Tuesday, July 20, 2010

မကြီး Guiness ရဲ့ဝါဆိုသင်္ကန်းအလှူမှတ်တမ်းဓာတ်ပုံအချို့နဲ့ ကျေးဇူးတင်စကား

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့အမကြီး Guiness ရဲ့ မလေးရှားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲအောင်မြင်ခဲ့တဲ့အလှူမှတ်တမ်း ဓာတ်ပုံတစ်ချို့နဲ့ မကြီးရဲ့ ကျေးဇူးတင်စကားအချို့ကို အမှတ်တရတစ်ခုအနေနဲ့ တင်ပေးလိုက်ပါရစေရှင်။  မောင်နှမများလည်း မကြီးရဲ့ အလှူအတွက် ကြည်နူးပီတိ ဖြစ်နိုင်စေဖို့ ရည်ရွယ်ပါတယ်ရှင်။


သမီးတော်ရေ....

           ကူညီခဲ့တာတွေအားလုံးအတွက် ကျေးဇူးပါနော်။ သမီးရဲ့ကောင်းမှု့ကြောင့် မကြီး အလှုမှာ ဟင်းပွဲတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အစစအဆင်ပြေခဲ့ရတယ်။ အရင်ကဆို အလှု တစ်ခါလုပ်ဘို့  စဉ်းစားလိုက်ရတာ၊ ဘယ်ကစရမှန်းမသိခဲ့ဘဲ ပြုခဲ့တဲ့အလှုတွေမှာ ဓာတ်ပုံတွေ ကြည့်ရင်း ရှက်တောင်ရှက်မိပါရဲ့။

   ဆိုင်မှာ နေ့စဉ်ချက်ပြုတ်နေတဲ့ ဟင်းတွေနဲ့မတူအောင် စီမံထားတော့ အလှု လာတဲ့သူတွေ   မြိန်မြိန်ရှက်ရှက်စားကြရတဲ့အတွက် ပီတိလည်းဖြစ်ရပါတယ် (အဲ့ဒါ အားလုံး သမီးကြောင့်)

         မကြီးပင်ပန်းမှာစိုးလို့ ညအိပ် (တကယ်တော့တမှေးမှမမှေးရဘဲ) လာကူညီကြတဲ့ မောင်ညီမတွေကတော့ မလုလုကို စိတ်နာတယ်တဲ့လေ (မကြီးကလည်း အကုန်ပြန် မပြောဘဲ မနေနိုင်)

အဲ့ဒီညကသမီးတော်တော့အိပ်ကောင်းနေမှာဘဲ၊  မောင်ညီမတွေက မလုလု၊ မလုလုနဲ့ ရွတ်ပီးလုပ်နေကြတာလေ၊ ပြီးတော့မကြီး အင်တာနက်သုံးတတ်သွားတာကိုက မဟာအမှားဆိုပဲ၊ ဒီအမကြောင့်ပဲ သူတို့ကောင်းကောင်းစားလိုက်ရတာတော့ နောက်မှ ပြောကြတယ်။

              အခုတော့ သူငယ်ချင်းတွေအားလုံးကလည်း သူတို့အလှုကျရင် လုလုဆီအကူအညီ လှမ်းတောင်းဘို့ စိုင်းပြင်းနေကြတယ်လေ။

      မိဝေးဘဝေးကလေးတွေ အားပါးတရ စားနေကြတာကြည့်ပြီး ဖြစ်လာတဲ့ ပီတိကလည်း ပင်ပန်းရကျိုးနပ်ပါရဲ့။ သနားစရာလည်းကောင်း၊ ရယ်စရာလည်း ကောင်းတာလေး ပြောပြဦးမယ်။ မလေးရှားမှာရောက်နေတဲ့သူအများစုက သိတဲ့အတိုင်းဘဲ၊  ဗဟုသုတနည်းကြတယ်လေ။ ဘူဖေးလ် သုံးဆောင်ကြပါဆိုတာကို ငုတ်တုတ်လေး တွေ ထိုင်နေကြတာ လှုပ်တောင် မလှုပ်ကြဘူး။ မကြီးကလည်း နောက်လူတွေ ထပ်လာရင် နေရာကြပ်မှာစိုးတော့ အမြန် စားစေချင်၊ သူတို့ကလည်းမထ၊  တော်တော် ခေါင်းရှုပ်စရာ (နောက်မှသိရတာက လာချပေးတာကိုစောင့်နေကြတာတဲ့လေ၊ သူတို့ကလည်း အခုထိ ဘာမှလာမချသေးပါလားပေါ့၊ ဟိုလူတွေကမစောင့်နိုင်လို့ထင်တယ်၊ သွားခပ်စားနေကြတယ်ဆိုပဲ) အတွေ့ အကြုံအသစ်ပေါ့လေ။

             ကဲ.. သမီးရေနောက်များမှ သတိရတာတွေထပ်ပြောပြမယ်နော်။  သမီးနဲ့ အတူ ပါဝင်ပတ်သက် ကူညီခဲ့ကြသူအားလုံးကိုလည်းကျေးဇူးပါလို့နော်။


        ကျွန်မရဲ့မောင်နှမများအနေနဲ့ အလှူဒါနပြုလုပ်လိုတဲ့အခါကျရင် လိုအပ်တာများ ရှိရင်လည်း ပြောပါနော်။ ကျွန်တို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်ဝိုင်းတော်သားများအနေနဲ့ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးဖို့ အသင့်ရှိပါကြောင်း သတင်းစကား ပါးလိုက်ရပါတယ်ရှင်။

3 comments:

  1. မလုရေ...

    ဒီဘူဖေးအတွက် မလုစရေးနေကတည်းက ဖတ်နေတာ... လုပ်ဖြစ်သွားတယ်.. လှူဖြစ်သွားတာသိ၇တော့ အရမ်းဝမ်းသာမိပါတယ်... မလုလဲ အလှူရှင် မကြီး Guiness နဲ့ အတူ ကုသိုလ်ရသွားတာပေါ့... အားလုံးအတွက် သာဓုကို ဒီနေရာလေးကနေ ခေါ်ပေးလိုက်ပါတယ်နော်..

    ReplyDelete
  2. သာဓုခေါ်ပါတယ်။

    ReplyDelete
  3. အလှူတစ်ခု အထမြောက်သွားတာ အရမ်းကို ၀မ်းမြောက်စရာပါ.. သာဓုသာဓုသာဓု..နော်။

    ReplyDelete