Thursday, September 15, 2011

ကင်မ်ချီထမင်းကြော်

ကင်မ်ချီထမင်းကြော်
ကိုယ်တိုင်လုပ် ကင်မ်ချီ
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါ။
ဘလော့ဂ်က ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတာမို့ ဘလော့ဂ်လေး ပွင့်တုန်း ရှိတာလေး ကမန်းကတမ်း တင်လိုက်တာပါ။
ကင်မ်ချီထမင်းကြော်လေးပါနော်။
ကင်မ်ချီက ကိုယ်တိုင်လုပ်တဲ့ ကင်မ်ချီပါ။ အဲ့ဒါကို ပါးပါးလေးတွေ လှီးပါတယ်။ ပြီးတော့ ပြည်ကြီးငါးရယ်၊ ပုစွန်ရယ်၊ ပဲပြားရယ်၊ ကြွက်နားရွက်မှိုရယ်၊ မုန်လာဥနီရယ်၊ တရုတ်နံနံတို့ရယ်ကို အရွယ်တော်လေးတွေ လှီးသင်ထားပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူလေးဓားပြားရိုက် ဆီပူထဲထည့် ဆီသတ်ပြီးတော့ ပဲပြားထည့်၊ ပြည်ကြီးငါးရယ် ပုစွန်ရယ်ထည့်၊ ပြီးတော့ မုန်လာဥနီရယ်၊ ကြွက်နားရွက်မှိုလေးရယ်ထည့်ကြော်၊ နည်းနည်းလေးနွမ်းသွားပြီဆိုတာနဲ့ ကင်မ်ချီထည့်၊ ထမင်းတွေထည့်၊ ကြက်သားမှုန့်လေးထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ကြော်။ ပြီးရင် အပေါ့အငန်မြည်း၊ အနံ့မွှေးရအောင်လို့ တရုတ်နံနံရွက်လေး ရိတ်ရိတ်ပါအောင် လှီးထားတာလေး ထည့်လိုက်တယ်။ အဲ့ဒါဆို ကင်မ်ချီထမင်းကြော် ချဉ်ငံစပ်လေး ရပြီနော်။ လွယ်တယ်၊ စားလို့ကောင်းတယ်နော်။ လုပ်စားကြည့်ကြပါဦးနော်။
ဖေ့စ်ဘွတ်ခ်က မောင်နှမတွေအတွက် ရေးထားပြီးသားပေမယ့် ဘလော့ဂ်မှာ မတင်ရသေးလို့ တင်ပေးလိုက်တာပါနော်၊
အားလုံးအဆင်ပြေကြပါစေ။

2 comments:

  1. ကျနော်တို့ ကြော်စားတာနဲ့ မတူဘူး..။
    မလုလုကြော်တာ ပိုပြည့်စုံတယ်..။
    အစာများတယ်..။
    တရုတ်နံနံ အနံ့မကြိုက်ဘူး..။
    ဖယ်စားသွားတယ်နော်..။ဟိ

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)September 15, 2011 at 8:57 PM

    စားချင်တယ်
    တကယ်စားရရင်ကောင်မှာ
    ကင်မ်ချီအရင်လုပ်ရဦးမယ်
    နောက်မှ မလုလုဆီနည်းလာယူဦးမယ်

    ReplyDelete