ပုဇွန်အစိမ်းသုပ်လေးစားချင်လို့ ဈေးဝယ်သွားတာ ပုဇွန်ပါမလာဘဲ ငါးဝယ်ပြီး ပြန်လာရတဲ့အဖြစ်။ ပုဇွန်တွေက စိတ်ကြိုက်မတွေ့တာနဲ့ပဲ စိတ်ကူးပြောင်းပြီး ငါးပဲ ၀ယ်လာခဲ့တာ။ ငါးကိုလည်း ဟင်းချက်မစားဘဲ ငါးကင်လေး စားရရင် ကောင်းမယ်လို့ တွေးမိတယ်လေ။ ရာသီဥတုကလည်း အခု အေးစပြုလာပြီဆိုတော့ ငါးကင်လေးနဲ့ ထမင်းပူပူလေးနဲ့ စားရရင် သိပ်ကောင်းမှာပဲလို့တွေးရင်း ဂလုကနဲမြည်အောင် တံတွေးမျိုချမိပါတယ်။
more...
ငါးကင်လုပ်ရတာ လွယ်ပါတယ်နော်။ ဒီကငါးတွေက ပင်လယ်ငါးတွေများတော့ အကြေးခွံချွတ်စရာလဲ မလိုဘူးလေ။ အဲ့ဒီတော့ ငါးကို ရေဆေးပြီးတော့ နည်းနည်းလေး မွှန်းလိုက်တယ်။ ပြီးတော့မှ ဆားရယ် ဂျင်းအရည်နဲ့ သေသေချာချာလေး နယ်ပြီး ၁၀ မိနစ်လောက်နှပ်ထားလိုက်တယ်။ ပြီးတော့မှ ဂက်စ်မီးဖို အလယ်ကြားထဲထည့်ပြီး ကင်လိုက်တာပဲ။ အခုဝယ်လာတဲ့ငါးက အဆီအရမ်းထွက်ပါတယ်။ ကင်တဲ့အခါမှာ ဟိုဘက်ဒီဘက် အကျက်ညီအောင် သေချာကင်ပေးပါနော်။ ငါးကင်ညှော်နံ့တော့ နည်းနည်းနံပေမယ့် စားတဲ့အခါကျရင် အရသာကောင်းလွန်းတဲ့အတွက် အညှော်ခံပြီး ကင်လိုက်ပါတယ်။ ငါးကင်ထားတဲ့အချိန်မှာ ခရမ်းချဉ်သီးလေးလှီး၊ ကြက်သွန်မြိတ်လေး လှီးထားပြီး dressing ချဉ်ငံအရသာလေးကို ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူတစ်မွှာနဲ့ ငရုတ်သီးတစ်တောင့်လဲ ထည့်လိုက်ပါသေးတယ်။ ဟင်းရည်သောက် အတွက်ကတော့ တိုဟူးနဲ့ ကြက်ရိုးပြုတ်တစ်ခွက်စာ ရှိသေးတယ်လေ။ အဲ့ဒီဟင်းရည်လေးနဲ့ပဲ တွဲလိုက်ပါတယ်နော်။ ငါးကင်အနံ့လေး သေချာမွှေးလာပြီဆိုရင်တော့ မတူးခင် မီးဖိုထဲက အမြန်ထုတ်လိုက်ပါနော်။ တူးနေတဲ့အပိုင်းလေးတွေရှိရင် ဖယ်လိုက်ပြီး စားလို့ရပါပြီနော်။ ချစ်မောင်နှမတွေလဲ ငါးကင်မွှေးမွှေးလေးနဲ့ ထမင်းပူပူလေး အားပေးကြပါဦးနော်။
တံတွေးမြိုချနေရတယ်...
ReplyDeleteThank for sharing recipe . I also want to know how to make grill fish in mandalay style which used to sell in YGN grill shop . Any idea ?
ReplyDelete