒီလောက်ဆိုရင်တော့ မောင်နှမတွေ အင်ဥဟင်းလျာအတွက် စိတ်ကျေနပ်မယ် ထင်ပါတယ်နော့့်  မောင်နှမအားလုံး အင်ဥဟင်းလျာနဲ့ ထမင်းမြိန်စေတဲ့ နေ့သစ်လေး ဖြတ်သန်းနိုင်ပါစေလို့ လုလုတို့ ၀ိုင်းတော်သားများအားလုံးက မေတ္တာရပ်ဝန်းမီးဖိုဆောင်ကနေ ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ်ရှင်

Thursday, June 14, 2012

ချိုဆိမ့်မွှေးတဲ့ဗုံလုံသီး ပုစွန်အဆာသွပ်နှပ်နဲ့ သွားရည်တောက်တောက်ကျစေမယ့် ချဉ်ငံစပ်ငပိသုပ်

6 comments




          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
          ဒီနေတော့ မောင်နှမတို့ကို ဗုံလုံသီး ပုစွန်အဆာသွပ်နဲ့ ငပိသုပ်လေး သုပ်ကျွေးရဦးမယ်နော့့်  အချို့ဒေသတွေမှာတော့ ပဲလင်းမြွေသီးလို့ ခေါ်ကြတယ်နော့့် 
ဈေးထဲမှာ ဗုံလုံသီးတွေ တွေ့တော့ အဆာသွပ်စားချင်တာ အရမ်းပါပဲ့  ပြီးခဲ့တဲ့အပတ် အိမ်ပြန်တုန်းက အမေ့ကို ဗုံလုံသီးအဆာသွပ်ပြီး ချက်စားကြရအောင်လို့ ပြောတော့ အမေက စားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်တဲ့  လက်ဝင်လွန်းလို့တဲ့  ကျွန်မလည်း ချင်ခြင်းတပ်တာ့  အဲ့ဒါကို စားချင်လိုက်တာ့  အိမ်မှာရှိတဲ့လူတွေကို ဒီဟင်းကြိုက်/မကြိုက် မဲခွဲဆုံးဖြတ်ရင် ကျွန်မရှုံးမှာ သေချာပေါက့့်  ချက်ရတာ လက်ဝင်လည်း ကိုယ့်ဘာသာကိုယ်ချက်မှာပဲ ဘာဖြစ်လဲပေါ့  (အစား အသောက် သောင်းကျန်းတတ်တဲ့ စားချင်ပြီဆိုရင်  ဘယ်လောက်ပဲ အချိန်ကုန်ကုန့့်  ချက်စားတတ်တာက ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ)
          မနေ့က ရုံးကအပြန်ဈေးဝင်တော့ ဗုံလုံသီး (၂) တောင့် ၀ယ်လာခဲ့တယ့့်  ပုစွန် (၁၅) ကျပ်သား ၀ယ်ခဲ့တယ့့်  အဲ့ဒါနဲ့ပဲ မနက်က အစောကြီးထပြီး ကျွန်မရဲ့ ချင်ခြင်းတပ်ခြင်း ဝေဒနာကို ကုသဖို့ရာ မဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်တော့တာပေါ့ 
          လိုအပ်တဲ့ပစ္စည်းတွေကတော့ ဗုံလုံသီး (၂) တောင့်၊ ပုစွန် (၁၅) ကျပ်သား၊ ကြက်သွန်ဖြူ (၇) မွှာ၊ ကြက်သွန်နီ အလတ် (၃) လုံး၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်တို့ပါနော့့် 
          ဗုံလုံသီးတွေရဲ့ အပြင်လွှာကို ဓားနဲ့ ခြစ်ပစ်၊ လေးလက်မအရှည်လောက်လေးတွေဖြတ်ပြီးတော့ အထဲက အစေ့တွေကို တူနဲ့ ထိုးထုတ်ပစ်၊ ရေဆေးပြီး စစ်ထားလိုက်ပါတယ်။
          ကြက်သွန်ဖြူနီနဲ့ ပုစွန်တို့ကို တောက်တောက်စင်းလို့ရသလို ဘလင်ဒါထဲ ထည့်ကြိတ်လိုက်လို့လည်း ရပါတယ့့်  အဆာသွပ်ဖို့ပုစွန်ကြိတ်ထားတဲ့အထဲ ဆားနဲ့ သကြားနည်းနည်းထည့်နယ်ပြီး အသင့်ပြင်ထား လိုက်ပါတယ့့်  ပြီးတော့မှ ဗုံလုံသီးတစ်ပိုင်းချင်းစီထဲကို ပုစွန်တွေကို စိတ်ရှည်လက်ရှည် အဆာသွပ်ပါတယ့့် 
          အသင့်ဖြစ်ပြီဆိုရင် ခပ်ကျယ်ကျယ်အိုးတစ်လုံး (သို့မဟုတ်) ဒယ်အိုးကျယ်ကျယ်ထဲ ဗုံလုံသီးတွေကို စီစီရီရီထည့်၊ ဆီထည့် (ဆီများများစားတတ်ရင် များများထည့်လို့ရပါတယ်ပြီး မီးဖိုပေါ်တင်ပြီး ချက်ပါ။ ရေလုံးဝ မထည့်ဘဲ ချက်ပါနော့့်  ဗုံလုံသီးဆိုတဲ့အမျိုးက သူ့ဟာသူ ရေတွေ ထွက်လာတဲ့အတွက်ပါ့  
၇ မိနစ် လောက်တည်ပြီးတဲ့အခါ အဖုံးဖွင့်ကြည့်လိုက်ရင် အသီးထဲက ရေတွေထွက်လာတာတွေ့မှာပါ့  အဲ့ဒီအခါကျ ကြေမွသွားသော ဗုံလုံသီးများ ဖြစ်မသွားရလေအောင် သတိထားပြီး အသီးတွေကို ဟိုဘက် ဒီဘက်လှန်ပေးပါ့  ပြီးတော့မှ နောက်ထပ် ၅ မိနစ်လောက် ထပ်တည့့်  ရေအခမ်း အသီးနူ့း့ အပိုလိုမရှိ ကွက်တိ ဖြစ်သွားတာပေါ့  ဒီဟင်းက အချိုလေ့း့  အနံ့လေးကလည်း မွှေးနေတာပဲ့  အရသာလေး ကတော့ ပြောမနေနဲ့  အရမ်းကောင့်း့  (အရည်လေးဆမ်းစားချင်ရင်တော့ ရေနည်းနည်းထည့်ပြီးချက်လို့ ရတယ်နော်)
          ဒီဟင်းနဲ့ လိုက်ဖက်တာကတော့ ငပိသုပ်ပါ့  ငပိစိမ်းစား ထမင်းစားဇွန်းတစ်ဇွန်းကို မီးကင်လိုက်ပါ့  ပြီးတော့ ကြက်သွန်နီဥကြီးတစ်လုံးကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထာ့း့  ငရုတ်သီးစိမ်းလေး ပါးပါးလှီ့း့  (ဗိုက်နာမှာစိုးရင် အိုးကင်ပူတိုက်ပြီး ထောင်းလိုက်)၊ ပုစွန်ခြောက်မှုန့်လေး လက်ဖက်စားဇွန်း ၃ ဇွန်းလောက် ထည့့်  သံပရာရည်ရွှဲရွှဲလေးညှစ်ပြီး အားလုံးသမအောင် နယ်လိုက့့်  အဲ့ဒါဆို အနံအရသာနဲ့ ပြည့်စုံပြီး သားရည်တောက်တောက်ကျစေမယ့်  ငပိသုပ်လေးရပြီ့ 
          ချိုဆိမ့်မွှေးနေတဲ့ ဗုံလုံသီးအဆာသွပ်နှပ်နဲ့ သံပရာနံ့မွှေးမွှေ့း့ ချဉ်ငံစပ်အရသာနဲ့ ငပိသုပ့့်  ဒီနှစ်မျိုးနဲ့ဆို ဆွေမျိုးမေ့ပြီပေါ့ 
          ဒီနေ့ထမင်းချိုင့်ကိုအဲ့ဒါနဲ့ ထည့်ခဲ့တာ့  စားလို့တော့ သိပ်ကောင်းပါတယ့့်  အဆာသွပ်ရတာ လက်ဝင်ပြီး အချိန်ယူတာမို့ နောက်တစ်ခါ အဲ့ဒီဟင်းချက်စားချင်ရင်တော့ ပိတ်ရက်မှ လုပ်ဖြစ်တော့မယ့့် 
          ပုစွန်အစား ကြက်သား၊ ၀က်သား၊ ဆိတ်သား၊ ပုစွန်ခြောက် ကြိုက်နှစ်သက်ရာနဲ့ ချက်စားနိုင်ပါတယ့့်  အဆာသွပ်ရမှာ အချိန်ကုန်မှာစိုးရင်တော့ ဗုံလုံသီးတွေကို မထူးမပါးလှီးပြီးတော့ နှစ်သက်ရာ အသား နဲ့ ရောချက်လိုက်လည်း စားလို့ကောင်းတာပါပဲ့ 
          တစ်ခါတလေ အစားအစာလေးကို ကွန့်ပြီး လှတပတဖြစ်အောင် တန်ဆာဆင်ပြီး စားရတာလည်း ပင်ပန်းပေမယ့် စားလို့ ပိုဝင်တယ်လို့ ထင်မိပြန်ရော့  ကျွန်မရဲ့ ချင်ခြင်းတပ်တဲ့ စိတ်လေးလည်း အာသာ ပြေသွားပြီပေါ့ 
          မောင်နှမတို့ရေ့  ပင်ပန်းတယ်လို့တော့ မထင်ပါနဲ့  တစ်ခါတလေ ရာသီပေါ် ဗုံလုံသီးလေးကို ဒီလိုလေးနှပ်ပြီး ငပိသုပ်လေးနဲ့ တွဲဖက်စားသုံးကြည့်ကြပါဦးလို့ 