Thursday, July 15, 2010

မုန့်စိမ်းပေါင်းမဖြစ်ရင် ကျွန်မအိပ်လို့ ပျော်မှာမဟုတ်ဘူးဆိုတဲ့ မာရီယာ့ 


ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။
ဒီနေ့တော့ မောင်နှမတွေထဲက မုန့်စိမ်းပေါင်းလုပ်လို့မှ မဖြစ်ရင်
အိပ်လို့မပျော်ပါဘူးဆိုတဲ့ Maria ရဲ့ မုန့်စိမ်းပေါင်းလုပ်နည်း လက်သစ်လေးကို
မောင်နှမတွေအတွက် မျှဝေလိုက်ရပါတယ်ရှင်။ ပြည်ပရောက်နေတဲ့ မောင်နှမများအတွက်
မာရီယာရဲ့ မုန့်စိမ်းပေါင်းလုပ်နည်းလေးနဲ့ အဆင်ပြေစေဖို့ပေါ့။
မလုလုရေ အစကနေပြောပြမယ်နော်။
ပထမတစ်ခါလုပ်တုန်းက ရေတွေနဲ.နယ်လိုက်တယ်။ပြီးတော့
ပေါင်းလိုက်တယ်။ဘယ်လောက်ပေါင်းမလဲ။ မသိတော့ အလုံးလိုက်ကြီးဖြစ်နေတယ်။ဘယ်လိုမှ
စကာချလို.မရဘူး။ မုန်.သားတွေက ထွေနေတာပေါ့နော်။ ကျွန်မသတိထားမိတာက
မုန်.သားတွေကို လက်နဲ.ချေလိုက်တော့ အပြင်ဘက်အသားက လုံးဝချေလို.မရ ဘူး။
အတွင်းသားနည်းနည်းက ချေလို.ရတယ်။ ဒါနဲ.ပဲ ပထမတစ်ခါ မလုလုဆီကို
လှမ်းပြီးအကူအညီတောင်း ခဲ့တယ်။
နောက်တစ်ခါလုပ်တော့ မုန်.သားကိုလုံးဝရေနဲ.မရောတော့ဘူး။
ဆန်မှုန်.ပဲသက်သက်ပေါင်းတယ်။ ပြီးတော့မှ ရေနဲ.နည်းနည်းချင်းရောတယ်။ ပြီးတော့
စကာချတယ်။ တစ်ခါတည်း ဒီဘက်မှာလည်း ရေနည်းနည်းပဲရောပြီ ပေါင်းတယ်။ စကာချတယ်။
ကျွန်မအထင် ဘာကွာလည်းဆိုတော့ ရေနည်းရောပြီးပေါင်းတာက စကာချတဲ့ အချိန်မှ
ရေနဲ.ထိထားတဲ့ မုန်.သားက လုံးနေတယ်။စကာချလို.မရဘူး။
အစေ့လေးတွေဖြစ်နေတာပေါ့နော်။ ဒါကြောင့်လွှင့်ပစ်ရတာများတယ်။
ဆန်မှုန်.ကိုအရင်းပေါင်းပြီးမှ အပြင်ရောက်မှ ရေရောပြီး စကာချတာက
မှူန်.သားလေးတွေက မွှမွှလေးတွေ ဖြစ်နေတယ်။ ဘာမှ မလွှင့်ပစ်ရဘူး။ နို.ဆီဘူး
တစ်လုံးလုပ်ရင် တစ်လုံးပြန်ရတယ်။ ပြီးတော့မှ ထန်းညက် ရည်နဲ.နယ်တယ် ဆားထည့်တယ်။
ပြန်ပေါင်းတာပေါ့နော်။ ပထမတစ်ခါတုန်းက ဆိုရင် မုန်.ကိုလည်း မနယ်ရဲဘူး။
မုန်.သားပျက်သွားမှာစိုးလို.ပါ။ ရေလည်းများသွားတယ် ။ပေါင်းတာလည်းခဏပဲ ဆိုတော့
မုန်.က မှောက်လိုက်တော့ မုန်.သားတွေက ကွာပြီးဆင်းလာတာပေါ့။
ဒုတိယ တစ်ကြိမ်လုပ်တော့ ပေါင်းတာ
နာရီဝက်လောက်ပေါင်းလိုက်တယ်။ မှောက်လိုက်တာနဲ. နို.ဆီခွက်ပုံ
ဖြစ်သွားတာပေါ့။ မုန်.စိမ်းပေါင်း ရန်ကုန်မှာကတည်း ကလုပ်ချင်နေတာ မလုလုက idea
ပေးလိုက်တော့ လုပ်ဖြစ်သွားတာပေါ့။
ကျေးဇူးပါပဲ မလုလုရေ။ မုန်.စိမ်းပေါင်း မဖြစ်ရင် ကျွန်မ
အိပ်လို.ပျော်မှာမဟုတ်ဘူး။အခုတော့ အိပ်ပျော်သွားပြီ။
Thanks a lots.
မေ့နေတယ်။အဖြူရောင်က အုန်းနို.အစဉ်သင့် မရှိလို. သကြားနဲ.ပဲလုပ်လိုက်တယ်။
ဒါကတော့ မာရီယာဆီကနေ ပို့လာတဲ့မေးလ်လေးကို မောင်နှမတွေအတွက်
မျှဝေလိုက်တာပါနော်။ ချစ်သော မောင်နှမတွေလည်း မာရီယာရဲ့ လက်ရာ
မုန့်စိမ်းပေါင်းလေးကို သုံးဆောင်သွားကြပါဦးနော်။
မုန့်စိမ်းပေါင်းလုပ်နည်းလင့်ခ်လေးက http://lulucooking.blogspot.com/2008/01/blog-post_26.html မှာပါနော်။ မာရီယာရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းပြီး စမ်းသပ်ကြည့်ကြပါဦးနော်။

11 comments:

  1. Ma Lu Lu,
    Your post has no recipe in it! It doesn't give me any idea how to do it, it is only for a person who already know how to and just like giving an extra tip. I would appreciate that if you can post a recipe for it. Thanks a lot...

    ReplyDelete
  2. Ma lu

    please write down recipe & cooking steps in detail, when you are free.

    Ma bu

    ReplyDelete
  3. မုန့်စိမ်းပေါင်း များ ဒီမှာတောင် မစားရတာကြာပါပြီဗျာ ကျနော်လည်း သိပ်ကြိုက်တာ ဆီရွှဲရွှဲလေး စမ်းစား အရမ်းကောင်းတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  4. မုန့်စိမ်းပေါင်းလုပ်နည်းလာမှတ်သွားတယ်မမလုရေ

    ReplyDelete
  5. မင်္ဂလာပါ...

    ပို့ပေးသူရော..တင်ပြပေးသူရော..အားလုံးကျေးဇူး။

    မုန့်စိမ်းပေါင်း မစားရတာ ၁၀ စုနှစ် ရှိပေါ့...

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  6. မလုရေ...
    မုန့်စိမ်းပေါင်း မစားရတာ ဆယ်စုနှစ်တခုလောက် ရှိသွားပါပြီ...
    အခု ဒီမှာတွေ့တော့ သိပ်စားချင်သွားတယ်
    ရန်ကုန်ကို မှာကြည့်အုံးမယ်... ရမလားမသိဘူး...။
    လုပ်နည်းတွေ့ပေမယ့် လုပ်နိုင်မယ် လုပ်တတ်မယ် မထင်ပါဘူးလေ...
    အားငယ်ထှာ...

    ReplyDelete
  7. ကျေးဇူးကမ္ဘာပါ။ သောမတ်တောင်းစားချင်လာပြီတဲ့။
    ကြိုးစားကြည့်မယ်။

    ReplyDelete
  8. မဖြစ်ဘူး...ရေေ၇ာတာများသွားလားမသိဘူး။ မုန့် ကလုံးခဲခဲကြီးဖြစ်နေပါတယ်။ :(

    ReplyDelete
  9. အဖြူရောင်ကို ပိုကြိုက်တယ်... အားတဲ့ တနေ့ စမ်းလုပ်ကြည့်ဦးမယ်... မမလုရေ ထန်းညက်နဲ့ အညိုရောင်ကို မလုပ်ချင်လဲ တမျိုးထဲ လုပ်လဲ ရတယ်မှတ်လား...

    ReplyDelete
  10. မလုရေ
    ကျွန်မဆီမှာရတဲ့ ဆန်မှုန့်က White Rice Flour ဆိုပြီး ကော်မှုန့်လို နုညက်နေတာပဲရှိတယ်။ အဲဒါနဲ့ရော လုပ်စားလို့ဖြစ်မလားဟင်။ မာရီယာသုံးတဲ့ ဆန်မှုန့်ကဘယ်လိုမျိုးလဲမသိ။

    ReplyDelete
  11. Hi Lulu, Moke Seinpaung is one of my favourite desserts. Thanks for posting it. But some of the characters are mojibake and I can't read it. Could you please post it again in .pdf file? Thanks so much

    ReplyDelete