အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို စားတော်ပဲပြုတ်သုပ်ရယ်၊ စားတော်ပဲပြုတ် နဲ့ မျှစ်စို့ပေါက်လေးတွေ ကြော်ပြီး ကျွေးပါရစေနော်။ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေအတွက်ဆိုရင်လည်း အဆင်ပြေစေပါတယ်နော်။
စားတော်ပဲပြုတ်နည်း http://lulucooking.blogspot.com/2007/09/blog-post_01.html ကိုတော့ ရေးပြီးခဲ့ပါပြီနော်။ အခုတော့ စားတော်ပဲပြုတ်ကိုသုပ်ပြီး နံပြားလေးနဲ့ စားဖို့ပဲဖြစ်ဖြစ်၊ ထမင်းဖြူပူပူလေးနဲ့ပဲဖြစ်ဖြစ်၊ ထမင်းကြမ်းလေးနဲ့ပဲဖြစ်ဖြစ် အဆာပြေစားလို့ရအောင် သုပ်ပေးပါမယ်နော်။
စားတော်ပဲပြုတ်သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
စားတော်ပဲပြုတ်
ကြက်သွန်နီ
ပဲဆီ
ဆားအနည်းငယ်တို့ပါနော်။
ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါ။ ကြက်သွန်နီအနံ့မွှန်တာ သက်သာချင်ရင် လှီးပြီးသား ကြက်သွန်နီတွေကို ရေထဲထည့်ဆေးပြီးတော့ ဆယ်ယူပြီး ရေစင်အောင် ညှစ်ပြီးစကာလေးထဲ ထည့်ပေးထားပါ။
ပန်းကန်တစ်ချပ်ယူ၊ စားတော်ပဲပြုတ်လေးထည့်၊ ကြက်သွန်နီလေးထည့်၊ ဆားလေးထည့်၊ ဆီလေးရွှဲရွှဲလေးဆမ်းပြီး နှံ့အောင် နယ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ပဲပြုတ်သုပ်လေးရပါပြီ။ ထမင်းကြမ်းနဲ့ စားစား၊ ထမင်းပူနဲ့ စားစား၊ ဒါမှမဟုတ် ရေနွေးကြမ်းလေးနဲ့ပဲ မြည်းမြည်း လိုက်ဖက်လှတဲ့ အတွဲပါနော်။

ဘယ်သူတွေ ဘာတွေးဘဲရေးရေး အခုလို မီးဖိုးချောင်းနဲ့
ReplyDeleteပက်သက်ပြီး ရေးသားတင်ပြတဲ့ မလုလုနဲ့အဖွဲ့သား
အားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်။
မလုလု ရေ..
ReplyDeleteပဲပြုတ်သုတ်လေးမြင်တော့ သွားရည်ကျပြီး မြန်မာပြည်
ကိုလွမ်းသွားတယ်။
စားချင်တယ်..စားချင်တယ်။ ဘယ်လိုလုပ်ရပါ့..း)
ကိုအောင်ရေ့ 
ReplyDeleteကျေးဇူးပါနော်။ ကျွန်မတို့ဝိုင်းတော်သားတွေကလည်း ကိုယ်တတ်သမျှလေးကို အားလုံးအဆင်ပြေအောင် မျှဝေပေးတာပါ။
ဝါလေးရေ့  မြန်မာပြည်ကနေ လူကြုံနဲ့ စားတော်ပဲ ပို့ပေးမယ်လေ :D
ReplyDelete