Thursday, July 29, 2010

ညိုမွှေးဆိမ့်တဲ့ မန်းကြော်


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ မောင်နှမတို့ရေ့ ဒီနေ့တော့ မောင်နှမတို့ကို မန္တလေးပဲကြော်လုပ်နည်းလေး မျှဝေပါဦးမယ်နော်။ Facebook မှာ ညီမလေး စုမွန် မေးထားတဲ့ မန်းကြော်လေးပါနော်။

ညီမလေးရေ့  မန်းလေးပဲကြော်လုပ်နည်းကတော့ လွယ်ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်း တွေကတော့ red kidney bean လို့ခေါ်တဲ့ ပဲ တစ်ဗူး (အဲ့ဒါကတော့ စည်သွပ်ဗူးလေး၊ စူပါ မားကက်တွေမှာ အလွယ်တကူ ၀ယ်ယူ လို့ရတယ်နော်)၊ ပြီးတော့ ကောက်ညှင်းမှုန့် လက်ဘက် ရည်ပန်းကန်လုံး ၂ လုံး၊ ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ ဆား၊ မုန့်ဖုတ်ဆိုဒါ၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ပြီးရင်တော့ ပဲတွေကို ဗူးထဲကအတိုင်းအကုန်ယူလိုက်ပြီး အရည်တွေနဲ့ရောပြီး ချေပေးထားပါနော်။ မြန်ချင်ရင်တော့ ကြိတ်စက်ထဲသာ ထည့်ကြိတ်လိုက်လို့ရတယ်နော်။ ပြီးရင် ချင်းရယ်၊ ကြက်သွန်ဖြူတို့ရယ်ကိုလည်း အခွံနွှာရေဆေးပြီး ကြိတ် ပေးထားပါနော်။ ပြီးရင် ဇလုံကြီးတစ်လုံးထဲကို ပဲကြိတ်ထားတာတွေရယ်၊ ကောက်ညှင်းမှုန့်ရယ်၊ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ချင်းရယ်၊ ဆိုဒါရယ်၊ ဆားရယ်၊ ဟင်းခတ်မှုန့်ရယ် အားလုံးကို သမအောင် နယ်ပေးပါနော်။ ရေလေးနည်းနည်းလိုရင် ထပ်ထည့် ပေးပြီး နယ်နိုင်ပါတယ်နော်။

အားလုံးအသင့်ဖြစ်ရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် မုန့်လေးတွေကို ၀ိုင်းလေးတွေလုပ်ပြီးတော့ ကြော်ပေးပါနော်။ မုန့်က ကြော်လိုက်ရင် ညိုရောင်ပြောင်းသွားမှာမို့ မုန့်အကျက်လွန်သွားမှာစိုးပြီး အမြန်ချမိမှာမို့၊ မုန့်အကျက် လွန်သွားမှာတို့ကို သတိ ထားပြီး မီးအသင့်အတင့်နဲ့ကြော်ပေးနော်။

မုန့်ကတော့ ညိုညိုလေးပေမယ့်လေ အရသာကတော့ ဆိမ့်မွှေးလေးမို့စားလို့ကောင်းလှ ပါတယ်။ ထမင်းဖြူလေးနဲ့ပဲ စားစား၊ မုန့်ဟင်းခါးတို့အုန်းနို့ခေါက်ဆွဲတို့ထဲ ပဲ ထည့်စားစား စားလို့ကောင်းလှပါတယ်၊ မန်းလေးပဲကြော်လေးကို ရေနွေး ကြမ်းလေးနဲ့ တွဲဖက်ပြီး သုံးဆောင်မယ်ဆိုရင်လည်း ကောင်းမှကောင်းပဲပေါ့။

အခုအကြော်ကတော့ မလုရဲ့ ညီမလက်ရာ။ လက်ကြီးသလားမမေးနဲ့၊ အကြော်နဲ့ကောက်ပေါက်လိုက်ရင်တောင် မူးသွားနိုင်တယ်။ ဟိ။

7 comments:

  1. စားချင်တယ်..သူငယ်ချင်းတွေလာမှလုပ်စားအုံးမယ်..ါ်)

    ReplyDelete
  2. လုလုရေ ညီမရဲ့လင့်ခ်က အမဆီမှာ အလုပ်မလုပ်ဘူးကိုး ဒါ့ကြောင့် အသစ်တင်တိုင်း လာမငမ်း အဲလေ...လာမစား...လာမကြည့်ရတာ...ခု ဒီတခါ ယူသွားအုံးမယ်...မန်းလေးပဲကြော် ကြိုက်တယ်...:)

    ReplyDelete
  3. မန်းကြော်.. အရမ်းကြိုက်.. ကြော်စားဦးမှ...

    ReplyDelete
  4. မမလုရဲမုန့်ကို မြင်ပြီး စားချင်စိတ်ပေါက်လာပြီ။ ထပ်ကြော်စားဦးမှ

    ReplyDelete
  5. အင်း မလုရေ အဲဒါမျိုးအကြော်ကိုကြတော့ ကျနော် ပဲကောက်ညှင်းကြော် လို့ ခေါ်တယ် စားလို့ ကောင်းတယ် ဂျင်းနံ့မွှေးမွှေးလေး နဲ့

    စားသွားပြီနော်
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    မလု ရဲ့ လင့်ခ် ကကျနော့် စီမှာလည်း အလုပ်မလုပ်ဘူး ဘိုက်စာလို့ ရမ်းလာတာ ဒီနေ့ဟင်းမကောင်းဘူး

    ReplyDelete
  6. ရေကျော်ဘက်မှာတော့ ပဲစေ့ မညက်တညက်လေးတွေ ပါတယ် ရှလွတ်

    ReplyDelete
  7. ဂျင်းနံ့မွှေးမွှေးလေး နဲ့မန်းကြော်.. အရမ်းကြိုက်.. ကြော်စားဦးမှ...

    ReplyDelete