Monday, August 13, 2007

ကြာဇံချက်


ပြီးခဲ့တဲ့ မေလတုန်းက ကျောင်းမှာ ပရော်ဖက်ဆာမွေးနေ့အတွက် ဌာနမှာ ပါတီလေးကျင်းပမယ်ဆိုတော့ ကျွန်မလဲ ဘာချက်ရမလဲ စဉ်းစားတာ စဉ်းစားလို့မရတာနဲ့ဘဲ ကျွန်မရဲ့ ချစ်သူငယ်ချင်းကြီး တုတ်ကြီးကို နားပူမိပါတယ့့်  ကတုတ်စ်ရယ့့်  ဌာနမှာ ပါတီရှိတယ့့် ဘာဟင်းချက်ရမလဲလို့မေးတော့ ကတုတ်စ်က လာမမေးနဲ့တဲ့ ငါတို့က စားဖို့ပဲသိတယ့့် ချက်ဖို့မသိဘူးတဲ့  တုတ်စ်ရယ့့် အင်တာနေရှင်နယ်ကျောင်းသား ကျောင်းသူတွေက သူတို့နိုင်ငံကိုယ်စားပြု ဟင်းတစ်မျိုးစီချက်တဲ့အခါမှာ နလုစ်လဲ ဟင်းတစ်မျိုးတော့ ချက်ချင်ပါတယ့့်  ဘာလေးချက်ရင်ကောင်းမလဲ အကြံပေးပါနော်လို့ ကဂျီဂဂျောင်တိုက်မိလေတော့ တုတ်ကြီးခမျာလဲ မတတ်သာတော့ပါဘူ့း့  နောက်မဟုတ်ရင် ကျွန်မက သူ့ကို ဂျီကျနေမှာကို့း့  နောက်ဆုံး တုတ်စ်က အကြံပေးပါတယ့့်  ကြာဇံချက်လေးလုပ်ပါလားတဲ့လေ့  ကျွန်မလဲ အကြံကောင်းရသွားတယ့့် 
လိုအပ်တဲ့ ပစ္စည်းတွေကတော့ လူဦးရေပေါ်မူတည်ပြီး အတိုင်းအတာက ကွာမှာပေါ့နော်။ ကျွန်မ ဒီတစ်ခါမှာ စာရင်းကိုပဲ ဦးစားပေးပြီး ပမာဏကို မပြောတော့ဘူးနော့့် 
ကြာဇံ၊ ကြက်သား၊ ကြက်ရိုး၊ ကြွက်နားရွက်မှို၊ ပဲပြားလိပ်၊ မှိုခြောက်၊ ပန်းခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးအကျက်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်၊ သံပုရာသီး၊ ဆား၊ သကြား၊ ကြက်သားမှုန့် (အချိုမှုန့်) တို့ပဲ ဖြစ်ပါတယ်။ ငါးဖယ်ရှိရင်ထည့်ပါ။ မရှိခဲ့ရင် ကြက်သားကို နိုင်နိုင်လေး ထည့်လိုက်တာပေါ့  ။
စစချင်း ရေနွေးအိုးပြင်ပြီး အဲ့ဒီထဲမှာ ကြက်ရိုးတွေ ထည့်ပြုတ်ပါတယ်။ အဲ့ဒီထဲမှာ ဂျင်းလေးတွေ ခြစ်ပြီး အရည်ညှစ်ထည့် လိုက်ပါတယ်။ ဆား၊ သကြား၊ ငံပြာရည်နဲ့ ကြက်သားမှုန့် အနည်းငယ်ထည့်လိုက်ပါတယ်။ ကြာဇံကို ရေစိမ်ပါတယ်။ မှိုခြောက်ပန်းခြောက်နဲ့ ကြွက်နားရွက်မှိုကို တူတူရေစိမ်တယ်။ ပဲပြားလိပ်ခြောက်ကိုတော့ သီးသန့်ရေစိမ်ထားပါတယ်။ ကြွက်နားရွက်မှိုကို သတိထားပြီး သေချာသန့်အောင် ဆေးပါနော်။ ကြာဇံရေစိမ်ထားတာကို ၁၀ မိနစ်လောက်ထားပြီး နောက်ပိုင်းမှာ ရေထဲက ဆယ်ပြီး ကတ်ကြေး လေးနဲ့ ၄ လက်မ အရှည်လောက်လေးတွေ ဖြတ်ထားပါ။ မှိုခြောက်နဲ့ ကြွက်နားရွက်မှိုခြောက်ကို ရေထဲက ဆယ်ပြီး အရွယ်တော် လေးတွေ ဖြတ်ထားပါ။ ပန်းခြောက်ကို အထုံးလေးတွေ လုပ်ရင်လုပ်၊ မလုပ်ရင်လဲ သူ့ကိုလဲ အရွယ်တော်လေးဖြတ်လိုက်နော်။ ပဲပြားလိပ်ကိုလဲ ဆယ်ထားလိုက်နော်။ ကြက်သားကို အသားတုံးလေးတွေ အနေတော်လေး တွေ တုံးပြီး ဆား၊ သကြား၊ ငံပြာရည်တို့နဲ့ သေချာနယ်ထားလိုက်ပါတယ်။ နိုင်ငံခြားသားတွေအတွက် ချက်ရတယ်ဆိုတော့ ငရုတ်သီး ဆီမသတ်ရဲဘူးလေ့  တော်တော်ကြာ ဆီနီနီလေးတွေ အပေါ်မှာဝေ့နေတာကို သတိမမူဘဲ သောက်လိုက်လို့ သီး(သည်း) သွားရင်ဖြင့် ကျွန်မကို မေတ္တာတွေ အတုံးလိုက်အတစ်လိုက် ပို့လိုက်မယ့်အမျို့း့ အဲ့ဒီတော့ ဆီကို ငရုတ်ရောင်မထည့်ဘဲ အဖြူထည်လေးအတိုင်းပဲ ကြက်သားတွေနဲ့ ကြက်သွန်ဖြူဂျင်းတို့နဲ့ ဆီသတ်ပါတယ်။ ပြီးတော့ ကြက်သွန်နီ ဘလော့ခ်တုံးလေးတွေကိုပါ ဆီသတ်တဲ့အထဲ ထည့်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကြက်ရိုးဟင်းရည်အိုးကလဲ တော်တော်လေးကို ဆူလာပါပြီ။ ကျွန်မကတော့ ကြက်ရိုးတွေကို ဖယ်လိုက်ပါတယ်။ အိမ်မှာဆိုရင်တော့ မဖယ်ပါဘူး။ ကျောင်းမှာဆိုတော့ စားရတဲ့သူတွေအတွက် အဆင်မပြေ ဖြစ်မှာစိုးလို့ပါ။ ပြီးတော့ ဆီသတ်ထားတဲ့ ကြက်သားကို ဟင်းအိုးထဲ ထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဟင်းအိုးဆူပြီဆိုရင်တော့ မှိုခြောက်ပန်းခြောက်တွေကို အရင်ထည့်လိုက်ပါ။ မှိုခြောက်ပန်းခြောက်ထည့်ပြီးရင် ဟင်းအိုးကို မီးလျော့ပြီး ပေးဆူပါ။ ဟင်းအိုးနည်းနည်းကျအောင်ရော မှိုခြောက်ပန်းခြောက်ပွပြီး နူးလာမယ့်အချိန်ထိ အချိန်နည်းနည်း ကြာအောင်ထားလိုက်ပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်နီကို ပါးပါးလှီးပါ၊ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ သံပုရာသီးလေးတွေ အနေတော်လေးတွေ စိပ်ထားပါ။ မှိုခြောက်ပန်းခြောက်နူးလာပြီဆိုရင်တော့ ပဲပြားခြောက်နဲ့ ကြာဇံကို ထည့်လိုက်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းအိုးကို ဖြေးဖြေးချင်းပေးဆူပါ။ ဟင်းအိုးဆူလာပြီဆိုရင်တော့ အရသာ အပေါ့အငန်ကို မြည်းပြီး နောက်ဆုံးမှာ ငရုပ်ကောင်းမှုန့် ခပ်ပါ။ ဟင်းသိပ်ပူသိပ်စပ်မှာစိုးရင်တော့ စားမယ့်သူအကြိုက် သူတို့ပန်းကန်ထဲမှာပဲ ငရုတ်ကောင်းမှုန့်ကို စိတ်ကြိုက်ထည့်စားပါစေ။ ပြီးရင် မီးပိတ်ပြီး ဟင်းအိုးကို အသာလေးလှပ်ထားလိုက်ပါ။ ကဲ့  အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကြာဇံချက် ရပါပြီ။ ပန်းကန်လုံးလေးထဲ ကြာဇံဟင်းလေး ခပ်ထည့်၊ အပေါ်ကနေ ကြက်သွန်စိမ်းလေးရယ်၊ ကြက်သွန်မြိတ်လေးရယ် ဖြူးလိုက်ပါဦ့း့ အချိုပဲကြိုက်တတ်ရင်တော့ ဒီအတိုင်းပဲ စားပေါ့နော်။ ချဉ်ငံစပ်ကြိုက်တတ်ရင်တော့ ငံပြာရည်လေးရယ်၊ သံပုရာရည်လေးရယ်၊ ငရုတ်သီးအကျက်မှုန့်လေးရယ်၊ ငရုတ်ကောင်းမှုန့်လေးရယ် ထည့်စားနော့့် 

1 comment:

  1. အစ်မရေ.. အစ်မရဲ့ ဟင်းချက်နည်းတွေကို အမြဲလာလာဖတ်ပြီး သွားရေကျနေတာ ကြာပြီ။ ဟင်းချက်နည်းတွေလည်း ကူးပြီး save လုပ်ထားတယ်။ တစ်ခါမှတော့ မချက်စားဖြစ်ဘူး။ မနေ့က ရုံးပိတ်တော့ ကြာဇံချက် စားချင်လာတာနဲ့ အစ်မရဲ့ ဘလော့ဂ်ကို ဖွင့်၊ အစ်မရဲ့ နည်းအတိုင်း ချက်စားလိုက်တာ။ အစက ဖြစ်မှ ဖြစ်ပါ့မလားလို့ စိုးရိမ်နေတာ။ နောက်ဆုံးတော့ အရမ်း အရမ်းကို စားလို့ ကောင်းတာဘဲ။ ကျေးဇူး အများကြီး တင်ပါတယ်။ ဟင်းတွေကို ပုံသေစားနေရတာ ငြီးငွေ့လာသူတွေအတွက် အရမ်းကို အကျိုးရှိတဲ့ ဘလော့ဂ်လေး ပါဘဲ။

    ReplyDelete