Sunday, September 2, 2007
ရှမ်းခေါက်ဆွဲ
တို့ဟူးနွေးလုပ်မယ်ဆိုပြီး စိတ်ကူးထားပေမယ့် ကုလားပဲမှုန့်အစိမ်း ၀ယ်မရတာနဲ့ ရှမ်းခေါက်ဆွဲပဲ
လုပ်လိုက်ရပါတယ်။ ရှမ်းခေါက်ဆွဲမှာ ဆန်စေးရယ်၊ အဖွယ်ရယ်ဆိုပြီး ရှိပါတယ်။
ဒီမှာတော့ ကျွန်မကတော့ ရှာလို့ ရတဲ့အဖတ်နဲ့ပဲ ချက်လိုက်ရတာပါ။ အဓိကတော့
အသုပ်သဘောမျိုးလုပ်လိုက်တာပါ။
ပထမအဆင့်အနေနဲ့ အသားဟင်းကို လုပ်ပါတယ်။ ၀က်သား ဒါမှမဟုတ် ကြက်သားကိုေ
တာက်တောက်စင်းပါ။ ဆား၊ အချိုမှုန့်၊ သကြား၊ ကြက်သွန်ဖြူ၊ ချင်းနုပ်နုပ်စင်းတို့နဲ့ ရောနယ်ပါ။
ကြက်သွန်ဖြူနီငရုတ်သီးကို ထောင်းပါ။ ခရမ်းချဉ်သီးပါးပါးလှီးပြီး နုပ်နုပ်စင်းပါ။အဆင်သင့်
ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကို
ထည့်ပြီး ဆီသတ်၊ နာနတ်ပွင့်လေး နှစ်ဖတ်လောက် ထည့်ပြီး မွှေပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်၊
ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်တက်လာပြီဆိုရင်တော့ နုတ်နုတ်စင်းထားတဲ့ အသားလေးတွေထည့်ပြီး
မွှေပါ။ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှစ်မျိုးလုံးထည့်ပါ။ ငံပြာရည်နည်းနည်းလောက်
ထည့်ပါ။ ရေနည်းနည်းလောက်ထည့်၊ ခဏတည်ထားပြီး အသားလည်း နူး၊ိ ဆီလည်းပြန်လာပြီဆိုလျှင်
ဟင်းအနှစ်ကျက်ပါပြီ
ဒုတိယအဆင့်အနေနဲ့ ဟင်းချိုရည်အိုးတည်တာပါ။ ကြက်ရိုးခြေသလုံးရိုးကို အိုးထဲထည့်၊ ရေထည့်ပြီး၊
ဆား၊ သကြား၊ အချိုမှုန့်နည်းနည်း၊ ဂျင်းအ၀ိုင်းလိုက် လှီးထည့်၊ ဟင်းရည်အိုး ဆူအောင် တည်ပါ။
ဟင်းအိုးဆူလာရင်တော့ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ ပွက်ပွက်ဆူအောင် တည်ထားပါနော်။
တတိယအဆင့်အနေနဲ့ကတော့ ရှမ်းခေါက်ဆွဲဖတ် ပြုတ်တာပါ။ ကျွန်မ ဒီမှာတော့ ဗီယက်နမ်က
လာတဲ့ ဆန်ပြားဖတ်ကို ၀ယ်ပြီး သုံးလိုက်ပါတယ်။ မပြုတ်ခင် နာရီဝက်လောက် ရေကြိုစိမ်ထားလိုက်ပါတယ်။
စားပွဲပြင်ခါနီးမှ စကာလေးထဲကို ခေါက်ဆွဲဖတ်ထည့်၊ ပြီးတော့မှ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုရည်အိုးထဲ
ထည့်ပြီး တူနဲ့ ခေါက်ဆွဲဖတ်တွေကို ဟိုဘက်ဒီဘက်လှည့်ပေးပါနော်။ ခေါက်ဆွဲဖတ် အိပြီ ဆိုရင်တော့
ရေစစ်ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ထည့်ပါနော်။
တခြား မရှိမဖြစ် လိုအပ်တဲ့ အဆာပလာတွေကတော့ မြေပဲလှော်ကို အခွံနွှာပြီး မညက်တညက်လေး
ထောင်းထားပေးပါ ။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ကြော်၊ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးထဲ
ပြောင်းထည့်၊ ပြီးတော့မှ ငရုတ်သီးခွဲခြမ်းမှုန့်ကို ဆီထဲ လှိမ့်ပြီး ငရုတ်သီးကြော်လေးလုပ်၊ အရမ်းမတူးခင်မှာ
အမြန်ချလိုက်နော်။ ပဲငံပြာရည် အပျစ်ကို ပန်းကန်လုံးထဲထည့်၊ ပြီးတော့ဟင်းချိုရည်လေး နည်းနည်းနဲ့ စပ်ထားပါ။
ကြက်သွန်မြိတ်၊ နံနံပင် ပါးပါးလှီးထားပါ။
စားပွဲပြင်မယ်ဆိုရင် မုန့်ဖတ်လေးထည့်၊ အသားဟင်းထည့်၊ မြေပဲလှော်ထောင်း၊ ကြက်သွန်ဖြူဆီချက်၊
ငရုတ်သီးကြော်လေးထည့်၊ ပဲငံပြာရည်အပျစ်ထည့်၊ ပြီးရင်တော့ သေသေချာချာနယ်ပြီး စားရုံပဲနော်။
ဟင်းရည်ပူပူလေးကို ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်လေး
ဖြူးပြီး တွဲဖက်စားသုံးလို့ရပါပြီ။ မြန်မာပြည်မှာတော့ မုန်ညင်းချဉ်နဲ့ တွဲဖက်စားတယ်လေ။
ဒီမှာတော့ TAKANA လို့ခေါ်တဲ့ မုန်ညင်းချဉ်လေးကို အရည်ညှစ်လိုက်တယ်၊ ပြီးတော့မှ
ဆားလေးနဲ့ သံပုရာရည်လေးထည့်ပြီး တွဲစားလိုက်တာပါပဲ။ ကဲ့  အားပေးကြပါဦးနော်။
7 comments:
  1. You miss the most important part which SHAN's real taste. It is the root of coriandar. It is the main smell and taste for SHAN noodle. Thk
    ReplyDelete
  2. Hi Lu Lu.TQ for yur cooking advice.I'll try it coz i like Shan noodle soup or salad.
    ReplyDelete
  3. tomorrow morning, we have plan to offer this to monk as aryone swan. I will cook, sis. Thanks. I have been to cook shan noodle. but no longer cooked and a little forget.I say Thanks again for reference of your this detail post. mwarrrh :*
    ReplyDelete
  4. Hello!
    If you use a little amount of Salted Soy Beans in the curry, you will definitely get a better one.
    Thanks,
    Thinn
    ReplyDelete
  5. ရှမ်းခေါက်ဆွဲ လုပ်ချင်နေတာ ကြာပြီး၊ ချက်နည်း သေချာ မသိလို့.. ချက်နည်းအတွက် ကျေးဇူးပါပဲနော် မမလု
    Thanks
    ReplyDelete
  6. ဒီနည်းက ရန်ကုန်မှာ ရှိတဲ့ အင်းလေး အမှတ်တရ ဆိုင် မှာ စားဖြစ်တဲ့ ရှမ်းခေါက်ဆွဲ နဲ့ အတူဆုံးပဲ။ လုပ်လို့လဲ လွယ်တယ်။ စားလို့လဲအရမ်းကောင်းတယ်။ မြန်မာနိုင်ငံ နဲ့ မိုင်ပေါင်းများစွာဝေးနေတဲ့သူတွေ အတွက် အင်မတန် တန်ဖိုးရှိတဲ့ ချက်နည်းလေးပါ။
    မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
    Warmest Regards,
    Haymar
    ReplyDelete
  7. dear ma lu
    can you know how to do bean sproat ?
    I tried several time already but not yet success some time it tail :-0 (ah mhee) is so long and that bean sproat are so thin I would like to know it is depend on water or what happen but some sell from shopping mall are not like that I use drinking water coz of piping water is sea water and includin chemical pl reply me .thanks
    ReplyDelete