Saturday, August 14, 2010

ဆယ့်ရှစ်နှစ်လီ့  အမှတ်တရလေးများ


          သြဂုတ်လ ၁၃ ရက်နေ့ သောကြာနေ့  မနက်အိပ်ရာ နိုးကတည်းက ဆန်းဒေး အလှူလေးအတွက် ကင်မ်ချီတည်၊ ပြီးတော့ ရေချိုးခန်း၊ အိမ်သာဆေး၊ ခေါင်းလျှော်ရေချိုး၊ သနပ်ခါးကို ဘဲကျားရိုက်၊ တွေ့တဲ့ရှပ်အကျီင်္ကို ကမန်းကတန်း ကောက်စွပ်၊ အညိုရောင် ထဘီတစ်ထည်ကို ကမန်းကတမ်းစွပ်ပြီး ရုံးဖယ်ရီအမီ ပြေးလိုက်ရတာ။ လမ်းထိပ်ရောက်တော့ ဖယ်ရီမရောက်သေးလို့ တော်သေးတယ်။ ဒီနေ့ ဖယ်ရီမှီတယ်၊ ဘတ်စ်ကားတိုးစီးစရာ မလိုဘူးဆိုတော့ ၂၀၀ တန် အသစ်ကလေးကို ဆွဲခြင်းထဲ ပြန်ထည့်လိုက်ပါတယ်။ ဖယ်ရီလည်း လာရော နေရာလေးမှာထိုင်ရင်း မနက်ဖြန်ဆိုရင် ငါ ဆယ့်ရှစ်နှစ်လီ ဖြစ်နေပြီလို့ တွေးရင်း ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အတွေးနယ်ကျွံလာလိုက်တာ ရုံးရောက်လို့ ရောက်မှန်းတောင် မသိလိုက်ဘူး။

 ရုံးရောက်တော့ ကွန်ပျူတာအရှေ့မှာ ထိုင်လိုက်တုန်းပြီး ကြီးတော်ကို ၀င်၊ ချစ်လှစွာ သော မောင်နှမများကို နှုတ်ဆက်၊ ဖေ့စ်ဘွတ်ခ်ကလည်း ဖွင့်လို့မရ၊ ဘလော့ဂ်ကလည်း ကျော်လို့မရတာနဲ့၊ အလုပ်လုပ်မယ်ကြံကာရှိသေး ဖုန်းက ၀င်လာပါရော။

မ့  နဲ့ ပြောချင်လို့ပါရှင်တဲ့။ ဟုတ်ကဲ့ ပြောနေပါတယ်ရှင်လို့ ပြန်ဖြေလိုက်တော့ တစ်ဖက်က ကောင်မလေးက မမအတွက် ပန်းစည်းနဲ့ အရုပ် လက်ဆောင်လာပို့မလို့ လမ်းညွှန်ပေးပါဦးရှင်တဲ့။ ဖုန်းနားထောင်ရင်းနဲ့ပဲ ရင်တွေ တဒိန်းဒိန်းခုန်၊ ဒူးတွေ တဆတ်ဆတ် တုန်၊ နှုတ်ဖျားကလည်း ရှင့့်  နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါဦးလားရှင့့်  လို့ ပြောမိတော့ မမမွေးနေ့အတွက် ပန်းစည်းနဲ့အရုပ် လက်ဆောင်လာပို့မလို့ပါရှင်တဲ့  စိတ်ထဲမှာ ဘယ်သူပို့တာလဲလို့ မေးမလို့ရှိသေ့း့  တစ်ဘက်က ကောင်မလေးက လိပ်စာကို ရွတ်ပြပြီး အဲ့ဒီလိပ်စာမှန်ပါလားရှင်တဲ့ ဟုတ်ကဲ့ မှန်ပါတယ်ရှင်ဆိုတော့ ညနေ ၃ နာရီလောက်ကို လာပို့ပေးပါမယ်ဆိုပြီး ဖုန်းချသွားရော။

အခန်းထဲက လုပ်ဖော်ကိုင်ဖက်တွေကို ၀မ်းသာအားရ ရင်တုန်ပန်းတုန်နဲ့ ပြောလိုက်တယ့့်  အရပ်ကတို့ရေ့  တို့ကို မွေးနေ့လက်ဆောင်ပန်းစည်းနဲ့ အရုပ် လာပို့မလို့တဲ့တော့  ဘယ်သူများလဲ မသိဘူးတော့   အမလေးနော့့်  ရင်ခုန်လိုက်တာလို့ ပြောတုန့်း့  နောက်တစ်ခါ ဖုန်းမြည်လာတော့ ဘာရမလဲ့  ဘယ်သူပို့လဲလို့ မေးလိုက်တော့  ခုနက ရင်ခုန်တာတွေ့  ဒူးတုန်တာတွေ့ ဘေးချိတ့့်   ကြီးတော်ကို အမြန်ဝင့့်   ပို့တဲ့သူရဲ့ အကောင့်ကို ဖွင့်ပြီ့း့  မေးခွန်းလဲ မေးလိုက်ရော့  တစ်ဘက်က ပြန်ပြောပါတယ့့်  အန်တီမရှိပါဘူးရှင့့်  အပြင်သွားပါတယ်ရှင့့်  တဲ့။  စုလေးကျတော့ အွန်လိုင်းရှိမနေဘူး။ ဟွန့့်  တရားခံက နှစ်ယောက်ရှင့်  ဘယ်သူလဲ သိလားနော့့်  အဲ့ဒါလေ မမကြီး (မြန်မာအစားအစာ ဘူဖေးလ်ကျွေးချင်တဲ့ မလေးရှားက မမ)နဲ့ အလှူရှိရာ ဓာတ်စက်သံကို နားစွင့်နေတဲ့ ဖိုးပါကြီးရဲ့ မြေးမလေး စုလေးခေါ် စုစပယ်တို့ပေါ့။ ဟွန့့်  သူများမှာ ကြီးမှ ၀က်သက်ပေါက်လာ့း့  အသက်က ဆယ့်ရှစ်နှစ်လီဖြစ်နေပြီရှင့့် ဒီလိုရင်ခုန်အောင် လုပ်လို့ရရိုးလားလို့ ရန်တွေ့စာလေး မေးလ်ပို့လိုက်တယ်။

ပြီးတော့ ချစ်လှစွာသော အန်တီတစ်ယောက်ဆီက ဘောပင် တစ်ချောင်း၊ နုတ်ဘွတ်ခ်လေးတစ်အုပ်၊ နောက်ထပ်သူငယ်ချင်းတစ်ယောက်ဆီက အရုပ်လေး တစ်ရုပ်၊ အလုပ်ထဲက သူငယ်ချင်းတွေကတော့ သူတို့အတူ ငွေဆောင်သွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးကို သူတို့စိတ်ကြိုက်အမှတ်တရလေးလုပ်ပေးတယ့် မှန်ဘောင်လေးနဲ့ ဓာတ်ပုံနဲ့ တခြား လက်ဆောင်လေးတွေကို အမှတ်ရ စုပြီး ဓာတ်ပုံရိုက်ထားလိုက်တယ်။ 

အမှန်တကယ် မွေးနေ့က သြဂုတ်လ (၁၄) ရက်နေ့ပါ၊ ဒီနေ့ပေါ့။ မနေ့ညကလည်း ရင်ခုန်ပြီး အိပ်မပျော်ဘူး၊ မနက်ကလည်း အစောကြီးနိုးနေတော့ ဘုရားဝတ်ပြု၊ အမေ့ကို ကန်တော့၊ အိမ်သန့်ရှင်းရေး လုပ်ပြီး ရုံးကို ခဏထွက်ခဲ့တာပါ။ မနက်ဖြန် အလှူအတွက် ဒီညနေ ချက်ပြုတ် ရဦးမယ်လေ။ မောင်နှမတွေအားလုံးကိုလည်း မနက်ဖြန်အလှူအတွက် ဖိတ်ပါတယ်နော်။ မွေးနေ့ဆုမွန်ချွေကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးအများကြီးအများကြီးတင်ပါတယ်နော်။

အမှန်အတိုင်းပြောရမယ်ဆိုရင် ဆယ့်ရှစ်နှစ်လီပြည့်ခဲ့တဲ့ ဒီမွေးနေ့ကတော့ ကျွန်မ တစ်သက်တာမှာ မကြုံဖူးသေး မရခဲ့ဖူးသေးတဲ့ မောင်နှမတွေရဲ့ နွေးထွေးတဲ့အကြင်နာတွေကို အများကြီး ရလိုက်တဲ့ ၀မ်းသာပီတိဖြစ်ရမဆုံးပါ။ အထူးသဖြင့် မေတ္တာရပ်ဝန်းမီးဖိုဆောင်က ၀ိုင်းတော်သားများ (သူတို့သာ မရှိရင် ကျွန်မမှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ မောင်နှမတွေနဲ့ ဆုံတွေ့ခွင့်၊ ခင်မင်ခွင့်ရှိမှာ မဟုတ်ဘူးလေ၊ ကျွန်မ သူတို့ကို အမြဲတမ်း ကျေးဇူးတင်ပါတယ်)၊ မွေးနေ့ဆုမွန်ခြွေပေးကြတဲ့ ဖေ့စ်ဘွတ်ခ်က မောင်နှမများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။

ဆယ့်ရှစ်နှစ်လီ့  ဒီနေ့ ကျွန်မ အပျော်ဆုံးနေ့တစ်နေ့ပါပဲရှင်။ :P:P

21 comments:

  1. really wish u wonderful happy birthday to you..
    wish u all the best n have a lots of fun..

    mama

    ReplyDelete
  2. Happy birthday par ma lu lu

    ReplyDelete
  3. နွေးနေခြည်August 14, 2010 at 1:56 PM

    ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ မမလု။
    အလှူ အတွက်လည်း သာဓု ခေါ်သွားပါတယ်။

    ReplyDelete
  4. ဟက်ပီး ဘာ့သ်ဒေး မမလု...
    မမလု လို့ ရဲရဲကြီးခေါ်သွားတယ်... ညှင်းညှင်း

    စင်စင်

    ReplyDelete
  5. ပျော်ရွှင်သော မွေးနေ့ချိန်ခါ ဖြစ်ပါစေ မလုရေ...!!

    စူးနွယ်

    ReplyDelete
  6. Happy Birthday Our Great Chef.

    ReplyDelete
  7. Ma Ma!

    Happy birthday & wish u all the best.......



    Khinr

    ReplyDelete
  8. Ma Ma!

    Happy birthday & wish u all the best.....


    Khine

    ReplyDelete
  9. Happy Bithday! Ma Lu. Be a prosperous future.

    ReplyDelete
  10. HAPPY BIRTHDAY , LU LU !!!!!!!

    mie nge

    ReplyDelete
  11. ချစ်တဲ. လုလု
    ဟတ်ပီ ဘတ်ဒေးနော်
    မူမတ်လေးပန်း

    ReplyDelete
  12. မလု ရေ

    happy birthday ပါ မွေးနေတရာ ပျော်ရွှင်နိုင်ပါစေဗျာ

    ချစ်ခင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  13. Happy birthday par ma ma.

    ReplyDelete
  14. Wishing you a Happy Birthday ma ma lu lu.

    ReplyDelete
  15. လုရေ
    နောက်ကျသွားတဲ့ မွေးနေ့ဆုတောင်းအတွက် ဆောရီးပါကွယ်.. တို့ဘလော့က လင့်တွေချိတ်ထားတာ update မဖြစ်တော့ ပိုစ့်တက်ရင်လဲ မသိလိုက်ဘူးဖြစ်သွားတယ်.. တောင်းပန်ပါတယ်နော်
    နောက်ကျတဲ့ မွေးနေ့ဆုတောင်းလေးကို လက်ခံပေးပါ.
    သာယာချမ်းမြေ့သော မွေးနေ့နဲ့အတူ ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာ ကျန်းမာခြင်းတို့နဲ့ အချိန်တိုင်းပြည့်စုံပါစေ။ ချစ်သူခင်သူများနဲ့ မခွဲမခွာ ပျော်ရွှင်စွာ အမြဲအတူတကွ ရှိပါစေနော်...

    ခင်တဲ့

    ချော

    ReplyDelete
  16. မွေးနေ့မင်္ဂလာပါ မလုလု :)

    ReplyDelete
  17. မလုလုက ကျွန်တော့်ထက် ၁နှစ်၊၁လ ငယ်တယ် :D :P
    ကျန်းမာ ပျော်ရွှင်လို့ စိတ်သွား တိုင်းကိုယ် လိုရာဆန္ဒ ပြည့်ပါစေ။

    ReplyDelete
  18. မလုလု
    ဒီအရွယ် လုလု တို့အရွယ်
    ၃၀ ကျော် ၆ နှစ်ပတ်လည် ပေါ့။ :D

    ဟက်ပီးဘတ်ဒေးတော့ FB မှာ wish လုပ်ပြီးသားမို့ ထပ်မလုပ်တော့ဘူး။

    ReplyDelete
  19. အရမ်းနုတာဘဲနော် အစိတ်လောက်ဘဲထင်ရတယ်။
    happy birthday ပါ လုလု

    ReplyDelete
  20. အမြန်ဆုံးရည်းစားရပါစေလို့ဆုတောင်းရင်း.

    ReplyDelete