Thursday, June 21, 2012

အမှန်အကန်အရသာရှိတဲ့ အင်မထုသော အင်ဥဟင်းလျာမျာ့း့ 

 သန့်စင်ပြီး ပြုတ်ထားသော အင်ဥများ

ဆိမ့်မွှေးရသာနဲ့ အင်ဥပုစွန်ကြော်

ချဉ်ငန်စပ်အရသာနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပုစွန်အင်ဥသုပ်
အရသာရှိလှတဲ့ အင်ဥဟင်းရည်သောက်

မောင်နှမများအားလုံး မင်္ဂလာပါရှင့့်  ဆိုးလိုက်တဲ့ ကွန်နက်ရှင်ကြားကနေ့  ဒီနေ့တော့ အင်မထုသော အမှန်အကန် အရသာရှိတဲ့ အင်ဥဟင်းလျာများနဲ့ မိတ်ဆက်ပေးပါရစေရှင့့် 
အင်ဥ့  အင်ဥဆိုတာ ဘာလဲလို့ ငယ်တုန်းက သေချာမသိခဲ့ပေမယ့် စားလို့အလွန်ကောင်းပေမယ့် သန့်ရှင်းရေးလုပ်ရတာ အလွန်အချိန်ယူရသော စားစရာတစ်မျိုးလို့ သိခဲ့တာပါ့ 

တကယ်တော့ အင်ဥဆိုတော့ မှိုတစ်မျိုးပါပဲ့  အင်ပင် (မြင်အောင်ပြောရရင် ငယ်ငယ် တုန်းက ခေါက်ဆွဲကြော်ဝယ်ရင် ခေါက်ဆွဲကြော်ဆိုင်က အင်ဖက်နဲ့ ထုပ်ပေးလိုက်တာလေ့  အင်ဖက် အရွက်အကြီးကြီးပေါ့  အင်ဖက်နံ့သင်းနေတဲ့ ခေါက်ဆွဲကြော်ပူပူလေးဆိုရင် သိပ်ကို စားလို့ကောင်း တာ၊ အခုခေတ်ကတော့ ဖော့ဗူးတွေနဲ့ပေါ့) ကနေ ထွက်တဲ့ အစေးတွေက မြေကြီးပေါ်ကို ကျကုန်ရောတဲ့  အဲ့ဒီအခါ အဲ့ဒီအစေးတွေက မြေကြီးရဲ့ အစိုဓာတ်နဲ့ တွေ့ပြီးတဲ့အခါ အခုလို အင်ဥလေးတွေ ဖြစ်လာရောတဲ့  အင်ဥရာဇ၀င်က အဲ့ဒီလို့  

ငယ်တုန်းက အင်ဥကို အဘွားက ၀ယ်လာပြီး သန့်ရှင်းရေးလုပ်ခိုင်းပြီဆိုရင် ကျွန်မ တစ်ယောက် နှုတ်ခမ်းကို တစ်ခါတည်း စူပစ်လိုက်တာ့  ၀က်နှုတ်ခမ်းကျနေတာပဲ့  ပြီးတော့ မြေကြီးတွေ၊ သဲတွေနဲ့ အင်ဥကို ဆေးရတာ အလွန်မုန်းခဲ့တာ့  

အဘွားက အင်ဥကို သန့်ရှင်းရေးလုပ်နည်း သင်ပေးခဲ့တဲ့အခါကျတော့မှ အလုပ်ရှုပ်တာ နည်းနည်း သက်သာသွားတော့တယ့့်  အင်ဥတွေကို စကာထဲထည့်ပြီး ရေဘုံဘိုင်ကို ဖွင့်ချ့  အင်ဥတွေကို စကာနဲ့ တိုက်ဆေးပေ့း့ အဲ့ဒါဆိုရင် အင်ဥမှာ ကပ်နေတဲ့ သဲတွေ မြေကြီးတွေ အားလုံးပါသွားရော့  အနည်းဆုံး ၅ ကြိမ်လောက် တိုက်ဆေးပေးရတယ့့်  နောက်ဆုံးကျတော့မှ အင်ဥလေးတွေရဲ့ အပေါ်မှာ ကပ်နေတဲ့ သဲတွေကို ဓားသေးသေးလေးရဲ့ ထိပ်ချွန်လေးနဲ့ အသာခြစ်ပစ်ရတာ့  ပြီးတော့မှ အဲ့ဒီ သန့်ရှင်းရေး လုပ်ပြီးသား ဥလေးတွေကို ရေတစ်ခါထပ်ဆေးရပါတယ့့်  အဲ့ဒါဆို အားလုံး သန့်စင်သွားတဲ့ အင်ဥလေး ဖြစ်သွားပြီ့  

အင်ဥတွေကို အစိမ်းအတိုင်း စားရင်လည်း စားလို့ရတယ့့်  ၀ါးလိုက် ရင် ဖောက်ကနဲ ဖောက်ကနဲ မြည်နေတာပဲ့ အင်ဥ အထဲထဲက အနှစ်လေးတွေကလည်းလေ ဆိမ့်နေတာပဲ့  အင်ဥမှာ အညိုရောင် လေးတွေရော့  အဖြူရောင်လေးတွေရော့ အမည်းရောင်လေးတွေရော ဥလေးတွေ ရောင်စုံရှိတယ့့်  အပြင်အခွံက မည်းလို့ အထဲက အနှစ် မည်းမယ်၊ အပြင်အခွံဖြူလို့ အထဲက အနှစ် ဖြူမယ်လို့ မှတ်ယူလို့လည်း မရပြန်ဘူ့း့  အပြင်ခွံအရောင်နဲ့ အတွင်းအနှစ်အရောင် တူတာလေးလည်း ရှိနိုင်သလို မတူတာလည်းရှိတယ်နော့့် 
အင်ဥကို အစိမ်းအတိုင်း စားနိုင်သလို ကြော်တာရော၊ သုပ်တာရော၊ ဟင်းချက်တာရော၊ အရည်သောက်ချက်တာရော အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်တယ်နော့့် 

အင်ဥကို ဟင်းလျာအဖြစ်မချက်ပြုတ်ခင်မှာ မမလုကတော့ အရင်ပြုတ်လိုက်ပါတယ့့်  ပြုတ်လိုက်ခြင်း အားဖြင့် အင်ဥကို ချက်ပြုတ်သုတ်ဖို့ လှီးတဲ့အခါ အထဲက အနှစ်တွေ ပျော်ပြီး ထွက်မသွားတော့ဘူ့း့  ချက်တဲ့အခါမှာလည်း အင်ဥနူးဖို့ တစ်ခါ ရေထည့်ပြီး တည်ရင် အနှစ်တွေနဲ့ အရောင်ကြီး မည်းသွားပြီး ဟင်းလျာအမြင်ရဲ့ ဆွဲဆောင်မှုကို လျော့နည်းစေတယ့့်  ပြီးတော့ အပြင်ခွံမှာ ကပ်ပြီး ရှိနေတတ်တဲ့ သဲတွေက ပြုတ်လိုက်တဲ့အခါ တစ်ခါ ထပ်ပြီး စင်ကြယ်သွားတော့ စားတဲ့အခါ ကျလိကျလိ ဖြစ်မနေတော့ဘူးလေ့  ပြုတ်ထားပြီး အင်ဥကို အခဲထဲ ထည့်ထားပြီး နောက်များ အင်ဥရာသီကုန်သွားလို့ စားချင်တဲ့အခါ စားဖို့ သိမ်းထားလို့လည်း ရတာပေါ့ 

အင်ဥပြုတ်လေးတွေကို လှီးတဲ့အခါမှာ ကိုယ်က ကြော်မှာလာ့း့  သုပ်မှာလာ့း့  ဟင်းရည်သောက် လာ့း့  ဒီလိုလေး စဉ်းစားလိုက့့်  ကြော်မယ့်ဟင်းလျာနဲ့ အရည်သောက်အတွက် နည်းနည်းရင့်တဲ့ အင်ဥကို သုံးပါ့  အင်ဥနုလေးတွေတော့ အသုပ်အတွက်သုံးမယ်ဆိုရင် အကောင်းဆုံးပဲ့ အဲ့ဒီတော့ အင်ဥလှီးကတည်းက ပန်းကန်လေးတွေ သီးသန့်စီထာ့း့  ဒါက အင်ဥကြော်မယ့်အတွက့့်  ဒါက သုပ်မယ့်အတွက့့်  ဒါက အရည်သောက်အတွက်ဆိုပြီး လှီးတဲ့အခါ အင်ဥအနုအရင့်အလိုက် သီးသန့်စီ ထည့်ထားနော့့်  ဒါဆို အဆင်ပြေစေတယ်ဟုတ့့် 

အင်ဥကြော်တာကလည်း ရိုးပါတယ့့်  ပြုတ်ထားပြီးတဲ့ အင်ဥတွေကို ပါးပါးလေးတွေလှီးပါ့  သတ်သတ်လွတ်ကြော်နိုင်သလို ရောပြီး ကြော်ချင်တဲ့ အသား၊ ပုစွန် စတာတွေကိုလည်း အသင့်ပြင်ထားပေးပါ နော့့်  ကြက်သွန်ဖြူကို မညက်တညက်ထောင်း၊ ကြက်သွန်နီကို လေးစိပ်ထိုးပါ့  ငရုတ်သီးစိမ်းလေး လည်း ထက်ခြမ်းခွဲပေးထားပါ့  အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင့့် ဆီအနည်းငယ်ထည့့်  ဆီပူလာရင် (နနွင်းမှုန့်ကြိုက်ရင်ထည့်ပါ) ကြက်သွန်ဖြူနီထည့်ပြီး မွှေပါ့  ကြက်သွန်စိမ်းနံ့ပျောက်သွား ပြီးရင် ထည့်လိုတဲ့ အသား၊ ပုစွန်ထည့်ကြော်ပါ့  အသားကျက်ပြီဆိုရင်တော့ အင်ဥလေးတွေကို ထည့့် ဆား၊ ကြက်သားမှုန့်လေးခပ့့် အိုးအဖုံး ခဏအုပ်ထား၊ ၂ မိနစ်လောက်နေလို့ အင်ဥထဲ အရသာဝင်ပြီလား မြည်းကြည့့်  စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းလေးတွေ အုပ့့်  ကမန်းကတန်းမွှေပြီး ဟင်းအိုးချ့  အဲ့ဒါဆို မွှေးဆိမ့်လှတဲ့ အင်ဥကြော်တစ်ခွက်ရပြီပေါ့  တို့ကတော့ ဒီလို ဟင်းလျာမျိုးကို ဟိုတယ်စာနဲ့ မလဲနိုင်ပေါင့့် 

အင်ဥသုပ့့်  ပြုတ်ထားတဲ့ အင်ဥလေးတွေ လှီ့း့  ပုစွန်နဲ့ သုပ်မလာ့း့ ကြက်သားနဲ့ သုပ်မလာ့း့  ကိုယ်စားချင်တဲ့ အသားကို အသင့်ပြင်ထားပေါ့  မမလုကတော့ ပုစွန်နဲ့ သုပ်မှာမို့ ပုစွန်ကို သန့်ရှင်းရေးလုပ့့်  ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ကွေးသွားတာနဲ့ ပြန်ဆယ်ယူထားလိုက်တယ့့်  ပြီးတော့ ကြက်သွန်နီအစိမ်းကို ပါးပါးလှီ့း့ ရေဆေ့း့  ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တညက် လေးထောင့်း့  ငါးပိစိမ်းစားလေး မီးဖုတ့့်  ငရုတ်သီးစိမ်းလေး ပါးပါးလှီ့း့  သံပရာသီးလေး ထက်ခြမ်းခွဲထာ့း့  အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ အင်ဥ၊ ပုစွန်နဲ့ အဆာပလာတွေ ထည့့်  သံပရာရည်လေးရွှဲရွှဲလေးညှစ့့်  ငံပြာရည်ရယ့့် ဟင်းချိုမှုန့်လေးနည်းနည်းရယ်ထည့်ပြီး သမအောင် နယ့့်  အရသာက ချဉ်ငန်စပ့့်  ဒါက တို့က တောသုပ်ပေါ့  ဆီချက်နဲ့ သုပ်တာ မဟုတ့့်  ဆီချက်နဲ့ သုပ်ချင်ရင်လည်း ရတာပဲ့  ငါးပိစိမ်းစားမထည့်နဲ့  ငံပြာရည်နဲ့ ပဲမှုန့်ထည့်ပြီး သုပ့့်  ဒါပေမယ့် အင်ဥက တောသုပ်လေးက ပိုစားကောင်းတယ်နော့့်  ဒါဆိုရင်တော့ ဟောဒီဘက်က ချဉ်ငန်စပ်အရသာနဲ့ ပုစွန်အင်ဥသုပ်မွှေးမွှေးလေး ရပြီနော့့်  

အင်ဥဟင်းရည်သောက့့်  ကြက်ရိုးပြုတ်ရည်လေးကို ဟင်းချိုရည်အဖြစ်ယူ့  ပြီးတော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့့် ပွက်ပွက်ဆူရင် ပုစွန်နဲ့ အင်ဥထည့့်  နံနံပင်လေးအုပ့့်  ငရုတ်သီးစိမ်းလေးအုပ့့်  သောက်ခါနီးကျရင် သံပရာရည်လေးညှစ့့်  ကြိုက်တတ်ရင့့်  အလွယ်တကူ ရှိရင် ရှောက်ရွက်လေး ပါးပါးလှီးပြီး ထည့်သောက်နော့့်  အဲ့ဒါဆိုရင် ထမင်းမြိန်စေမယ့့်  အင်ဥဟင်းရည် တစ်ခွက်ရတာပေါ့  

အင်ဥနဲ့ မတည့်တဲ့သူတွေတော့ မစားနဲ့နော့့်  တကယ်လို့ စားချင်တယ်ဆိုရင်လည်း ကန်စွန်းရွက် ကြော်လေးနဲ့အတူ တွဲစားနော့့်  

ဒီလောက်ဆိုရင်တော့ မောင်နှမတွေ အင်ဥဟင်းလျာအတွက် စိတ်ကျေနပ်မယ် ထင်ပါတယ်နော့့်  မောင်နှမအားလုံး အင်ဥဟင်းလျာနဲ့ ထမင်းမြိန်စေတဲ့ နေ့သစ်လေး ဖြတ်သန်းနိုင်ပါစေလို့ လုလုတို့ ၀ိုင်းတော်သားများအားလုံးက မေတ္တာရပ်ဝန်းမီးဖိုဆောင်ကနေ ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ်ရှင်

12 comments:

  1. မလုရေ အင်ဥကတော့ ကျမကြိုက်တဲ့အစားအစာထဲမှာ တစ်ခုအပါအ၀င်ပေါ့။
    မစားရတာကြာပြီး။ အင်ဥနဲ့ အတူ ကိုင်းဥကျုလည်းကြိုက်တယ်။
    ရန်ကုန်ရောက်ရင် ကိုင်းဥ ကင် စားဖြစ်တယ်။

    ReplyDelete
  2. မစားရတာကြာလှပါပြီ။
    စားချင်လိုက်တာ။
    ဘူးဖေါက်ပြီးချက်အုန်းမှ ဒါလေးတွေ့ ပြီးသိပ်ကိုစားချင်သွားပြီ။ ကျေးဇူးပါနော်။
    အိုင်အိုရာ

    ReplyDelete
  3. လုလု - ဒီ Post သာ ၂ ရက်လောက်စောရင် သိတ်ကောင်းမှာပဲ
    တို့က အင်ဥသိတ်ကြိုက်လို့ မေမေ က ရန်ကုန်ကနေ အင်ဥသယ်လာပေးတယ်
    ရောက်ရောက်ချင်းပဲ ချက်လိုက်တာ မစားရတာ သိတ်ကြာနေတော့ ချက်တာလဲ မမှတ်မိတော့ဘူး
    ဒါနဲ့ ကြက်သွန်ဖြူနဲ့ပဲ ကြော်လိုက်တာ သိတ်စားလို့ မကောင်းဘူး
    အစိမ်းကို လှီးတော့ လုလု ပြောသလိုပဲ ရေတွေ ထွက်လာတာ

    နောက်ဆိုတော့ လုလု ပြောတဲ့နည်းမှတ်ထားရမယ် ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. မမရှင်လေးရေ့ လုလုလည်း အင်ဥရော ကိုင်းဥရော ကြိုက်တယ့့်  မမပြောခါမှ ကိုင်းဥကင်ကိုလည်း စားချင်လာပြီ့ 
    အိုင်အိုရာရေ့  အမြဲတမ်းအလည်လာပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော့့်  ချက်စားဖြစ်ရင် လုလုလည်း ကျွေးဦးနော့့် 
    မြရေလျဉ်ရေ့  ကျေးဇူးတင်ပါတယ်နော့့် 
    မစုစုဌေးရေ့  နလုလည်း ဒီပို့စ်ကို ရေးမယ့့်  ရေးမယ်နဲ့ မရေးဖြစ်တာ့  ကွန်နက်ရှင် မကောင်းတာရော့  ပြီးတော့ အလုပ်များနေတာရောပေါ့  အဲ့ဒါကြောင့်ပါနော့့်  နောက်တစ်ခါကျရင်ဒီနည်းလေးနဲ့ ချက်စားနော့့် 

    ReplyDelete
  5. မမလုလက်ရာ အင်ဥဟင်းလေးတွေက စားချင်စရာ။ ခုမှပဲ အင်ဥကို ဘယ်လိုလုပ်စားရတယ်ဆိုတာ သိသွားတော့ တယ်။ ကျေးဇူးပါနော် :)

    ReplyDelete
    Replies
    1. မလုလည်း ကျေးဇူးတင်ပါတယ်

      Delete
  6. ဒီဥကိုရှာမရပါဘူးဆို မမလုလုစိတ်နာအောင်လုပ်လာပြန်ဘီး)))

    ချစ်တဲ့ ဂျာရစ်

    ReplyDelete
    Replies
    1. ဂျာရစ်...... အဂျစ်ကြီး....
      ဒီဥကို ဘယ်ကို ပို့ပေးရမလဲသာပြော့ လိန်ဗျံဂျီးနဲ့ ပို့ပေးလိုက်မယ့့် ချိတ်တော့ အနာဘာနဲ့အေ့း)
      ချစ်တဲ့ နလု

      Delete
  7. အင်ဥတော့အရမ်းကြိုက်တယ်မမလုလု.. ကိုင်းဥတော့မစားဖူးဘူး...
    အင်ဥတောင်မစားရတာ နှစ်ပေါင်းကြာပေါ့...ရန်ကုန်ပြန်လဲ ရာသီနဲ့မတိုက်တော့မစားဖြစ်ရပြန်ဘူး..
    အခုတော့အင်ဥပုံလေးတွေဘဲလာငမ်းသွားတယ်...
    စားချင်စိတ်တွေအရမ်းကိုဖြစ်နေတာတစ်ကယ်..

    ReplyDelete
  8. အရမ်းကြိုက် သိပ်ကြိုက်

    ReplyDelete
  9. never try it before. would love to try it. :)

    ReplyDelete