Wednesday, August 20, 2008

နို့စိမ်းခေါက်ဆွဲ


အားလုံးမင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို
နို့စိမ်းခေါက်ဆွဲလေး ချက်ကျွေးပါရစေ ဦးနော်။
အုန်းနို့ခေါက်ဆွဲစားချင်တယ်၊ ဒါပေမယ့် သွေးတိုးတော့ အုန်းနို့နဲ့
မတည့်ဘူးလို့ ဆိုလာတဲ့ ကျွန်မရဲ့ ဦးငယ်အတွက် ချက်ကျွေးဖြစ်ခဲ့တာပါ။

နို့စိမ်းခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြပါမယ်နော်။
ခေါက်ဆွဲ - ၁ ပိသာ + နန်းလုံး ၅၀ ကျပ်သား
ကြက်သား- ၁ ပိသာ
ပဲသွေး အတုံး ၂၀
နို့စိမ်းနှစ်ဗူး
ကုလားပဲ ၃၅ ကျပ်သား + မွှေးပဲမှုန့်အထုပ်ကြီး တစ်ထုပ်
ကြက်သွန်နီအရွယ်တော်အလုံး ၅၀ ကျပ်သားခန့်
ကြက်သွန်ဖြူ၊
ချင်းအနည်းငယ်
ဆီ
ငံပြာရည်
ဟင်းခပ်မှုန့်
သကြား
ရေသဖန်းရွက် (အုန်းနို့နံ့မွှေးတဲ့အရွက်)
နနွင်းမှုန့်အနည်းငယ်
ငရုတ်သီးအရောင်မှုန့်အနည်းငယ်
ငရုတ်သီးအကျက်မှုန့်
ပဲပင်ပေါက်၊ ပဲပြား
ပဲသီး၊ သံပုရာသီး တို့ပါနော်။

ကြက်သားကို သန့်စင်အောင် ရေဆေးပြီး အရိုးသပ်သပ်၊ အသားသပ်သပ်
သီးသန့်လှီးပေးပါ။ ကြက်သားအသားတွေကို ခပ်သေးသေးအတုံးလေးတွေရအောင် တုံးပါ၊
ကြက်ရိုးတွေကိုလည်း အရွယ်တော် အတုံးလေးတွေတုံးပါ။ ပြီးတော့မှ ကြက်သားရော
အရိုးပါ တစ်ပန်းကန်စီ ဟင်းခတ်မှုန့်၊ ဆားနဲ့ သကြားတို့နဲ့ ရောနယ်ပေးပါ။
ပြီးရင် ချင်းကိုအခွံနွှာ၊ ရေဆေး၊ ညက်အောင်ထောင်းပြီး အရည်ညှစ်ပြီး
ကြက်သားတွေနဲ့ ရောနယ်ပြီး နှပ်ထားပေးပါ။
ပဲသွေးကို ရေဆေးပြီး ဆား၊ သကြား၊ ငံပြာရည်အနည်းငယ်၊ ချင်းတို့နဲ့
နယ်ပေးထားပါ။ ပဲပြားကိုလည်း ရေဆေးပြီး အလျားလိုက်လှီး၊ ဆား၊ သကြားလေးနဲ့
နယ်ပေးထားပါ။
ကုလားပဲကို မချက်ခင် လေးနာရီလောက်ကတည်းက ရေစိမ်၊ ပြီးရင်
နူးအောင်ပြုတ်ပြီး ကုလားပဲတွေကို ချေပေးပါ။
ကြက်သွန်နီ ခုနစ်လုံးလောက်နဲ့ ကြက်သွန်ဖြူသုံးလုံးတို့ကို အခွံနွှာ၊
ရေဆေးပြီး ငရုတ်သီးအရောင်မှုန့်နဲ့အတူ ရောထောင်းပေးပါ။
ပဲပင်ပေါက်၊ ပဲသီးတို့ကိုလည်း သန့်ရှင်းရေးလုပ်ပြီး ရေစစ်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင်
နနွင်းမှုန့်လေး ခတ်ပြီး ပဲပြားတွေကို အရင်ကြော်ပေးပါ။ ရလာတဲ့
ပဲပြားတွေကို ပန်းကန်တစ်ချပ်ထဲ သီးသန့်ထည့်ပေးထားပါ။ ပဲပြားကြော်ပြီးရင်
လက်ကျန်ဆီနဲ့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေထည့်ပြီး ဆီသတ်ပါနော်။
ဆီသတ်နံ့မွှေးလာပြီဆိုရင် ငံပြာရည်လေးနည်းနည်းထည့်၊ ပြီးရင် နယ်နှပ်ထားသော
ကြက်သားနဲ့ ကြက်ရိုးများကို ထည့်ပြီး မွှေပေးပါ။ ပြီးရင် ကြက်သားထဲက
ထွက်လာမယ့်ရေနဲ့ တစ်ရေခန်းအောင် တည်ပေးပါနော်။ ပထမတစ်ရည် ခန်းပြီဆိုရင်
ဟင်းအိုးထဲက ကြက်ရိုးတွေကို ဆယ်ယူပြီး ဇလုံတစ်လုံးထဲ ထည့်ပေးထားပါ။
ကျန်တဲ့ ကြက်သားတွေထဲကို နယ်ထားတဲ့ ပဲသွေးတွေထည့်ပြီး ဆီပြန်အောင်
တည်ပေးပါ။ ဆီပြန်ပြီဆိုရင်တော့ နောက်ထပ် ရေနည်းနည်းထပ်ထည့်ပြီး
ကြက်သားနူးအောင်ထိ တည်ပေးပါ။ ကြက်သားပဲသွေးဟင်းကို ဆီကျန်ရေကျန်ဟင်းလေး
ဖြစ်အောင် တည်ပေးပြီးမီးဖိုပေါ်ကနေ ချပေးပါနော်။
ဒုတိယအနေနဲ့ ဟင်းရည်အိုးပြင်ပါမယ်။ အိုးထဲကို ရေနဲ့ ပဲမှုန့်တွေထည့်ပြီး
ပဲမှုန့်တွေကို ရေနဲ့ သမပြီး ပဲမှုန့်အားလုံး ရေထဲမှာ ပျော်ဝင်အောင်
ထည့်ပေးပါ။ ပဲမှုန့်တွေ ပွစိပွစိတွေ ဖြစ်နေရင် မကောင်းပါဘူး။
ပဲရည်ဖျော်ပြီးရင် မီးဖိုပေါ် တင်၊ ပဲရည်အိုးကို တင်ပြီး ပွက်ပွက်ဆူအောင်
တည်ပေးပါ။ ပဲဟင်းရည် မဝေကျအောင်လည်း သတိထားပါ။ အောက်က တူးမသွားအောင်လည်း
သတိထားပြီး မွှေမွှေပေးပါ။ ပဲစိမ်းနံ့ပျောက်ပြီဆိုရင်တော့ ပဲဟင်းအိုးထဲကို
ထောင်းထားတဲ့ ကုလားပဲအနှစ်၊ နို့စိမ်းဗူး၊ ဆား၊ သကြားနဲ့
ဟင်းခတ်မှုန့်တို့ထည့်ပြီး ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးဆူလာပြီဆိုရင်
ကြက်သွန်ဥလေးတွေရယ်၊ ဆီသတ်ထားတဲ့ ကြက်ရိုးရယ်၊ ကြက်သားဟင်းအိုးထဲက
ပဲသွေးတစ်ဝက်ရယ်ကို ထည့်ပေးပါ။ ပဲပြားကြော်ကိုလည်း မထူမပါးလှီး ပြီးရင်
ဟင်းရည်အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ကြက်ရိုးတွေလည်း
နူးပြီး အပေါ့အငံအရသာနဲ့ ဟင်းရည်အပျစ်အကျဲကို စိတ်ကြိုက်ပြင်ပေးပါ။
အုန်းနို့နံ့လေး မွှေးချင်ရင် ရေသဖန်းရွက်
(အုန်းနို့နံ့သင်းတဲ့အရွက်)လေးကို ထည့်ပြီး ခဏနေရင် ပြန်ဆယ်ယူလိုက်ပါ။
အဲ့ဒါဆိုရင်တော့ အုန်းနို့နံ့သင်းသင်းနဲ့ အရသာရှိလှတဲ့
နို့စိမ်းခေါက်ဆွဲဟင်းရည်လေး အသင့်ဖြစ်ပါပြီနော်။
ပဲပင်ပေါက်ကို ဒယ်အိုးတစ်လုံးထဲထည့်ပြီး လှော်လိုက်ပါ။ ပဲပင်ပေါက်တွေ
နည်းနည်းလေးနွမ်းသွားပြီ ဆိုရင် ချလိုက်တော့နော်။ သံပုရာသီးကို
အစိတ်လေးတွေဖြစ်အောင်စိတ်ပေးပါ။ ပဲသီးကို ပါးပါးလေးတွေဖြစ်အောင်
လှီးပေးထားပါ။ ကြက်သွန်နီတွေကို ခပ်ပါးပါးလေးတွေဖြစ်အောင်လှီးပေးထားပါ။

မုန့်ပွဲပြင်ဖို့ ပန်းကန်တစ်ချပ်ယူ၊ ခေါက်ဆွဲထည့် (ကျွန်မက
ခေါက်ဆွဲမကြိုက်ပါ၊ နန်းလုံးပဲကြိုက်လို့ နန်းလုံးပဲထည့်ပါတယ်။ ပြီးရင်
နို့စိမ်းပဲဟင်းရည်လေးဆမ်း၊ ကြက်သားဟင်းထည့်၊ ပဲပင်ပေါက်လေးထည့်၊
ပဲသီးလေးထည့်၊ ပဲသွေးလည်းထည့်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ အချဉ်ကတော့
ကိုယ့်စိတ်ကြိုက်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်နော်။

8 comments:

  1. လုလုရေ့ 
    တို့က အုန်းနို့ခေါက်ဆွဲသိပ်ကြိုက်တာ့  သွေးတိုးရှိလို့ တော်ရုံ မစားရဲဘူ့း့ 
    အခုတော့ နို့စိမ်းနဲ့ဆိုတော့ ချက်စားလို့ရပြီ့ 
    ကျေးဇူးတင်ပါတယ်ဗျို့ 
    သွေးတိုးတတ်သူ

    ReplyDelete
  2. မလုလုနည်းတွေ ကြိုက်လို့ ဝီကီ ထည်းမှာ ကူးထားတယ်ဗျာ။ http://www.wikimyanmar.org/wiki/index.php?title=Category:%E1%80%9F%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8

    ReplyDelete
  3. အဲ.. ဟဲ.. ဟဲ... ဂလောက်ဆိုသိပြီ.. လုလုရဲ့ သူက အာလူးကို ခြေလက်တပ်ထားတဲ့ပုံဖြစ်ရမယ်။ မဟုတ်သေးရင် ဟုတ်ဖို့ ဖြစ်လတံ့ဘဲ... အစ် အစ် အစ်

    ReplyDelete
  4. သွေးတိုးတတ်သူရေ့  အဆင်ပြေရဲ့လားနော်။
    ကိုကျော်ထွန်းရေ့  ၀ီကီမှာ တင်ပေးတဲ့အတွက် ကျေးဇူးပါနော်။
    ဂျေရေ့ 
    အာလူးကို ခြေလက်တပ်ထားတာ မဟုတ်ဘူး။ ဘဲဥကို ခြေလက်တပ်ပေးထားတာ့့်  :P

    ReplyDelete
  5. hi, thanks for your recipe. But I wonder how many weight for 1 pack of mhway powder. Or how many table spoonful? Because I can't buy that package. Thanks!!

    ReplyDelete
  6. i want to know how to make ပဲသွေး

    ReplyDelete
  7. i want to know how to make ပဲသွေး

    ReplyDelete
  8. ပဲသွေးလုပ်နည်းလေးတင်ပေးလို့ရမလား... မမ။ ကျေးဇူးပါနော်...

    ReplyDelete