Saturday, March 20, 2010

ဟင်းခတ်အမွှေးအကြိုင်များ

Blogger လေးဆီက ရတဲ့ ဓာတ်ပုံဖြစ်ပါတယ်နော်
              ချစ်မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဂျီတော့ခ်မှ တစ်နေ့ blogger လေးနဲ့တွေ့တော့ အမရေ့  ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အခေါ်အဝေါ်လေးတွေကို ရေးပေးပါဦးလို့ ပြောလာတော့ ကျွန်မက ရေးပေးမယ်နော်၊ စိတ်ချဆိုပြီး မရေးပေးမိဘဲ အကြွေးတင်နေတာ ကြာပြီလေ။ မနေ့က မေးလ်စစ်လိုက်တော့  blogger လေးက ကျွန်မကို မေးလ်ပို့ပြီး အကြွေးတောင်းပါတယ်။ သူ့ကို ကတိပေးထားတာလည်း ကြာပါပြီလေ။ အဲ့ဒီအကြွေးကို ဆပ်ဖို့အတွက် ကျွန်မသိထားတာတွေရယ်၊ အင်တာနက်ကနေ ဟင်းခတ်အမွှေး အကြိုင်တွေစာရင်းကို စုပေါင်းရှာဖွေပြီးသကာလ တတ်သမျှ မှတ်သမျှ ပေါင်းပြီးတော့ မြန်မာလို ပြန်ပေးထားတာပါနော်။ မောင်နှမတွေ သိတဲ့နာမည်နဲ့ အခေါ်အဝေါ်လေးတွေကိုလည်း ကော်မန့်မှာ ထပ်ဖြည့်ပေးသွားဖို့ ဖိတ်ခေါ်ပါရစေရှင်။ ပြီးရင်တော့ ဟင်းခတ်အမွှေးအကြိုင်စာရင်းအားလုံးကို  တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်ပေါင်းပေးပါ့ မယ်နော်။
၁။ Basil leaf - ပင်စိမ်းရွက်
၂။ Basil seed - ပင်စိမ်းစေ့ (ပင်ပွားစေ့လို့လည်း ခေါ်ကြပါတယ်) 
၃။ Bay laurel leaf = ကရဝေးရွက် (Indian bay leaf လို့ ခေါ်ပါတယ်)
၎။ Black Cumin - ဇီယာစေ့ (အနက်) ပုံမှန်ထက် အစေ့အရွယ်အစား ပိုသေးတယ်လို့ ဆိုပါတယ်။
၅။ Black Pepper – ငရုတ်ကောင်းစေ့ (အနက်)
၆။ Caraway seed - ကရဝေးစေ့
၇။ Cardamon seed - ဖာလာစေ့
၈။ Celery - တရုတ်နံနံ
၉။ Cinnamon - သစ်ဂျပိုး
၁၀။ Clove - လေးညှင်းပွင့်
၁၁။ Coriander Leaf = fresh coriander green - နံနံပင်
၁၂။ Coriander seed - နံနံစေ့
၁၃။ Cumin seed - Sweet Cumin - ဇီယာစေ့
၁၄။ Curry leaf = ပျဉ်းတော်သိမ်ရွက်
၁၅။ Fennel leaf - စမုန်စပါးရွက်
၁၆။ Fennel seed - စမုန်စပါးစေ့
၁၇။ Fennel seed - စမုန်စပါးစေ့
၁၈။ Fennel tuber - စမုန်စပါးဥ
၁၉။ Fenugreek leaf - ပဲနံ့သာရွက်
၂၀။ Fenugreek Seed - ပဲနံ့သာစေ့
၂၁။ Galangal - ပဒဲကော
၂၂။ Garlic - ကြက်သွန်ဖြူ
၂၃။ Ginger - ချင်း
၂၄။ Grand Masala= Spice Mixture= Curry Powder= ဟင်းချက်မှုန့်
၂၅။ Lemongrass - စပါးလင်
၂၆။ Licorice - နွယ်ချို
၂၇။ Mustard oil - မုန်ညင်းဆီ
၂၈။ Mustard seed - မုန်ညင်းစေ့
၂၉။ Nutmeg - ဇာတိပ္ဖိုလ်သီး
၃၀။ Onion - ကြက်သွန်နီ
၃၁။ Paprika – Bell pepper or chili pepper ကနေ ထုတ်တဲ့ ငရုတ်သီးအရောင်မှုန့်
၃၂။ Poppy seed - ဘိန်းစေ့
၃၃။ Saffron - ကုံကမံ
၃၄။ Sesame oil - နှမ်းဆီ
၃၅။ Sesame Seed- နှမ်းစေ့
၃၆။ Star Anise - နာနတ်ပွင့်
၃၇။ Tamarind Leaf - မန်ကျည်းရွက်
၃၈။ Tamarind pod - မန်ကျည်သီး
၃၉။ Turmeric powder - နနွင်းမှုန့်
 
            သိသလောက်နဲ့တတ်နိုင်သလောက်ကို ရှာဖွေပေးလိုက်ပါတယ်နော်။ မောင်နှမတွေလည်း သိတာလေးတွေကို ကော်မန့်မှာ ထပ်ဖြည့်ပေးခဲ့ပါနော်။ အဲ့ဒါဆိုရင် ဟင်းခတ်အမွှေးအကြိုင်တွေ စာရင်း တစ်စုတစ်စည်းတည်း ဖြစ်သွားမှာပါနော်။

               ကော်မန့်မှာ လာပြောထားတဲ့အတိုင်း ကျွန်မ ဖြည့်စွက်ထားပါတယ်နော်။ နောက်ထပ် ကော်မန့်ရှိခဲ့ရင်လည်း ကျွန်မ ထပ်ဖြည့်ပေးပါမယ်နော်။ 

15 comments:

  1. မရေ..ဒီမှာတော့
    ပျဉ်းတော်သိမ်ရွက်ကို curry leaf လို့ခေါ်ကြတယ်။

    ReplyDelete
  2. အမရေ.. bay leaf က ကရဝေးရွက်

    ReplyDelete
  3. မလုလုရေ India မှာတော့ ပျဉ်းတော်သိမ်ရွက်ကို curry leaf လို့ ခေါ်ပီး ကရဝေးရွက်ကို Bay leave လို့ ခေါ်ကြပါတယ်

    ReplyDelete
  4. India တိုင်းပြည်မှအပ တခြားနိုင်ငံခြား (အထူးသဖြင့် အနောက်တိုင်း) တိုင်းပြည်တွေမှာ Bay Leaf Label တပ်ရောင်းတဲ့အရွက်ဟာ bay laurel leaf ဆိုတဲ့အရွက်ပါ ကရဝေးရွက် မဟုတ်ဘူး ကရဝေးရွက်မှာ အရွက်ကျော ဒေါင်လိုက်လေးခုပါ ပါတယ်။ Bay Leaf က ကရဝေးရွက်ထက် ပိုသေးပြီး အရွက်ကျောတွေက ဘေးကိုဖြာထွက်နေ တာပါ။ သူက ကရဝေးရွက်ထက် အနံပိုပြင်းပါတယ်။ ကရဝေးကို ဒီမှာရှာမရလို့ အိမ်ကိုမှာရတယ် ဒီက Bay Leaf အနံကိုမခံနိုင်လို့။ အောက်က လင့်ခ်မှာ ကြည့်ပါ။
    http://www.thekitchn.com/thekitchn/ingredients-herbs/ingredient-spotlight-indian-bay-leaf-099772

    ReplyDelete
  5. မှားသွားတယ် ကရေဝေးမှာ ဒေါင်လိုက်အရွက်ကျော သုံးကျောပါတာ။ လေးကျောလို့မှားရေးမိတယ်.. ဆောရီး။ :P

    ReplyDelete
  6. Anonymous, MMNN-NNMM, မနေမြမြဆွေတို့ အကြံပြုတဲ့အတိုင်း ကျွန်မ ပြင်ပေးထားပါတယ်နော်။ တကယ်လို့ နောက်ထပ် လိုအပ်တာများရှိခဲ့မယ်ဆိုရင်လည်း ကျွန်မကို ထပ်ပြောပေးကြပါနော်။ ကျေးဇူးတင်ပါတယ်နော်။
    မဆောင်းကလည်း ကျွန်မကို ဂျီတော့ခ်ကနေ ပြောတာလည်း ပြင်ထားပေးပါတယ်နော်။
    အားလုံးကို ကျေးဇူးတင်ပါတယ်နော်။
    ချစ်ခင်စွာဖြင့်
    လုလု

    ReplyDelete
  7. မလုလု ကရဝေးရွက်က Indian Bay Leaf ဆိုတာမှန်ပေမဲ့ .. bay laurel leaf မဟုတ်ဘူး.. သူက ကရဝေးနဲ့ ပုံသဏ္ဍာန်မတူဘူး.. အနံလည်းမတူပါဘူး.. Bay Laurel Leaf (bay leaf) က သပ်သပ်တမျိုးပါ (ရှုပ်သွားတယ်ဆိုရင် ဆောရီးနော်..)

    ReplyDelete
  8. အဲ့ဒါဆိုရင် ကျွန်မ ဘယ်လိုလေး ပြန်ပြင်ရေးပေးရမလဲဟင်။ ပြင်ရေးပေးရမယ့်ဟာလေးကို ကျွန်မကို ရေးပေးပါလားဟင်။ ပြင်ပေးလိုက်မယ်လေနော်။
    ချစ်ခင်စွာ
    လုလု

    ReplyDelete
  9. ကျေးဇူးပဲဗျာ... တင်ပေးတာ

    ReplyDelete
  10. လုလုကတော့လေ.. ဟင်းချက်ဗဟုသုတ တကယ်စုံတာပဲ.။ အရမ်းကို အားကျတယ် :))

    ReplyDelete
  11. ဗဟုသုတ မျှဝေပေးတာ ကျေးဇူးပါ
    ဟင်းခတ်အမွှေးအကြိုင်များကိုလည်း သုံးကြည့်ပါမယ်
    တချို့ spices များ မသုံးဘူးသေးပါ

    ခင်တဲ့
    seesein

    ReplyDelete
  12. ညီမ လုလု

    အမွှေးအကြိုင်တွေက စုံနေတာဘဲ .. အမက စားဘဲစားတတ်တယ် နောက် အညာဟင်း တွေမှာ သိပ်မသုံးတော့ သိပ်မသိဘူး.. ကျေးဇူးနော်

    ခင်တဲ့
    အမရွှေစင်

    ReplyDelete
  13. အမရေ
    အရမ်းကိုဗဟုသုတရပါတယ်။
    တခါတလေ အဲဒီ့အတွက်နဲ့ သိပ်ဒုက္ခရောက်တာ။
    အင်္ဂလိပ်လိုမသိရင် ဂျပန်လိုပါရှာမရတော့တာမျိုးမို့လေ။
    ကျေးဇူးပါ

    ReplyDelete
  14. ကောင်းလိုက်တာ။ အဲဒီလိုရေးပေးတော့ ရှာရလွယ်သွားပြီ။ တချို့ အမွှေးအကြိုင်တွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်မှန်း မသိ။ ကျေးဇူး။

    ReplyDelete
  15. pickle လုပ်တဲ့ dill leaf က မြန်မာလို ဘယ်လိုခေါ်လဲဗျ

    ReplyDelete