Tuesday, July 21, 2009

ဘဲဥထမင်းနယ်

အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို အလွယ်ဆုံးနဲ့ ထမင်းစားမြိန်စေဖို့ ဘဲဥထမင်းနယ်လေး လုပ်ကျွေးပါဦးမယ်နော်။ ကျွန်မဆိုအခု အလုပ်ထဲမှာ အချိန်ပို ဆင်းနေရင်း ဗိုက်ဆာတာနဲ့ လုပ်စားဖြစ်တာလေးပါနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ဘဲဥသုံးလုံး၊ ဆန် နို့ဆီဗူးတစ်လုံး၊ ဆားအနည်းငယ်၊ ဆီအနည်းငယ်တို့ပါနော်။
ဆန်နို့ဆီဗူးတစ်လုံးကို ရေဆေးပြီးတော့ ထမင်းအိုးတည်ပါတယ်။ ထမင်းအိုးတည်ထားစဉ်မှာ တစ်ခါတည်း ဘဲဥကို ထည့်ပြုတ်လို့ရအောင်ဘဲဥကို ရေဆေးပြီး ထည့်လိုက်ပါတယ်။ အချိန်ကုန်လည်း သက်သာတယ်လေ။ ထမင်းအိုးကျက်ပြီဆိုရင် ဘဲဥတွေကို ထမင်းအိုးထဲကနေ ဆယ်ယူ၊ ရေအေးနဲ့ စိမ်ထားပြီး အခွံနွှာလိုက်ပါနော်။
ထမင်းတွေကိုလည်း အနည်းငယ် ဖွပြီး အအေးခံပေးထားပါ။ ပြီးရင်တော့ ဇလုံတစ်လုံးထဲ ထမင်းတွေကို ထည့်၊ ဘဲဥပြုတ်လေးကို ပါးပါးလေးတွေရအောင်လှီး၊ ဆားအနည်းငယ်၊ ဆီလေးအနည်းငယ်ထည့်ပြီး အားလုံး သမအောင် နယ်ပေးပါနော်။ အချိုမှုန့်စားရင်တော့ နည်းနည်းထည့်ပြီး နယ်ပေါ့နော်။ အပေါ့အငံရယ်၊ ဆီအနေအထားရယ်ကိုတော့ စိတ်ကြိုက်ထည့်ပေါ့နော်။
ပြီးရင်တော့ ပန်းကန်လေးထဲကို ဘဲဥထမင်းနယ်လေးထည့်လိုက်ပါ၊ ပါဏာတိပါတာ မပါရင် ဟာလတိ ဟာလတာ ဖြစ်တတ်သူများလည်း ရုံးမှာ ရှိတာမို့ ဘာလချောင်ကြော်လေးရယ်၊ ငါးနီတူကြော်လေးရယ်လည်း နည်းနည်းစီထည့်ပေးလိုက်ပါတယ်နော်။
အဲ့ဒါဆိုရင်တော့ ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ ဘဲဥထမင်းနယ်လေးရပါပြီနော်။ အရည်သောက်ကတော့ ကောက်ညှင်းလက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ပေါ့နော်။
ချစ်သောမောင်နှမများလည်း အလုပ်များတဲ့အခါ၊ ဈေးမသွားဖြစ်တဲ့အခါ၊ ဟင်းချက်ဖို့ အချိန်မရဘူးဆိုရင် လွယ်လွယ်ကူကူနဲ့ စားမြိန်စေမယ့် ဘဲဥထမင်းနယ်လေး လုပ်စားကြည့်ဦးနော်။

20 comments:

  1. မမလု လက်ရာက ဘာဖြစ်ဖြစ်ကောင်းပြီးသားပါနော်။ အဝတီးသွားပြီ

    ReplyDelete
  2. ကောင်းလိုက်တဲ့ အလွယ်နည်းလေး။ ဒီနေ့ တော့
    တအားပင်ပန်းလာလို့  မနက်ဖြန်မှလုပ်စားတော့မယ်။
    မလုရေ နှုတ်ဆက်လိုက်ပါတယ်။

    ReplyDelete
  3. တခါမှ လုပ်မစားဖူးဘူး..
    လွယ်လိုက်တာ...
    စမ်းကြည့်အုန်းမှ..

    ReplyDelete
  4. ဘဲဥ ကြိုက်သူကိုမှ လုလုက အလွယ် ပြလေတယ်။ ကြိုက်လိုက်တာ.. :)

    ReplyDelete
  5. မမလုရေ....ဘဲဥထမင်းနယ်လေးစားသွားတယ်
    အရမ်းကောင်းတယ်
    နည်းလည်းလာယူသွားပြီ
    လုပ်စားကြည့်အုံးမယ်။
    ချစ်တဲ့
    ဂျာမုန်း

    ReplyDelete
  6. မလုလု ခင်ဗျာ...
    ကျွန်တော် ငယ်ငယ် အမေက ဟင်းမမှီရင် ဘဲဥပြုတ်ကို ဆီဆမ်း ပီး ပဲငံပြာရည် အကြည်ရေလေးဆမ်းပေးလိုက်တာ.. စားခါနီးမှ ဘဲဥရယ် ဆီရယ် ပဲငံပြာရည် ရောချေလိုက်တာ... ခုလည်း ဒီလို စားတဲ့ရက်မနည်းပါဘူး... စားလို့လဲတော်တော်ကောင်းပါတယ်.. စမ်းကြည့်ပါဦးဗျ..


    လေးစားစွာဖြင့်

    ReplyDelete
  7. အဲ ဒါလေးတော့ တော်တော်လွယ်တယ်။ လိုက်လုပ်ကြည့်ဦးမှ :D

    ReplyDelete
  8. ဘဲဥထမင်းနယ် စားချင်တယ် မမလုရေ။ ဒီမှာ ဘဲဥ စစ်စစ် မရှိဘူးဆို။ ဆားရည်စိမ်ထားတာတော့ ရှိတယ်။ လောလောဆယ် မမလုဆီကနေပဲ စားသွားတယ်နော့်။

    ReplyDelete
  9. ဒီနေ့ပဲ လုပ်စားလိုက်ပြီ..အစားအသောက်ဆိုတာ နေ့ညအချိန်ဆွဲလို့သိတ်မကောင်းဘူးလေ..မယုံရင်မိုးချိုသင်း
    ကိုမေးကြည့်!!!

    ReplyDelete
  10. ကြိုက်တယ်... စားမယ်...

    ReplyDelete
  11. အင်း ထောပတ်သီးတော့ ကြက်ဥထမင်းနယ်လုပ်စားကြည့်ဦးမယ် မမလုလုနည်းကိုယူပြီး ကျေးဇူးတင်ပါတယ် မမလုလုကသိပ်တော်တာပဲ မမလုလုလိုဟင်းချက်တာတော်ချင်တယ်

    ReplyDelete
  12. စုဗူးလေးရေ့ 
    ကျေးဇူးပါနော်။ အ၀သာ စားသွားပါနော်။
    မမရှင်လေးရေ့  > အလုပ်များတဲ့အခါ၊ မအားလပ်တဲ့အခါ၊ ဟင်းချက်ဖို့ အချိန်မရတဲ့အခါ လွယ်လွယ်ကူကူ လုပ်စားလို့ရတာပေါ့နော်။ မမရှင်လေးနဲ့ အကိုသောမတ်စ်တို့ကိုလည်း လုလုတို့ ၀ိုင်းတော်သားများက နှုတ်ခွန်းဆက်ပါတယ်နော်။
    ပေါက်ရေ့ > လုပ်ရတာ အရမ်းလွယ်တယ်နော်။ စမ်းကြည့်ပါနော်။
    အမမိုးချိုရေ့  > လုလုလည်း ဘဲဥအရမ်းကြိုက်တယ်နော်။ ကြက်ဥနဲ့ဘဲဥဆို ဘဲဥကို ပိုကြိုက်တယ်။ လုပ်စားကြည့်နော် မ။
    ဂျာမုန်းရေ့ > ခရီးက ပြန်လာပြီးလားနော်။ ကျေးဇူးပါနော်။
    အမည်မသိရေ့  > အကိုပြောတဲ့နည်းလေးလည်း စမ်းကြည့်ပါဦးမယ်နော်။ ကြိုက်မှာတော့ သေချာတယ်။
    ပုံရိပ်လေးရေ … > လုပ်စားကြည့်နော်။
    မိုးကောင်းသူ့  > ညီမလေးရေ့  ဘဲဥမရှိလည်း ကြက်ဥလေးနဲ့ လုပ်စားကြည့်နော်။
    မလေးရေ့ > စိတ်ကြီးလိုက်တာ့  ချက်ချင်းကို အကောင်အထည်ဖော်တော့တာပဲ ။
    ROSE OF SHARON …> စားကြည့်ပါနော် မနော်လေးရေ။
    ထောပတ်သီးလေးရေ့  > လုပ်စားကြည့်ပါနော်။ လူတိုင်းဟင်းချက်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနည်းငယ်လေးတော့ ကွာကြတာ ရှိပါလိမ့်မယ်နော်

    ReplyDelete
  13. မိုက်တယ်ဟေ့

    ချက်တတ်တဲ့သူများ ဘာဘဲချက်ကျွေးကျွေး ကောင်းနေရောဘဲနော်။

    လုပ်စားကြည့်မယ်။
း)

    ReplyDelete
  14. ကောင်းမွန်စွာ လုပ်စားပြီးပါကြောင်း........
    လွယ်၊ကောင်း၊မြန် OKပဲ မလုရေ....
    Thomas ခရီးကပြန်လာမှ လုပ်ကျွေးလိုက်အုံးမယ်။
    နှုတ်ဆက်လိုက်ပါတယ်။

    ReplyDelete
  15. စားချင်လာပြီ...ဂလု။

    ReplyDelete
  16. ဟီးဟီး သရေကြီးပဲကျနေရတာ.. ဒါလေးတော့လုပ်စားကြည့်အုံးမှ

    ReplyDelete
  17. ညီမလေးကျောပိုးအိတ်လေးရေ
    လုပ်စားကြည့်ပါနော်။
    မမရှင်လေး မြန်မာမှ ပြောမနေနဲ့
    ငပျင်းချက်နည်းလို့လည်းခေါ်တယ် :P
    မဟာဆန်ရေ့  စားပါနော်။
    ညီမမောင်ရေ့  လွယ်တာမို့ လုပ်စားဖို့ အားပေးပါတယ်နော်

    ReplyDelete
  18. မမလုရေ...

    အလွယ်ဆုံးဒီနည်းလေးကိုအရင်အကောင်အထည်ဖော်လိုက်ပြီ..ခုကြက်ဥပြုတ်ထားတယ်..ဒီမှာကဘဲဥမရှိလို့..
    နောက်နေ့တွေမှာလဲမမပြောတဲ့အတိုင်းဟင်းလေးတွေချက်စားကြည့်ဦးမယ်နော်...ကျေးဇူးမမ

    ReplyDelete
  19. u know how to cook ,all kinda dishes,as well as nice blogger ...overall rated u ...11s...bravo...!!! srry for comment in english .coz dn't know to type in burmese ...hehe

    ReplyDelete